သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ား စတင္ေျပးဆဲြ


ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ယာယီရပ္နားထားတဲ့ ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြ ဒီကေန႔ ျပန္လည္ေျပးဆဲြၿပီမုိ႔ ခရီးသည္ေတြ လုိက္ပါခြင့္ရဖုိ႔ ႀကိဳးစားေနေပမဲ့ အခက္အခဲတခ်ဳိ႕လည္း ရွိေနတဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ ယာယီပိတ္ထားတဲ့ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြ ျပန္လည္ေျပးဆြဲရာမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ က်န္းမာေရး လမ္းညႊန္ခ်က္နဲ႔အညီ ခြင့္ျပဳေပးေနပါတယ္။

ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)
ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)

ေလေၾကာင္းခရီးသြားမယ့္ သူေတြအေနနဲ႔ ခရီးစဥ္မတိုင္ခင္ ေရာဂါပိုးရွိ၊ မရွိသိႏိုင္ဖို႔ က်န္းမာေရးဌာနက သတ္မွတ္ထားတဲ့ေနရာေတြမွာ ေလယာဥ္လက္မွတ္အေထာက္အထားျပၿပီး စစ္ေဆးမႈခံယူဖို႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။

၃ လေလာက္ၾကာ ပိတ္ထားခဲ့ရတာေၾကာင့္ ခရီးသြားမယ့္သူေတြ အမ်ားအျပားရွိေနတာေၾကာင့္ ေလယာဥ္ခရီးစဥ္ အစေန႔မွာ အခက္အခဲ တခ်ဳိ႕လည္း ႀကံဳခဲ့ရပါတယ္။ ရန္ကုန္ကေန ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို ျပန္ဖို႔ျပင္ဆင္ေနတဲ့ ကိုဘိုဘိုမင္းကေတာ့ က်န္းမာေရးစစ္ေဆးမႈ ခံယူတဲ့ အစီအစဥ္ေတြမွာ ပုိၿပီးစနစ္က်ဖုိ႔လုိတယ္လုိ႔ ေျပာပါတယ္။

"က်ေနာ့္အျမင္ဆိုရင္ေတာ့ ဥပမာ လာစစ္တဲ့သူေတြကို အမိုးေလးေတြနဲ႔ ထားၿပီးေတာ့ေပါ့ေနာ္... လူေတြအကုန္လုံးကို စုၿပဳံၿပီးေတာ့ Token ေပးတဲ့ ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ သူ႔ရဲ႕စီနီယာအလိုက္ တေယာက္ခ်င္းသြားတာ ပိုေကာင္းမယ္ထင္တယ္။ အခုက်တာ့ သူက Token ေပးမယ္ဆို လူေတြက စုၿပီးေတာ့ သြားလိုက္တယ္။ ၃ ေပလည္းမကြာေတာ့ဘူး။ အကုန္စုေနေတာ့ အဲမွာလည္းေရာဂါက ျပန္ျဖစ္သြားႏိုင္တယ္။ အဲဒီလိုမ်ိဳးတခ်က္ေပါ့။ စည္းကမ္းရွိရွိေလးနဲ႔ သူ႔ဟာသူ ၃ ေပအကြာ၊ အကိုတို႔မဲေပးခဲ့သလိုပဲေလ။ ဥပမာ ၆ ေပအကြာရွိမယ္၊ အဲဒီလိုမ်ိဳးေလးေတြ အစီအစဥ္တက်လုပ္ေပးရင္ေတာ့ ေကာင္းမယ္။ အခုက လူေတြက အကုန္လုံးၿပဳံေနတဲ့အခါက်ေတာ့ အဆင္ေတာ့သိပ္မေျပခ်င္ဘူးခင္ဗ်။"

ကပ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတာေၾကာင့္ အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းအတြင္းက ခရီးသည္ေတြ အေနနဲ႔ ေလေၾကာင္းခရီးစဥ္ေတြမွာ လုိက္ပါမယ္ဆုိရင္၊ ခရီးမထြက္ခင္ ၃၆ နာရီအတြင္းမွာ ဆူးေလဘုရားလမ္းမွာရွိတဲ့ Tourist Burma အေဆာက္အဦနဲ႔ ေအာင္မဂၤလာ အေဝးေျပးဝင္းထဲက ေဒသႏၲရက်န္းမာေရးဌာနတို႔မွာ စစ္ေဆးႏိုင္ပါတယ္။

စစ္ေတြၿမိဳ႕ကို တာဝန္ထမ္းေဆာင္ဖို႔သြားေရာက္မယ့္ တကၠသိုလ္တြဲဖက္ပါေမာကၡ ေဒါက္တာသက္ေဝဝင္းကေတာ့ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးေပးတဲ့ ေနရာမွာ က်န္းမာေရးစံသတ္မွတ္ခ်က္ေတြအတိုင္း ေဆာင္႐ြက္ထားေပမဲ့ အားနည္းခ်က္ေတြ ရွိေနတာ ေတြ႔ရတယ္လုိ႔ ေျပာပါတယ္။

"မေန႔ကမွစၿပီး ဒီမွာစစ္တာဆိုေတာ့ေလ လူေတြကအျပင္မွာ နည္းနည္းေလးမ်ားေနေပမယ့္ အထဲမွာေတာ့ သူတို႔စနစ္တက် စီစဥ္ထားပါတယ္။ အျပင္မွာ ခရီးသည္ေတြအေနနဲ႔ စနစ္တက်ေလးတန္းစီၿပီး ဝင္ဖို႔ေပါ့ေနာ္။ အဲ့ဒါေတာ့ နည္းနည္းေလးစနစ္တက်ျဖစ္ဖို႔ လိုေနေသးတယ္။ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ေတာ့ အဆင္ေျပသြားမွာေပါ့ေလ အခုမွ ၁ ရက္၊ ၂ ရက္ပဲရွိေနေသးတာဆိုေတာ့။ အထဲမွာကေတာ့ အဆင္ေျပတယ္၊ ထိုင္ဖို႔ေနရာကအစ ထိုင္ခုံေတြလိုက္ၿပီးေတာ့ခ်ထားေပးတယ္။ ၿပီးရင္ တေယာက္ၿပီးတေယာက္ Test စစ္ခိုင္းတယ္ေပါ့ေနာ္။ Test ယူၿပီးရင္ ဟိုဘက္က သီးသန္႔အခန္းမွာ ၃ ေပျခားစီေပါ့ေနာ္။ က်န္းမာေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္နဲ႔အညီ သူတို႔ထားတယ္။ နာရီဝက္ေလာက္ထိုင္ၿပီးေစာင့္ရတယ္ေပါ့၊ အေျဖ တခါတည္းေပးလိုက္ပါတယ္။ အဆင္ေျပပါတယ္ အားလုံး။"

ေလေၾကာင္းခရီးသြားမယ့္ သူေတြ အေနနဲ႔ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ က်န္းမာေရးစစ္ေဆးခ်က္အပါအဝင္၊ ခရီးစဥ္တေလွ်ာက္ လိုက္နာရမယ့္ စည္းမ်ဥ္းေတြကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ခရီးသည္ေတြအေနနဲ႔ သက္ဆိုင္ရာေဒသေတြကို ေရာက္ရွိတဲ့အခါမွာ ေဒသခံအာဏာပိုင္ေတြက ထုတ္ျပန္ထားတဲ့ ကန္႔သတ္ခ်က္ေတြနဲ႔ စစ္ေဆးမႈေတြကုိလည္း လက္ခံၾကရာမွာပါ။ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာရာက ေသဆုံးသူ ၂,၃၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၁၀,၀၀၀ ေက်ာ္ ရွိေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံက ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြကုိ ျပန္ခြင့္ျပဳလုိက္ေပမဲ့ ျပည္ပခရီးစဥ္ေတြကုိေတာ့ ဒီႏွစ္ကုန္အထိ ပိတ္ထားဆဲ ျဖစ္ပါတယ္။

ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ား စတင္ေျပးဆဲြ
please wait

No media source currently available

0:00 0:03:22 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်းလေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ယာယီရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဒီကနေ့ ပြန်လည်ပြေးဆွဲပြီမို့ ခရီးသည်တွေ လိုက်ပါခွင့်ရဖို့ ကြိုးစားနေပေမဲ့ အခက်အခဲတချို့လည်း ရှိနေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)
ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)

ကပ်ရောဂါကာလ ယာယီပိတ်ထားတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲရာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ခွင့်ပြုပေးနေပါတယ်။

လေကြောင်းခရီးသွားမယ့် သူတွေအနေနဲ့ ခရီးစဉ်မတိုင်ခင် ရောဂါပိုးရှိ၊ မရှိသိနိုင်ဖို့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ လေယာဉ်လက်မှတ်အထောက်အထားပြပြီး စစ်ဆေးမှုခံယူဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

၃ လလောက်ကြာ ပိတ်ထားခဲ့ရတာကြောင့် ခရီးသွားမယ့်သူတွေ အများအပြားရှိနေတာကြောင့် လေယာဉ်ခရီးစဉ် အစနေ့မှာ အခက်အခဲ တချို့လည်း ကြုံခဲ့ရပါတယ်။ ရန်ကုန်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်ဖို့ပြင်ဆင်နေတဲ့ ကိုဘိုဘိုမင်းကတော့ ကျန်းမာရေးစစ်ဆေးမှု ခံယူတဲ့ အစီအစဉ်တွေမှာ ပိုပြီးစနစ်ကျဖို့လိုတယ်လို့ ပြောပါတယ်။

"ကျနော့်အမြင်ဆိုရင်တော့ ဥပမာ လာစစ်တဲ့သူတွေကို အမိုးလေးတွေနဲ့ ထားပြီးတော့ပေါ့နော်... လူတွေအကုန်လုံးကို စုပြုံပြီးတော့ Token ပေးတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ သူ့ရဲ့စီနီယာအလိုက် တယောက်ချင်းသွားတာ ပိုကောင်းမယ်ထင်တယ်။ အခုကျတာ့ သူက Token ပေးမယ်ဆို လူတွေက စုပြီးတော့ သွားလိုက်တယ်။ ၃ ပေလည်းမကွာတော့ဘူး။ အကုန်စုနေတော့ အဲမှာလည်းရောဂါက ပြန်ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးတချက်ပေါ့။ စည်းကမ်းရှိရှိလေးနဲ့ သူ့ဟာသူ ၃ ပေအကွာ၊ အကိုတို့မဲပေးခဲ့သလိုပဲလေ။ ဥပမာ ၆ ပေအကွာရှိမယ်၊ အဲဒီလိုမျိုးလေးတွေ အစီအစဉ်တကျလုပ်ပေးရင်တော့ ကောင်းမယ်။ အခုက လူတွေက အကုန်လုံးပြုံနေတဲ့အခါကျတော့ အဆင်တော့သိပ်မပြေချင်ဘူးခင်ဗျ။"

ကပ်ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတာကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက ခရီးသည်တွေ အနေနဲ့ လေကြောင်းခရီးစဉ်တွေမှာ လိုက်ပါမယ်ဆိုရင်၊ ခရီးမထွက်ခင် ၃၆ နာရီအတွင်းမှာ ဆူးလေဘုရားလမ်းမှာရှိတဲ့ Tourist Burma အဆောက်အဦနဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲက ဒေသန္တရကျန်းမာရေးဌာနတို့မှာ စစ်ဆေးနိုင်ပါတယ်။

စစ်တွေမြို့ကို တာဝန်ထမ်းဆောင်ဖို့သွားရောက်မယ့် တက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာသက်ဝေဝင်းကတော့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးတဲ့ နေရာမှာ ကျန်းမာရေးစံသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ထားပေမဲ့ အားနည်းချက်တွေ ရှိနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)
ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြမွာ လိုက္ပါမယ့္ ခရီးသည္တခ်ိဳ႕ရဲ႕ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊၂၀၂၀)

"မနေ့ကမှစပြီး ဒီမှာစစ်တာဆိုတော့လေ လူတွေကအပြင်မှာ နည်းနည်းလေးများနေပေမယ့် အထဲမှာတော့ သူတို့စနစ်တကျ စီစဉ်ထားပါတယ်။ အပြင်မှာ ခရီးသည်တွေအနေနဲ့ စနစ်တကျလေးတန်းစီပြီး ဝင်ဖို့ပေါ့နော်။ အဲ့ဒါတော့ နည်းနည်းလေးစနစ်တကျဖြစ်ဖို့ လိုနေသေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားမှာပေါ့လေ အခုမှ ၁ ရက်၊ ၂ ရက်ပဲရှိနေသေးတာဆိုတော့။ အထဲမှာကတော့ အဆင်ပြေတယ်၊ ထိုင်ဖို့နေရာကအစ ထိုင်ခုံတွေလိုက်ပြီးတော့ချထားပေးတယ်။ ပြီးရင် တယောက်ပြီးတယောက် Test စစ်ခိုင်းတယ်ပေါ့နော်။ Test ယူပြီးရင် ဟိုဘက်က သီးသန့်အခန်းမှာ ၃ ပေခြားစီပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ သူတို့ထားတယ်။ နာရီဝက်လောက်ထိုင်ပြီးစောင့်ရတယ်ပေါ့၊ အဖြေ တခါတည်းပေးလိုက်ပါတယ်။ အဆင်ပြေပါတယ် အားလုံး။"

လေကြောင်းခရီးသွားမယ့် သူတွေ အနေနဲ့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးချက်အပါအဝင်၊ ခရီးစဉ်တလျှောက် လိုက်နာရမယ့် စည်းမျဉ်းတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာဒေသတွေကို ရောက်ရှိတဲ့အခါမှာ ဒေသခံအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ စစ်ဆေးမှုတွေကိုလည်း လက်ခံကြရာမှာပါ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာရာက သေဆုံးသူ ၂,၃၀၀ ကျော်နဲ့ ကူးစက်သူ ၁၁၀,၀၀၀ ကျော် ရှိနေချိန်မှာပဲ မြန်မာနိုင်ငံက ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ပြန်ခွင့်ပြုလိုက်ပေမဲ့ ပြည်ပခရီးစဉ်တွေကိုတော့ ဒီနှစ်ကုန်အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG