သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ထိန္းခ်ဳပ္ေရး သတ္မွတ္ခ်က္ေတြလိုက္နာဖို႔ တိုက္တြန္းေနရဆဲ


ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္မွာ ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္အလုပ္သြားၾကသူမ်ား။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

COVID -19 ကပ္ေရာဂါကူးစက္မႈ အႏၲရာယ္ကို ထိန္းခ်ဳပ္ေနရဆဲအခ်ိန္မွာ ကာကြယ္ေရးစည္းကမ္း မလိုက္နာသူေတြနဲ႔ အိမ္ျပင္ထြက္သူေတြ မ်ားလာတာေၾကာင့္ က်န္းမာေရးတာဝန္ရွိသူေတြ ထပ္မံ သတိေပးေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္ ေရာဂါကာကြယ္ေရး ကန႔္သတ္ခ်က္ေတြကို လိုက္နာၾကဖို႔ လိုအပ္ေနၿပီး အေရးႀကီးဆုံးအခ်က္ျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း အကာအကြယ္ေတြကို မျဖစ္မေန တပ္ဆင္ၾကဖို႔နဲ႔ မလိုအပ္ဘဲ အျပင္မထြက္ဖို႔၊ လူစုလူေဝးေရွာင္ၾကဥ္ဖို႔ကိုလည္း ထပ္ၿပီးသတိေပးေနတာပါ။ ေန႔စဥ္ေရာဂါကူးစက္ခံရသူ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ မျပတ္ရွိေနတဲ့ ျပည္တြင္းကပ္ေရာဂါျဖစ္ပြားမႈ အေျခအေနဟာ ကာလရွည္လာတာနဲ႔အမွ် က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာရွင္လုပ္အားေပးေတြမွာလည္း အလုပ္ဝန္ပိတာေတြ ရွိလာပါတယ္။

ေရာဂါပိုးကူးစက္ခံရသူ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းမွာေတာ့ ေန႔စဥ္အတည္ျပဳလူနာဦးေရဟာ ၅၀၀ ဝန္းက်င္မွာ ရွိေနတာပါ။ အေျခခံလူတန္းစား အမ်ားဆုံးေနထိုင္ရာ လူထူထပ္တဲ့ လႈိင္သာယာၿမိဳ႕နယ္မွာရွိတဲ့ ဖ်ားနာကုအခမဲ့ေဆးခန္းမွာ အခုေနာက္ပိုင္းလာျပတဲ့လူနာေတြဟာ အနံ႔ေပ်ာက္လကၡဏာ ရက္ရွည္မွ ေရာက္လာသူေတြမ်ားၿပီး အနံ႔ေပ်ာက္လကၡဏာစတာနဲ႔ ေဆးခန္းျပဖို႔ ဖ်ားနာကု အခမဲ့ေဆးခန္းတာဝန္ခံ ေဒါက္တာႏိုင္မင္းထြဋ္က သတိေပးပါတယ္။

"လကၡဏာ စျပတဲ့ ရက္ကေန ၁၀ ရက္အတြင္းကို သူမ်ားကို ကူးေစတာေပါ့ေနာ္။ ဥပမာ ဒီေန႔အနံ႔စေပ်ာက္တယ္ဆို ဒီေန႔ကေန စၿပီး ေနာက္ထပ္ ၁၀ ရက္ေပါ့ေနာ္။ အဲဒီ ၁၀ ရက္အတြင္းက ပိုးကသူမ်ားကို ကူးေစတယ္။ ဆိုေတာ့ အဲဒီအေတာအတြင္းမွာ သူတို႔အိမ္မွာေနတယ္ဆိုရင္ေတာ့ အိမ္က မိသားစုေတြကို ကူးမွာေပါ့ေနာ္။ အိမ္ကမိသားစုကို မကူးေအာင္ တသီးတသန႔္ခြဲေနလို႔ရတယ္ဆိုေပမယ့္ မ်ားေသာအားျဖင့္ ေရခ်ိဳးခန္း၊ အိမ္သာကေတာ့ အတူတူသုံးတဲ့အတြက္ေၾကာင့္ မိသားစုေတြက အနည္းနဲ႔အမ်ားေတာ့ ကူးစက္ခံရမႈမ်ားတယ္။"

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕မွာေတာ့ ေရာဂါအတည္ျပဳလူနာဦးေရ ၂၀ ရွိေနၿပီး အခုခ်ိန္မွာ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းရသူေတြရွိေနေပမယ့္ ထပ္ၿပီးကူးစက္ခံရသူ မရွိေစဖို႔ ကာကြယ္ထိန္းခ်ဳပ္သြားမယ္လို႔ ပလက္ဝေဆး႐ုံအုပ္ ေဒါက္တာစိုးထက္ဝင္းက ေျပာပါတယ္။

"က်န္းမာေရးအေျခအေနက အခုကေတာ့ ေကာင္းပါတယ္ခင္ဗ်။ COVID လူနာေတြလည္း ေတာ္ေတာ္မ်ားမ်ားေဆး႐ုံ ျပန္ဆင္းသြားၾကၿပီ။ ဆက္ၿပီးေတာ့ကူးစက္ ပ်ံ႕ႏွံ႔မႈမရွိဖို႔ကိုေတာ့ က်ေနာ္တို႔ကာကြယ္ေရးေတြလုပ္တယ္။ ၿပီးေတာ့ အျပင္ကလာရင္ Facility Quarantine ေတြထားတယ္ေပါ့ေနာ္။ အဲဒါမ်ိဳး ကာကြယ္ေရးေတြလုပ္ေနပါတယ္။"

ျပည္တြင္းကပ္ေရာဂါကာလ ၾကာျမင့္လာတာနဲ႔အမွ် က်န္းမာေရးဝန္ထမ္းေတြ၊ အလႉရွင္ေတြနဲ႔ လုပ္အားေပး ေစတနာရွင္ေတြမွာလည္း အခက္အခဲေတြရွိလာေနပါတယ္။ ဒီလိုအခ်ိန္မွာ ကပ္ေရာဂါကာကြယ္ေရးအတြက္ အားလုံးပူးေပါင္းေဆာင္႐ြက္ဖို႔ကိုလည္း ေဒါက္တာႏိုင္မင္းထြဋ္က တိုက္တြန္းထားပါတယ္။

"အဓိကေတာ့ လူအားရွိမယ္၊ ေငြအားရွိမယ္၊ Volunteer အင္အားရွိမယ္၊ စက္ပစၥည္းေတြရွိမယ္။ က်န္တဲ့ဟာေတြျဖည့္လို႔ရတယ္ဆိုေပမယ့္ စက္ပစၥည္းေတြ ေငြအားေတြေတာင္မွ တကယ္တမ္းေတာ့ အလႉရွင္ေတြက ပင္ပန္းေနၾကၿပီ။ ဘာလို႔လဲဆိုေတာ့ ေခါင္းစဥ္သာေျပာင္းသြားတယ္၊ ဘာအတြက္ ဘာအတြက္ဆိုၿပီး လႉတဲ့အလႉရွင္ေတြကေတာ့ မေျပာင္းတဲ့အတြက္ေၾကာင့္မို႔ အလႉရွင္ေတြလည္းပင္ပန္းလာၿပီ။ ေနာက္တခုက Volunteer အင္အားေပါ့၊ က်ေနာ္တို႔ဆို ၈ လေက်ာ္ၿပီေပါ့ေနာ္။ ၾကာလာတဲ့အခါက်ေတာ့ တခ်ိဳ႕ဆိုရင္ အလုပ္ခြင္ျပန္ဝင္ရမွာေတြရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ကိုယ္ကလုပ္သာလုပ္ေနရတယ္၊ လူေတြကမလိုက္နာဘူး အဆင္မေျပတာေတြ ေတြ႕ရတဲ့အခါမွာ Volunteer ေတြက စိတ္ဓာတ္က်က်တယ္ေပါ့ေနာ္။ ဆိုေတာ့ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် က်ေနာ္တို႔ေတြက နည္းနည္းလာတယ္ေပါ့ေနာ္ အဲဒါကိုေတြ႕ရတယ္။ ဒီမွာေနာက္ထပ္ထူးျခားတာ ဘာသြားေတြ႕ရလဲဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံမွာ Volunteer အင္အားက ျပည္သူေတြရဲ႕အင္အားနဲ႔ပဲလႈပ္ရွားေနတာေတြ႕ရတယ္။ တကယ္တမ္းေတာ့ ဒီဟာေတြကိုလုပ္ဖို႔အတြက္ Professional တခု အမွန္တကယ္လိုအပ္ေနၿပီလို႔ ကိုဗစ္ကေထာက္ျပလိုက္တယ္လို႔ ယူဆပါတယ္။"

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းထုတ္ျပန္ၿပီး စာရင္းအရ ျပည္တြင္းမွာ ကပ္ေရာဂါေၾကာင့္ေသဆုံးသူ ၂,၃၀၀ ေက်ာ္နဲ႔ ေရာဂါအတည္ျပဳလူနာေပါင္းကေတာ့ ၁၁၁,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်ထိန်းချုပ်ရေး သတ်မှတ်ချက်တွေလိုက်နာဖို့ တိုက်တွန်းနေရဆဲ

COVID -19 ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်နေရဆဲအချိန်မှာ ကာကွယ်ရေးစည်းကမ်း မလိုက်နာသူတွေနဲ့ အိမ်ပြင်ထွက်သူတွေ များလာတာကြောင့် ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် ရောဂါကာကွယ်ရေး ကန့်သတ်ချက်တွေကို လိုက်နာကြဖို့ လိုအပ်နေပြီး အရေးကြီးဆုံးအချက်ဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း အကာအကွယ်တွေကို မဖြစ်မနေ တပ်ဆင်ကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ကြဉ်ဖို့ကိုလည်း ထပ်ပြီးသတိပေးနေတာပါ။ နေ့စဉ်ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ မပြတ်ရှိနေတဲ့ ပြည်တွင်းကပ်ရောဂါဖြစ်ပွားမှု အခြေအနေဟာ ကာလရှည်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေမှာလည်း အလုပ်ဝန်ပိတာတွေ ရှိလာပါတယ်။

ရောဂါပိုးကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာတော့ နေ့စဉ်အတည်ပြုလူနာဦးရေဟာ ၅၀၀ ဝန်းကျင်မှာ ရှိနေတာပါ။ အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ လူထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဖျားနာကုအခမဲ့ဆေးခန်းမှာ အခုနောက်ပိုင်းလာပြတဲ့လူနာတွေဟာ အနံ့ပျောက်လက္ခဏာ ရက်ရှည်မှ ရောက်လာသူတွေများပြီး အနံ့ပျောက်လက္ခဏာစတာနဲ့ ဆေးခန်းပြဖို့ ဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာနိုင်မင်းထွဋ်က သတိပေးပါတယ်။

"လက္ခဏာ စပြတဲ့ ရက်ကနေ ၁၀ ရက်အတွင်းကို သူများကို ကူးစေတာပေါ့နော်။ ဥပမာ ဒီနေ့အနံ့စပျောက်တယ်ဆို ဒီနေ့ကနေ စပြီး နောက်ထပ် ၁၀ ရက်ပေါ့နော်။ အဲဒီ ၁၀ ရက်အတွင်းက ပိုးကသူများကို ကူးစေတယ်။ ဆိုတော့ အဲဒီအတောအတွင်းမှာ သူတို့အိမ်မှာနေတယ်ဆိုရင်တော့ အိမ်က မိသားစုတွေကို ကူးမှာပေါ့နော်။ အိမ်ကမိသားစုကို မကူးအောင် တသီးတသန့်ခွဲနေလို့ရတယ်ဆိုပေမယ့် များသောအားဖြင့် ရေချိုးခန်း၊ အိမ်သာကတော့ အတူတူသုံးတဲ့အတွက်ကြောင့် မိသားစုတွေက အနည်းနဲ့အများတော့ ကူးစက်ခံရမှုများတယ်။"

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာတော့ ရောဂါအတည်ပြုလူနာဦးရေ ၂၀ ရှိနေပြီး အခုချိန်မှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းရသူတွေရှိနေပေမယ့် ထပ်ပြီးကူးစက်ခံရသူ မရှိစေဖို့ ကာကွယ်ထိန်းချုပ်သွားမယ်လို့ ပလက်ဝဆေးရုံအုပ် ဒေါက်တာစိုးထက်ဝင်းက ပြောပါတယ်။

"ကျန်းမာရေးအခြေအနေက အခုကတော့ ကောင်းပါတယ်ခင်ဗျ။ COVID လူနာတွေလည်း တော်တော်များများဆေးရုံ ပြန်ဆင်းသွားကြပြီ။ ဆက်ပြီးတော့ကူးစက် ပျံ့နှံ့မှုမရှိဖို့ကိုတော့ ကျနော်တို့ကာကွယ်ရေးတွေလုပ်တယ်။ ပြီးတော့ အပြင်ကလာရင် Facility Quarantine တွေထားတယ်ပေါ့နော်။ အဲဒါမျိုး ကာကွယ်ရေးတွေလုပ်နေပါတယ်။"

ပြည်တွင်းကပ်ရောဂါကာလ ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေ၊ အလှူရှင်တွေနဲ့ လုပ်အားပေး စေတနာရှင်တွေမှာလည်း အခက်အခဲတွေရှိလာနေပါတယ်။ ဒီလိုအချိန်မှာ ကပ်ရောဂါကာကွယ်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဒေါက်တာနိုင်မင်းထွဋ်က တိုက်တွန်းထားပါတယ်။

"အဓိကတော့ လူအားရှိမယ်၊ ငွေအားရှိမယ်၊ Volunteer အင်အားရှိမယ်၊ စက်ပစ္စည်းတွေရှိမယ်။ ကျန်တဲ့ဟာတွေဖြည့်လို့ရတယ်ဆိုပေမယ့် စက်ပစ္စည်းတွေ ငွေအားတွေတောင်မှ တကယ်တမ်းတော့ အလှူရှင်တွေက ပင်ပန်းနေကြပြီ။ ဘာလို့လဲဆိုတော့ ခေါင်းစဉ်သာပြောင်းသွားတယ်၊ ဘာအတွက် ဘာအတွက်ဆိုပြီး လှူတဲ့အလှူရှင်တွေကတော့ မပြောင်းတဲ့အတွက်ကြောင့်မို့ အလှူရှင်တွေလည်းပင်ပန်းလာပြီ။ နောက်တခုက Volunteer အင်အားပေါ့၊ ကျနော်တို့ဆို ၈ လကျော်ပြီပေါ့နော်။ ကြာလာတဲ့အခါကျတော့ တချို့ဆိုရင် အလုပ်ခွင်ပြန်ဝင်ရမှာတွေရှိတယ်။ တချို့ကျတော့လည်း ကိုယ်ကလုပ်သာလုပ်နေရတယ်၊ လူတွေကမလိုက်နာဘူး အဆင်မပြေတာတွေ တွေ့ရတဲ့အခါမှာ Volunteer တွေက စိတ်ဓာတ်ကျကျတယ်ပေါ့နော်။ ဆိုတော့ အချိန်ကာလကြာလာတာနဲ့အမျှ ကျနော်တို့တွေက နည်းနည်းလာတယ်ပေါ့နော် အဲဒါကိုတွေ့ရတယ်။ ဒီမှာနောက်ထပ်ထူးခြားတာ ဘာသွားတွေ့ရလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ Volunteer အင်အားက ပြည်သူတွေရဲ့အင်အားနဲ့ပဲလှုပ်ရှားနေတာတွေ့ရတယ်။ တကယ်တမ်းတော့ ဒီဟာတွေကိုလုပ်ဖို့အတွက် Professional တခု အမှန်တကယ်လိုအပ်နေပြီလို့ ကိုဗစ်ကထောက်ပြလိုက်တယ်လို့ ယူဆပါတယ်။"

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီး စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့်သေဆုံးသူ ၂,၃၀၀ ကျော်နဲ့ ရောဂါအတည်ပြုလူနာပေါင်းကတော့ ၁၁၁,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG