သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

UWSA ထိန္းခ်ဳပ္ေဒသတြင္း ကိုဗစ္ေရာဂါ ကူးစက္သူ ပထမဆံုးေတြ႔


WA အထူးေဒသဓာတ္ခြဲခန္း - သတင္းဓာတ္ပံု- WSTV- U Nyi Rang.

(ZAWGYI/UNICODE) တရုတ္ျမန္မာနယ္စပ္က UWSA ၀လက္နက္ကိုင္အဖဲြ႔ ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ ပထမဆံုး Covid 19 ကူးစက္လူနာ ၂ေယာက္ေတြ႔ရိွတဲ့အေၾကာင္း နဲ႔ မုိင္းလားေဒသဘက္မွာလည္း ကူးစက္မႈမရိွေအာင္ တင္းတင္းက်ပ္က်ပ္ စစ္ေဆးေဆာင္ရြက္ေနတဲ့ အေၾကာင္း VOA ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္ တင္ျပထားပါတယ္။

ဒီလ ၁၅ ရက္ေန႔က တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွာ Covid 19 ေရာဂါပိုးကူးစက္သူ ေတြ႔ရိွခဲ့ၿပီး အဲဒီလူဟာ ရွမ္းျပည္နယ္အေရွ႔ပိုင္း မုိင္းလားနဲ႔ ၀နယ္ေျမကို သြားေရာက္ခဲ့တဲ့ ခရီးသြား ရာဇ၀င္ရိွတာေၾကာင့္ မုိင္းလားနဲ႔ ၀ေဒသေတြမွာ က်န္းမာေရးစစ္ေဆးတာေတြကို တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေနၾကပါတယ္။

UWSA အဖြဲ႔ Covid 19 ေရာဂါထိန္းခ်ဳပ္ေရးေကာ္မတီရဲ့ ဒီလ ၁၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရ မိုင္းေပါက္ၿမိဳ႔မွာ ကိုဗစ္လူနာ ၂ဦးေတြ႔ရိွေၾကာင္း UWSA လားရိႈးဆက္ဆံေရးရံုး တာ၀န္ခံ ဦးညီရန္းက ေျပာပါတယ္။

“ဒီ Covid ထိန္းခ်ဳပ္ေရးေကာ္မတီထုတ္ျပန္ခ်က္အရေပါ့ေနာ္၊ ဒီက်ေနာ္တုိ႔ မုိင္းေပါက္မွာေပါ့ ဒီ Positive လူနာ ၂ေယာက္ေတာ့ ေတြ႔ရတယ္ေပါ့ေနာ္။ သူနဲ႔ ထိေတြ႔ခဲ့တဲ့လူ Contact ေတြေပါ့ေနာ္ အဲဒါ အေယာက္ ၃၀၀ေက်ာ္ကိုလည္း Quarantine သီးျခားထားထားတာေတာ့ ရိွတယ္ေနာ္။”

တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွာ Covid 19 ေရာဂါစစ္ေဆးေတြ႔ရိွသူဟာ စက္တင္ဘာလကေန ဒီလ ၈ ရက္ေန႔အထိ မိုင္းလားၿမိဳ႔မွာ ေနထိုင္ခဲ့ေၾကာင္း၊ အဲဒီေနာက္မွာ ၀ထိန္းခ်ဳပ္နယ္ေျမ မုိင္းေပါက္နဲ႔ ပန္ဆန္းၿမိဳ႔ကို သြားေရာက္ခဲ့ၿပီး ပန္ဆန္းကတဆင့္ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္ကို သြားေရာက္ခဲ့တာျဖစ္ေၾကာင္း မိုင္းလားအဖဲြ႔က သတင္းထုတ္ျပန္ပါတယ္။ ယူနန္ျပည္နယ္ ေရာဂါထိန္းခ်ဳပ္ေရးဗဟုိဌာနက ေရာဂါပိုးေတြ႔ရိွသူရဲ့ ခရီးသြားရာဇ၀င္ကို ၀နဲ႔ မုိင္းလားေဒသကို အေၾကာင္းၾကားခဲ့တာပါ။

မိုင္းလားေဒသမွာ ေရာဂါပိုးေတြ႔သူ တရုတ္ႏိုင္ငံသားနဲ႔ ဆက္စပ္သူ ၁ေသာင္းေလာက္ကို စစ္ေဆးမႈေတြ ေဆာင္ရြက္ခဲ့ေၾကာင္းနဲ႔ လက္ရိွမွာ ေနာက္ထပ္ ပိုးေတြ႔သူမရိွေသးေၾကာင္း NDAA မိုင္းလားအဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဦးၾကည္ျမင့္က ေျပာပါတယ္။

“က်ေနာ္တုိ႔ သတင္းရရျခင္းပဲ က်ေနာ္တုိ႔ဘက္မွာ သက္ဆုိင္တဲ့ ၀နဲ႔ သက္ဆုိင္တဲ့ေနရာ၊ တရုတ္ျပည္ က်ေနာ္တို႔ လုပ္ငန္းတာ၀န္ခံေတြ အားလံုးကို ျပန္စစ္ေဆးတယ္။ ေနာက္ၿပီးမွ ဒီ က်ေနာ္တုိ႔ မိုင္းလားမွာ လာေနဖူးတဲ့ေနရာ၊ ဆက္ဆံခဲ့တဲ့လူ အားလံုးနဲ႔ စစ္ေဆးတယ္။ အဲဒါျပင္ က်ေနာ္တုိ႔ စိတ္မခ်ေသးဘူး။ က်ေနာ္တုိ႔ဟာ မိုင္းလားမွာ သူနဲ႔ ပတ္သက္တဲ့သူနဲ႔ ထပ္ဆင့္ ပတ္သက္တဲ့လူနဲ႔ ေနာက္ ထပ္ ထပ္ဆင့္ ပတ္သက္တဲ့လူနဲ႔ အားလံုးေပါင္း တစ္ေသာင္းနီးပါးေလာက္ရိွတယ္။ အဲဒါ တိုးခ်ဲ႔ၿပီးမွ ႏွစ္ေသာင္းေလာက္ က်ေနာ္တုိ႔ ထပ္စစ္ေဆးေနတယ္။ အခု တစ္ေသာင္းေက်ာ္ရိွၿပီ ေနာက္တစ္ေသာင္းထပ္စစ္မယ္။ အခုထိေတာ့ ဘာမွ မေတြ႔ေသးဘူး။ ”

ေလာေလာဆည္မွာေတာ့ မိုင္းလားေဒသအတြင္း လူ၀င္လူထြက္ေတြကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ေဆာင္ရြက္ေနေၾကာင္းလည္း ဦးၾကည္ျမင့္က အခုလို ဆက္ေျပာပါတယ္။

“ တစ္ေယာက္ေယာက္ ခုိး၀င္လာလုိ႔ရိွရင္ သတင္းလာပို႔လို႔ရိွရင္ က်ေနာ္တို႔ တရုတ္ေငြ ယြမ္ေငြ ၈ေထာင္ေပးမယ္။ ေနာက္ၿပီးမွ ဖမ္းၿပီး လာပို႔ေပးမယ္ဆုိရင္ ၁ေသာင္းခ်ီးျမွင့္ေပးမယ္။ နယ္စပ္က ရိွတဲ့လူေတြအားလံုးနဲ႔ ေၾကညာထားတယ္။ ထုတ္ထားတယ္။ အားလံုးက တက္တက္ၾကြၾကြပါ၀င္ၿပီးမွ ပိတ္ဆို႔ေနတာ။ က်ေနာ္တုိ႔ နယ္စပ္ေဒသမွာ ဆုိလုိ႔ရိွရင္ေတာ့ က်ေနာ္တုိ႔ ကုသေရးအင္အားက အားငယ္တာကိုး။ အဲဒါနဲ႔ ပိုၿပီး သတိထားရမွာကိုး။ ”

ေလာေလာဆည္မွာေတာ့ ၀၊ မုိင္းလားနဲ႔ တရုတ္ႏိုင္ငံတုိ႔ ပူးေပါင္းၿပီး ေရာဂါရွာေဖြ၊ ထိန္းခ်ဳပ္ေရးကို ေဆာင္ရြက္ေနပါတယ္။၀နဲ႔ မုိင္းလားေဒသဟာ ဒီႏွစ္ဆန္းပိုင္း တရုတ္ႏိုင္ငံမွာ Covid 19 စတင္ျဖစ္ပြားခ်ိန္တည္းက ေရာဂါမကူးစက္ေအာင္ လုိက္နာရမယ့္ စည္းကမ္းေတြကို ၾကပ္ၾကပ္မတ္မတ္ထုတ္ျပန္ခဲ့သလို လူ၀င္လူထြက္စစ္ေဆးတာေတြကိုလည္း တင္းတင္းက်ပ္က်ပ္ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(UNICODE) တရုတ်မြန်မာနယ်စပ်က UWSA ဝလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပထမဆုံး Covid 19 ကူးစက်လူနာ ၂ယောက်တွေ့ရှိတဲ့အကြောင်း နဲ့ မိုင်းလားဒေသဘက်မှာလည်း ကူးစက်မှုမရှိအောင် တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေတဲ့ အကြောင်း VOA မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် တင်ပြထားပါတယ်။

ဒီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ Covid 19 ရောဂါပိုးကူးစက်သူ တွေ့ရှိခဲ့ပြီး အဲဒီလူဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနဲ့ ဝနယ်မြေကို သွားရောက်ခဲ့တဲ့ ခရီးသွား ရာဇဝင်ရှိတာကြောင့် မိုင်းလားနဲ့ ဝဒေသတွေမှာ ကျန်းမာရေးစစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြပါတယ်။

UWSA အဖွဲ့ Covid 19 ရောဂါထိန်းချုပ်ရေးကော်မတီရဲ့ ဒီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မိုင်းပေါက်မြို့မှာ ကိုဗစ်လူနာ ၂ဦးတွေ့ရှိကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

“ဒီ Covid ထိန်းချုပ်ရေးကော်မတီထုတ်ပြန်ချက်အရပေါ့နော်၊ ဒီကျနော်တို့ မိုင်းပေါက်မှာပေါ့ ဒီ Positive လူနာ ၂ယောက်တော့ တွေ့ရတယ်ပေါ့နော်။ သူနဲ့ ထိတွေ့ခဲ့တဲ့လူ Contact တွေပေါ့နော် အဲဒါ အယောက် ၃၀၀ကျော်ကိုလည်း Quarantine သီးခြားထားထားတာတော့ ရှိတယ်နော်။”

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ Covid 19 ရောဂါစစ်ဆေးတွေ့ရှိသူဟာ စက်တင်ဘာလကနေ ဒီလ ၈ ရက်နေ့အထိ မိုင်းလားမြို့မှာ နေထိုင်ခဲ့ကြောင်း၊ အဲဒီနောက်မှာ ဝထိန်းချုပ်နယ်မြေ မိုင်းပေါက်နဲ့ ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး ပန်ဆန်းကတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ကြောင်း မိုင်းလားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ရောဂါပိုးတွေ့ရှိသူရဲ့ ခရီးသွားရာဇဝင်ကို ဝနဲ့ မိုင်းလားဒေသကို အကြောင်းကြားခဲ့တာပါ။

မိုင်းလားဒေသမှာ ရောဂါပိုးတွေ့သူ တရုတ်နိုင်ငံသားနဲ့ ဆက်စပ်သူ ၁သောင်းလောက်ကို စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ကြောင်းနဲ့ လက်ရှိမှာ နောက်ထပ် ပိုးတွေ့သူမရှိသေးကြောင်း NDAA မိုင်းလားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။

“ကျနော်တို့ သတင်းရရခြင်းပဲ ကျနော်တို့ဘက်မှာ သက်ဆိုင်တဲ့ ဝနဲ့ သက်ဆိုင်တဲ့နေရာ၊ တရုတ်ပြည် ကျနော်တို့ လုပ်ငန်းတာဝန်ခံတွေ အားလုံးကို ပြန်စစ်ဆေးတယ်။ နောက်ပြီးမှ ဒီ ကျနော်တို့ မိုင်းလားမှာ လာနေဖူးတဲ့နေရာ၊ ဆက်ဆံခဲ့တဲ့လူ အားလုံးနဲ့ စစ်ဆေးတယ်။ အဲဒါပြင် ကျနော်တို့ စိတ်မချသေးဘူး။ ကျနော်တို့ဟာ မိုင်းလားမှာ သူနဲ့ ပတ်သက်တဲ့သူနဲ့ ထပ်ဆင့် ပတ်သက်တဲ့လူနဲ့ နောက် ထပ် ထပ်ဆင့် ပတ်သက်တဲ့လူနဲ့ အားလုံးပေါင်း တစ်သောင်းနီးပါးလောက်ရှိတယ်။ အဲဒါ တိုးချဲ့ပြီးမှ နှစ်သောင်းလောက် ကျနော်တို့ ထပ်စစ်ဆေးနေတယ်။ အခု တစ်သောင်းကျော်ရှိပြီ နောက်တစ်သောင်းထပ်စစ်မယ်။ အခုထိတော့ ဘာမှ မတွေ့သေးဘူး။ ”

လောလောဆည်မှာတော့ မိုင်းလားဒေသအတွင်း လူဝင်လူထွက်တွေကို ပိုပြီး တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေကြောင်းလည်း ဦးကြည်မြင့်က အခုလို ဆက်ပြောပါတယ်။

“ တစ်ယောက်ယောက် ခိုးဝင်လာလို့ရှိရင် သတင်းလာပို့လို့ရှိရင် ကျနော်တို့ တရုတ်ငွေ ယွမ်ငွေ ၈ထောင်ပေးမယ်။ နောက်ပြီးမှ ဖမ်းပြီး လာပို့ပေးမယ်ဆိုရင် ၁သောင်းချီးမြှင့်ပေးမယ်။ နယ်စပ်က ရှိတဲ့လူတွေအားလုံးနဲ့ ကြေညာထားတယ်။ ထုတ်ထားတယ်။ အားလုံးက တက်တက်ကြွကြွပါဝင်ပြီးမှ ပိတ်ဆို့နေတာ။ ကျနော်တို့ နယ်စပ်ဒေသမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့ ကုသရေးအင်အားက အားငယ်တာကိုး။ အဲဒါနဲ့ ပိုပြီး သတိထားရမှာကိုး။ ”

လောလောဆည်မှာတော့ ဝ၊ မိုင်းလားနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းပြီး ရောဂါရှာဖွေ၊ ထိန်းချုပ်ရေးကို ဆောင်ရွက်နေပါတယ်။ဝနဲ့ မိုင်းလားဒေသဟာ ဒီနှစ်ဆန်းပိုင်း တရုတ်နိုင်ငံမှာ Covid 19 စတင်ဖြစ်ပွားချိန်တည်းက ရောဂါမကူးစက်အောင် လိုက်နာရမယ့် စည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်ထုတ်ပြန်ခဲ့သလို လူဝင်လူထွက်စစ်ဆေးတာတွေကိုလည်း တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG