သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြ ဒီဇင္ဘာ ၁၆ မွာ ျပန္ဖြင့္ဖို႔ စီစဥ္


ေနျပည္ေတာ္ေလဆိပ္။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေနျပည္ေတာ္အပါအဝင္ တိုင္းနဲ႔ျပည္နယ္ေတြမွာ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ ျမင့္တက္ခဲ့တဲ့အတြက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ ရပ္ဆိုင္းထားခဲ့တဲ့ ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြ ဒီလထဲ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။

ျပည္တြင္း ပုံမွန္ေလေၾကာင္း ခရီးစဥ္ေတြကို ဒီဇင္ဘာလ ၁၆ ရက္ေန႔ကစၿပီး စံလုပ္ထုံးလုပ္နည္းမ်ား (SOP) နဲ႔အညီ စတင္ေဆာင္ရြက္သြားမယ္လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ေၾကညာပါတယ္။

COVID-19 ဆိုင္ရာ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီရဲ႕ လမ္းညႊန္ခ်က္အရလို႔ ဆိုပါတယ္။

ခရီးသည္ေတြ၊ ေလေၾကာင္းလိုင္း ဝန္ထမ္းနဲ႔ ေလဆိပ္ဝန္ထမ္းေတြ လိုက္နာရမယ့္ စံသတ္မွတ္ခ်က္ေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္မယ္လို႔လည္း ေၾကညာထားပါတယ္။

ဒီဇင္ဘာလ ၁၃ ရက္ ေန႔စြဲနဲ႔ COVID-19 ဆိုင္ရာ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ COVID-19 ေရာဂါ ပ်ံ႕ႏွံ႔မႈ တားဆီးေရးအတြက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ ျပည္သူသို႔ ပန္ၾကားခ်က္ အမိန္႔ေတြကို ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္တယ္လို႔ ပါရွိပါတယ္။ ဒီအထဲ ေျဖေလၽွာ့တိုးျမႇင့္ဖို႔ လိုအပ္တဲ့ ကိစၥေတြ မပါဝင္ဘူးလို႔ ဆိုပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ျမန္မာႏုိင္ငံမွာ မေန႔ကလည္း လူ ၁,၀၀၀ ေက်ာ္ COVID-19 ထပ္မံကူးစက္ခံရတယ္လို႔ ထုတ္ျပန္ထားပါတယ္။ စုစုေပါင္း ၁,၁၂၇ ေယာက္ ထပ္တိုးလို႔ အခုအခါ ကူးစက္သူေပါင္း ၁၀၈,၃၄၂ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ေသဆုံးသူ ၂၃ ေယာက္တိုးတဲ့အတြက္ ေသဆုံးသူ စုစုေပါင္း ၂,၂၆၈ ေယာက္ရွိပါတယ္။

ကမၻာ့ႏုိင္ငံအသီးသီး COVID-19 ေရာဂါ ျဖစ္ပြား ေသဆုံးမႈစာရင္းမွာ ျမန္မာႏုိင္ငံက အဆင့္ ၆၈ ေနရာမွာ ရွိေနတယ္လို႔လည္း ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ႏုိဝင္ဘာ ပထမအပတ္တုန္းကေတာ့ အဆင့္ ၇၇ မွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ဒီဇင်ဘာ ၁၆ မှာ ပြန်ဖွင့်ဖို့ စီစဉ်

မြန်မာနိုင်ငံမှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်ခဲ့တဲ့အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားခဲ့တဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဒီလထဲ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်တွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး စံလုပ်ထုံးလုပ်နည်းများ (SOP) နဲ့အညီ စတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။ COVID-19 ဆိုင်ရာ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရလို့ ဆိုပါတယ်။

ခရီးသည်တွေ၊ လေကြောင်းလိုင်း ဝန်ထမ်းနဲ့ လေဆိပ်ဝန်ထမ်းတွေ လိုက်နာရမယ့် စံသတ်မှတ်ချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်မယ်လို့လည်း ကြေညာထားပါတယ်။

ဒီဇင်ဘာလ ၁၃ ရက် နေ့စွဲနဲ့ COVID-19 ဆိုင်ရာ အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ကြေညာချက်မှာတော့ COVID-19 ရောဂါ ပျံ့နှံ့မှု တားဆီးရေးအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက် အမိန့်တွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်တယ်လို့ ပါရှိပါတယ်။ ဒီအထဲ ဖြေလျှော့တိုးမြှင့်ဖို့ လိုအပ်တဲ့ ကိစ္စတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ မနေ့ကလည်း လူ ၁,၀၀၀ ကျော် COVID-19 ထပ်မံကူးစက်ခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စုစုပေါင်း ၁,၁၂၇ ယောက် ထပ်တိုးလို့ အခုအခါ ကူးစက်သူပေါင်း ၁၀၈,၃၄၂ ယောက်ရှိပြီ ဖြစ်ပါတယ်။ သေဆုံးသူ ၂၃ ယောက်တိုးတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၂,၂၆၈ ယောက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီး COVID-19 ရောဂါ ဖြစ်ပွား သေဆုံးမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၈ နေရာမှာ ရှိနေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ပထမအပတ်တုန်းကတော့ အဆင့် ၇၇ မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG