သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပြဲေတာ္ကာလ လူစည္ကားတဲ့ေနရာေတြ ပိတ္ပင္


ရန္ကုန္ၿမိဳ႕ အင္းယားကန္ေဘာင္မွာ ေတြ႔ရတဲ့ လမ္းေလွ်ာက္သူ တခ်ိဳ႕။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူးကာလအတြင္းမွာ လူစုလူေဝးမျဖစ္ေစဖို႔အတြက္ ျမန္မာျပည္တဝန္း ၿမိဳ႕ႀကီးေတြမွာ ပန္းၿခံေတြနဲ႔ လူအသြားအလာအစုအေဝးမ်ားတဲ့ ေနရာေတြကို ပိတ္လိုက္တဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလမွာ လူစုလူေဝးမျဖစ္ေစဖို႔အတြက္ လူစည္ကားတဲ့ ေနရာေတြျဖစ္တဲ့ ျပည္သူ႔ဥယ်ာဥ္၊ အင္းယားကန္ေဘာင္၊ တိရိစာၦန္ဥယ်ာဥ္နဲ႔ ပန္းၿခံကစားကြင္းေတြ အားလုံးကို ဒီဇင္ဘာလ ၂၁ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ ယာယီပိတ္လိုက္ပါတယ္။

ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူးကာလမွာ လူစုလူေဝးမျဖစ္ဖို႔ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္ေတြ ထုတ္ထားၿပီးျဖစ္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ လိုက္နာေဆာင္႐ြက္ၾကဖို႔ လိုတယ္လို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္စြမ္းအင္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာပါတယ္။

“ဗဟို ကာထိန္းကုကလည္းပဲ ၫႊန္ၾကားၿပီးသားျဖစ္ပါတယ္။ ခရစၥမတ္မွာ လူစုလူေဝးမျဖစ္ေပၚေအာင္ ေဆာင္႐ြက္ၾကဖို႔ တိုင္းေဒသႀကီးက ခုထုတ္ျပန္တဲ့ထဲမွာလည္း ပါပါတယ္ေနာ္။ ဘာသာေပါင္းစုံ အဲ့ဒီလို စုေဝးမႈေတြကို ေရွာင္ရွားၾကဖို႔ဆိုတဲ့ ၫႊန္ၾကားခ်က္ ရွိပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ ဒီ ခရစၥမတ္မွာဆိုလို႔ရွိရင္လည္း ခရစ္ယာန္ဘာသာဝင္ေတြရဲ႕ ထုံးစံ သီခ်င္းဆို လွည့္လည္တာေတြ မလုပ္ဖို႔ ၫႊန္ၾကားၿပီးျဖစ္ပါတယ္။ ညကို ဘုရားဝတ္ျပဳတဲ့ အခါမွာလည္းပဲ ကိုဗစ္ၫႊန္ၾကားခ်က္နဲ႔ အညီ ေဆာင္႐ြက္ၾကပါဆိုတာ ထုတ္ျပန္ၿပီးသားျဖစ္ပါတယ္။ ေနာက္တစ္ခု ရွိတယ္။ ႏွစ္သစ္ကူး New Year ေပါ့ေနာ္။ အဲ့ဒီမွာ က်ေနာ္တို႔႔တေတြ ေပ်ာ္ၾက႐ႊင္ၾကတာေတြ ရွိပါတယ္။ ဒါေတြလည္းပဲ က်ေနာ္ ခုဏက ေျပာတဲ့ထဲမွာ အက်ံဳးဝင္ပါတယ္။”

လက္ရွိ ျမန္မာမွာ ဒီရက္ပိုင္းအတြင္း ကိုဗစ္ေရာဂါပိုးေတြ႕လူနာ ၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်လာၿပီ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။ ပိုးေတြ႕လူနာ အမ်ားဆုံးျဖစ္တဲ့ ရန္ကုန္မွာ ေရာဂါကူးစက္မႈ အရွိန္ကို ထိန္းႏိုင္တဲ့ အေနအထားျဖစ္လာၿပီ ျဖစ္တာေၾကာင့္ ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူးပြဲေတာ္ေတြမွာ လူစုလူေဝးကတစ္ဆင့္ ေရာဂါကူးစက္မႈေတြ ထပ္မျဖစ္ေအာင္ သတိထားဖို႔လိုတယ္လို႔ ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ေျပာခြင့္ရ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက VOA ကို ေျပာပါတယ္။

“အခုလက္ရွိမွာလည္း ပန္းၿခံေတြပိတ္ထားတယ္ဆိုတာမ်ိဳး ဒါမ်ိဳးေတြက တကယ္လုပ္သင့္တဲ့ လုပ္ေဆာင္ခ်က္ေတြျဖစ္တာေၾကာင့္ အထူးႀကိဳဆိုရမွာျဖစ္ပါတယ္။ ဒီလိုပဲ ေဆာင္႐ြက္ရမွာျဖစ္ ပါတယ္။ အခုလက္ရွိ အေနအထားအရဆိုရင္ က်မတို႔ ၁၂ ရက္ ၁၂ လေလာက္ကေန စၿပီးေတာ့ ပိုးေတြ႕ႏႈန္းေတြက က်လာတယ္။ ရန္ကုန္ဆိုလို႔ရွိရင္ ေတာ္ေတာ္ႀကီးကို တည္ၿငိမ္လာတဲ့ အေနအထား လို႔ ေျပာမယ္ဆို ေျပာလို႔ရပါတယ္။ ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ ဒီ ၃ တိုင္းကေတာ့ ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့ အေျခအေနတစ္ခုကို ရရွိေနၿပီျဖစ္ပါတယ္။ သို႔ေသာ္ မႏၲေလးကေတာ့ Case ေတြ တိုးေနဆဲပါပဲ။ ရန္ကုန္ဆိုရင္ ေတာ္ေတာ္ေလး အေျခအေနတည္ၿငိမ္လာတဲ့ အတြက္ေၾကာင့္ ေနာက္တစ္ပတ္ေလာက္ ေစာင့္ၾကည့္လိုက္တယ္ ဆိုလို႔ရွိရင္ ဘယ္ေလာက္ထိေတာင္ တည္တည္ၿငိမ္ၿငိမ္ျဖစ္လာၿပီလဲ ဆိုတာ ပိုၿပီးေတာ့ သိႏိုင္မွာျဖစ္ပါတယ္။ အစကေန ၿခဳံၿပီးေတာ့ ၾကည့္လိုက္မယ္ဆိုလို႔ရွိရင္ေတာ့ ခုပိုးေတြ႕တဲ့ႏႈန္းက ၇ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ရွိတာကိုေတြ႕ရပါတယ္။ သို႔ေသာ္ေနာက္ပိုင္းမွာ ပိုးေတြ႕ႏႈန္း က ၅ ရာခိုင္ႏႈန္းေက်ာ္ေလာက္ ျဖစ္လာတယ္ဆိုတဲ့ အေနအထားျဖစ္ပါတယ္။ ဒီလို High Rise ျဖစ္ေစႏိုင္တဲ့ လူအုပ္စု ပြဲေတာ္ေတြ လူေတြ ေတြ႕ဆုံစုစည္းတာေတြ မလုပ္ေလေလ တစ္ေယာက္ကေန တစ္ေယာက္ကို ေရာဂါကူးစက္မႈႏႈန္းက နည္းေလေလ ျဖစ္ပါတယ္။ တစ္ေယာက္စီ၊ တစ္ေယာက္စီတိုင္းက စည္းကမ္းကို လိုက္နာဖို႔ အေရးႀကီးပါတယ္။ ဒါေလးကို ေျပာခ်င္ပါတယ္။”

လူစုလူေဝးနဲ႔ အပန္းေျဖသူေတြ အမ်ားႀကီးလာတဲ့အတြက္ မဟာဗႏၶဳလ ပန္းၿခံကို ဒီဇင္လာ ၇ ရက္ေန႔က စၿပီး ယာယီ ပိတ္လိုက္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနအိမ္ျပင္ပမထြက္ဖို႔ သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့ စည္းကမ္းၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈမရွိရင္ သတိေပး စစ္ေဆးမႈေတြျပဳလုပ္ၿပီး တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္သြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရ ျမန္မာမွာ ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၁၀၀,၀၀၀ ေက်ာ္ရွိေနၿပီး၊ ေသဆုံးသူ ၂,၀၀၀ ေက်ာ္ရွိေနပါတယ္။

ပြဲေတာ္ကာလ လူစည္ကားတဲ့ေနရာေတြ ပိတ္ပင္
please wait

No media source currently available

0:00 0:03:50 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပွဲတော်ကာလ လူစည်ကားတဲ့နေရာတွေ ပိတ်ပင်

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်းမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် မြန်မာပြည်တဝန်း မြို့ကြီးတွေမှာ ပန်းခြံတွေနဲ့ လူအသွားအလာအစုအဝေးများတဲ့ နေရာတွေကို ပိတ်လိုက်တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ အင်းယားကန်ဘောင်၊ တိရိစ္ဆာန်ဥယျာဉ်နဲ့ ပန်းခြံကစားကွင်းတွေ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ယာယီပိတ်လိုက်ပါတယ်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလမှာ လူစုလူဝေးမဖြစ်ဖို့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက်တွေ ထုတ်ထားပြီးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ကြဖို့ လိုတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

“ဗဟို ကာထိန်းကုကလည်းပဲ ညွှန်ကြားပြီးသားဖြစ်ပါတယ်။ ခရစ္စမတ်မှာ လူစုလူဝေးမဖြစ်ပေါ်အောင် ဆောင်ရွက်ကြဖို့ တိုင်းဒေသကြီးက ခုထုတ်ပြန်တဲ့ထဲမှာလည်း ပါပါတယ်နော်။ ဘာသာပေါင်းစုံ အဲ့ဒီလို စုဝေးမှုတွေကို ရှောင်ရှားကြဖို့ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီ ခရစ္စမတ်မှာဆိုလို့ရှိရင်လည်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ ထုံးစံ သီချင်းဆို လှည့်လည်တာတွေ မလုပ်ဖို့ ညွှန်ကြားပြီးဖြစ်ပါတယ်။ ညကို ဘုရားဝတ်ပြုတဲ့ အခါမှာလည်းပဲ ကိုဗစ်ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ကြပါဆိုတာ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ နောက်တစ်ခု ရှိတယ်။ နှစ်သစ်ကူး New Year ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့တတွေ ပျော်ကြရွှင်ကြတာတွေ ရှိပါတယ်။ ဒါတွေလည်းပဲ ကျနော် ခုဏက ပြောတဲ့ထဲမှာ အကျုံးဝင်ပါတယ်။”

လက်ရှိ မြန်မာမှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုးတွေ့လူနာ ၅ ရာခိုင်နှုန်းအထိ လျော့ကျလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှု အရှိန်ကို ထိန်းနိုင်တဲ့ အနေအထားဖြစ်လာပြီ ဖြစ်တာကြောင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်တွေမှာ လူစုလူဝေးကတစ်ဆင့် ရောဂါကူးစက်မှုတွေ ထပ်မဖြစ်အောင် သတိထားဖို့လိုတယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကို ပြောပါတယ်။

“အခုလက်ရှိမှာလည်း ပန်းခြံတွေပိတ်ထားတယ်ဆိုတာမျိုး ဒါမျိုးတွေက တကယ်လုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တာကြောင့် အထူးကြိုဆိုရမှာဖြစ်ပါတယ်။ ဒီလိုပဲ ဆောင်ရွက်ရမှာဖြစ် ပါတယ်။ အခုလက်ရှိ အနေအထားအရဆိုရင် ကျမတို့ ၁၂ ရက် ၁၂ လလောက်ကနေ စပြီးတော့ ပိုးတွေ့နှုန်းတွေက ကျလာတယ်။ ရန်ကုန်ဆိုလို့ရှိရင် တော်တော်ကြီးကို တည်ငြိမ်လာတဲ့ အနေအထား လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒီ ၃ တိုင်းကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရရှိနေပြီဖြစ်ပါတယ်။ သို့သော် မန္တလေးကတော့ Case တွေ တိုးနေဆဲပါပဲ။ ရန်ကုန်ဆိုရင် တော်တော်လေး အခြေအနေတည်ငြိမ်လာတဲ့ အတွက်ကြောင့် နောက်တစ်ပတ်လောက် စောင့်ကြည့်လိုက်တယ် ဆိုလို့ရှိရင် ဘယ်လောက်ထိတောင် တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီလဲ ဆိုတာ ပိုပြီးတော့ သိနိုင်မှာဖြစ်ပါတယ်။ အစကနေ ခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ခုပိုးတွေ့တဲ့နှုန်းက ၇ ရာခိုင်နှုန်းကျော်ကျော်ရှိတာကိုတွေ့ရပါတယ်။ သို့သော်နောက်ပိုင်းမှာ ပိုးတွေ့နှုန်း က ၅ ရာခိုင်နှုန်းကျော်လောက် ဖြစ်လာတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလို High Rise ဖြစ်စေနိုင်တဲ့ လူအုပ်စု ပွဲတော်တွေ လူတွေ တွေ့ဆုံစုစည်းတာတွေ မလုပ်လေလေ တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါကူးစက်မှုနှုန်းက နည်းလေလေ ဖြစ်ပါတယ်။ တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက စည်းကမ်းကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါလေးကို ပြောချင်ပါတယ်။”

လူစုလူဝေးနဲ့ အပန်းဖြေသူတွေ အများကြီးလာတဲ့အတွက် မဟာဗန္ဓုလ ပန်းခြံကို ဒီဇင်လာ ၇ ရက်နေ့က စပြီး ယာယီ ပိတ်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ပြင်ပမထွက်ဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းညွှန်ကြားချက်တွေကို လိုက်နာမှုမရှိရင် သတိပေး စစ်ဆေးမှုတွေပြုလုပ်ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ မြန်မာမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀,၀၀၀ ကျော်ရှိနေပြီး၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိနေပါတယ်။

XS
SM
MD
LG