သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၁,၁၈၂ ဦး၊ သေဆုံးသူ ၃၁ ယောက်ထပ်တိုး


ရန်ကုန်မြို့ရှိ လမ်းတခုတွင် ကိုဗစ် သံသယရှိသူများကို လာရောက် ခေါ်ယူတဲ့ ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုတွင် ကိုဗစ် သံသယရှိသူများကို လာရောက် ခေါ်ယူတဲ့ ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၈၂ ယောက် ထပ်တိုးပြီး သေဆုံးသူက ၃၁ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူအရေအတွက် အယောက် ၃၀ ကျော်ရှိတာဟာ ရက်အတန်ကြာအတွင်း ပထမဆုံးဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၃,၁၈၈ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၅၂၇,၀၃၇ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၃၇၇ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၃,၀၈၂ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၀၈၄ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၁,၅၃၇ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ကိန်းဂဏန်းတွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့အရေအတွက် အနည်းငယ်ပိုများပြီး ကူးစက်သူအရေအတွက် နည်းပြီးတော့ သေဆုံးသူက ပိုများပါတယ်။ ရောဂါပျောက်ကင်းသူအရေအတွက်ကလည်း အနည်းငယ် ပိုများပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၅.၁% ရှိပြီး ပြန်ကောင်းလာသူ ၈၁% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၆၇.၇% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

[Unicode Version]










XS
SM
MD
LG