သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးဝန္ထမ္းေတြ ဝန္နဲ႔အားမမွ်ျဖစ္ေနတဲ့ ျမန္မာ့ကုိဗစ္အေျခအေန


ေဝဘာဂီျပည္သူ႔ေဆး႐ုံႀကီး ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူမ်ားကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

{{Zawgyi/Unicode}}

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးေဒါက္တာျမင့္ေထြး က က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ဝန္နဲ႔အားမမွ်ျဖစ္ေနၿပီး ကိုဗစ္ ကူးစက္မႈ ထပ္မ်ားေနရင္ မႏိုင္မနင္းျဖစ္လာေတာ့မွာမို႔ ျပည္သူေတြကာကြယ္ေရးစည္းကမ္းအေလးထားလိုက္နာၾကဖို႔ အဂၤါေန႔က ရန္ကုန္တိုင္း က်န္းမာေရး တာဝန္ခံေတြနဲ႔ ေဆြးေႏြးပြဲမွာ အေလးအနက္ေျပာခဲ့တဲ့အေပၚ ေနာက္ဆုံးအေျခအေနေတြကို ဒီဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာ သန္းႏိုင္စိုးကို ကိုဝင္းမင္းက ဆက္သြယ္ ေမးျမန္းရာမွာ သူက အခုလို စရွင္းျပပါတယ္။

ေဒါက္တာ သန္းႏိုင္စိုး။ ေနာက္ဆုံးကေတာ့က်ေနာ္တို႔ ဒီလိုပဲ( ေရာဂါကူးစက္မူဂရပ္မ်ဥ္း) တန္းေနတာေပါ႔ မက်ႏိုင္ဘူးျဖစ္ေနတာေပါ့။ လူေတြလည္း တေျဖးေျဖးနဲ႔ ေျခကုန္ လက္ပန္းေတာ့ ၾကေနၾကပါၿပီ။ အဓိကကေတာ့ အဝင္ကိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္လည္းလုပ္တယ္ေပါ့ေနာ္။ အဓိကေတာ့ ေဆးရံုေရာက္မဲ့လူနာ နည္းဖို႔ေပါ့။ လူစုလူေဝးျဖစ္တဲ့ေနရာေတြမွာ ပညာေပးတာတို႔ ၊ (Mask ႏွာေခါင္းစည္း) ကို စနစ္တက် တပ္ဆင္ဖို႔အတြက္၊ Social norm (လူထုအၾကား လိုက္နာႏိုင္တဲ့ပုံစံ) တစ္ခုျဖစ္လာေအာင္ စည္း႐ုံးၿပီး လႈံေဆာ္ေနတာတို႔ေပါ႔ေနာ္။ ေစ်းေတြဘာေတြမွာ တပ္တဲ့သူမ်ားလာရင္ မတတ္တဲ့သူ နည္းသြားမယ္ေပါ႔ေနာ္။ အဲဒီလိုေတာ့ စည္း႐ုံးေနတာေပါ႔။

ေမး။ ဟုတ္ကဲ့၊ အဲဒီေတာ့ ဒီရက္ပိုင္းအတြင္းမွာ စည္းကမ္းလိုက္နာမႈ အေနအထားေရာ။

ေဒါက္တာ သန္းႏိုင္စိုး။ အဲဒါကေတာ့ တေဒသနဲ႔ တေဒသမတူဘူး။ မႏၲေလးလို ေနရာမ်ိဳးဆို အရမ္းအားရဖို႔ ေကာင္းတယ္ ေဆာင္ရြက္ခ်က္တြက။ ရန္ကုန္လို ေနရာမ်ိဳးၾကေတာ့လည္း နဲနဲေတာ့ အခ်င္းခ်င္း ထိန္းသိမ္းရတဲ့ သေဘာေတာ့ရွိတယ္။ တဖက္က လူေတြရဲ႕ပါဝင္မႈက အားနည္းေနေသးတယ္။

ေမး။ မႏၲေလးမွာေတာ့ စည္းကမ္းကိုတင္းၾကပ္တာေပါ႔ေနာ္။ အထူးသျဖင့္ေတာ့ ဥပေဒေၾကာင္းအရ လိုက္ထိန္းတာေပါ႔ေနာ္။ ရန္ကုန္မွာေတာ့ အဲဒါမ်ိဳးလုပ္ဖို႔ -

ေဒါက္တာ သန္းႏိုင္စိုး။ အဲဒါေတာ့ က်ေနာ္တို႔ရဲ႕ ေဘာင္ကိုေက်ာ္သြားတယ္လို႔ေတာ့ ေျပာရမွာေပါ႔ေနာ္။ ဒါေတာ့ ေဒသဆိုင္ရာ အစိုးရအဖြဲ႕တို႔၊ ေဒသဆိုင္ရာ ကိုဗစ္ေကာ္မီတီေတြ၊ သူတို႔ကလည္း ေဆာင္ရြက္မယ္ဆိုရင္ေတာ့ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မီတီရဲ႕ လမ္းၫႊန္မႈကို ခံယူတာတို႔၊ ၿပီးတဲ့အခါၾကေတာ့ စည္းကမ္းထိန္းသိမ္းေရးရဲ႕ ေနာက္ဆက္တြဲတခုျဖစ္တဲ့ စားဝတ္ေနေရး လူမႈေရး စီးပြားေရး ဒီဟာေတြရဲ႕ အက်ိဳးသက္ေရာက္မႈကိုလည္း စဉ္းစားရမွာေပါ႔။ အဲဒီေတာ့ က်ေနာ္တို႔ကေတာ့ လူေတြမ်ားမ်ား လိုက္နာရင္ ျမန္ျမန္ ေပ်ာက္သြားမွာေတာ့ ေသခ်ာတယ္ဗ်။

ေမး။ တဘက္မွာလည္း စီးပြားေရးလုပ္ငန္းေတြ ျပန္စဖြင့္လာတဲ့ သေဘာေပါ႔ေနာ္။ ဥပမာ ေလယာဉ္လိုင္းေတြ ျပန္ဖြင့္လာတာမ်ိဳး၊ အဲဒီအေနအထားမွာေရာ ဒီ ကူးစက္မႈအေနအထားေတြအတြက္ -

ေဒါက္တာ သန္းႏိုင္စိုး။ အဓိကကေတာ့ စီးပြားေရးလည္ပတ္ခ်င္တာေပါ့ေနာ္။ ဒါေပမယ့္ လုပ္ငန္းေတြ ျပန္ဖြင့္တာရဲ႕ နံပတ္တစ္ ရည္ရြယ္ခ်က္ကလည္း ေရာဂါမကူးစက္ဖို႔ပါဘဲ။ New Normal အကာအကြယ္ေအာက္မွာေပါ့ေနာ္။ အဲ့ဒိအခါက်ေတာ့ ေလေၾကာင္းလိုင္းေတြ ျပန္ဖြင့္တဲ့အခါမွာလည္း က်ေနာ္တို႔က SOP (Standard Operation Procedure- စံသတ္မွတ္ခ်က္အေနနဲ႔ လိုက္နာရမယ့္ စည္းကမ္းသတ္မွတ္ခ်က္) ေတြနဲ႔ အေသအခ်ာ ကန္႔သတ္ထားတယ္။

ေမး။ ဒီေနရာမွာ တဘက္ကလည္း ကာကြယ္ေရးေပါ႔ေနာ္၊ ေနာက္တဘက္ကလည္း ကုသေရးအပိုင္းမွာေတာ့ Home isolation (အိမ္မွာသီးသန္႔ခြဲထားတဲ့) သေဘာေပါ႔။ တခ်ိဳ႕လူနာေတြကို ေဆး႐ုံမွာ ကုၿပီးရင္ အဆင္ေျပရင္ Home isolation လုပ္မယ္ဆိုတာမ်ိဳးလည္း ေတြ႕ရပါတယ္။ အဲဒီ အေနအထားကေရာ ဘယ္လိုမ်ိဳး ျဖစ္လာဖို႔ရွိလဲ။

ေဒါက္တာ သန္းႏိုင္စိုး။ အဲဒါကေတာ့ က်ေနာ္တို႔ ခုနကေျပာသလို၊ အဝင္ကိုထိန္းတဲ့ေနရာ ၂ မ်ိဳးရွိတယ္။ တစ္ခုကေတာ့ ခုနကေျပာတဲ့ ကူးစက္မႈကြင္းဆက္ေတြ ျပတ္ေတာက္ၿပီးေတာ့ ေဆး႐ုံကို မေရာက္လာရင္ အေကာင္းဆုံးေပါ႔ေနာ္။ ဒါ ကြင္းဆက္ျဖတ္ႏိုင္တဲ့ နည္းလမ္းေပါ႔။ ေနာက္တစ္ခုကေတာ့ ခုနကေျပာသလိုေပါ႔ေနာ္၊ တခ်ိဳ႕ ေရာဂါပိုးရွိေပမယ့္လည္း ေဆးရံုကေစာဆင္းၿပီးေတာ့ အိမ္မွာ Home quarantine သေဘာမ်ိဳးထားတာရယ္၊ Isolation ထားတာရယ္ေပါ႔ေနာ္။ ဒါေပမယ့္ အဲဒါက က်ေနာ္တို႔ႏိုင္ငံရဲ႕ လူေနမႈစံနစ္အရ နဲနဲရႈပ္ေထြးတယ္။ ထင္သေလာက္ လြယ္မွာမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ Western countries (အေနာက္ႏိုင္ငံေတြမွာလည္း) ဒီဟာႀကီးက ျပန္လြတ္လိုက္တဲ့အခ်ိန္မွာ ဝုန္းကနဲ Flare up (ျပန္႔က်ဲသြားေတာ့) ဘယ္လိုမွ ထိန္းလို႔မရေတာ့ဘူး။ တကယ့္ကို Community transmission (လူမႈအသိုင္းဝိုင္းအတြင္း ကူးစက္မႈ) ႀကီး ျဖစ္သြားတာ။ ေနာက္တစ္ခုက က်ေနာ္တို႔ႏိုင္ငံရဲ လူေနမႈစနစ္အရက အိမ္ျပန္သြားတဲ့အခါက်ရင္ မိသားစုေတြက စုေဝးေနတဲ့အခါက်ေတာ့ သီးျခားေနဖို႔က မလြယ္ဘူးဆရာ။ အဲဒီေလာက္လဲ ေနရာက်ယ္က်ယ္ဝန္းဝန္း မရွိဘူး။ တေယာက္လႊတ္လိုက္ရင္ ငါးေယာက္ ေဆး႐ုံျပန္လာဖို႔မ်ားတယ္။ အဲဒီအျပင္ ဘာျဖစ္ႏိုင္လဲဆိုေတာ့ က်ေနာ္တို႔က အခ်ိန္မွီသြားၿပီးေတာ့ ေအာက္စီဂ်င္ေပါ႔၊ ေအာက္စီဂ်င္က်လာတာနဲ႔ ေဆး႐ုံကိုေပါ႔ေနာ္၊ High flow nasal ေအာက္စီဂ်င္ေပါ႔၊ ဒါမ်ိဳးေတြေပးၿပီးေတာ့ က်ေနာ္တို႔က Ambulance ေပၚမွာလည္း က်ေနာ္တို႔က ဒါမ်ိဳးေတြေပးဖို႔က မလြယ္ဘူးဆရာ။ Ambulance ေပၚမွာပါတဲ့ ေအာက္စီဂ်င္အိုးကလည္း 10 liter per minute ေလာက္ဘဲ ရတာ။ ဆိုေတာ့ က်ေနာ္တို႔က ေသဆုံးမႈႏႈန္းေတြ အရမ္းတက္လာမယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ကေတာ့ Pilot (အစမ္းသေဘာမ်ိဳး) အေနနဲ႔ လူနာ ၁၀၀ ေလာက္ကို က်ေနာ္တို႔ စမ္းၿပီးေတာ့ လုပ္ၾကည့္မယ္။ အဲဒီ ၁၀၀ ကလည္း ခုနကေျပာတဲ့ Criteria (သတ္မွတ္ခ်က္ အဆင့္) ေတြနဲ႔ ျပည့္စုံတဲ့လူေတြ ျဖစ္ရမယ္။ အနည္းဆုံး အဆင့္ ၄ ဆင့္ေလာက္ေပါ႔ေနာ္။ ဒါမ်ိဳး အဆင့္ဆင့္ စဉ္းစားထားတဲ့၊ စဉ္းစားၿပီးမွ ခြင့္ျပဳေပးတာဘဲ ျဖစ္ရမယ္။ ဒီ ေပၚလစီေတြ၊ Strategy (မဟာျဗဴဟာ) ေတြကေတာ့ Balance (ဘက္မွ်အာင္) လုပ္ၿပီး သြားရမယ့္ အေနအထားေပါ႔ေနာ္။

ေမး။ ဘယ္အခ်ိန္ေလာက္စျဖစ္မယ္ထင္လဲ၊ အခု Pilot Project (အစမ္း စမ္းသပ္လုပ္ေဆာင္မႈ) ကိုေလ။

ေဒါက္တာ သန္းႏိုင္စိုး။ အဲဒါကေတာ့ ဆရာ ဦးေဇာ္ေဝစိုးတို႔ဘဲ စတာေပါ႔ေနာ္။ သူတို႔ဘဲ သူတို႔ကိုဘဲ စုံစမ္းၾကည့္ပါဆရာ။ က်ေနာ္ထင္တာေတာ့ သူတို႔ ရက္ပိုင္းစမယ္လို႔ေတာ့ သူတို႔ ေျပာသြားတယ္ေပါ႔ေနာ္။ ဒါေပမယ့္ က်ေနာ္တို႔ ျမန္မာႏိုင္ငံလို အေျခအေနနဲ႔က အဲဒီလိုလူမ်ိဳး ေရြးရတာ မလြယ္ဘူးဆရာ။

ေမး။ ဒီေနရာမွာ ေနာက္တခုက ေဆး႐ုံဝန္ပိတာ ေလ်ာ့က်ေအာင္ေပါ႔ေနာ္၊ ပုဂၢလိကေဆး႐ုံေတြ အေနအထားေရာ။

ေဒါက္တာ သန္းႏိုင္စိုး။ ဒါလည္း သူတို႔ ေလွ်ာက္လာတဲ့ ေဆး႐ုံေတြရွိတယ္ေပါ႔။ ေဆး႐ုံ ၄ ခုေလာက္ ရွိပါတယ္။ အဲဒါေတြလည္း အျမန္ဆုံး ခြင့္ျပဳေပးဖို႔လည္း ဝန္ႀကီးက ၫႊန္ၾကားတာ က်ေနာ္တို႔ ၾကားလိုက္တယ္ေပါ႔ေနာ္။

ကိုဝင္းမင္း။ ဟုတ္ကဲ့။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေး က ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အားမမျှဖြစ်နေပြီး ကိုဗစ် ကူးစက်မှု ထပ်များနေရင် မနိုင်မနင်းဖြစ်လာတော့မှာမို့ ပြည်သူတွေကာကွယ်ရေးစည်းကမ်းအလေးထားလိုက်နာကြဖို့ အင်္ဂါနေ့က ရန်ကုန်တိုင်း ကျန်းမာရေး တာဝန်ခံတွေနဲ့ ဆွေးနွေးပွဲမှာ အလေးအနက်ပြောခဲ့တဲ့အပေါ် နောက်ဆုံးအခြေအနေတွေကို ဒီဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ် မေးမြန်းရာမှာ သူက အခုလို စရှင်းပြပါတယ်။

ဒေါက်တာ သန်းနိုင်စိုး။ နောက်ဆုံးကတော့ကျနော်တို့ ဒီလိုပဲ( ရောဂါကူးစက်မူဂရပ်မျဉ်း) တန်းနေတာပေါ့ မကျနိုင်ဘူးဖြစ်နေတာပေါ့။ လူတွေလည်း တဖြေးဖြေးနဲ့ ခြေကုန် လက်ပန်းတော့ ကြနေကြပါပြီ။ အဓိကကတော့ အဝင်ကိုထိန်းချုပ်နိုင်ရေးအတွက်လည်းလုပ်တယ်ပေါ့နော်။ အဓိကတော့ ဆေးရုံရောက်မဲ့လူနာ နည်းဖို့ပေါ့။ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ ပညာပေးတာတို့ ၊ (Mask နှာခေါင်းစည်း) ကို စနစ်တကျ တပ်ဆင်ဖို့အတွက်၊ Social norm (လူထုအကြား လိုက်နာနိုင်တဲ့ပုံစံ) တစ်ခုဖြစ်လာအောင် စည်းရုံးပြီး လှုံဆော်နေတာတို့ပေါ့နော်။ ဈေးတွေဘာတွေမှာ တပ်တဲ့သူများလာရင် မတတ်တဲ့သူ နည်းသွားမယ်ပေါ့နော်။ အဲဒီလိုတော့ စည်းရုံးနေတာပေါ့။

မေး။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီရက်ပိုင်းအတွင်းမှာ စည်းကမ်းလိုက်နာမှု အနေအထားရော။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ တဒေသနဲ့ တဒေသမတူဘူး။ မန္တလေးလို နေရာမျိုးဆို အရမ်းအားရဖို့ ကောင်းတယ် ဆောင်ရွက်ချက်တွက။ ရန်ကုန်လို နေရာမျိုးကြတော့လည်း နဲနဲတော့ အချင်းချင်း ထိန်းသိမ်းရတဲ့ သဘောတော့ရှိတယ်။ တဖက်က လူတွေရဲ့ပါဝင်မှုက အားနည်းနေသေးတယ်။

မေး။ မန္တလေးမှာတော့ စည်းကမ်းကိုတင်းကြပ်တာပေါ့နော်။ အထူးသဖြင့်တော့ ဥပဒေကြောင်းအရ လိုက်ထိန်းတာပေါ့နော်။ ရန်ကုန်မှာတော့ အဲဒါမျိုးလုပ်ဖို့ -

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါတော့ ကျနော်တို့ရဲ့ ဘောင်ကိုကျော်သွားတယ်လို့တော့ ပြောရမှာပေါ့နော်။ ဒါတော့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့၊ ဒေသဆိုင်ရာ ကိုဗစ်ကော်မီတီတွေ၊ သူတို့ကလည်း ဆောင်ရွက်မယ်ဆိုရင်တော့ အမျိုးသားအဆင့် ဗဟိုကော်မီတီရဲ့ လမ်းညွှန်မှုကို ခံယူတာတို့၊ ပြီးတဲ့အခါကြတော့ စည်းကမ်းထိန်းသိမ်းရေးရဲ့ နောက်ဆက်တွဲတခုဖြစ်တဲ့ စားဝတ်နေရေး လူမှုရေး စီးပွားရေး ဒီဟာတွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း စဉ်းစားရမှာပေါ့။ အဲဒီတော့ ကျနော်တို့ကတော့ လူတွေများများ လိုက်နာရင် မြန်မြန် ပျောက်သွားမှာတော့ သေချာတယ်ဗျ။

မေး။ တဘက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်စဖွင့်လာတဲ့ သဘောပေါ့နော်။ ဥပမာ လေယာဉ်လိုင်းတွေ ပြန်ဖွင့်လာတာမျိုး၊ အဲဒီအနေအထားမှာရော ဒီ ကူးစက်မှုအနေအထားတွေအတွက် -

ဒေါက်တာ သန်းနိုင်စိုး။ အဓိကကတော့ စီးပွားရေးလည်ပတ်ချင်တာပေါ့နော်။ ဒါပေမယ့် လုပ်ငန်းတွေ ပြန်ဖွင့်တာရဲ့ နံပတ်တစ် ရည်ရွယ်ချက်ကလည်း ရောဂါမကူးစက်ဖို့ပါဘဲ။ New Normal အကာအကွယ်အောက်မှာပေါ့နော်။ အဲ့ဒိအခါကျတော့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကျနော်တို့က SOP (Standard Operation Procedure- စံသတ်မှတ်ချက်အနေနဲ့ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်) တွေနဲ့ အသေအချာ ကန့်သတ်ထားတယ်။

မေး။ ဒီနေရာမှာ တဘက်ကလည်း ကာကွယ်ရေးပေါ့နော်၊ နောက်တဘက်ကလည်း ကုသရေးအပိုင်းမှာတော့ Home isolation (အိမ်မှာသီးသန့်ခွဲထားတဲ့) သဘောပေါ့။ တချို့လူနာတွေကို ဆေးရုံမှာ ကုပြီးရင် အဆင်ပြေရင် Home isolation လုပ်မယ်ဆိုတာမျိုးလည်း တွေ့ရပါတယ်။ အဲဒီ အနေအထားကရော ဘယ်လိုမျိုး ဖြစ်လာဖို့ရှိလဲ။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ ကျနော်တို့ ခုနကပြောသလို၊ အဝင်ကိုထိန်းတဲ့နေရာ ၂ မျိုးရှိတယ်။ တစ်ခုကတော့ ခုနကပြောတဲ့ ကူးစက်မှုကွင်းဆက်တွေ ပြတ်တောက်ပြီးတော့ ဆေးရုံကို မရောက်လာရင် အကောင်းဆုံးပေါ့နော်။ ဒါ ကွင်းဆက်ဖြတ်နိုင်တဲ့ နည်းလမ်းပေါ့။ နောက်တစ်ခုကတော့ ခုနကပြောသလိုပေါ့နော်၊ တချို့ ရောဂါပိုးရှိပေမယ့်လည်း ဆေးရုံကစောဆင်းပြီးတော့ အိမ်မှာ Home quarantine သဘောမျိုးထားတာရယ်၊ Isolation ထားတာရယ်ပေါ့နော်။ ဒါပေမယ့် အဲဒါက ကျနော်တို့နိုင်ငံရဲ့ လူနေမှုစံနစ်အရ နဲနဲရှုပ်ထွေးတယ်။ ထင်သလောက် လွယ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Western countries (အနောက်နိုင်ငံတွေမှာလည်း) ဒီဟာကြီးက ပြန်လွတ်လိုက်တဲ့အချိန်မှာ ဝုန်းကနဲ Flare up (ပြန့်ကျဲသွားတော့) ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ တကယ့်ကို Community transmission (လူမှုအသိုင်းဝိုင်းအတွင်း ကူးစက်မှု) ကြီး ဖြစ်သွားတာ။ နောက်တစ်ခုက ကျနော်တို့နိုင်ငံရဲ လူနေမှုစနစ်အရက အိမ်ပြန်သွားတဲ့အခါကျရင် မိသားစုတွေက စုဝေးနေတဲ့အခါကျတော့ သီးခြားနေဖို့က မလွယ်ဘူးဆရာ။ အဲဒီလောက်လဲ နေရာကျယ်ကျယ်ဝန်းဝန်း မရှိဘူး။ တယောက်လွှတ်လိုက်ရင် ငါးယောက် ဆေးရုံပြန်လာဖို့များတယ်။ အဲဒီအပြင် ဘာဖြစ်နိုင်လဲဆိုတော့ ကျနော်တို့က အချိန်မှီသွားပြီးတော့ အောက်စီဂျင်ပေါ့၊ အောက်စီဂျင်ကျလာတာနဲ့ ဆေးရုံကိုပေါ့နော်၊ High flow nasal အောက်စီဂျင်ပေါ့၊ ဒါမျိုးတွေပေးပြီးတော့ ကျနော်တို့က Ambulance ပေါ်မှာလည်း ကျနော်တို့က ဒါမျိုးတွေပေးဖို့က မလွယ်ဘူးဆရာ။ Ambulance ပေါ်မှာပါတဲ့ အောက်စီဂျင်အိုးကလည်း 10 liter per minute လောက်ဘဲ ရတာ။ ဆိုတော့ ကျနော်တို့က သေဆုံးမှုနှုန်းတွေ အရမ်းတက်လာမယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ Pilot (အစမ်းသဘောမျိုး) အနေနဲ့ လူနာ ၁၀၀ လောက်ကို ကျနော်တို့ စမ်းပြီးတော့ လုပ်ကြည့်မယ်။ အဲဒီ ၁၀၀ ကလည်း ခုနကပြောတဲ့ Criteria (သတ်မှတ်ချက် အဆင့်) တွေနဲ့ ပြည့်စုံတဲ့လူတွေ ဖြစ်ရမယ်။ အနည်းဆုံး အဆင့် ၄ ဆင့်လောက်ပေါ့နော်။ ဒါမျိုး အဆင့်ဆင့် စဉ်းစားထားတဲ့၊ စဉ်းစားပြီးမှ ခွင့်ပြုပေးတာဘဲ ဖြစ်ရမယ်။ ဒီ ပေါ်လစီတွေ၊ Strategy (မဟာဗြူဟာ) တွေကတော့ Balance (ဘက်မျှအာင်) လုပ်ပြီး သွားရမယ့် အနေအထားပေါ့နော်။

မေး။ ဘယ်အချိန်လောက်စဖြစ်မယ်ထင်လဲ၊ အခု Pilot Project (အစမ်း စမ်းသပ်လုပ်ဆောင်မှု) ကိုလေ။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ ဆရာ ဦးဇော်ဝေစိုးတို့ဘဲ စတာပေါ့နော်။ သူတို့ဘဲ သူတို့ကိုဘဲ စုံစမ်းကြည့်ပါဆရာ။ ကျနော်ထင်တာတော့ သူတို့ ရက်ပိုင်းစမယ်လို့တော့ သူတို့ ပြောသွားတယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံလို အခြေအနေနဲ့က အဲဒီလိုလူမျိုး ရွေးရတာ မလွယ်ဘူးဆရာ။

မေး။ ဒီနေရာမှာ နောက်တခုက ဆေးရုံဝန်ပိတာ လျော့ကျအောင်ပေါ့နော်၊ ပုဂ္ဂလိကဆေးရုံတွေ အနေအထားရော။

ဒေါက်တာ သန်းနိုင်စိုး။ ဒါလည်း သူတို့ လျှောက်လာတဲ့ ဆေးရုံတွေရှိတယ်ပေါ့။ ဆေးရုံ ၄ ခုလောက် ရှိပါတယ်။ အဲဒါတွေလည်း အမြန်ဆုံး ခွင့်ပြုပေးဖို့လည်း ဝန်ကြီးက ညွှန်ကြားတာ ကျနော်တို့ ကြားလိုက်တယ်ပေါ့နော်။

ကိုဝင်းမင်း။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG