သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္းေလယာဥ္ခရီးစဥ္မ်ား ဒီဇင္ဘာ ၁၆ ျပန္ေျပးဆဲြမည္


ရန္ကုန္ၿမိဳ႕ရွိ မဂၤလာဒံုေလဆိပ္က ေလယာဥ္ေျပးလမ္းေပၚေတြ႔ရတဲ့ ေလယာဥ္ တစီး။ (ဇန္နဝါရီ ၁၁၊ ၂၀၁၈)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ရပ္နားထားရတဲ့ ျပည္တြင္းေလေၾကာင္း လုပ္ငန္းေတြကုိ ဒီတပတ္ထဲ ျပန္စဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

ကပ္ေရာဂါေၾကာင့္ စက္တင္ဘာလဆန္းကတည္းက ပ်ံသန္းခြင့္ပိတ္ထားတဲ့ ျပည္တြင္းေလေၾကာင္းလိုင္းေတြကို ဗုဒၶဟူးေန႔ကစ ျပန္လည္ခြင့္ျပဳေတာ့မွာ ျဖစ္ပါတယ္။ ေလေၾကာင္းခရီးစဥ္ေတြ ျပန္လည္စတင္ရာမွာေတာ့ ကပ္ေရာဂါကာကြယ္ေရး စည္မ်ဥ္းစည္းကမ္းေတြနဲ႔အညီ စတင္သြားမွာ ျဖစ္ေၾကာင္းလည္း ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က VOA ကိုေျပာပါတယ္။

"ႏိုင္ငံေတာ္ရဲ႕ဆႏၵကေတာ့ ျပန္ဖြင့္ေစခ်င္တယ္။ ဒါေပမဲ့ အေရးႀကီးတာက ဒီခ်ိန္မွာ ကူးစက္ေရာဂါေျခအေနက ေက်နပ္ေလာက္တဲ့အထိ ထိန္းသိမ္းႏိုင္တယ္လို႔ မယူဆၾကဘူးျဖစ္ေနတယ္ ေလာေလာဆယ္ေတာ့ေလ။ အဲဒါေၾကာင့္ အေရးႀကီးတာက က်ေနာ္တို႔ ပ်ံသန္းဖို႔ကို ေဆာင္႐ြက္ဖို႔မူအားျဖင့္ အေပၚကသေဘာတူလိုက္တယ္၊ ေပၚလစီရွိတယ္။ သို႔ေသာ္ SOP ထြက္လာရမယ္၊ အဲဒီ SOP ေတြကိုလည္း သက္ဆိုင္ရာျပည္နယ္ အစိုးရေတြကလည္း ေက်ေက်နပ္နပ္ရွိၿပီဆိုရင္ အဲဒီေတာ့မွ က်ေနာ္တို႔ တကယ့္တကယ္လက္ေတြ႕ပ်ံႏိုင္မယ့္ အေနအထားပါ။"

ျပည္တြင္းေလေၾကာင္းလိုင္းေတြ ျပန္စတင္ဖို႔ ရက္ပိုင္းေလာက္သာ လိုေတာ့ေပမဲ့ အဲဒီခရီးစဥ္ေတြမွာ လိုက္ပါၾကမယ့္ ခရီးသြားေတြအတြက္ ကပ္ေရာဂါကာလ က်န္းမာေရး စံသတ္မွတ္ခ်က္ေတြကိုေတာ့ တရား၀င္ ထုတ္ျပန္တာ မရွိေသးပါဘူး။ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကေတာ့ အေသးစိတ္အခ်က္အလက္ေတြကို မၾကာခင္မွာ ထုတ္ျပန္ေပးသြားမွာျဖစ္ၿပီး ျပည္တြင္းေလေၾကာင္းခရီးသည္ေတြ လိုက္နာရမယ့္အခ်က္ေတြနဲ႔ ေလယာဥ္အမႈထမ္းေတြအပါအဝင္ ေျမျပင္ဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ ေလဆိပ္မွာ တာဝန္ထမ္းေဆာင္သူေတြပါ လိုက္နာရမယ့္အခ်က္ေတြအျပင္ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ က်န္းမာေရးေဆးစစ္ခ်က္နဲ႔ပတ္သက္လို႔ အဓိကထား ပါဝင္မွာျဖစ္တယ္လို႔ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရး ဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

"Domestic Flight ေတြကို ၁၆ ရက္ေန႔မွာ ျပန္လည္ေျပးဆြဲဖို႔ကိစၥကို က်မတို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရယ္၊ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနရယ္ ပူးေပါင္းၿပီးေတာ့ SOP ေတြေဆာင္႐ြက္ၿပီးပါၿပီ။ အဲဒါေတြကို သက္ဆိုင္ရာဝန္ႀကီးဌာနကေန ျပန္ၿပီးေတာ့ ဗဟိုအဆင့္ႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီကို ဆက္တင္မွာျဖစ္ပါတယ္။ အဲဒါဆိုေတာ့ ဒီဟာက သူ႔ရဲ႕သတ္မွတ္ရက္မတိုင္ခင္မွာ ထြက္လာၿပီးေတာ့ အေကာင္အထည္ေဖာ္ႏိုင္မွာျဖစ္ပါတယ္။ ျပည္တြင္းပုံမွန္ေလေၾကာင္း ျပန္လည္ေျပးဆြဲတဲ့အခါမွာ စံသတ္မွတ္ခ်က္မ်ားကေတာ့ Version 2.1 ဆိုၿပီးေတာ့ က်မတို႔ ဒီဇင္ဘာ ၁၃ ရက္ေန႔စြဲနဲ႔ ေရးဆြဲတင္ျပထားတာျဖစ္ပါတယ္။ ဒါဆိုေတာ့ ဒါမၾကာခင္အခ်ိန္တြင္းမွာေတာ့ အေကာင္အထည္ေပၚလာမွာ ျဖစ္ပါတယ္။"

၃ လေက်ာ္ၾကာ ရပ္နာထားရတဲ့အတြက္ အလုပ္အကုိင္နဲ႔ ေလေၾကာင္းလုပ္ငန္းေတြမွာ ထိခုိက္မႈေတြ ႀကံဳခဲ့ရၿပီးေနာက္ လုပ္ငန္းေတြ ျပန္လည္ စတင္ဖုိ႔ အစုိးရက ခြင့္ျပဳလုိက္တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ လုပ္ငန္းေတြ ျပန္စရာမွာ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ေဆာင္ရြက္ႏုိင္ဖုိ႔ ျပင္ဆင္ထားတယ္လုိ႔လည္း MAI ေလေၾကာင္းလိုင္းရဲ႕ ေအာ္ပေရးရွင္းတာဝန္ခံ ဦးခပ္ခမ္းေမာင္က ေျပာပါတယ္။

"က်ေနာ္တို႔ေလေၾကာင္းလိုင္းေတြမွာ ဒီကိုဗစ္ကာလမွာ ဆြဲဖို႔အတြက္ ကိုယ္ပိုင္ SOP ေတြရွိတယ္။ အဲဒါအျပင္ ဥပမာ က်ေနာ္တို႔ေလယာဥ္ပ်ံေတြက ရန္ကုန္ - မႏၲေလး - ျမစ္ႀကီးနားသြားမယ္ေပါ့ေနာ္။ ခရီးသည္ကလည္း ရန္ကုန္၊ မႏၲေလး၊ ျမစ္ႀကီးနားခရီးသည္ ပါမယ္။ အဲလိုဆို ရန္ကုန္ကေန မႏၲေလးေရာက္ၿပီဆို က်ေနာ္တို႔က ဆင္းသြားတဲ့ခရီးသည္ေတြရဲ႕ထိုင္ခုံေတြ၊ ေနရာေတြကို မႏၲေလးမွာရွိတဲ့ က်ေနာ္တို႔ရဲ႕သန႔္ရွင္းေရးဝန္ထမ္းေတြက PPE ဝတ္စုံအျပည့္ဝတ္မယ္၊ ေလယာဥ္ေပၚကိုတက္လာၿပီး Disinfection ေတြလုပ္မယ္။"

ျပည္တြင္းေလေၾကာင္းလိုင္းေတြ ျပန္လည္ေျပးဆဲြၿပီး သီတင္း ၂ ပတ္ေလာက္အၾကာ ေရွ႕ႏွစ္ဆန္းမွာ ျပည္ပခရီးစဥ္ေတြကုိ စတင္ႏုိင္ဖုိ႔လည္း ျပင္ဆင္ေနပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ ျပည္တြင္း၊ ျပည္ပေလေၾကာင္း ခရီးစဥ္ေတြ ရပ္နားတာအပါအ၀င္ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ခဲ့ရတဲ့အတြက္ ျမန္မာႏုိင္ငံရဲ႕ ခရီးသြားလုပ္ငန္းမွာ ၈၀ ရာခုိင္ႏႈန္းေက်ာ္ ထိခုိက္ခဲ့ရေၾကာင္းလည္း ျမန္မာႏုိင္ငံဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္းက သတင္းထုတ္ျပန္ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၂၀၀ ေက်ာ္နဲ႔၊ ကူးစက္သူအတည္ျပဳလူနာေပါင္းကေတာ့ ၁၀၈,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည်တွင်းလေယာဉ်ခရီးစဉ်များ ဒီဇင်ဘာ ၁၆ ပြန်ပြေးဆွဲမည်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ ပြည်တွင်းလေကြောင်း လုပ်ငန်းတွေကို ဒီတပတ်ထဲ ပြန်စဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

ကပ်ရောဂါကြောင့် စက်တင်ဘာလဆန်းကတည်းက ပျံသန်းခွင့်ပိတ်ထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ဗုဒ္ဓဟူးနေ့ကစ ပြန်လည်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ရာမှာတော့ ကပ်ရောဂါကာကွယ်ရေး စည်မျဉ်းစည်းကမ်းတွေနဲ့အညီ စတင်သွားမှာ ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က VOA ကိုပြောပါတယ်။

"နိုင်ငံတော်ရဲ့ဆန္ဒကတော့ ပြန်ဖွင့်စေချင်တယ်။ ဒါပေမဲ့ အရေးကြီးတာက ဒီချိန်မှာ ကူးစက်ရောဂါခြေအနေက ကျေနပ်လောက်တဲ့အထိ ထိန်းသိမ်းနိုင်တယ်လို့ မယူဆကြဘူးဖြစ်နေတယ် လောလောဆယ်တော့လေ။ အဲဒါကြောင့် အရေးကြီးတာက ကျနော်တို့ ပျံသန်းဖို့ကို ဆောင်ရွက်ဖို့မူအားဖြင့် အပေါ်ကသဘောတူလိုက်တယ်၊ ပေါ်လစီရှိတယ်။ သို့သော် SOP ထွက်လာရမယ်၊ အဲဒီ SOP တွေကိုလည်း သက်ဆိုင်ရာပြည်နယ် အစိုးရတွေကလည်း ကျေကျေနပ်နပ်ရှိပြီဆိုရင် အဲဒီတော့မှ ကျနော်တို့ တကယ့်တကယ်လက်တွေ့ပျံနိုင်မယ့် အနေအထားပါ။"

ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်စတင်ဖို့ ရက်ပိုင်းလောက်သာ လိုတော့ပေမဲ့ အဲဒီခရီးစဉ်တွေမှာ လိုက်ပါကြမယ့် ခရီးသွားတွေအတွက် ကပ်ရောဂါကာလ ကျန်းမာရေး စံသတ်မှတ်ချက်တွေကိုတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကတော့ အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးသည်တွေ လိုက်နာရမယ့်အချက်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ လေဆိပ်မှာ တာဝန်ထမ်းဆောင်သူတွေပါ လိုက်နာရမယ့်အချက်တွေအပြင် ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဆေးစစ်ချက်နဲ့ပတ်သက်လို့ အဓိကထား ပါဝင်မှာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

"Domestic Flight တွေကို ၁၆ ရက်နေ့မှာ ပြန်လည်ပြေးဆွဲဖို့ကိစ္စကို ကျမတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရယ်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရယ် ပူးပေါင်းပြီးတော့ SOP တွေဆောင်ရွက်ပြီးပါပြီ။ အဲဒါတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ ပြန်ပြီးတော့ ဗဟိုအဆင့်ကြီးကြပ်ကွပ်ကဲရေးကော်မတီကို ဆက်တင်မှာဖြစ်ပါတယ်။ အဲဒါဆိုတော့ ဒီဟာက သူ့ရဲ့သတ်မှတ်ရက်မတိုင်ခင်မှာ ထွက်လာပြီးတော့ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းပုံမှန်လေကြောင်း ပြန်လည်ပြေးဆွဲတဲ့အခါမှာ စံသတ်မှတ်ချက်များကတော့ Version 2.1 ဆိုပြီးတော့ ကျမတို့ ဒီဇင်ဘာ ၁၃ ရက်နေ့စွဲနဲ့ ရေးဆွဲတင်ပြထားတာဖြစ်ပါတယ်။ ဒါဆိုတော့ ဒါမကြာခင်အချိန်တွင်းမှာတော့ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။"

၃ လကျော်ကြာ ရပ်နာထားရတဲ့အတွက် အလုပ်အကိုင်နဲ့ လေကြောင်းလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ အစိုးရက ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းတွေ ပြန်စရာမှာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း MAI လေကြောင်းလိုင်းရဲ့ အော်ပရေးရှင်းတာဝန်ခံ ဦးခပ်ခမ်းမောင်က ပြောပါတယ်။

"ကျနော်တို့လေကြောင်းလိုင်းတွေမှာ ဒီကိုဗစ်ကာလမှာ ဆွဲဖို့အတွက် ကိုယ်ပိုင် SOP တွေရှိတယ်။ အဲဒါအပြင် ဥပမာ ကျနော်တို့လေယာဉ်ပျံတွေက ရန်ကုန် - မန္တလေး - မြစ်ကြီးနားသွားမယ်ပေါ့နော်။ ခရီးသည်ကလည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားခရီးသည် ပါမယ်။ အဲလိုဆို ရန်ကုန်ကနေ မန္တလေးရောက်ပြီဆို ကျနော်တို့က ဆင်းသွားတဲ့ခရီးသည်တွေရဲ့ထိုင်ခုံတွေ၊ နေရာတွေကို မန္တလေးမှာရှိတဲ့ ကျနော်တို့ရဲ့သန့်ရှင်းရေးဝန်ထမ်းတွေက PPE ဝတ်စုံအပြည့်ဝတ်မယ်၊ လေယာဉ်ပေါ်ကိုတက်လာပြီး Disinfection တွေလုပ်မယ်။"

ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲပြီး သီတင်း ၂ ပတ်လောက်အကြာ ရှေ့နှစ်ဆန်းမှာ ပြည်ပခရီးစဉ်တွေကို စတင်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ကပ်ရောဂါကူးစက်မှုတွေကြောင့် ပြည်တွင်း၊ ပြည်ပလေကြောင်း ခရီးစဉ်တွေ ရပ်နားတာအပါအဝင် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့ရကြောင်းလည်း မြန်မာနိုင်ငံဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်နဲ့၊ ကူးစက်သူအတည်ပြုလူနာပေါင်းကတော့ ၁၀၈,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG