သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကုိ UNHCR က ကုိဗစ္ စမ္းသပ္ကိရိယာ ငါးေသာင္းလွဴ


UNHCR က ကိုဗစ္ကုသေရးအတြက္ကူညီ

{{Zawgyi/Unicode}}

ျမန္မာနိုင္ငံရဲ့COVID 19ကပ္ေရာဂါ တုန္႔ျပန္တိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ အသုံးျပဳနိုင္ဖို႔အတြက္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က COVID19 စမ္းသပ္ကိရိယာ PCR ၅၀,၀၀၀ ကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကို လွဴဒါန္းပါတယ္။

ျမန္မာျပည္သူ သန္းေပါင္းမ်ားစြာရဲ့ ဘဝေတြအေပၚ COVID 19ကပ္ေရာဂါရဲ့ သက္ေရာက္မႈေတြ ဆက္လက္ရွိေနတာေၾကာင့္ အခုလိုလႉဒါန္းရတာ ျဖစ္ေၾကာင္းနဲ႔ ဇူလိုင္လအတြင္းကလည္း UNHCR အေနနဲ႔ ကမၻာ့ စားနပ္ရိကၡာအဖြဲ႕ (WFP) နဲ႔ ပူးေပါင္းၿပီးစမ္းသပ္ကိရိယာ ၂၀, ၀၀၀ ေပးအပ္ခဲ့ေၾကာင္း UNHCR ရဲ့ သတင္းထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ကုလသမဂၢအဖြဲအစည္းတစ္ရပ္လုံး အေနနဲ႔ဆိုရင္ေတာ့ ျမန္မာနိုင္ငံကိုအခုအခ်ိန္အထိ စမ္းသပ္ကိရိယာ ၁၄၅,၀၀၀ လႉဒါန္းေပးအပ္ ခဲ့ၿပီးၿပီလို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ UNHCR အေနနဲ႔ COVID 19 တုန္႔ျပန္တိုက္ဖ်က္ေရး ျမန္မာနိုင္ငံရဲ့ အားထုတ္ႀကိဳးပမ္းမႈေတြကို ဆက္လက္ ေထာက္ခံအား ေပးသြားမွာ ျဖစ္သလို ဒီ အားထုတ္မႈထဲ အကာအကြယ္မဲ့ အားနည္းတဲ့ လူမႈအသိုင္းအဝိုင္းေတြ ခ်န္ရစ္ထား မခံရေစေရး အတြက္ ႀကိဳးပမ္းေနတယ္လို႔လည္း ေျပာပါတယ္။

ဒီအေတာအတြင္း ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁,၁၈၂ ေယာက္ ထပ္တိုးေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ့ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ေသဆုံးသူကလည္း ၃၁ ေယာက္ ထပ္တိုးခဲ့ပါတယ္။ရက္အတန္ၾကာ အတြင္း ပထမဆုံးအႀကိမ္ ေသဆုံးသူအေရအတြက္အေယာက္ ၃ဝ ေက်ာ္တာ ျဖစ္ပါတယ္။ မေန႔ကအထိ COVID 19 ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၂,၃၇၇ ဦး ရွိၿပီး ေရာဂါပိုး ကူးစက္သူ ေပါင္းက ၁၁၃,၀၈၂ ဦး ရွိၿပီ ျဖစ္ပါတယ္။

.....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံရဲ့COVID 19ကပ်ရောဂါ တုန့်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က COVID19 စမ်းသပ်ကိရိယာ PCR ၅၀,၀၀၀ ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို လှူဒါန်းပါတယ်။

မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေအပေါ် COVID 19ကပ်ရောဂါရဲ့ သက်ရောက်မှုတွေ ဆက်လက်ရှိနေတာကြောင့် အခုလိုလှူဒါန်းရတာ ဖြစ်ကြောင်းနဲ့ ဇူလိုင်လအတွင်းကလည်း UNHCR အနေနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ ပူးပေါင်းပြီးစမ်းသပ်ကိရိယာ ၂၀, ၀၀၀ ပေးအပ်ခဲ့ကြောင်း UNHCR ရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကုလသမဂ္ဂအဖွဲအစည်းတစ်ရပ်လုံး အနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံကိုအခုအချိန်အထိ စမ်းသပ်ကိရိယာ ၁၄၅,၀၀၀ လှူဒါန်းပေးအပ် ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် UNHCR အနေနဲ့ COVID 19 တုန့်ပြန်တိုက်ဖျက်ရေး မြန်မာနိုင်ငံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအား ပေးသွားမှာ ဖြစ်သလို ဒီ အားထုတ်မှုထဲ အကာအကွယ်မဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေ ချန်ရစ်ထား မခံရစေရေး အတွက် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၁၈၂ ယောက် ထပ်တိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

သေဆုံးသူကလည်း ၃၁ ယောက် ထပ်တိုးခဲ့ပါတယ်။ရက်အတန်ကြာ အတွင်း ပထမဆုံးအကြိမ် သေဆုံးသူအရေအတွက်အယောက် ၃၀ ကျော်တာ ဖြစ်ပါတယ်။ မနေ့ကအထိ COVID 19 ကြောင့် သေဆုံးသူ စုစုပေါင်း ၂,၃၇၇ ဦး ရှိပြီး ရောဂါပိုး ကူးစက်သူ ပေါင်းက ၁၁၃,၀၈၂ ဦး ရှိပြီ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG