သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းေလေၾကာင္း ခရီးစဥ္အတြက္ က်န္းမာေရးလမ္းၫႊန္မ်ား ထုတ္ျပန္


ခ်င္းျပည္နယ္ ေလဆိပ္တခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ ယာယီပိတ္ထားတဲ့ ျပည္တြင္းေလယာဥ္ခရီးစဥ္ေတြ မနက္ျဖန္ ျပန္လည္ ဖြင့္လွစ္တဲ့အခါ ခရီးသည္ေတြ လုိက္နာရမယ့္ က်န္းမာေရးဆုိင္ရာ စည္းမ်ဥ္းေတြ ထုတ္ျပန္လိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။

ျပည္တြင္းေလယာဥ္ခရီးစဥ္ေတြနဲ႔ လုိက္ပါၾကမယ့္ ခရီးသည္ေတြ အေနနဲ႔ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ က်န္းမာေရး စစ္ေဆးခ်က္အပါအဝင္၊ ခရီးစဥ္တေလွ်ာက္ လုိက္နာေဆာင္ရြက္ရမယ့္ စည္းမ်ဥ္းေတြကုိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္လုိက္ပါတယ္။

ခရီးစဥ္အဆုံး ေရာက္ရွိရာေဒသေတြမွာ သတ္မွတ္ထားတဲ့ ေစာင့္ၾကည့္စစ္ေဆးခံရမယ့္ အစီအစဥ္အပါအ၀င္ က်န္းမာေရးဆုိင္ရာ စည္းကမ္းေတြကုိလည္း ခရီးသြားေတြ လုိက္နာၾကရမွာပါ။ ခရီးစဥ္မတုိင္ခင္ ေရာဂါပုိး ရွိ၊ မရွိ သိႏုိင္ဖုိ႔ က်န္းမာေရးဌာနက သတ္မွတ္ထားတဲ့ေနရာေတြမွာ ေလယာဥ္လက္မွတ္အေထာက္အထားျပၿပီး စစ္ေဆးရမွာျဖစ္သလို ေရာဂါပိုးကူးစက္မႈရွိတာ စစ္ေဆးေတြ႔ရွိခဲ့ ခရီးသည္ေတြအေနနဲ႔ ေလယာဥ္လက္မွတ္ဖိုး ျပန္လည္ေတာင္းခံႏုိင္ေအာင္ စီစဥ္ထားတယ္လုိ႔လည္း ရန္ကုန္တိုင္းျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

"အကယ္၍မ်ား Positive ထြက္ခဲ့တယ္ဆိုရင္ Refund ျပန္ရေရး ညႇိႏႈိင္းေဆာင္႐ြက္ထားၿပီးျဖစ္ပါတယ္။ ဒါလည္းပဲ ျပန္ရမွာပါ။ Positive ထြက္ခဲ့ရင္ က်ေနာ္တို႔ရဲ႕ Positive Center ေတြကို သြားၿပီးေတာ့ ကုသမႈခံယူရမွာ ျဖစ္ပါတယ္။ ၿပီးရင္ Contact ျဖစ္တဲ့သူေတြကေတာ့ Primary Contact ၊ Secondary Contact ဒါနဲ႔လိုက္ေလ်ာညီေထြေပါ့ေလ... က်ေနာ္တို႔ဆက္လက္ ေဆာင္႐ြက္မွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေလယာဥ္ခရီးစဥ္သြားေတာ့မယ္ဆိုရင္ Check in မဝင္ခင္ ၃၆ နာရီအတြင္း စစ္ေဆးထားတဲ့ က်ေနာ္တို႔ရဲ႕ COVID- 19 Negative အေျဖ ဒါကိုက်ေနာ္တို႔ လိုအပ္ပါတယ္။"

ကိုဗစ္ပိုးေတြ႕လူနာ အမ်ားဆုံးရွိတဲ့ ရန္ကုန္တိုင္းမွာေတာ့ ခရီးမထြက္ခင္ ၃၆ နာရီအတြင္းမွာ ဆူးေလဘုရားလမ္းမွာရွိတဲ့ Tourist Burma အေဆာက္အဦးနဲ႔ ေအာင္မဂၤလာအေဝးေျပးဝင္းထဲက ေဒသႏၲရက်န္းမာေရးဌာနတို႔မွာ စစ္ေဆးႏိုင္ပါတယ္။

ရန္ကုန္တုိင္း အပါအ၀င္ အိမ္ျပင္မထြက္ဖုိ႔ သတ္မွတ္ထားတဲ့ေဒသကေန တျခားေဒသေတြကုိသြားေရာက္တဲ့ ခရီးသြားေတြ အေနနဲ႔ ခရီးစဥ္အဆုံးမွာ ေရာဂါပုိးရွိ၊ မရွိ ေစာင့္ၾကည့္စစ္ေဆးခံရမွာျဖစ္သလုိ ေရာဂါပုိး ရွိ၊ မရွိ ထပ္မံစစ္ေဆးခံရမွာပါ။ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ျပန္မထားတဲ့ ကယားျပည္နယ္ကိုျပန္ဖို႔ စီစဥ္ေနတဲ့ ရန္ကုန္ၿမိဳ႕ေရာက္ ေစးေရွာေဖာကေတာ့ ေနရပ္ျပန္ဖုိ႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

"ေလယာဥ္လက္မွတ္ေတာ့ ဝယ္ထားၿပီးသြားၿပီ။ ျပန္ဖို႔အတြက္ကို လာမယ့္စေနေန႔ေရာက္ရင္ ေရာဂါပိုးရွိ မရွိ အဲဒီလိုမ်ိဳးသြားစစ္မွာ။ စေနေန႔ မနက္ ၉ နာရီအေရာက္သြားရမွာ။ ျပန္ရင္ေတာ့ Quarantine ဝင္ရမွာတဲ့။ Quarantine ၁၂ ရက္ဝင္ရမွာ အဲဒီလိုမ်ိဳးေတာ့ ႀကိဳသိထားတာေပါ့ေနာ္။"

ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြကို က်န္းမာေရးသတ္မွတ္ခ်က္ေတြခ်မွတ္ၿပီး ျပန္လည္ေျပးဆြဲခြင့္ျပဳလိုက္ၿပီျဖစ္ေပမယ့္လည္း ေလေၾကာင္းလိုင္းေတြကေတာ့ ခရီးစဥ္တိုင္းကိုပုံမွန္ေျပးဆြဲတာမ်ိဳးမရွိေသးပါဘူး။ ရန္ကုန္ၿမိဳ႕ကေန ခ်င္းျပည္နယ္၊ ဖလန္းၿမိဳ႕ကို ျပန္ဖို႔ ျပင္ဆင္ေနတဲ့ ဒြတ္စင္ဆြီးကလည္း ျပည္တြင္းခရီးစဥ္ေတြ ျပန္ဖြင့္ၿပီဆုိေပမဲ့ အခက္အခဲတခ်ိဳ႕ရွိေနတယ္လုိ႔ ေျပာပါတယ္။

"အခုေလယာဥ္လိုင္းျပန္ဖြင့္ၿပီ သတင္းၾကားေတာ့ ေစာင့္ေနတာေပါ့ေနာ္။ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔။ ဒါေပမဲ့လည္း ခ်င္းျပည္နယ္ကိုျပန္ဖို႔လိုင္း ကေလးၿမိဳ႕ကက်ေတာ့ ပါမလာဘူး။ ျပန္ခ်င္တာေပါ့ ခရစၥမတ္ကို ဖလန္းမွာေနခ်င္တယ္။ ျပန္လို႔မရဘူးျဖစ္ေနတယ္ေပါ့ေနာ္။ ဒီႏွစ္ေတာ့ ရန္ကုန္မွာပဲ ရွိေနေတာ့မယ္ ထင္တယ္။ ကားနဲ႔ျပန္ရမယ္ဆိုရင္ Q ဝင္ဖို႔က ၁၄ရက္၊ ၂၁ ရက္ အဲဒီလိုမ်ိဳး။ ဟိုတေန႔ကဆိုရင္ ရန္ကုန္ကေနျပန္လာတဲ့သူအားလုံးကို ကေလးၿမိဳ႕ကေနထုတ္ျပန္ထားတာက Q ၂၁ ရက္ဝင္ရမွာတဲ့ ကေလးၿမိဳ႕မွာ။ အခုကက်ေတာ့ ေလယာဥ္နဲ႔ျပန္လို႔ရွိရင္ Q ၃ ရက္ပဲ ဝင္ရမယ္ဆိုတဲ့အခါက်ေတာ့ ထုတ္ျပန္ခ်က္က နည္းနည္း မရွင္းသလိုျဖစ္ေနတယ္ေပါ့ေနာ္။ ကားငွားၿပီးေတာ့ ျပန္ရမယ္ဆိုရင္ ကေလးမွာ Q ၁၄ ရက္ေလာက္ဝင္ရမယ္ျဖစ္ေနေတာ့ ေလယာဥ္လိုင္းက်ေတာ့လည္း ကေလးဘက္က အခု ဒီလအတြင္း မရွိေသးဘူးဆိုေတာ့ ကားတစီးလုံးငွားျပန္မယ္ဆိုလည္း Q အၾကာႀကီးဝင္ရမွာက်ေတာ့ နည္းနည္းေတာ့ အဆင္မေျပဘူးေပါ့။"

ကပ္ေရာဂါကူးစက္မႈေတြ ရွိေနဆဲ အခ်ိန္မွာပဲ ျပည္တြင္းေလေၾကာင္းလုိင္းေတြ ျပန္ဖြင့္ေပးလုိက္ေပမဲ့ စက္တင္ဘာလကတည္းက ပိတ္ထားတဲ့ ျပည္ပခရီးစဥ္ေတြကုိေတာ့ ဒီႏွစ္ကုန္အထိ ပိတ္ထားဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်းလေကြောင်း ခရီးစဉ်အတွက် ကျန်းမာရေးလမ်းညွှန်များ ထုတ်ပြန်

ကိုဗစ်ကပ်ရောဂါကာလ ယာယီပိတ်ထားတဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ မနက်ဖြန် ပြန်လည် ဖွင့်လှစ်တဲ့အခါ ခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေ ထုတ်ပြန်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပေးပါမယ်။

ပြည်တွင်းလေယာဉ်ခရီးစဉ်တွေနဲ့ လိုက်ပါကြမယ့် ခရီးသည်တွေ အနေနဲ့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးချက်အပါအဝင်၊ ခရီးစဉ်တလျှောက် လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ခရီးစဉ်အဆုံး ရောက်ရှိရာဒေသတွေမှာ သတ်မှတ်ထားတဲ့ စောင့်ကြည့်စစ်ဆေးခံရမယ့် အစီအစဉ်အပါအဝင် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကိုလည်း ခရီးသွားတွေ လိုက်နာကြရမှာပါ။ ခရီးစဉ်မတိုင်ခင် ရောဂါပိုး ရှိ၊ မရှိ သိနိုင်ဖို့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ လေယာဉ်လက်မှတ်အထောက်အထားပြပြီး စစ်ဆေးရမှာဖြစ်သလို ရောဂါပိုးကူးစက်မှုရှိတာ စစ်ဆေးတွေ့ရှိခဲ့ ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ်ဖိုး ပြန်လည်တောင်းခံနိုင်အောင် စီစဉ်ထားတယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

"အကယ်၍များ Positive ထွက်ခဲ့တယ်ဆိုရင် Refund ပြန်ရရေး ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒါလည်းပဲ ပြန်ရမှာပါ။ Positive ထွက်ခဲ့ရင် ကျနော်တို့ရဲ့ Positive Center တွေကို သွားပြီးတော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ပြီးရင် Contact ဖြစ်တဲ့သူတွေကတော့ Primary Contact ၊ Secondary Contact ဒါနဲ့လိုက်လျောညီထွေပေါ့လေ... ကျနော်တို့ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် လေယာဉ်ခရီးစဉ်သွားတော့မယ်ဆိုရင် Check in မဝင်ခင် ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကျနော်တို့ရဲ့ COVID- 19 Negative အဖြေ ဒါကိုကျနော်တို့ လိုအပ်ပါတယ်။"

ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာတော့ ခရီးမထွက်ခင် ၃၆ နာရီအတွင်းမှာ ဆူးလေဘုရားလမ်းမှာရှိတဲ့ Tourist Burma အဆောက်အဦးနဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းထဲက ဒေသန္တရကျန်းမာရေးဌာနတို့မှာ စစ်ဆေးနိုင်ပါတယ်။

ရန်ကုန်တိုင်း အပါအဝင် အိမ်ပြင်မထွက်ဖို့ သတ်မှတ်ထားတဲ့ဒေသကနေ တခြားဒေသတွေကိုသွားရောက်တဲ့ ခရီးသွားတွေ အနေနဲ့ ခရီးစဉ်အဆုံးမှာ ရောဂါပိုးရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးခံရမှာဖြစ်သလို ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးခံရမှာပါ။ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်မထားတဲ့ ကယားပြည်နယ်ကိုပြန်ဖို့ စီစဉ်နေတဲ့ ရန်ကုန်မြို့ရောက် စေးရှောဖောကတော့ နေရပ်ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"လေယာဉ်လက်မှတ်တော့ ဝယ်ထားပြီးသွားပြီ။ ပြန်ဖို့အတွက်ကို လာမယ့်စနေနေ့ရောက်ရင် ရောဂါပိုးရှိ မရှိ အဲဒီလိုမျိုးသွားစစ်မှာ။ စနေနေ့ မနက် ၉ နာရီအရောက်သွားရမှာ။ ပြန်ရင်တော့ Quarantine ဝင်ရမှာတဲ့။ Quarantine ၁၂ ရက်ဝင်ရမှာ အဲဒီလိုမျိုးတော့ ကြိုသိထားတာပေါ့နော်။"

ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ကျန်းမာရေးသတ်မှတ်ချက်တွေချမှတ်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ပေမယ့်လည်း လေကြောင်းလိုင်းတွေကတော့ ခရီးစဉ်တိုင်းကိုပုံမှန်ပြေးဆွဲတာမျိုးမရှိသေးပါဘူး။ ရန်ကုန်မြို့ကနေ ချင်းပြည်နယ်၊ ဖလန်းမြို့ကို ပြန်ဖို့ ပြင်ဆင်နေတဲ့ ဒွတ်စင်ဆွီးကလည်း ပြည်တွင်းခရီးစဉ်တွေ ပြန်ဖွင့်ပြီဆိုပေမဲ့ အခက်အခဲတချို့ရှိနေတယ်လို့ ပြောပါတယ်။

"အခုလေယာဉ်လိုင်းပြန်ဖွင့်ပြီ သတင်းကြားတော့ စောင့်နေတာပေါ့နော်။ မျှော်လင့်ချက်ကြီးကြီးနဲ့။ ဒါပေမဲ့လည်း ချင်းပြည်နယ်ကိုပြန်ဖို့လိုင်း ကလေးမြို့ကကျတော့ ပါမလာဘူး။ ပြန်ချင်တာပေါ့ ခရစ္စမတ်ကို ဖလန်းမှာနေချင်တယ်။ ပြန်လို့မရဘူးဖြစ်နေတယ်ပေါ့နော်။ ဒီနှစ်တော့ ရန်ကုန်မှာပဲ ရှိနေတော့မယ် ထင်တယ်။ ကားနဲ့ပြန်ရမယ်ဆိုရင် Q ဝင်ဖို့က ၁၄ရက်၊ ၂၁ ရက် အဲဒီလိုမျိုး။ ဟိုတနေ့ကဆိုရင် ရန်ကုန်ကနေပြန်လာတဲ့သူအားလုံးကို ကလေးမြို့ကနေထုတ်ပြန်ထားတာက Q ၂၁ ရက်ဝင်ရမှာတဲ့ ကလေးမြို့မှာ။ အခုကကျတော့ လေယာဉ်နဲ့ပြန်လို့ရှိရင် Q ၃ ရက်ပဲ ဝင်ရမယ်ဆိုတဲ့အခါကျတော့ ထုတ်ပြန်ချက်က နည်းနည်း မရှင်းသလိုဖြစ်နေတယ်ပေါ့နော်။ ကားငှားပြီးတော့ ပြန်ရမယ်ဆိုရင် ကလေးမှာ Q ၁၄ ရက်လောက်ဝင်ရမယ်ဖြစ်နေတော့ လေယာဉ်လိုင်းကျတော့လည်း ကလေးဘက်က အခု ဒီလအတွင်း မရှိသေးဘူးဆိုတော့ ကားတစီးလုံးငှားပြန်မယ်ဆိုလည်း Q အကြာကြီးဝင်ရမှာကျတော့ နည်းနည်းတော့ အဆင်မပြေဘူးပေါ့။"

ကပ်ရောဂါကူးစက်မှုတွေ ရှိနေဆဲ အချိန်မှာပဲ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပေမဲ့ စက်တင်ဘာလကတည်းက ပိတ်ထားတဲ့ ပြည်ပခရီးစဉ်တွေကိုတော့ ဒီနှစ်ကုန်အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG