သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းနဲ႔ျပည္နယ္ စက္႐ံုေတြမွာ ကိုဗစ္ကူးသူ ၈,၀၀၀ ေက်ာ္


လိႈင္သာယာစက္မႈဇုန္က စက္ရံုတခုမွာ အလုပ္ဆင္းဖို႔လာၾကတဲ့ အလုပ္သမားေတြကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံ ကုိဗစ္ကပ္ေရာဂါကာလအတြင္း စက္႐ုံအလုပ္႐ုံေတြရဲ႕ အလုပ္သမား ၈,၀၀၀ ေက်ာ္ေလာက္ ေရာဂါပိုးကူးစက္ခံထားတယ္လို႔ အလုပ္သမားအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး သတ္မွတ္ခ်က္ေတြနဲ႔ ကုိက္ညီတဲ့ လုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္ႏုိင္ေၾကာင္း ခြင့္ျပဳလုိက္ၿပီးေနာက္ တိုင္းနဲ႔ ျပည္နယ္က စက္႐ုံတခ်ဳိ႕မွာ ေရာဂါကူးစက္မႈေတြ ျဖစ္ေပၚလာပါတယ္။

ကိုဗစ္ဒုတိယလိႈင္းကာလမွာ အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားအေရးလႈပ္ရွားသူေတြ အပါအဝင္ သံုးပြင့္ဆိုင္ရာေဆြးေႏြးရာမွာ ဝန္ႀကီးဌာနက ေပးတဲ့ စရင္းအရ ေရာဂါပိုး ကူးစက္ခံရတဲ့ အလုပ္သမားေပါင္း ၈,၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္(CTUM) လက္ေထာက္အေထြေထြအတြင္းေရးမွဴး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“အလုပ္သမားဝန္ႀကီးဌာနက ေပးတဲ့ စာရင္းအရ၊ ဒါ က်မတို႔ကို ျပည္ေထာင္စုဝန္ႀကီးေရာ ေနာက္ၿပီး လူမႈဖူလံုေရးအဖြဲ႔က ေပးတဲ့ စာရင္းကေတာ့ အလုပ္သမားေတြၾကားထဲမွာကို ကူးစက္ခံရတဲ့သူက ၈,၀၀၀ ေက်ာ္သြားပါၿပီ။ ပထမလိႈင္းမွာ စက္႐ုံအလုပ္႐ုံက သိပ္မရွိခဲ့ဘူး။ ၃၀၀ ေက်ာ္ေလာက္ပဲ confirm case ရွိခဲ့တာဆိုေတာ့ အဲ့အခါတုန္းက စက္႐ုံအလုပ္႐ုံမွာက က်မတို႔ေတြ႕တယ္ဆိုတာက တစ္ေယာက္စ၊ ႏွစ္ေယာက္စပဲ ေတြ႕ခဲ့တာေပါ့ေနာ္။ အခု ဒီဒုတိယလိႈင္းမွာက်ေတာ့ က်မတို႔ ဒါ အလုပ္သမားဝန္ႀကီးဌာနကေနၿပီးေတာ့ က်မတို႔ သံုးပြင့္ဆိုင္မွာ ေျပာၾကားတဲ့ သတင္းအရေတာ့ ၈,၀၀၀ ေက်ာ္သြားၿပီ။”

စက္႐ုံေတြမွာ ကိုဗစ္ကူးစက္ခံရတဲ့ အလုပ္သမားေတြ၊ ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ အလုပ္သမားေတြ အလုပ္မဆင္းႏိုင္တဲ့ကာလအတြင္းမွာ စက္႐ုံက လုပ္ခလစာျဖတ္ေတာက္တာ၊ လူမႈဖူလုံေၾကး ခံစားခြင့္ အျပည့္အဝမရတာေတြလည္း ရွိေနတယ္လို႔ အလုပ္သမားလႈပ္ရွားသူေတြက ေျပာပါတယ္။

ကုန္ထုတ္နဲ႔ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္က အဖြဲ႕ဝင္ေတြမွာလည္း အတည္ျပဳလူနာျဖစ္သြားသူကို စာရင္းျပဳစုထားတာ ကူးစက္သူေပါင္း ၁၄၀ ေက်ာ္ရွိၿပီး ကူးစက္ခံရတဲ့ အလုပ္သမားအမ်ားစုမွာ ကားအတူစီးခ်ိန္၊ ထမင္းစားခ်ိန္မွာ ကူးစက္ခံရတယ္လို႔ ယူဆရေၾကာင္း စာရင္းျပဳစုထားသူ IWFM ႐ုံးတာဝန္ခံ ဦးမင္းသိန္းဟန္က ေျပာပါတယ္။

“စက္႐ုံ ၁၀ ႐ုံမွာ က်ေနာ္တို႔ ဒီ positive လူနာက ၁၄၃ ဦးေပ့ါေနာ္... ရွိထားတယ္ေပါ့၊ ထမင္းစားေတာင္မွာ ထမင္းအတူတူစားၾကတဲ့ အခါမွာ သူတို႔ အဲ့ဒီကေနၿပီးေတာ့ ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ေျပာတာေနာ္။ တိတိက်က်ေတာ့ အဲ့ဒီက ကူးတယ္လို႔ေတာ့ မသိဟုတ္ဘူးေပါ့ေနာ္။ ဒါေပမဲ့ positive လူနာရွိတယ္။ အဲ့ positive လူနာနဲ႔ တစ္ေယာက္နဲ႔ ထမင္းအတူစားတယ္ဆိုေတာ့ သူ positive ျဖစ္သြားၿပီးေတာ့ quarantine ဝင္သြားၿပီးတဲ့ ရက္အနည္းငယ္ထဲမွာပဲ သူနဲ႔ အတူတူထမင္းစားခဲ့တဲ့ သူက positive ထပ္ျဖစ္တယ္ေပါ့။ ဒါဆို သူနဲ႔တူတူ ထမင္းစားလို႔ ကူးတယ္လို႔ က်ေနာ္တို႔ ယူဆတယ္ေပါ့ေနာ္။”

လႈိင္သာယာၿမိဳ႕နယ္မွာ ဒီကေန႔အထိ ကိုဗစ္ေရာဂါပိုးအတည္ျပဳ လူနာ ၃,၅၃၂ ထဲမွာ စက္႐ုံအလုပ္သမားေတြက ၁,၂၀၀ ေက်ာ္ရွိေနတာေၾကာင့္ အလုပ္ရွင္၊ အလုပ္သမားေတြက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းအတိုင္း လိုက္နာဖို႔လိုအပ္တယ္လို႔ ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာနမွဴး ေဒါက္တာျမတ္ျမတ္ႏွင္းက သတိေပးေျပာဆိုပါတယ္။

“အလုပ္အခ်ိန္မွာေပါ့ေနာ္ Mask တပ္ဖို႔နဲ႔ လက္ခဏခဏေဆးေပးဖို႔ေနာ္။ အဓိက က်မတို႔က အလုပ္ခ်ိန္မွာေပါ့ေနာ္... ထမင္းစားတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ေပါ့ေနာ္၊ ထမင္းတူတူ မစားဖို႔ေပါ့ေနာ္။ ထမင္းစားတဲ့အခ်ိန္မွာ Mask ေတြ ဘယ္လိုမွ တပ္လို႔မရဘူးေလ။ စကားလက္စံုေျပာၿပီး မစားဖို႔ေပါ့ေနာ္၊ ၿပီးလို႔ရွိရင္ တတ္ႏိုင္လို႔ရွိရင္ စက္႐ုံပိုင္ရွင္ေတြက မ်က္ႏွာခ်င္းဆုိင္ၿပီးေတာ့ အလုပ္မလုပ္ေစေပးဖို႔ေပါ့ေနာ္။ အလုပ္သမားေတြကိုေတာ့ တကယ္လို႔ လုပ္မယ္ဆိုလုိ႔ရွိရင္လည္း ၆ ေပခြာၿပီးေတာ့ face shield ေပါ့ေနာ္။ Mask ေတြမကဘဲနဲ႔ face shield ပါတပ္ၿပီးေတာ့ လုပ္ဖို႔အတြက္ က်မတို႔ အႀကံျပဳပါတယ္ေပါ့။ တစ္ခုကက်ေတာ့ ဖယ္ရီစီးတဲ့အခ်ိန္မွာလည္း က်မတို႔ သတ္မွတ္ထားတဲ့ ပံုစံေလးေတြရွိတယ္ေပါ့ေနာ္၊ လိုက္နာဖို႔အတြက္ အႀကံျပဳခ်င္ပါတယ္ေနာ္။”

စက္႐ုံေတြမွာ အႀကိဳအပို႔လုပ္တဲ့ ကားေတြမွာလည္း လမ္းညႊန္ခ်က္ေတြကုိ လုိက္နာမႈ အားနည္းတာေတြ ရွိသလုိ လုပ္ငန္းခြင္မွာလည္း သတ္မွတ္ထားတဲ့ အကြာအေ၀းအတုိင္း အလုပ္လုပ္ဖုိ႔ အားနည္းေနဆဲျဖစ္တာေၾကာင့္ ေရာဂါကူးစက္မႈ အႏၱရာယ္ ႀကံဳေနရတာလုိ႔လည္း ေျပာပါတယ္။

အလုပ္သမားေတြ ေရာဂါ ကူးစက္မႈႏႈန္းျမင့္တက္ေနတာေၾကာင့္ စက္႐ုံ အလုပ္႐ုံေတြကို စိစစ္ ထိန္းေၾကာင္းေပးဖို႔ အလုပ္သမားေတြနဲ႔ အလုပ္သမားအေရး လႈပ္ရွားသူေတြက တိုင္ၾကားခဲ့ေပမဲ့ တာဝန္ရွိသူေတြ ေျဖရွင္းေပးတာမရွိေသးလို႔ အလုပ္သမားေတြက ေျပာပါတယ္။

ကိုဗစ္ေရာဂါကူးစက္မႈေတြကုိ ကာကြယ္ထိန္းခ်ဳပ္ဖုိ႔ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းအပါအ၀င္ ေနရာတခ်ဳိ႕မွာ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ စက္႐ုံအလုပ္႐ုံေတြကုိေတာ့ က်န္းမာေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ကုိင္ခြင့္ျပဳထားတဲ့ အခ်ိန္ထဲမွာပဲ အခုလို အတည္ျပဳလူနာျဖစ္သြားတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းနဲ့ပြည်နယ် စက်ရုံတွေမှာ ကိုဗစ်ကူးသူ ၈,၀၀၀ ကျော်

မြန်မာနိုင်ငံ ကိုဗစ်ကပ်ရောဂါကာလအတွင်း စက်ရုံအလုပ်ရုံတွေရဲ့ အလုပ်သမား ၈,၀၀၀ ကျော်လောက် ရောဂါပိုးကူးစက်ခံထားတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုလိုက်ပြီးနောက် တိုင်းနဲ့ ပြည်နယ်က စက်ရုံတချို့မှာ ရောဂါကူးစက်မှုတွေ ဖြစ်ပေါ်လာပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလမှာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားအရေးလှုပ်ရှားသူတွေ အပါအဝင် သုံးပွင့်ဆိုင်ရာဆွေးနွေးရာမှာ ဝန်ကြီးဌာနက ပေးတဲ့ စရင်းအရ ရောဂါပိုး ကူးစက်ခံရတဲ့ အလုပ်သမားပေါင်း ၈,၀၀၀ ကျော်ရှိတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“အလုပ်သမားဝန်ကြီးဌာနက ပေးတဲ့ စာရင်းအရ၊ ဒါ ကျမတို့ကို ပြည်ထောင်စုဝန်ကြီးရော နောက်ပြီး လူမှုဖူလုံရေးအဖွဲ့က ပေးတဲ့ စာရင်းကတော့ အလုပ်သမားတွေကြားထဲမှာကို ကူးစက်ခံရတဲ့သူက ၈,၀၀၀ ကျော်သွားပါပြီ။ ပထမလှိုင်းမှာ စက်ရုံအလုပ်ရုံက သိပ်မရှိခဲ့ဘူး။ ၃၀၀ ကျော်လောက်ပဲ confirm case ရှိခဲ့တာဆိုတော့ အဲ့အခါတုန်းက စက်ရုံအလုပ်ရုံမှာက ကျမတို့တွေ့တယ်ဆိုတာက တစ်ယောက်စ၊ နှစ်ယောက်စပဲ တွေ့ခဲ့တာပေါ့နော်။ အခု ဒီဒုတိယလှိုင်းမှာကျတော့ ကျမတို့ ဒါ အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ကျမတို့ သုံးပွင့်ဆိုင်မှာ ပြောကြားတဲ့ သတင်းအရတော့ ၈,၀၀၀ ကျော်သွားပြီ။”

စက်ရုံတွေမှာ ကိုဗစ်ကူးစက်ခံရတဲ့ အလုပ်သမားတွေ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တဲ့ကာလအတွင်းမှာ စက်ရုံက လုပ်ခလစာဖြတ်တောက်တာ၊ လူမှုဖူလုံကြေး ခံစားခွင့် အပြည့်အဝမရတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားလှုပ်ရှားသူတွေက ပြောပါတယ်။

ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်က အဖွဲ့ဝင်တွေမှာလည်း အတည်ပြုလူနာဖြစ်သွားသူကို စာရင်းပြုစုထားတာ ကူးစက်သူပေါင်း ၁၄၀ ကျော်ရှိပြီး ကူးစက်ခံရတဲ့ အလုပ်သမားအများစုမှာ ကားအတူစီးချိန်၊ ထမင်းစားချိန်မှာ ကူးစက်ခံရတယ်လို့ ယူဆရကြောင်း စာရင်းပြုစုထားသူ IWFM ရုံးတာဝန်ခံ ဦးမင်းသိန်းဟန်က ပြောပါတယ်။

“စက်ရုံ ၁၀ ရုံမှာ ကျနော်တို့ ဒီ positive လူနာက ၁၄၃ ဦးပေ့ါနော်... ရှိထားတယ်ပေါ့၊ ထမင်းစားတောင်မှာ ထမင်းအတူတူစားကြတဲ့ အခါမှာ သူတို့ အဲ့ဒီကနေပြီးတော့ ဖြစ်နိုင်ခြေများတယ်လို့ပြောတာနော်။ တိတိကျကျတော့ အဲ့ဒီက ကူးတယ်လို့တော့ မသိဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ positive လူနာရှိတယ်။ အဲ့ positive လူနာနဲ့ တစ်ယောက်နဲ့ ထမင်းအတူစားတယ်ဆိုတော့ သူ positive ဖြစ်သွားပြီးတော့ quarantine ဝင်သွားပြီးတဲ့ ရက်အနည်းငယ်ထဲမှာပဲ သူနဲ့ အတူတူထမင်းစားခဲ့တဲ့ သူက positive ထပ်ဖြစ်တယ်ပေါ့။ ဒါဆို သူနဲ့တူတူ ထမင်းစားလို့ ကူးတယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။”

လှိုင်သာယာမြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်ရောဂါပိုးအတည်ပြု လူနာ ၃,၅၃၂ ထဲမှာ စက်ရုံအလုပ်သမားတွေက ၁,၂၀၀ ကျော်ရှိနေတာကြောင့် အလုပ်ရှင်၊ အလုပ်သမားတွေကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဖို့လိုအပ်တယ်လို့ မြို့နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက သတိပေးပြောဆိုပါတယ်။

“အလုပ်အချိန်မှာပေါ့နော် Mask တပ်ဖို့နဲ့ လက်ခဏခဏဆေးပေးဖို့နော်။ အဓိက ကျမတို့က အလုပ်ချိန်မှာပေါ့နော်... ထမင်းစားတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ပေါ့နော်၊ ထမင်းတူတူ မစားဖို့ပေါ့နော်။ ထမင်းစားတဲ့အချိန်မှာ Mask တွေ ဘယ်လိုမှ တပ်လို့မရဘူးလေ။ စကားလက်စုံပြောပြီး မစားဖို့ပေါ့နော်၊ ပြီးလို့ရှိရင် တတ်နိုင်လို့ရှိရင် စက်ရုံပိုင်ရှင်တွေက မျက်နှာချင်းဆိုင်ပြီးတော့ အလုပ်မလုပ်စေပေးဖို့ပေါ့နော်။ အလုပ်သမားတွေကိုတော့ တကယ်လို့ လုပ်မယ်ဆိုလို့ရှိရင်လည်း ၆ ပေခွာပြီးတော့ face shield ပေါ့နော်။ Mask တွေမကဘဲနဲ့ face shield ပါတပ်ပြီးတော့ လုပ်ဖို့အတွက် ကျမတို့ အကြံပြုပါတယ်ပေါ့။ တစ်ခုကကျတော့ ဖယ်ရီစီးတဲ့အချိန်မှာလည်း ကျမတို့ သတ်မှတ်ထားတဲ့ ပုံစံလေးတွေရှိတယ်ပေါ့နော်၊ လိုက်နာဖို့အတွက် အကြံပြုချင်ပါတယ်နော်။”

စက်ရုံတွေမှာ အကြိုအပို့လုပ်တဲ့ ကားတွေမှာလည်း လမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ ရှိသလို လုပ်ငန်းခွင်မှာလည်း သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း အလုပ်လုပ်ဖို့ အားနည်းနေဆဲဖြစ်တာကြောင့် ရောဂါကူးစက်မှု အန္တရာယ် ကြုံနေရတာလို့လည်း ပြောပါတယ်။

အလုပ်သမားတွေ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေတာကြောင့် စက်ရုံ အလုပ်ရုံတွေကို စိစစ် ထိန်းကြောင်းပေးဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုင်ကြားခဲ့ပေမဲ့ တာဝန်ရှိသူတွေ ဖြေရှင်းပေးတာမရှိသေးလို့ အလုပ်သမားတွေက ပြောပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်ဖို့ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအပါအဝင် နေရာတချို့မှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ စက်ရုံအလုပ်ရုံတွေကိုတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ခွင့်ပြုထားတဲ့ အချိန်ထဲမှာပဲ အခုလို အတည်ပြုလူနာဖြစ်သွားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG