သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရမႈေနာက္ဆုံးအေျခအေန


ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ လူနာေတြကို ကုသမႈေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Ministry of Health and Sports - ႏိုဝင္ဘာ ၃၀ ၊ ၂၀၂၀)

{{Zawgyi/Unicode}}

ျမန္မာနိုင္ငံမွာ မေန႔ တုန္းကလည္း ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ တစ္ေထာင္ေက်ာ္ ထပ္မံ ေတြ႕ရွိခဲ့ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ဒီဇင္ဘာ၁၅ ရက္ေန႔ အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၂၃,၈၇၄ ခု စစ္ေဆးခဲ့ အထဲက ကူးစက္ခံရသူ ၁,၁၅၅ ဦး ေတြ႕ရွိခဲ့တာပါ။ ဒါေၾကာင့္ ေရာဂါကူးစက္သူစုစုေပါင္း ၁၁၀,၆၆၇ ေယာက္ရွိၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID – 19 ေၾကာင့္ ေသဆုံးသူက ၂၇ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူ စုစုေပါင္းက ၂,၃၁၉ ဦး ရွိၿပီျဖစ္ ပါတယ္။

မတ္လ ေႏွာင္းပိုင္းက စလို႔ ဓါတ္ခြဲနမူနာ ၁ သန္း ၄ သိန္း ၈ ေသာင္းေက်ာ္ စစ္ေဆးခဲ့တာပါ။

ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ့မႈေတြကို ဆက္ၿပီး ထိန္းခ်ဳပ္နိုင္ဖို႔အတြက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ အစိုးရက ခ်မွတ္ထားတဲ့ ညႊန္ၾကားခ်က္ေတြ၊ အမိန႔္ ေၾကာ္ျငာစာေတြကို ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ရက္တိုးသတ္မွတ္ထားေပမယ့္ ျပည္တြင္းေလေၾကာင္းလိုင္း ခရီးစဥ္ေတြကိုေတာ့ ဒီကေန႔ကစၿပီး ျပန္လည္ ေျပးဆြဲခြင့္ျပဳထားပါတယ္။

ေလေၾကာင္းလိုင္းေတြ၊ ေလဆိပ္ဝန္ထမ္းေတြနဲ႔ ေလယာဥ္စီး ခရီးသည္ေတြလိုက္နာရမယ့္ က်န္းမာေရး စံသတ္မွတ္ခ်က္ေတြ Standard Operation Procedure – SOP ကိုလည္း က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားပါတယ္။

...............................................

{{Unicode}}
မြန်မာနိုင်ငံမှာ မနေ့ တုန်းကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်ထောင်ကျော် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ၁၅ ရက်နေ့ အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၃,၈၇၄ ခု စစ်ဆေးခဲ့ အထဲက ကူးစက်ခံရသူ ၁,၁၅၅ ဦး တွေ့ရှိခဲ့တာပါ။ ဒါကြောင့် ရောဂါကူးစက်သူစုစုပေါင်း ၁၁၀,၆၆၇ ယောက်ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၂၇ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်းက ၂,၃၁၉ ဦး ရှိပြီဖြစ် ပါတယ်။

မတ်လ နှောင်းပိုင်းက စလို့ ဓါတ်ခွဲနမူနာ ၁ သန်း ၄ သိန်း ၈ သောင်းကျော် စစ်ဆေးခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေ၊ အမိန့် ကြော်ငြာစာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပေမယ့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကိုတော့ ဒီကနေ့ကစပြီး ပြန်လည် ပြေးဆွဲခွင့်ပြုထားပါတယ်။

လေကြောင်းလိုင်းတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီး ခရီးသည်တွေလိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တွေ Standard Operation Procedure – SOP ကိုလည်း ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG