သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ စက္႐ံု၊ အလုပ္႐ုံေတြမွာ ကိုဗစ္ကူးသူတုိးေန


ရန္ကုန္ၿမိဳ႕ရွိ စက္ရံုတခုမွာ ေတြ႔ရတဲ့ အလုပ္သမားတခ်ိဳ႕။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံးႀကံဳေနရတဲ့ ရန္ကုန္တိုင္းထဲက စက္႐ုံအလုပ္႐ုံေတြမွာ ေရာဂါပိုးကူးစက္သူေတြ တုိးလာေနတာေၾကာင့္ သတိထားဖုိ႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ရန္ကုန္တိုင္းထဲက စက္႐ုံ၊ အလုပ္႐ုံ ၁၀၀ ေက်ာ္မွာ အလုပ္သမားေတြ ကိုဗစ္ေရာဂါပုိး ကူးစက္မႈေတြ ႀကံဳေနရၿပီး၊ အမ်ားဆုံးအျဖစ္ လႈိင္သာယာၿမိဳ႕နယ္က စက္႐ုံ ၇၀ ေက်ာ္ပါဝင္ေၾကာင္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အလုပ္သမားေတြၾကား ကူးစက္မႈေတြ တုိးလာရတာဟာ က်န္းမာေရးလမ္းညႊန္ခ်က္ေတြကုိ လုိက္နာမႈ အားနည္းခ်က္ေၾကာင့္ ျဖစ္တယ္လုိ႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ကုန္ထုတ္နဲ႔ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီအဖြဲ႕ဝင္ မသင္ဇာထက္က ေျပာပါတယ္။

“က်န္းမာေရး Guideline နဲ႔ ကိုက္ညီမႈရွိတဲ့ စက္႐ုံေတြက ရာခိုင္ႏႈန္းအရဆိုရင္ ၈၀ ရာခိုင္ႏႈန္းေလာက္ ကိုက္ညီမႈ မရွိဘူး။ တခ်ိဳ႕စက္႐ုံေတြဆိုရင္ တစ္ေန႔ကို ႏွစ္ေယာက္ သုံးေယာက္၊ တစ္ေယာက္၊ ႏွစ္ေယာက္ အဲ့လိုမ်ိဳးပုံမွန္ ေတြ႕ရတယ္ေပါ့ေနာ္။ ေတြ႕ရတဲ့ အေျခအေနမ်ိဳးမွာ ေနာက္တစ္ခ်က္က ထိစပ္လူနာေတြကို ကိုယ္ကိုယ္တိုင္ Positive ေတြ႕တဲ့ အလုပ္သမားက ဒီလူေတြသည္ က်မနဲ႔ ထိစပ္ထားပါတယ္ဆိုတဲ့ဟာမ်ိဳး ပြင့္ပြင့္လင္းလင္းမေျပာရဲတဲ့ ျပသနာေတြ က်မတို႔ ရင္ဆိုင္ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့ဒီ အလုပ္သမားေတြက သူတို႔ေျပာလိုက္ရင္ မႀကိဳက္မွာစိုးလို႔ ဆိုတဲ့ဟာမ်ိဳးနဲ႔ စက္႐ုံထဲမွာ လုပ္ငန္းခြင္ ေတြမွာ လက္ရွိအလုပ္လုပ္ေနတာေတြကို က်မတို႔ေတြ႕ရတယ္။ အဲ့ဒီအျပင္ ကို ေနာက္ထပ္ က်မတို႔ အလုပ္ရွင္ေတြအေနနဲ႔ကလည္း ဒီအလုပ္သမားနဲ႔ အမွန္တကယ္၊ လိုင္းႀကီး ၾကပ္သူေတြနဲ႔ ထိစပ္ထား သူေတြ ျဖစ္ေနတယ္ဆိုတာမ်ိဳးကိုလည္း စနစ္တက်ေကာက္ယူထာားျခင္း မရွိတဲ့အတြက္ေၾကာင့္ ဒီပိုးေတြ႕လူနာေတြ တဆင့္ၿပီးတဆင့္ ထပ္ပြားလာတာေတြ ေတြ႕ေနရတာရွိပါတယ္ရွင္။”

စက္႐ုံေတြမွာ အႀကိဳအပို႔လုပ္တဲ့ ကားေတြမွာလည္း လမ္းညႊန္ခ်က္ေတြကုိ လုိက္နာမႈ အားနည္းတာေတြ ရွိသလုိ လုပ္ငန္းခြင္မွာလည္း သတ္မွတ္ထားတဲ့ အကြာအေ၀းအတုိင္း အလုပ္လုပ္ဖုိ႔ အခက္အခဲေတြ ရွိေနတဲ့အတြက္ ေရာဂါကူးစက္မႈ အႏၱရာယ္ ႀကံဳေနရတာလုိ႔လည္း ေျပာပါတယ္။

က်န္းမာေရး၀န္ႀကီးဌာန ေျပာခြင့္ရလည္းျဖစ္ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫြန္ၾကားေရးမႈး ေဒါက္တာခင္ခင္ႀကီးကေတာ့ က်န္းမာေရးအတြက္ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က် လိုက္နာဖို႔လိုတယ္လုိ႔ သတိေပးပါတယ္။

“စက္႐ုံေတြက လူစုလူေဝးမ်ားတဲ့ေနရာျဖစ္တယ္။ ေနာက္တစ္ခုက တစ္ေယာက္နဲ႔တစ္ေယာက္ကလည္း ၆ ေပျခားမွသာ ဖြင့္ခြင့္ျပဳထားတယ္။ သူတို႔ရဲ႕ Check List ကို Grade Aရမွသာ ဖြင့္ခြင့္ျပဳ ထားတယ္။ ဒါအျပင့္ A အဆင့္နဲ႔ ကိုက္ညီလို႔ ဖြင့္ခြင့္ေပးလိုက္တဲ့ ေနာက္ပိုင္းမွာလည္း သူတို႔ကို ေနာက္ကေနၿပီးေတာ့ ျပန္ Check လုပ္တဲ့ စနစ္ ဒါကလည္းရွိေနရမွာျဖစ္ပါတယ္။ ခုလက္ရွိလည္း ေတာ့ စက္႐ုံေတြကို စည္းကမ္းလိုက္နာမႈ ရွိ၊ မရွိ ဒါမ်ိဳး စစ္ေဆးတဲ့ဟာမ်ိဳးေတြလည္း လက္ရွိလည္း ေဆာင္႐ြက္ေနပါတယ္။ ေျပာခ်င္တာကေတာ့ အခ်က္ေတြ တခ်ိဳ႕ တစ္ခ်က္ ႏွစ္ခ်က္ ဒါမ်ိဳးေတြ မလိုက္နာဘူး၊ လြဲေခ်ာ္ေနတယ္ဆိုရင္ ေရာဂါပိုးက ကူးစက္ႏိုင္မယ္။”

အလုပ္ရွင္ေတြအေနနဲ႔ ကိုယ္ပူခ်ိန္ျမင့္ေနတဲ့ အလုပ္သမားေတြ၊ ေရာဂါလကၡဏာရွိတဲ့သူေတြႏွင့္ ပိုးေတြ႕သူနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့သူေတြကို လုပ္ခလစာ မျဖတ္ေတာက္ဘဲ ခြင့္ေပးၿပီး အလုပ္ကို မလာေစဖို႔ ေဆာင္႐ြက္ေပးရမွာျဖစ္သလို ေရာဂါကူးစက္မႈကို တားဆီးႏိုင္ဖို႔ဆိုရင္ အလုပ္ရွင္ အလုပ္သမား ပူးေပါင္းေဆာင္႐ြက္မႈက အဓိကက်တယ္လို႔လည္း ေျပာပါတယ္။

လူမႈဖူလုံေရးအဖြဲ႕ရဲ႕ အမ်ိဳးသားအဆင့္ အလုပ္သမားကိုယ္စားလွယ္အျဖစ္လည္း တာဝန္ယူထားတဲ့ မသင္ဇာထက္က စက္႐ုံေတြမွာ ကိုဗစ္ကူးစက္ခံရတဲ့အလုပ္သမားေတြႏွင့္ ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ အလုပ္သမားေတြ အလုပ္မဆင္း ႏိုင္တဲ့ကာလအတြင္းမွာ စက္႐ုံက လုပ္ခလစာျဖတ္ေတာက္တာ၊ လူမႈဖူလုံေၾကး ခံစားခြင့္ ၄၀ ရာခိုင္းႏႈန္း အျပည့္အဝမရတာေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။

“အလုပ္သမားေတြက ဘာေတြ က်မတို႔ဆီလာၿပီး သတင္းအခ်က္အလက္ေတြ တိုင္ၾကားၾကလဲဆို ေတာ့ သူတို႔ Positive ေတြ႕တယ္။ Positive ေတြ႕တဲ့အလုပ္သမားေတြနဲ႔ ထိစပ္တဲ့ Lock down မိတဲ့ အလုပ္သမားေတြကို ခြင့္မေပးဘူး၊ လစာေတြျဖတ္တယ္။ ျဖတ္ေတာက္ခံရတဲ့ လစာေတြကို ရေအာင္ ဘယ္လိုေဆာင္႐ြက္လို႔ရသလဲ ဆိုတဲ့ ေမးခြန္းေတြ ကြၽန္မတို႔ ခုခ်ိန္ထိ အခ်ိန္နဲ႔တေျပးညီ ေဆာင္႐ြက္ေပးေနတာေတြ ရွိတယ္ေပါ့ေႏွာ္။ ေနာက္တစ္ခုက လူမႈဖူလုံေရးက ေပးတဲ့ ရာခိုင္ႏႈန္းေတာင္မွာ အလုပ္သမားက အျပည့္အဝမရတဲ့ ကိစၥမ်ိဳးေတြအထိပါ ႀကဳံေတြေနရတာရွိတယ္။ ေထာက္ပံ့ဖို႔ေနေနသာသာ ေပါ့ေနာ္။ အျပည့္အဝမရတဲ့ စက္႐ုံေတြ အမ်ားႀကီးရွိတယ္။ မ်ားေသာအားျဖင့္ က်မတို႔ဆီကို တိုင္လာတဲ့ စက္႐ုံေတြဆိုလို႔ရွိရင္ ေ႐ႊျပည္သာၿမိဳ႕နယ္ ဝါးတစ္ရာ စက္မႈဇုန္တို႔ ေ႐ႊျပည္သာၿမိဳ႕နယ္က အမ်ားဆုံး တိုင္ၾကားတာေတြ ေတြ႕ရပါတယ္ရွင္။”

လႈိင္သာယာၿမိဳ႕နယ္မွာ ကိုဗစ္ေရာဂါပိုးေတြ႕လူနာက ၃၅,၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုက စက္႐ုံအလုပ္သမားေတြျဖစ္ၾကပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ အေရအတြက္က ၈၀,၀၀၀ နီးပါးရွိေနၿပီး ေသဆုံးသူက ၂,၀၀၀ နီးပါးရွိေနပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြကုိ ကာကြယ္ထိန္းခ်ဳပ္ဖုိ႔ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းအပါအ၀င္ ေနရာတခ်ဳိ႕မွာ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ စက္႐ုံအလုပ္႐ုံေတြကုိေတာ့ က်န္းမာေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ကုိင္ခြင့္ျပဳထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန် စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးသူတိုးနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေမှာ ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရန်ကုန်တိုင်းထဲက စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်မှာ အလုပ်သမားတွေ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ကြုံနေရပြီး၊ အများဆုံးအဖြစ် လှိုင်သာယာမြို့နယ်က စက်ရုံ ၇၀ ကျော်ပါဝင်ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာရတာဟာ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းချက်ကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ဝင် မသင်ဇာထက်က ပြောပါတယ်။

“ကျန်းမာရေး Guideline နဲ့ ကိုက်ညီမှုရှိတဲ့ စက်ရုံတွေက ရာခိုင်နှုန်းအရဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ကိုက်ညီမှု မရှိဘူး။ တချို့စက်ရုံတွေဆိုရင် တစ်နေ့ကို နှစ်ယောက် သုံးယောက်၊ တစ်ယောက်၊ နှစ်ယောက် အဲ့လိုမျိုးပုံမှန် တွေ့ရတယ်ပေါ့နော်။ တွေ့ရတဲ့ အခြေအနေမျိုးမှာ နောက်တစ်ချက်က ထိစပ်လူနာတွေကို ကိုယ်ကိုယ်တိုင် Positive တွေ့တဲ့ အလုပ်သမားက ဒီလူတွေသည် ကျမနဲ့ ထိစပ်ထားပါတယ်ဆိုတဲ့ဟာမျိုး ပွင့်ပွင့်လင်းလင်းမပြောရဲတဲ့ ပြသနာတွေ ကျမတို့ ရင်ဆိုင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ အလုပ်သမားတွေက သူတို့ပြောလိုက်ရင် မကြိုက်မှာစိုးလို့ ဆိုတဲ့ဟာမျိုးနဲ့ စက်ရုံထဲမှာ လုပ်ငန်းခွင် တွေမှာ လက်ရှိအလုပ်လုပ်နေတာတွေကို ကျမတို့တွေ့ရတယ်။ အဲ့ဒီအပြင် ကို နောက်ထပ် ကျမတို့ အလုပ်ရှင်တွေအနေနဲ့ကလည်း ဒီအလုပ်သမားနဲ့ အမှန်တကယ်၊ လိုင်းကြီး ကြပ်သူတွေနဲ့ ထိစပ်ထား သူတွေ ဖြစ်နေတယ်ဆိုတာမျိုးကိုလည်း စနစ်တကျကောက်ယူထာားခြင်း မရှိတဲ့အတွက်ကြောင့် ဒီပိုးတွေ့လူနာတွေ တဆင့်ပြီးတဆင့် ထပ်ပွားလာတာတွေ တွေ့နေရတာရှိပါတယ်ရှင်။”

စက်ရုံတွေမှာ အကြိုအပို့လုပ်တဲ့ ကားတွေမှာလည်း လမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ ရှိသလို လုပ်ငန်းခွင်မှာလည်း သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း အလုပ်လုပ်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် ရောဂါကူးစက်မှု အန္တရာယ် ကြုံနေရတာလို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရလည်းဖြစ် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးကတော့ ကျန်းမာရေးအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့ သတိပေးပါတယ်။

“စက်ရုံတွေက လူစုလူဝေးများတဲ့နေရာဖြစ်တယ်။ နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက်ကလည်း ၆ ပေခြားမှသာ ဖွင့်ခွင့်ပြုထားတယ်။ သူတို့ရဲ့ Check List ကို Grade Aရမှသာ ဖွင့်ခွင့်ပြု ထားတယ်။ ဒါအပြင့် A အဆင့်နဲ့ ကိုက်ညီလို့ ဖွင့်ခွင့်ပေးလိုက်တဲ့ နောက်ပိုင်းမှာလည်း သူတို့ကို နောက်ကနေပြီးတော့ ပြန် Check လုပ်တဲ့ စနစ် ဒါကလည်းရှိနေရမှာဖြစ်ပါတယ်။ ခုလက်ရှိလည်း တော့ စက်ရုံတွေကို စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ ဒါမျိုး စစ်ဆေးတဲ့ဟာမျိုးတွေလည်း လက်ရှိလည်း ဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့ အချက်တွေ တချို့ တစ်ချက် နှစ်ချက် ဒါမျိုးတွေ မလိုက်နာဘူး၊ လွဲချော်နေတယ်ဆိုရင် ရောဂါပိုးက ကူးစက်နိုင်မယ်။”

အလုပ်ရှင်တွေအနေနဲ့ ကိုယ်ပူချိန်မြင့်နေတဲ့ အလုပ်သမားတွေ၊ ရောဂါလက္ခဏာရှိတဲ့သူတွေနှင့် ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့သူတွေကို လုပ်ခလစာ မဖြတ်တောက်ဘဲ ခွင့်ပေးပြီး အလုပ်ကို မလာစေဖို့ ဆောင်ရွက်ပေးရမှာဖြစ်သလို ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့ဆိုရင် အလုပ်ရှင် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတယ်လို့လည်း ပြောပါတယ်။

လူမှုဖူလုံရေးအဖွဲ့ရဲ့ အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားတဲ့ မသင်ဇာထက်က စက်ရုံတွေမှာ ကိုဗစ်ကူးစက်ခံရတဲ့အလုပ်သမားတွေနှင့် ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အလုပ်သမားတွေ အလုပ်မဆင်း နိုင်တဲ့ကာလအတွင်းမှာ စက်ရုံက လုပ်ခလစာဖြတ်တောက်တာ၊ လူမှုဖူလုံကြေး ခံစားခွင့် ၄၀ ရာခိုင်းနှုန်း အပြည့်အဝမရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“အလုပ်သမားတွေက ဘာတွေ ကျမတို့ဆီလာပြီး သတင်းအချက်အလက်တွေ တိုင်ကြားကြလဲဆို တော့ သူတို့ Positive တွေ့တယ်။ Positive တွေ့တဲ့အလုပ်သမားတွေနဲ့ ထိစပ်တဲ့ Lock down မိတဲ့ အလုပ်သမားတွေကို ခွင့်မပေးဘူး၊ လစာတွေဖြတ်တယ်။ ဖြတ်တောက်ခံရတဲ့ လစာတွေကို ရအောင် ဘယ်လိုဆောင်ရွက်လို့ရသလဲ ဆိုတဲ့ မေးခွန်းတွေ ကျွန်မတို့ ခုချိန်ထိ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်ပေါ့နှော်။ နောက်တစ်ခုက လူမှုဖူလုံရေးက ပေးတဲ့ ရာခိုင်နှုန်းတောင်မှာ အလုပ်သမားက အပြည့်အဝမရတဲ့ ကိစ္စမျိုးတွေအထိပါ ကြုံတွေနေရတာရှိတယ်။ ထောက်ပံ့ဖို့နေနေသာသာ ပေါ့နော်။ အပြည့်အဝမရတဲ့ စက်ရုံတွေ အများကြီးရှိတယ်။ များသောအားဖြင့် ကျမတို့ဆီကို တိုင်လာတဲ့ စက်ရုံတွေဆိုလို့ရှိရင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်တို့ ရွှေပြည်သာမြို့နယ်က အများဆုံး တိုင်ကြားတာတွေ တွေ့ရပါတယ်ရှင်။”

လှိုင်သာယာမြို့နယ်မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာက ၃၅,၀၀၀ ကျော်ရှိပြီး အများစုက စက်ရုံအလုပ်သမားတွေဖြစ်ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်က ၈၀,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၂,၀၀၀ နီးပါးရှိနေပါတယ်။ ကပ်ရောဂါကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်ဖို့ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအပါအဝင် နေရာတချို့မှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ စက်ရုံအလုပ်ရုံတွေကိုတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG