သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁၁၄,၁၉၈ ဦး၊ ေသဆုံးသူ ၂,၃၉၈ ဦးရွိၿပီ


ျမန္မာႏုိင္ငံမွာ ကိုဗစ္ေၾကာင့္ အသက္ဆံုးရသူကို သၿဂိဳဟ္ ( ႏိုဝင္ဘာ ၂၅-၂၀၂၀)

(ZAWGYI/UNICODE) ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၁၁၆ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူက ၂၁ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေသဆုံးသူေတြထဲမွာ ၅ ေယာက္က ေရာဂါအခံမရွိသူေတြျဖစ္တယ္ဆိုတာ ထုတ္ျပန္ခ်က္အရ ေတြ႕ရပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၂၄,၅၀၁ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၅၅၁,၅၃၈ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူ အေရအတြက္က ၂,၃၉၈ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၁၄,၁၉၈ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၃၇၉ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၉၂,၉၁၆ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ဒီကေန႔ကိန္းဂဏန္းေတြကို မေန႔ကနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ စစ္ေဆးတဲ့အေရအတြက္ ပိုမ်ားၿပီး ကူးစက္သူအေရအတြက္ နည္းသလို ေသဆုံးသူလည္း ပိုနည္းပါတယ္။ ေရာဂါေပ်ာက္ကင္းသူအေရအတြက္ကလည္း မေန႔ကထက္ ပိုမ်ားပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၄.၅၅% ရွိၿပီး ျပန္ေကာင္းလာသူ ၈၁.၃၆% ၊ ေသဆုံးႏႈန္းက ၂.၀၉% ရွိပါတယ္။ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၇၆.၁၉% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(UNICODE) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၁၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၁ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာ ၅ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၂၄,၅၀၁ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၅၅၁,၅၃၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၃၉၈ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၄,၁၉၈ ဦး ရှိသွားပါပြီ။ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၃၇၉ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၂,၉၁၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီကနေ့ကိန်းဂဏန်းတွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့အရေအတွက် ပိုများပြီး ကူးစက်သူအရေအတွက် နည်းသလို သေဆုံးသူလည်း ပိုနည်းပါတယ်။ ရောဂါပျောက်ကင်းသူအရေအတွက်ကလည်း မနေ့ကထက် ပိုများပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၄.၅၅% ရှိပြီး ပြန်ကောင်းလာသူ ၈၁.၃၆% ၊ သေဆုံးနှုန်းက ၂.၀၉% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၆.၁၉% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG