သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရထားနဲ႔ အေဝးေျပးခရီးသည္တင္ကား ကန္႔သတ္မႈေတြ ဆက္ထားမည္


ရန္ကုန္ၿမိဳ႕က ရထားဘူတာရံုတခုရဲ႕ ျမင္ကြင္း။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ အမ်ားျပည္သူ သြားလာရာမွာ အသုံးျပဳတဲ့ အေဝးေျပးကားေတြနဲ႔ မီးရထားေတြကို ဆက္လက္ ကန႔္သတ္ထားဦးမယ့္အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခ သတင္းေပးပို႔ထားပါတယ္။

ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြကို ဒီတပတ္ထဲ ျပန္လည္ေျပးဆြဲခြင့္ျပဳလိုက္ေပမဲ့ အမ်ားျပည္သူအသုံးျပဳေနၾကတဲ့ မီးရထားေတြနဲ႔ အေဝးေျပးကား လုပ္ငန္းေတြကိုေတာ့ ကန႔္သတ္ထားဦးမွာျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။ စက္တင္ဘာလကတည္းက ကန႔္သတ္ထားတဲ့ ခရီးသြားလာမႈေတြကို ျပန္လည္ေလွ်ာ့ေပါ့ရာမွာ ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ အဓိကထား စဥ္းစားေနရတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

"က်ေနာ္တို႔ ေရာဂါထိန္းခ်ဳပ္ေရး သေဘာကလည္း စပရိန္ပါတဲ့ ခုံကိုဖိတာနဲ႔ တူတယ္။ ဖိတဲ့အခ်ိန္မွာ အားသုံးဖိထားရတယ္။ ျပန္လႊတ္တဲ့ အခ်ိန္က အေရးႀကီးတယ္။ လႊတ္တဲ့ အခ်ိန္မွာ ရုတ္တရက္လႊတ္လိုက္တဲ့အခါက်ရင္ စပရိန္ကျပန္ကန္သလိုအင္အားနဲ႔ ျပန္ကန္ၿပီးေတာ့ တက္ရင္ မလြယ္ဘူးေပါ့ေနာ္။ အဲဒီေတာ့ ျဖည္းျဖည္းခ်င္းပဲ လႊတ္ရတဲ့ သေဘာမ်ိဳး ရွိတယ္။ စၿပီး ဦးစားေပးကက်ေတာ့ အရမ္းၾကီးလည္း မက်ယ္ဘူး၊ အရမ္းလူလြတ္ မသြားဖို႔ကိစၥေတြေပါ့ေနာ္။ ကားနဲ႔သြားတာနဲ႔၊ ေလယာဥ္ေတြနဲ႔သြားတာနဲ႔ တရက္တရက္စဥ္းသာစဥ္းစားၾကည့္ေပါ့ တရက္တရက္။ ခုဏ ေရာဂါထိန္းခ်ဳပ္ေရး နိယာမ သေဘာတရားကေတာ့ ျဖည္းျဖည္းခ်င္းပဲ လႊတ္ရတဲ့ သေဘာရွိပါတယ္။"

ကပ္ေရာဂါကူးစက္မႈေတြ တိုးလာရာက ခရီးသြားလာမႈေတြကို တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ တားျမစ္ထားေပမဲ့ ကုန္စည္စီးဆင္းမႈေတြမွာ ထိခိုက္မႈေတြမွာ သက္သာေအာင္ ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္အကူေတြကိုေတာ့ က်န္းမာေရးစစ္ေဆးၿပီး သြားလာခြင့္ ျပဳထားပါတယ္။

ခရီးသည္တင္ကားေတြ ကပ္ေရာဂါကာလ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ျပန္လည္ခြင့္ျပဳဖို႔လည္း တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕က ျပင္ဆင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာေတာ့ ခရီးသည္တင္ အေဝးေျပးကားေတြကို ဝင္ေရာက္ခြင့္ျပဳဖို႔ စီစဥ္ေနတယ္လို႔လည္း ရန္ကုန္တိုင္း ေအာင္မဂၤလာအေဝးေျပးဝင္းက အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင့္ဝင္းကေျပာပါတယ္။

"တိုင္း ေဒသႀကီး အစိုးရက ျပန္ခြင့္ျပဳတယ္။ ျပည္နယ္အစိုးရက လက္ခံတယ္။ ရန္ကုန္တိုင္းက လႊတ္ခ်င္တိုင္းလည္း ျပည္နယ္က လက္မခံရင္ အဆင္မေျပဘူး။ ရွင္းရွင္းေျပာရရင္ေတာ့ ခ်ိတ္ဆက္တာေပါ့။ ရခိုင္ျပည္နယ္ဆိုရင္ တနဂၤေႏြေန႔ဆို စစ္ေတြဘက္၊ တနလၤာကို စစ္ေတြဘက္ကို၊ တနလၤာနဲ႔ ဗုဒၶဟူးက်ေတာ့ ေတာင္ဂုတ္၊ သံတြဲတို႔ အဲဒီဘက္ကို ၂ ဖြဲ႕ခြဲလႊတ္တယ္။ ၃ ရက္ေပါ့ေနာ္ တနဂၤေႏြ၊ တနလၤာ၊ ဗုဒၶဟူး အဲဒီလိုေလးေတာ့ရွိတယ္။ ဒါကေတာ့ တရားဝင္ ခြင့္ျပဳတာေပါ့ေနာ္။"

ေရာဂါကူးစက္မႈ အဆိုးဆုံးႀကဳံေနရတဲ့ ရန္ကုန္တိုင္းထဲက အဓိက အေဝးေျပးကားဂိတ္ေတြျဖစ္တဲ့ ေအာင္မဂၤလာနဲ႔ ဒဂုံဧရာအေဝးေျပး ကားဝင္းေတြကေန တႏိုင္ငံလုံးကိုသြားလာေနတဲ့ ယာဥ္လိုင္းစုစုေပါင္း ၄၀၀ နီးပါးရွိၿပီး ကပ္ေရာဂါကာလမတိုင္ခင္ အခ်ိန္အထိ ေန႔စဥ္ခရီးသြား ၂၀,၀၀၀ ေလာက္ ရွိတယ္လို႔လည္း ရန္ကုန္တိုင္း အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႔က သတင္းထုတ္ျပန္ ထားပါတယ္။ ကပ္ေရာဂါႀကဳံခဲ့ရၿပီးေနာက္ အသြားအလာေတြ ကန႔္သတ္ထားခဲ့ၿပီးေနာက္ ကုန္စည္တင္ဖို႔အတြက္ ကားစင္းေရ ၂၀ ေလာက္သာ ေျပးဆြဲေနပါတယ္။

အမ်ားျပည္သူသြားလာရာမွာ အဓိကအသုံးျပဳတဲ့ မီးရထားလုပ္ငန္းေတြကိုလည္း အကန႔္အသတ္နဲ႔သာ ခြင့္ျပဳထားပါတယ္။ ေရာဂါကူးစက္မႈေတြ အမ်ားဆုံးႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕ပတ္ရထားေတြ တိုးခ်ဲ႕ေျပးဆြဲဖို႔ က်န္းမာေရးဝန္ႀကီးဌာနကို တင္ျပထားေပမဲ့ ခြင္ျပဳခ်က္မရေသးဘူးလို႔လည္း ျမန္မာႏိုင္ငံ မီးရထားလုပ္ငန္းက ၫႊန္ၾကားေရးမွဴး ဦးေက်ာ္စိုးလင္းကေျပာပါတယ္။

"ရထားေတြ တိုးေျပးဖို႔ ၫႊန္ၾကားခ်က္တစုံတရာ မရေသးဘူး။ ၿမိဳ႕ပတ္ကေတာ့ ၁၂ စီးကေန ၃၀ ေပါ့ ေျပးဖို႔။ တိုင္းမန္ေနဂ်ာကေန က်ေနာ္တို႔ဆီ တင္ေတာ့ က်ေနာ္တို႔က ဆက္တင္ထားတာ။ အဓိကကေတာ့ ရံုးခ်ိန္ေပါ့ေနာ္။ ရံုးခ်ိန္ေတြမွာ social distancing မရဘူးေပါ့။ ခရီးသည္ နည္းနည္းမ်ားတယ္။ ၁၂ စီးကေန ၃၀ ဆိုေတာ့ ရထား နည္းနည္းတိုးေျပးလိုက္ရင္ Social Distancing လည္း နည္းနည္းပိုေကာင္းမယ္ေပါ့ေနာ္။ အဲဒီ ရည္ရြယ္ခ်က္ပါ။ ရံုးတက္ ရံုးဆင္းခ်ိန္ေလးကို ၾကည့္ၿပီးေတာ့ တိုင္းမန္ေနဂ်ာက ရန္ကုန္တိုင္း အေျခအေနကို က်ေနာ္တို႔ဆီ တင္ျပေတာ့ က်ေနာ္တို႔က ဆက္တင္ေပးထားတာရွိတယ္။ က်န္တဲ့ အေဝးေျပးကေတာ့ မရွိဘူးဗ်။"

ကပ္ေရာဂါမတိုင္ခင္အခ်ိန္အထိ ရန္ကုန္ကေန ေျပးဆဲြေနတဲ့ မႏၲေလး၊ ျပည္၊ ေမာ္လၿမိဳင္၊ ပဲခူး၊ ပုဂံ၊ ဥကၠံ၊ ၾကည့္ျမင္တိုင္- သာရေဝါ၊ ၾကည့္ျမင္တိုင္- ျပည္ စတဲ့ ရထားခရီးစဥ္ ၁၁ ခုကိုေတာ့ ရပ္နားထားဆဲျဖစ္ပါတယ္။ မႏၲေလးတိုင္းမွာေတာ့ မႏၲေလး- ျမစ္ႀကီးနား၊ မႏၲေလး- လားရႈိး စတဲ့ ရထား ခရီးစဥ္ ၆ ေၾကာင္းကို ဆက္လက္ေျပးဆြဲေပးေနေပမဲ့ လတ္တေလာ ေနာက္ထပ္တိုးခ်ဲ႕ဖို႔ အစီအစဥ္ မရွိေသးဘူးလို႔လည္းေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၂၀၀ ေက်ာ္နဲ႔၊ ကူးစက္သူအတည္ျပဳလူနာေပါင္းကေတာ့ ၁၀၈,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရထားနဲ့ အဝေးပြေးခရီးသည်တင်ကား ကန့်သတ်မှုတွေ ဆက်ထားမည်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အများပြည်သူ သွားလာရာမှာ အသုံးပြုတဲ့ အဝေးပြေးကားတွေနဲ့ မီးရထားတွေကို ဆက်လက် ကန့်သတ်ထားဦးမယ့်အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ဒီတပတ်ထဲ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပေမဲ့ အများပြည်သူအသုံးပြုနေကြတဲ့ မီးရထားတွေနဲ့ အဝေးပြေးကား လုပ်ငန်းတွေကိုတော့ ကန့်သတ်ထားဦးမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စက်တင်ဘာလကတည်းက ကန့်သတ်ထားတဲ့ ခရီးသွားလာမှုတွေကို ပြန်လည်လျှော့ပေါ့ရာမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် အဓိကထား စဉ်းစားနေရတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

"ကျနော်တို့ ရောဂါထိန်းချုပ်ရေး သဘောကလည်း စပရိန်ပါတဲ့ ခုံကိုဖိတာနဲ့ တူတယ်။ ဖိတဲ့အချိန်မှာ အားသုံးဖိထားရတယ်။ ပြန်လွှတ်တဲ့ အချိန်က အရေးကြီးတယ်။ လွှတ်တဲ့ အချိန်မှာ ရုတ်တရက်လွှတ်လိုက်တဲ့အခါကျရင် စပရိန်ကပြန်ကန်သလိုအင်အားနဲ့ ပြန်ကန်ပြီးတော့ တက်ရင် မလွယ်ဘူးပေါ့နော်။ အဲဒီတော့ ဖြည်းဖြည်းချင်းပဲ လွှတ်ရတဲ့ သဘောမျိုး ရှိတယ်။ စပြီး ဦးစားပေးကကျတော့ အရမ်းကြီးလည်း မကျယ်ဘူး၊ အရမ်းလူလွတ် မသွားဖို့ကိစ္စတွေပေါ့နော်။ ကားနဲ့သွားတာနဲ့၊ လေယာဉ်တွေနဲ့သွားတာနဲ့ တရက်တရက်စဉ်းသာစဉ်းစားကြည့်ပေါ့ တရက်တရက်။ ခုဏ ရောဂါထိန်းချုပ်ရေး နိယာမ သဘောတရားကတော့ ဖြည်းဖြည်းချင်းပဲ လွှတ်ရတဲ့ သဘောရှိပါတယ်။"

ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက ခရီးသွားလာမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တားမြစ်ထားပေမဲ့ ကုန်စည်စီးဆင်းမှုတွေမှာ ထိခိုက်မှုတွေမှာ သက်သာအောင် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အကူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး သွားလာခွင့် ပြုထားပါတယ်။

ခရီးသည်တင်ကားတွေ ကပ်ရောဂါကာလ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ခွင့်ပြုဖို့လည်း တိုင်းနဲ့ပြည်နယ်တချို့က ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ ခရီးသည်တင် အဝေးပြေးကားတွေကို ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့လည်း ရန်ကုန်တိုင်း အောင်မင်္ဂလာအဝေးပြေးဝင်းက အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းကပြောပါတယ်။

"တိုင်း ဒေသကြီး အစိုးရက ပြန်ခွင့်ပြုတယ်။ ပြည်နယ်အစိုးရက လက်ခံတယ်။ ရန်ကုန်တိုင်းက လွှတ်ချင်တိုင်းလည်း ပြည်နယ်က လက်မခံရင် အဆင်မပြေဘူး။ ရှင်းရှင်းပြောရရင်တော့ ချိတ်ဆက်တာပေါ့။ ရခိုင်ပြည်နယ်ဆိုရင် တနင်္ဂနွေနေ့ဆို စစ်တွေဘက်၊ တနင်္လာကို စစ်တွေဘက်ကို၊ တနင်္လာနဲ့ ဗုဒ္ဓဟူးကျတော့ တောင်ဂုတ်၊ သံတွဲတို့ အဲဒီဘက်ကို ၂ ဖွဲ့ခွဲလွှတ်တယ်။ ၃ ရက်ပေါ့နော် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး အဲဒီလိုလေးတော့ရှိတယ်။ ဒါကတော့ တရားဝင် ခွင့်ပြုတာပေါ့နော်။"

ရောဂါကူးစက်မှု အဆိုးဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက အဓိက အဝေးပြေးကားဂိတ်တွေဖြစ်တဲ့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေး ကားဝင်းတွေကနေ တနိုင်ငံလုံးကိုသွားလာနေတဲ့ ယာဉ်လိုင်းစုစုပေါင်း ၄၀၀ နီးပါးရှိပြီး ကပ်ရောဂါကာလမတိုင်ခင် အချိန်အထိ နေ့စဉ်ခရီးသွား ၂၀,၀၀၀ လောက် ရှိတယ်လို့လည်း ရန်ကုန်တိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ကပ်ရောဂါကြုံခဲ့ရပြီးနောက် အသွားအလာတွေ ကန့်သတ်ထားခဲ့ပြီးနောက် ကုန်စည်တင်ဖို့အတွက် ကားစင်းရေ ၂၀ လောက်သာ ပြေးဆွဲနေပါတယ်။

အများပြည်သူသွားလာရာမှာ အဓိကအသုံးပြုတဲ့ မီးရထားလုပ်ငန်းတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုထားပါတယ်။ ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားတွေ တိုးချဲ့ပြေးဆွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြထားပေမဲ့ ခွင်ပြုချက်မရသေးဘူးလို့လည်း မြန်မာနိုင်ငံ မီးရထားလုပ်ငန်းက ညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းကပြောပါတယ်။

"ရထားတွေ တိုးပြေးဖို့ ညွှန်ကြားချက်တစုံတရာ မရသေးဘူး။ မြို့ပတ်ကတော့ ၁၂ စီးကနေ ၃၀ ပေါ့ ပြေးဖို့။ တိုင်းမန်နေဂျာကနေ ကျနော်တို့ဆီ တင်တော့ ကျနော်တို့က ဆက်တင်ထားတာ။ အဓိကကတော့ ရုံးချိန်ပေါ့နော်။ ရုံးချိန်တွေမှာ social distancing မရဘူးပေါ့။ ခရီးသည် နည်းနည်းများတယ်။ ၁၂ စီးကနေ ၃၀ ဆိုတော့ ရထား နည်းနည်းတိုးပြေးလိုက်ရင် Social Distancing လည်း နည်းနည်းပိုကောင်းမယ်ပေါ့နော်။ အဲဒီ ရည်ရွယ်ချက်ပါ။ ရုံးတက် ရုံးဆင်းချိန်လေးကို ကြည့်ပြီးတော့ တိုင်းမန်နေဂျာက ရန်ကုန်တိုင်း အခြေအနေကို ကျနော်တို့ဆီ တင်ပြတော့ ကျနော်တို့က ဆက်တင်ပေးထားတာရှိတယ်။ ကျန်တဲ့ အဝေးပြေးကတော့ မရှိဘူးဗျ။"

ကပ်ရောဂါမတိုင်ခင်အချိန်အထိ ရန်ကုန်ကနေ ပြေးဆွဲနေတဲ့ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ ပဲခူး၊ ပုဂံ၊ ဥက္ကံ၊ ကြည့်မြင်တိုင်- သာရဝေါ၊ ကြည့်မြင်တိုင်- ပြည် စတဲ့ ရထားခရီးစဉ် ၁၁ ခုကိုတော့ ရပ်နားထားဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းမှာတော့ မန္တလေး- မြစ်ကြီးနား၊ မန္တလေး- လားရှိုး စတဲ့ ရထား ခရီးစဉ် ၆ ကြောင်းကို ဆက်လက်ပြေးဆွဲပေးနေပေမဲ့ လတ်တလော နောက်ထပ်တိုးချဲ့ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်းပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်နဲ့၊ ကူးစက်သူအတည်ပြုလူနာပေါင်းကတော့ ၁၀၈,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG