(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၉၈၉ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူက ၂၆ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေသဆုံးသူေတြထဲမွာ ၄ ေယာက္က ေရာဂါအခံမရွိသူေတြ ျဖစ္တယ္ဆိုတာ ထုတ္ျပန္ခ်က္အရ ေတြ႔ရပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၂၂,၅၉၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၅၇၄,၁၂၈ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၄၂၄ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၁၅,၁၈၇ ဦး ရွိသြားပါၿပီ။
ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၁,၂၀၂ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၉၄,၁၁၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။
ဒီကေန႔ကိန္းဂဏန္းေတြကို မေန႔ကနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ စစ္ေဆးတဲ့အေရအတြက္ ပိုနည္းၿပီး ကူးစက္သူအေရအတြက္လည္း ပိုနည္းေပမယ့္ ေသဆုံးသူကေတာ့ ၅ ေယာက္ ပိုမ်ားပါတယ္။ ေရာဂါေပ်ာက္ကင္းသူ အေရအတြက္ကလည္း မေန႔ကထက္ ပိုနည္းေပမယ့္ ကူးစက္သူ အေရအတြက္ထက္ ေပ်ာက္ကင္းသူ အေရအတြက္က ပိုမ်ားတာကေတာ့ ရက္အေတာ္ၾကာအတြင္း ပထမဆုံးျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၄.၃၉ ရာခုိင္ႏႈန္းရွိၿပီး ျပန္ေကာင္းလာသူ ၈၁.၇၁ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၁ ရာခုိင္ႏႈန္း ရွိပါတယ္။
ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၄.၆၂ ရာခုိင္ႏႈန္း ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
--------------------------
(Unicode)
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၁၅,၁၈၇ ဦး၊ သေဆုံး ၂,၄၂၄ ဦး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၈၉ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၄ ယောက်က ရောဂါအခံမရှိသူတွေ ဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၂၂,၅၉၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၅၇၄,၁၂၈ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၄၂၄ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၅,၁၈၇ ဦး ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၂၀၂ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၄,၁၁၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ကိန်းဂဏန်းတွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့အရေအတွက် ပိုနည်းပြီး ကူးစက်သူအရေအတွက်လည်း ပိုနည်းပေမယ့် သေဆုံးသူကတော့ ၅ ယောက် ပိုများပါတယ်။ ရောဂါပျောက်ကင်းသူ အရေအတွက်ကလည်း မနေ့ကထက် ပိုနည်းပေမယ့် ကူးစက်သူ အရေအတွက်ထက် ပျောက်ကင်းသူ အရေအတွက်က ပိုများတာကတော့ ရက်အတော်ကြာအတွင်း ပထမဆုံးဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၄.၃၉ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၈၁.၇၁ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁ ရာခိုင်နှုန်း ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၄.၆၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။