သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ သီရိလကၤာအၾကား တုိက္ရုိက္ေလေၾကာင္းလိုင္းေျပးဆြဲဖုိ႔ စီစဥ္ေန


Myanmar Airways International

(Zawgyi/Unicode)

သီရိလကၤာနဲ႔ ျမန္မာနိုင္ငံၾကား တိုက္ရိုက္ေလယာဥ္ခရီးစဥ္ေျပးဆြဲဖို႔ အျပည္ျပည္ဆိုင္ရာ ျမန္မာ့ ေလေၾကာင္းလိုင္း (MAI) နဲ႔ ေဆြးေႏြးေနတယ္လို႔ ျမန္မာနိုင္ငံဆိုင္ရာ သိရိလကၤာ သံ႐ုံးက ထုတ္ျပန္ေၾကညာပါတယ္။

ျမန္မာနိုင္ငံဆိုင္ရာ သီရိလကၤာ သံအမတ္ႀကီးအျဖစ္ လ်ာထားခံရသူ Dr Nalin de Silva က MAI ထိပ္တန္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးပြဲမွာ ျမန္မာနဲ႔ သီရိလကၤာ ႏွစ္နိုင္ငံၾကား ယဥ္ေက်းမႈနဲ႔ သမိုင္းေၾကာင္း ဆက္ဆံေရး အေရးပါမႈေတြကို အေလးေပး ေျပာၾကားခဲ့ပါတယ္။

ခရီးသြားလုပ္ငန္းျမႇင့္တင္ဖို႔အတြက္ ႏွစ္နိုင္ငံၾကား တိုက္ရိုက္ ေလေၾကာင္း ပ်ံသန္းမႈရွိဖို႔ အေရးႀကီးတယ္လို႔လည္း MAI အမႈေဆာင္ အရာရွိခ်ဳပ္ Saravanan Ramasamy အပါအဝင္ MAI တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံအၿပီး သံအမတ္ႀကီး De Silva ရဲ့ ေၾကညာခ်က္ မွာ ေဖာ္ျပထားပါတယ္။

ႏွစ္နိုင္ငံအၾကား ေလယာဥ္ တိုက္ရိုက္ ပ်ံသန္းခ်ိန္ ၃ နာရီထက္ ေလ်ာ့နည္းေပမဲ့ တဆင့္ ရပ္နားေနမႈေတြ ေၾကာင့္ အခ်ိန္ကုန္ေနရတယ္လို႔လည္း ႏွစ္နိုင္ငံ ခရီးသြားေတြက ေျပာပါတယ္။

ေဆြးေႏြးပြဲမွာ ကိုလံဘို-ရန္ကုန္-ဗုဒၶဂါယာ ဒါမွမဟုတ္ ကိုလံဘို-ရန္ကုန္-ခတၱမႏၵဴ ၿမိဳ႕ ေတြအၾကား ပတ္လည္ ေျပးဆြဲမယ့္ ခရီးစဥ္ ထည့္သြင္းဖို႔လည္းေဆြးေႏြး ခဲ့တယ္လို႔ သီရိလကၤာအေျခစိုက္ EconomyNext သတင္းမွာ ပါရွိပါတယ္။

MAI ေလေၾကာင္းလိုင္းက A319 အဲယားဘတ္စ္ ေလယာဥ္ ၂စင္းနဲ႔ A320 အဲယားဘတ္စ္ ေလယာဥ္တစ္စင္း လုပ္ငန္းလည္ပတ္ ေျပးဆြဲေနတာ ျဖစ္ၿပီး စတုတၳ ေလယာဥ္ အဲယားဘတ္စ္ ေနာက္တစီးကိုေတာ့ ေျပးဆြဲမႈ ရပ္ဆိုင္းထားလိုက္ၿပီလို႔ FlightGlobal.com ဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။

ေလာေလာဆယ္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာနဲ႔တစ္ဝွမ္း ခရီးသြားလုပ္ငန္းနဲ႔ ေလေၾကာင္းနဲ႔ ခရီးသြားလာမႈက႑မွာ အကန္႔ အသတ္ေတြ မၾကဳံစဖူး ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္



..........

(Unicode)

သီရိလင်္ကာနဲ့ မြန်မာနိုင်ငံကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်ပြေးဆွဲဖို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI) နဲ့ ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သိရိလင်္ကာ သံရုံးက ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးအဖြစ် လျာထားခံရသူ Dr Nalin de Silva က MAI ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ မြန်မာနဲ့ သီရိလင်္ကာ နှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း ဆက်ဆံရေး အရေးပါမှုတွေကို အလေးပေး ပြောကြားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်း ပျံသန်းမှုရှိဖို့ အရေးကြီးတယ်လို့လည်း MAI အမှုဆောင် အရာရှိချုပ် Saravanan Ramasamy အပါအဝင် MAI တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီး သံအမတ်ကြီး De Silva ရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြား လေယာဉ် တိုက်ရိုက် ပျံသန်းချိန် ၃ နာရီထက် လျော့နည်းပေမဲ့ တဆင့် ရပ်နားနေမှုတွေ ကြောင့် အချိန်ကုန်နေရတယ်လို့လည်း နှစ်နိုင်ငံ ခရီးသွားတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ကိုလံဘို-ရန်ကုန်-ဗုဒ္ဓဂါယာ ဒါမှမဟုတ် ကိုလံဘို-ရန်ကုန်-ခတ္တမန္ဒူ မြို့ တွေအကြား ပတ်လည် ပြေးဆွဲမယ့် ခရီးစဉ် ထည့်သွင်းဖို့လည်းဆွေးနွေး ခဲ့တယ်လို့ သီရိလင်္ကာအခြေစိုက် EconomyNext သတင်းမှာ ပါရှိပါတယ်။

MAI လေကြောင်းလိုင်းက A319 အဲယားဘတ်စ် လေယာဉ် ၂စင်းနဲ့ A320 အဲယားဘတ်စ် လေယာဉ်တစ်စင်း လုပ်ငန်းလည်ပတ် ပြေးဆွဲနေတာ ဖြစ်ပြီး စတုတ္ထ လေယာဉ် အဲယားဘတ်စ် နောက်တစီးကိုတော့ ပြေးဆွဲမှု ရပ်ဆိုင်းထားလိုက်ပြီလို့ FlightGlobal.com ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာနဲ့တစ်ဝှမ်း ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းနဲ့ ခရီးသွားလာမှုကဏ္ဍမှာ အကန့် အသတ်တွေ မကြုံစဖူး ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG