သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ကုန္သြယ္ေရးဂိတ္ ယာယီျပန္ဖြင့္


မူဆယ္ကုန္သြယ္ေရးဂိတ္။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဒီႏွစ္ဆန္းကတည္းက ပိတ္ထားရထားတဲ့ တ႐ုတ္ႏုိင္ငံနဲ႔နယ္စပ္ မူဆယ္ကုန္သြယ္ေရးဇုန္က ဂိတ္တခုကုိ ဒီကေန႔ပဲ ပထမဆုံးအႀကိမ္ ျပန္ဖြင့္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ စေတြ႔တဲ့ ဧၿပီလကစလို႔ ပိတ္ထားတဲ့ မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္ အဓိက ဝင္ေပါက္တခုျဖစ္တဲ့ မန္ဝိန္းဂိတ္ကို ဒီေန႔ ဒီဇင္ဘာ ၁၄ ရက္က စၿပီး ၂၄ နာရီ ျပန္ဖြင့္လိုက္တာပါ။ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ ကုန္စည္စီးဆင္းမႈေတြမွာ အဟန္႔အတားျဖစ္ေနရတဲ့ အေျခအေနေတြကုိ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ ဒီေန႔ကစ ၁၀ ရက္ၾကာ စမ္းသပ္ကာလအျဖစ္ ဖြင့္လွစ္လုိက္တာျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕ အေျခစုိက္ ဆန္ကုန္စည္ဒိုင္ဒုဥကၠ႒ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“၇ ရက္ေန႔က အစည္းအေဝးမွာ တင္ျပတယ္။ က်ေနာ္တို႔ ဒီ မန္ဝိန္းေပါက္ကို ၂၄ နာရီဖြင့္ေပးဖို႔ ဆိုၿပီး တင္ျပေတာ့ ဒီကေန႔ ၁၄ ရက္ကစၿပီးေတာ့ ၂၄ နာရီ ၁၀ ရက္ စမ္းသပ္ကာလအျဖစ္ ဖြင့္ေပးမယ္။ နံပတ္၂ က ဆင္ျဖဴေပါက္ကိုလည္း ၆ ဘီးကား၊ ခါလီကားေတြကို ဝင္ထြက္ခြင့္ျပဳဖို႔ စီစဥ္ေနတယ္။ ဒါေပမဲ့ ဒီေန႔အထိ မဖြင့္ေသးဘူး။ နံပတ္ ၃ ပန္ဆိုင္းဂိတ္ကိုလည္း အခ်ိန္တိုးျမႇင့္ ဖြင့္လွစ္ေပးဖို႔ ေတာင္းဆိုထားတယ္။ အဲဒါေတာ့ စီစဥ္ေပးမယ္တဲ့။ ေနာက္ က်င္စန္းေက်ာ့ ဂိတ္ကိုလည္း ည ၁၀ နာရီေလာက္ထိ တိုးျမႇင့္ၿပီး ဖြင့္ေပးဖို႔ ေတာင္းဆိုထားတယ္။”

မန္ဝိန္းဂိတ္ကို ၂၄ နာရီ ဖြင့္ေပးလိုက္ၿပီဆိုေပမဲ့လည္း လူေတြျဖတ္သန္းခြင့္မရေသးဘဲ ကုန္ကားေတြပဲ ယာဥ္ေမာင္းအစားထိုး စနစ္နဲ႔ တ႐ုတ္ဘက္က ဝင္ခြင့္ေပးမွာ ျဖစ္ပါတယ္။ လူဝင္မႈႀကီးၾကပ္ေရး၊ အေကာက္ခြန္၊ လုံၿခဳံေရး စတဲ့ ႏွစ္ဘက္တာဝန္ရွိသူေတြက စမ္းသပ္ဖြင့္လွစ္တဲ့ကာလမွာ အဆင္ေျပမႈရွိမရွိ ေစာင့္ၾကည့္သြားမယ္လို႔ ဆိုပါတယ္။

ျမန္မာ မူဆယ္ကုန္သြယ္ေရးဌာန တာဝန္ရွိသူေတြနဲ႔ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕ေတာ္ဝန္၊ တယ္ဟုန္ျပည္နယ္ခြဲ ကုန္သြယ္မႈဦးစီးဌာန တာဝန္ရွိသူေတြ ဒီဇင္ဘာ ၇ ရက္အစည္းအေဝးမွာ ျမန္မာဘက္က ကုန္ကားေတြ ေထာင္ခ်ီပိတ္ေနတဲ့ အေျခအေနကိုတင္ျပၿပီး ျပန္ဖြင့္ေပးေစခ်င္တဲ့ သေဘာထားကို ေဆြးေႏြးခဲ့တာပါ။ ဒီအစည္းအေဝးမွာ ျမန္မာဘက္က ေတာင္းဆိုထားတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရး ဒုတိယၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက အခုလိုေျပာပါတယ္။

“တ႐ုတ္ဘက္ကလည္း သူတို႔အေပၚက အထက္အဖြဲ႕အစည္းေတြ သူတို႔တင္ျပထားတယ္။ အဆင္ေျပေတာ့မယ္လို႔လည္း ေဆြးေႏြးတယ္ဗ်။ က်န္တဲ့ေပါက္ေတြက သူတို႔ေျဖေလွ်ာ့လို႔ရွိရင္ေတာ့ ျပန္ဖြင့္မွာေပါ့၊ အခုေလာေလာဆယ္ေတာ့ က်န္တဲ့ဂိတ္ေပါက္ေတြနဲ႔ ပတ္သက္လို႔၊ က်ေနာ္တို႔က မန္ဝိန္းေပါက္ရယ္။ ဆင္ျဖဴေပါက္ ျပန္ဖြင့္ဖို႔ အဲဒါေတာင္းဆိုထားတာ။”

မူဆယ္ၿမိဳ႕နဲ႔ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ ၾကားက ႏြားကြင္းထဲမွာ ကြၽဲ၊ ႏြား၊ ဆိတ္အေကာင္ေရ ၁၀,၀၀၀ ေလာက္ရွိေနၿပီး အခုလာမယ့္ ၂၀၂၁ ဇန္နဝါရီလ ၁ရက္ကစလို႔ တ႐ုတ္ကို တရားဝင္ပို႔မယ့္အေၾကာင္း ခ႐ိုင္ျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ အခုလို စမ္းသပ္ကာလအေနနဲ႔ ၂၄ နာရီျပန္ဖြင့္ေပးတာဟာ ကုန္ကားပမာဏ မ်ားေနတဲ့အတြက္ အထူးအစီအစဥ္အေနနဲ႔ လုပ္ေပးတာလို႔ မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ နယ္စပ္ကုန္သြယ္ေရး ၁၈ ခုမွာ မူဆယ္ကုန္သြယ္ေရးဟာ အေရးအပါဆုံး ျဖစ္ပါတယ္။ ျမန္မာ ကုန္သြယ္ေရးဝန္ႀကီးဌာန စာရင္းေတြအရ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွာ မူဆယ္ကေန တ႐ုတ္ကို ပို႔ကုန္ အေမရိကန္ေဒၚလာ သန္း ၃,၀၀၀ ေက်ာ္ တင္ပို႔ထားၿပီး ကုန္သြယ္မႈပမာဏကေတာ့ အေမရိကန္ေဒၚလာ သန္း ၄,၈၀၀ ေက်ာ္ရွိပါတယ္။

မူဆယ်ကုန်သွယ်ရေးဂိတ် ယာယီပြန်ဖွင့်
please wait

No media source currently available

0:00 0:03:06 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်ကုန်သွယ်ရေးဂိတ် ယာယီပြန်ဖွင့်

ကိုဗစ်ကပ်ရောဂါကြောင့် ဒီနှစ်ဆန်းကတည်းက ပိတ်ထားရထားတဲ့ တရုတ်နိုင်ငံနဲ့နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်က ဂိတ်တခုကို ဒီကနေ့ပဲ ပထမဆုံးအကြိမ် ပြန်ဖွင့်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စတွေ့တဲ့ ဧပြီလကစလို့ ပိတ်ထားတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အဓိက ဝင်ပေါက်တခုဖြစ်တဲ့ မန်ဝိန်းဂိတ်ကို ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်က စပြီး ၂၄ နာရီ ပြန်ဖွင့်လိုက်တာပါ။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် ကုန်စည်စီးဆင်းမှုတွေမှာ အဟန့်အတားဖြစ်နေရတဲ့ အခြေအနေတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပြီးနောက် ဒီနေ့ကစ ၁၀ ရက်ကြာ စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း မူဆယ်မြို့ အခြေစိုက် ဆန်ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“၇ ရက်နေ့က အစည်းအဝေးမှာ တင်ပြတယ်။ ကျနော်တို့ ဒီ မန်ဝိန်းပေါက်ကို ၂၄ နာရီဖွင့်ပေးဖို့ ဆိုပြီး တင်ပြတော့ ဒီကနေ့ ၁၄ ရက်ကစပြီးတော့ ၂၄ နာရီ ၁၀ ရက် စမ်းသပ်ကာလအဖြစ် ဖွင့်ပေးမယ်။ နံပတ်၂ က ဆင်ဖြူပေါက်ကိုလည်း ၆ ဘီးကား၊ ခါလီကားတွေကို ဝင်ထွက်ခွင့်ပြုဖို့ စီစဉ်နေတယ်။ ဒါပေမဲ့ ဒီနေ့အထိ မဖွင့်သေးဘူး။ နံပတ်၃ ပန်ဆိုင်းဂိတ်ကိုလည်း အချိန်တိုးမြှင့် ဖွင့်လှစ်ပေးဖို့ တောင်းဆိုထားတယ်။ အဲဒါတော့ စီစဉ်ပေးမယ်တဲ့။ နောက် ကျင်စန်းကျော့ ဂိတ်ကိုလည်း ည ၁၀ နာရီလောက်ထိ တိုးမြှင့်ပြီး ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။”

မန်ဝိန်းဂိတ်ကို ၂၄ နာရီ ဖွင့်ပေးလိုက်ပြီဆိုပေမဲ့လည်း လူတွေဖြတ်သန်းခွင့်မရသေးဘဲ ကုန်ကားတွေပဲ ယာဉ်မောင်းအစားထိုး စနစ်နဲ့ တရုတ်ဘက်က ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ လုံခြုံရေး စတဲ့ နှစ်ဘက်တာဝန်ရှိသူတွေက စမ်းသပ်ဖွင့်လှစ်တဲ့ကာလမှာ အဆင်ပြေမှုရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ မူဆယ်ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေနဲ့ ယူနန်ပြည်နယ်၊ ရွှေလီမြို့တော်ဝန်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်မှုဦးစီးဌာန တာဝန်ရှိသူတွေ ဒီဇင်ဘာ ၇ ရက်အစည်းအဝေးမှာ မြန်မာဘက်က ကုန်ကားတွေ ထောင်ချီပိတ်နေတဲ့ အခြေအနေကိုတင်ပြပြီး ပြန်ဖွင့်ပေးစေချင်တဲ့ သဘောထားကို ဆွေးနွေးခဲ့တာပါ။ ဒီအစည်းအဝေးမှာ မြန်မာဘက်က တောင်းဆိုထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက အခုလိုပြောပါတယ်။

“တရုတ်ဘက်ကလည်း သူတို့အပေါ်က အထက်အဖွဲ့အစည်းတွေ သူတို့တင်ပြထားတယ်။ အဆင်ပြေတော့မယ်လို့လည်း ဆွေးနွေးတယ်ဗျ။ ကျန်တဲ့ပေါက်တွေက သူတို့ဖြေလျှော့လို့ရှိရင်တော့ ပြန်ဖွင့်မှာပေါ့၊ အခုလောလောဆယ်တော့ ကျန်တဲ့ဂိတ်ပေါက်တွေနဲ့ပတ်သက်လို့၊ ကျနော်တို့က မန်ဝိန်းပေါက်ရယ်။ ဆင်ဖြူပေါက် ပြန်ဖွင့်ဖို့ အဲဒါတောင်းဆိုထားတာ။”

မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကြားက နွားကွင်းထဲမှာ ကျွဲ၊ နွား၊ ဆိတ်အကောင်ရေ ၁၀,၀၀၀ လောက်ရှိနေပြီး အခုလာမယ့် ၂၀၂၁ ဇန်နဝါရီလ ၁ရက်ကစလို့ တရုတ်ကို တရားဝင်ပို့မယ့်အကြောင်း ခရိုင်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အခုလို စမ်းသပ်ကာလအနေနဲ့ ၂၄ နာရီပြန်ဖွင့်ပေးတာဟာ ကုန်ကားပမာဏ များနေတဲ့အတွက် အထူးအစီအစဉ်အနေနဲ့ လုပ်ပေးတာလို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး ၁၈ ခုမှာ မူဆယ်ကုန်သွယ်ရေးဟာ အရေးအပါဆုံး ဖြစ်ပါတယ်။ မြန်မာ ကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ မူဆယ်ကနေ တရုတ်ကို ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော် တင်ပို့ထားပြီး ကုန်သွယ်မှုပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG