သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္လူနာေတြအတြက္ ပုဂၢလိကေဆး႐ုံ ကုသခြင့္ျပဳ


COVID-19 ကုသေရးဌာန (သုဝဏၰ)၊ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားေနရသူတဦးကို ကုသေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

COVID-19 ေရာဂါရွာေဖြကုသေရး ပထမဆံုးအေနနဲ႔ ပုဂၢလိကေဆး႐ုံတခုနဲ႔ အကူဓာတ္ခြဲခန္းတခုကို ခြင့္ျပဳလိုက္ပါၿပီ။ ဒါေၾကာင့္ လူနာေတြအျပင္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ပါ အေထာက္အကူ ျပဳႏုိင္တယ္လို႔ ေျပာလာတဲ့ ျမန္မာႏိုင္ငံ ပုဂၢလိကေဆး႐ုံမ်ားအသင္း ဥကၠ႒ ေဒါက္တာထင္ေပၚကို ကိုဝင္းမင္းက ေမးရာမွာ အခုလိုခြင့္ျပဳပံုကို စရွင္းျပပါတယ္။

ေဒါက္တာထင္ေပၚ - “ပန္းလႈိင္ေဆး႐ုံကို ခြင့္ျပဳလုိက္ၿပီ။ သုိ႔ေသာ္လည္း ပန္းလႈိင္ေဆး႐ံုံမွာ စစ္ေဆးတဲ့အခါ ႏွစ္နည္းရွိတယ္။ အျမန္စစ္တဲ့ RDT ေပ့ါ၊ Rapid Diagnostic Test၊ ေနာက္တခုက RT-PCR၊ ပိုးကုိ တုိက္႐ုိက္စစ္တဲ့နည္းလမ္းေပါ့။ ဒုတိယေျပာတဲ့ နည္းလမ္းကေတာ့ ပန္းလႈိင္မွာ မရေသးဘူး။ N Health ဓာတ္ခြဲခန္းမွာပဲ ရတယ္။ ပန္းလႈိင္ေဆး႐ုံက စစ္ေဆးခ်က္မွာ အျမန္နည္းနဲ႔ စစ္ၿပီးလို႔ရွိရင္ Negative ေတြကို ထပ္ၿပီး Confirm လုပ္ဖုိ႔ RT-PCR ထပ္စစ္ဖို႔ လိုလာတယ္။ ဒါေၾကာင့္ N Health ကိုလည္း ခြင့္ျပဳရျခင္း ျဖစ္ပါတယ္။”

ကိုဝင္းမင္း - ႏွစ္ခု ဆက္စပ္ၿပီး လုပ္ရမွာေပါ့။ အျမန္စစ္တာမွာ လြတ္သြားႏုိင္တာ ရွိတဲ့အတြက္ N Health က တြဲၿပီး ေဆာင္ရြက္ရတဲ့သေဘာေပါ့။

ေဒါက္တာထင္ေပၚ - “မွန္ပါတယ္။”

ကိုဝင္းမင္း - အဲဒီေတာ့ အခုလို ဘာေၾကာင့္ အခုခ်ိန္မွ ခြင့္ျပဳခ်က္ရတယ္လို႔ ထင္လဲ။ ဆရာတုိ႔ ေစာင့္ခဲ့တာ ၾကာၿပီေပါ့ေနာ္။

ေဒါက္တာထင္ေပၚ - “ဒါေပ့ါ စစ္ေဆးမႈ ၿပီးျပည့္စုံေအာင္လို႔ ေစာင့္ခဲ့ရတာပါ။ မွန္ပါတယ္။ ပန္းလႈိင္ေဆး႐ုံေရာ သူနဲ႔တၿပိဳင္တည္းတင္တဲ့ အကယ္ဒမီေဆး႐ုံေရာ ႏုိင္ငံေတာ္အစုိးရကေတာ့ ႏွစ္ႀကိမ္ေတာင္ စစ္ေဆးၿပီးသြားၿပီ။ ပန္းလႈိင္ေဆး႐ုံက စစ္ေဆးၿပီးတဲ့အခါမွာ ျပဳျပင္တဲ့ဟာက ျမန္တယ္။ အကယ္ဒမီက တပတ္ေနာက္က်ေတာ့ ျပဳျပင္မႈေတြ ေနာက္အပတ္ထဲေလာက္မွ အက်ဳိးအေၾကာင္း ျပန္တင္ရမယ္။ ေနာက္ထပ္ ပုဂၢလိကေဆး႐ုံႏွစ္႐ုံလည္း တင္ထားပါတယ္။ SSC ေဆး႐ုံနဲ႔ ေျမာက္ဥကၠလာ ေရႊလမင္းေဆး႐ုံ၊ အဲဒါေတြကေတာ့ စစ္ေဆးမႈ မစရေသးပါဘူး။”

ကိုဝင္းမင္း - အခုလို ရလာတဲ့အတြက္ ဘယ္ေလာက္အထိ အစုိးရေဆး႐ုံေတြမွာ ဝန္စေပါ့သြားႏုိင္မလဲ။

ေဒါက္တာထင္ေပၚ - “လတ္တေလာအေျခအေန Case ကလည္း တႏုိင္ငံလုံး အတုိင္းအတာနဲ႔ တေထာင္ေက်ာ္ တေထာင္ေက်ာ္က ေန႔စဥ္လိုရွိတယ္။ သုိ႔ေသာ္ ရန္ကုန္တုိင္းမွာ ျဖစ္တဲ့ႏႈန္းထားေတာ့ က်လာတာေပါ့ေနာ္။ ကုသေရးစင္တာေတြမွာလည္း ကုတင္အလြတ္ေတြ ျဖစ္လာတယ္။ ဒါ လက္ရွိအေျခအေနမွာ၊ သို႔ေသာ္လည္း ရန္ကုန္တုိင္းမွာေတာ့ စစ္ေဆးမႈေတြ ပုဂၢလိကကို ဒီ့ထက္ပုိ စစ္ေဆးဖို႔ဆုိၿပီးေတာ့ ထပ္မံညႊန္ၾကားဖို႔၊ ထပ္ၿပီးေတာ့ ပူးေပါင္း ပါဝင္ဖုိ႔ေပါ့၊ အရင္တုန္းကေတာ့ စစ္ေဆးမႈကို တခုတည္းလုပ္လို႔မရဘူး။ ကုသမႈကို အကုန္လုံးလုပ္မွ ပုဂၢလိက ပါဝင္လို႔ရမယ္လို႔ ႏုိင္ငံေတာ္အစုိးရက ညႊန္ၾကားထားေတာ့ တႏုိင္ငံလုံးမွာ အဲဒီေဆး႐ုံႏွစ္႐ုံပဲ အကုန္လုံးကုမယ္ဆုိၿပီးေတာ့ ေလွ်ာက္ထားလို႔ အဲဒီေဆး႐ုံႏွစ္႐ုံက စတာေပါ့။ သုိ႔ေသာ္လည္း အခုေနာက္ပုိင္း ရန္ကုန္တုိင္းမွာေတာ့ စစ္ေဆးမႈကို နည္းနည္းေလး ေျဖေလွ်ာ့လုိက္ပါၿပီ။ အဲဒီအတြက္ ထပ္မံေလွ်ာက္ထားရမယ္။ စစ္လည္း စစ္ၿပီးလို႔ရွိိရင္ သံသယရွိတဲ့ လူနာေတြကို ေခတၱထားရမွာေပါ့ေလ ေဆး႐ုံမွာ၊ အဲဒါေလးေတြက စနစ္တက် ပုဂၢလိက ေဆး႐ုံေတြမွာ ေသေသခ်ာခ်ာ တည္ေဆာက္ထားမယ္ဆုိရင္ေတာ့ ရန္ကုန္တုိင္းအစိုးရ အေနနဲ႔ မၾကာခင္ကာလမွာ ပုဂၢလိကက႑မွာ တုိးခ်ဲ႕ၿပီး စစ္ေဆးသြားဖို႔ဆုိတဲ့ အစီအစဥ္တခုေတာ့ ရွိေနၿပီ။

“အဲဒီအခ်ိန္က်ရင္ေတာ့ ရန္ကုန္တုိင္းအတြင္းမွာ ပိုးေတြ႔လူနာ ပိုၿပီးမ်ားလာဖို႔ အေျခအေနေတာ့ ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လတ္တေလာ အေျခအေနမွာ စစ္တဲ့ပမာဏ နည္းတာရယ္၊ တခ်ဳိ႕ေတြက သြားစစ္လိုက္လို႔ Positive မ်ားျဖစ္ေနရင္ ငါ့ကို ကုသေရးစင္တာ တခါတည္းေခၚၿပီး ငါ့အိမ္သားေတြလည္း ကြာရမ္တင္းစင္တာ တခါတည္းပို႔မွာလား ဆုိတဲ့ သံသယနဲ႔ ႀကိတ္မွိတ္ၿပီး အိမ္မွာေနတဲ့ လူအေရအတြက္က အရမ္းမ်ားေနတယ္။ အဲ့ေတာ့ ဒီ ပုဂၢလိကက႑ေတြမွာလည္း သူတုိ႔ ေရြးခ်ယ္ႏုိင္မယ္ေလ။ နားရမယ္ဆိုလည္း ပုဂၢလိကရဲ႕ ေဆးခန္းရဲ႕ ေကာင္းတဲ့အခန္းေလးေတြမွာ ေရြးၿပီးေတာ့ တရက္ ႏွစ္ရက္ေလာက္ ေနရတာေလ။ ေနာက္ထပ္ Confirm ေပါ့ ထပ္စစ္တဲ့ရက္က ၄၈ နာရီကေန ၇၂ နာရီဆုိေတာ့ အဲဒီေလာက္ေလးပဲ ေနရာမွာဆုိေတာ့ အဲဒီအတြက္ေၾကာင့္ ပိုစစ္လာတဲ့ အေျခအေနတခုက အတည္ျပဳလူနာ ပိုေတြ႔ဖုိ႔ အေျခအေနတရပ္ေတာ့ ရွိႏုိင္တယ္။”

ကိုဝင္းမင္း - အဲေတာ့ အခုလို ပိုေတြ႔တာက ဘယ္လုိအက်ဳိးေက်းဇူးေတြ ရလာႏုိင္မလဲ။

ေဒါက္တာထင္ေပၚ - “ကိုဗစ္နဲ႔ ကုိဗစ္မဟုတ္တဲ့လူနာ ခြဲျခားေပးႏုိင္တဲ့အတြက္ေၾကာင့္ ပုဂၢလိကေဆး႐ုံမွာ ကိုဗစ္မဟုတ္တဲ့ လူနာက ပုိၿပီးေတာ့ ရဲရဲတင္းတင္း ကုသႏုိင္မယ္ေပါ့ေနာ္။ ဒါက ျပည္သူလူထုအတြင္းမွာရွိတဲ့ ကုိဗစ္နဲ႔ပတ္သက္တဲ့ ထိန္းခ်ဳပ္တဲ့အခါမွာလည္း အမွန္တကယ္ အတည္ျပဳလူနာရွိတဲ့ ပမာဏကို ေဖာ္ထုတ္ႏုိင္မွ သူတုိ႔နဲ႔ႏြယ္ေနတဲ့ သံသယလူနာေတြလည္း ထပ္မံေဖာ္ထုတ္ႏုိင္မွာ။ ဒါေတြကို ျမန္ျမန္ေဖာ္၊ ျမန္ျမန္ရွင္းမွ ထိန္းခ်ဳပ္မႈဆုိတာက ပုိၿပီး ထိေရာက္မွာ။ ဆုိေတာ့ ဒါက ရန္ကုန္တုိင္းရဲ႕ စီးပြားေရးက႑ကိုပါ အမ်ားႀကီး အေထာက္အကူ ျဖစ္သြားႏုိင္တယ္။ သြားေရးလာေရးက႑ေတြ ပိုၿပီးေတာ့ အဆင္ေခ်ာေမြ႔လာမယ္။”

ကိုဝင္းမင္း - ေနာက္တခုက ပုဂၢလိက ေဆး႐ုံေတြမွာ ကုန္က်စရိတ္လည္း ပါလာတာေပါ့။

ေဒါက္တာထင္ေပၚ - “ကုန္က်စရိတ္က ပုံမွန္ထက္ေတာ့ မ်ားမွာေပါ့။ ဘာျဖစ္လို႔လဲဆုိေတာ့ PPE ေတြဝတ္ၿပီး စစ္ရမယ္၊ ကုသရမယ္ဆုိေတာ့ PPE တစုံကုိက ႏွစ္ေသာင္းေက်ာ္၊ ေနာက္တခုက သူတုိ႔ရဲ႕ စားေရးေသာက္ေရးကလည္း အျပင္က လာပို႔လို႔ မရဘူး။ ေဆး႐ုံက တခါတည္း စီစဥ္ရမွာ။ လူေတြအဝင္အထြက္ေတြ က်နော္တို႔ ေပးလုပ္မွာမဟုတ္ဘူး။”

ကိုဝင္းမင္း - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာထင္ေပၚခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မြန်မာမှာ ကိုဗစ်လူနာတွေအတွက် ပုဂ္ဂလိကဆေးရုံ ကုသခွင့်ပြု

COVID-19 ရောဂါရှာဖွေကုသရေး ပထမဆုံးအနေနဲ့ ပုဂ္ဂလိကဆေးရုံတခုနဲ့ အကူဓာတ်ခွဲခန်းတခုကို ခွင့်ပြုလိုက်ပါပြီ။ ဒါကြောင့် လူနာတွေအပြင် ရောဂါထိန်းချုပ်ရေးအတွက်ပါ အထောက်အကူ ပြုနိုင်တယ်လို့ ပြောလာတဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကို ကိုဝင်းမင်းက မေးရာမှာ အခုလိုခွင့်ပြုပုံကို စရှင်းပြပါတယ်။

ဒေါက်တာထင်ပေါ် - “ပန်းလှိုင်ဆေးရုံကို ခွင့်ပြုလိုက်ပြီ။ သို့သော်လည်း ပန်းလှိုင်ဆေးရုံံမှာ စစ်ဆေးတဲ့အခါ နှစ်နည်းရှိတယ်။ အမြန်စစ်တဲ့ RDT ပေ့ါ၊ Rapid Diagnostic Test၊ နောက်တခုက RD-PCR၊ ပိုးကို တိုက်ရိုက်စစ်တဲ့နည်းလမ်းပေါ့။ ဒုတိယပြောတဲ့ နည်းလမ်းကတော့ ပန်းလှိုင်မှာ မရသေးဘူး။ N Health ဓာတ်ခွဲခန်းမှာပဲ ရတယ်။ ပန်းလှိုင်ဆေးရုံက စစ်ဆေးချက်မှာ အမြန်နည်းနဲ့ စစ်ပြီးလို့ရှိရင် Negative တွေကို ထပ်ပြီး Confirm လုပ်ဖို့ RD-PCR ထပ်စစ်ဖို့ လိုလာတယ်။ ဒါကြောင့် N Health ကိုလည်း ခွင့်ပြုရခြင်း ဖြစ်ပါတယ်။”

ကိုဝင်းမင်း - နှစ်ခု ဆက်စပ်ပြီး လုပ်ရမှာပေါ့။ အမြန်စစ်တာမှာ လွတ်သွားနိုင်တာ ရှိတဲ့အတွက် N Health က တွဲပြီး ဆောင်ရွက်ရတဲ့သဘောပေါ့။

ဒေါက်တာထင်ပေါ် - “မှန်ပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အခုလို ဘာကြောင့် အခုချိန်မှ ခွင့်ပြုချက်ရတယ်လို့ ထင်လဲ။ ဆရာတို့ စောင့်ခဲ့တာ ကြာပြီပေါ့နော်။

ဒေါက်တာထင်ပေါ် - “ဒါပေ့ါ စစ်ဆေးမှု ပြီးပြည့်စုံအောင်လို့ စောင့်ခဲ့ရတာပါ။ မှန်ပါတယ်။ ပန်းလှိုင်ဆေးရုံရော သူနဲ့တပြိုင်တည်းတင်တဲ့ အကယ်ဒမီဆေးရုံရော နိုင်ငံတော်အစိုးရကတော့ နှစ်ကြိမ်တောင် စစ်ဆေးပြီးသွားပြီ။ ပန်းလှိုင်ဆေးရုံက စစ်ဆေးပြီးတဲ့အခါမှာ ပြုပြင်တဲ့ဟာက မြန်တယ်။ အကယ်ဒမီက တပတ်နောက်ကျတော့ ပြုပြင်မှုတွေ နောက်အပတ်ထဲလောက်မှ အကျိုးအကြောင်း ပြန်တင်ရမယ်။ နောက်ထပ် ပုဂ္ဂလိကဆေးရုံနှစ်ရုံလည်း တင်ထားပါတယ်။ SSC ဆေးရုံနဲ့ မြောက်ဥက္ကလာ ရွှေလမင်းဆေးရုံ၊ အဲဒါတွေကတော့ စစ်ဆေးမှု မစရသေးပါဘူး။”

ကိုဝင်းမင်း - အခုလို ရလာတဲ့အတွက် ဘယ်လောက်အထိ အစိုးရဆေးရုံတွေမှာ ဝန်စပေါ့သွားနိုင်မလဲ။

ဒေါက်တာထင်ပေါ် - “လတ်တလောအခြေအနေ Case ကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ တထောင်ကျော် တထောင်ကျော်က နေ့စဉ်လိုရှိတယ်။ သို့သော် ရန်ကုန်တိုင်းမှာ ဖြစ်တဲ့နှုန်းထားတော့ ကျလာတာပေါ့နော်။ ကုသရေးစင်တာတွေမှာလည်း ကုတင်အလွတ်တွေ ဖြစ်လာတယ်။ ဒါ လက်ရှိအခြေအနေမှာ၊ သို့သော်လည်း ရန်ကုန်တိုင်းမှာတော့ စစ်ဆေးမှုတွေ ပုဂ္ဂလိကကို ဒီ့ထက်ပို စစ်ဆေးဖို့ဆိုပြီးတော့ ထပ်မံညွှန်ကြားဖို့၊ ထပ်ပြီးတော့ ပူးပေါင်း ပါဝင်ဖို့ပေါ့၊ အရင်တုန်းကတော့ စစ်ဆေးမှုကို တခုတည်းလုပ်လို့မရဘူး။ ကုသမှုကို အကုန်လုံးလုပ်မှ ပုဂ္ဂလိက ပါဝင်လို့ရမယ်လို့ နိုင်ငံတော်အစိုးရက ညွှန်ကြားထားတော့ တနိုင်ငံလုံးမှာ အဲဒီဆေးရုံနှစ်ရုံပဲ အကုန်လုံးကုမယ်ဆိုပြီးတော့ လျှောက်ထားလို့ အဲဒီဆေးရုံနှစ်ရုံက စတာပေါ့။ သို့သော်လည်း အခုနောက်ပိုင်း ရန်ကုန်တိုင်းမှာတော့ စစ်ဆေးမှုကို နည်းနည်းလေး ဖြေလျှော့လိုက်ပါပြီ။ အဲဒီအတွက် ထပ်မံလျှောက်ထားရမယ်။ စစ်လည်း စစ်ပြီးလို့ရှိရင် သံသယရှိတဲ့ လူနာတွေကို ခေတ္တထားရမှာပေါ့လေ ဆေးရုံမှာ၊ အဲဒါလေးတွေက စနစ်တကျ ပုဂ္ဂလိက ဆေးရုံတွေမှာ သေသေချာချာ တည်ဆောက်ထားမယ်ဆိုရင်တော့ ရန်ကုန်တိုင်းအစိုးရ အနေနဲ့ မကြာခင်ကာလမှာ ပုဂ္ဂလိကကဏ္ဍမှာ တိုးချဲ့ပြီး စစ်ဆေးသွားဖို့ဆိုတဲ့ အစီအစဉ်တခုတော့ ရှိနေပြီ။

“အဲဒီအချိန်ကျရင်တော့ ရန်ကုန်တိုင်းအတွင်းမှာ ပိုးတွေ့လူနာ ပိုပြီးများလာဖို့ အခြေအနေတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လတ်တလော အခြေအနေမှာ စစ်တဲ့ပမာဏ နည်းတာရယ်၊ တချို့တွေက သွားစစ်လိုက်လို့ Positive များဖြစ်နေရင် ငါ့ကို ကုသရေးစင်တာ တခါတည်းခေါ်ပြီး ငါ့အိမ်သားတွေလည်း ကွာရမ်တင်းစင်တာ တခါတည်းပို့မှာလား ဆိုတဲ့ သံသယနဲ့ ကြိတ်မှိတ်ပြီး အိမ်မှာနေတဲ့ လူအရေအတွက်က အရမ်းများနေတယ်။ အဲ့တော့ ဒီ ပုဂ္ဂလိကကဏ္ဍတွေမှာလည်း သူတို့ ရွေးချယ်နိုင်မယ်လေ။ နားရမယ်ဆိုလည်း ပုဂ္ဂလိကရဲ့ ဆေးခန်းရဲ့ ကောင်းတဲ့အခန်းလေးတွေမှာ ရွေးပြီးတော့ တရက် နှစ်ရက်လောက် နေရတာလေ။ နောက်ထပ် Confirm ပေါ့ ထပ်စစ်တဲ့ရက်က ၄၈ နာရီကနေ ၇၂ နာရီဆိုတော့ အဲဒီလောက်လေးပဲ နေရာမှာဆိုတော့ အဲဒီအတွက်ကြောင့် ပိုစစ်လာတဲ့ အခြေအနေတခုက အတည်ပြုလူနာ ပိုတွေ့ဖို့ အခြေအနေတရပ်တော့ ရှိနိုင်တယ်။”

ကိုဝင်းမင်း - အဲတော့ အခုလို ပိုတွေ့တာက ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မလဲ။

ဒေါက်တာထင်ပေါ် - “ကိုဗစ်နဲ့ ကိုဗစ်မဟုတ်တဲ့လူနာ ခွဲခြားပေးနိုင်တဲ့အတွက်ကြောင့် ပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်မဟုတ်တဲ့ လူနာက ပိုပြီးတော့ ရဲရဲတင်းတင်း ကုသနိုင်မယ်ပေါ့နော်။ ဒါက ပြည်သူလူထုအတွင်းမှာရှိတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ထိန်းချုပ်တဲ့အခါမှာလည်း အမှန်တကယ် အတည်ပြုလူနာရှိတဲ့ ပမာဏကို ဖော်ထုတ်နိုင်မှ သူတို့နဲ့နွယ်နေတဲ့ သံသယလူနာတွေလည်း ထပ်မံဖော်ထုတ်နိုင်မှာ။ ဒါတွေကို မြန်မြန်ဖော်၊ မြန်မြန်ရှင်းမှ ထိန်းချုပ်မှုဆိုတာက ပိုပြီး ထိရောက်မှာ။ ဆိုတော့ ဒါက ရန်ကုန်တိုင်းရဲ့ စီးပွားရေးကဏ္ဍကိုပါ အများကြီး အထောက်အကူ ဖြစ်သွားနိုင်တယ်။ သွားရေးလာရေးကဏ္ဍတွေ ပိုပြီးတော့ အဆင်ချောမွေ့လာမယ်။”

ကိုဝင်းမင်း - နောက်တခုက ပုဂ္ဂလိက ဆေးရုံတွေမှာ ကုန်ကျစရိတ်လည်း ပါလာတာပေါ့။

ဒေါက်တာထင်ပေါ် - “ကုန်ကျစရိတ်က ပုံမှန်ထက်တော့ များမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ PPE တွေဝတ်ပြီး စစ်ရမယ်၊ ကုသရမယ်ဆိုတော့ PPE တစုံကိုက နှစ်သောင်းကျော်၊ နောက်တခုက သူတို့ရဲ့ စားရေးသောက်ရေးကလည်း အပြင်က လာပို့လို့ မရဘူး။ ဆေးရုံက တခါတည်း စီစဉ်ရမှာ။ လူတွေအဝင်အထွက်တွေ ကျနော်တို့ ပေးလုပ်မှာမဟုတ်ဘူး။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာထင်ပေါ်ခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG