သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူး ေရႊ႕ေျပာင္းလုပ္သားေတြရွိတဲ့ေနရာ ထိုင္းအာဏာပိုင္ေတြ ပိတ္ပင္ကန္႔သတ္


ပိတ္ဆုိ႔တားဆီးခံထားရတဲ့ ပန္းေရာင္ကြန္ဒုိ။ (ဓာတ္ပံု - က်န္းမာေရးေစတနာ၀န္ထမ္းတဦး - ဇန္နဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ အလယ္ပုိင္း ႏြန္ထဘူရီခ႐ိုင္က ျမန္မာအပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြ ေနထုိင္ရာအရပ္မွာ ကုိဗစ္ေရာဂါကူးစက္သူ အမ်ားအျပား စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ သြားလာလႈပ္ရွားမႈေတြကုိ တင္းတင္းၾကပ္ၾကပ္ ကန႔္သတ္တားျမစ္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ဘန္ေကာက္ျမိဳ႕နဲ ့ ၁၂ ကီလိုမီတာေလာက္သာ ကြာေ၀းတဲ့ ႏြန္ထဘူရီၿမိဳ႕က ဘန္႔ယိုင္ေစ်းမွာ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တာေၾကာင့္ အျမင့္ဆုံးအဆင့္အျဖစ္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လုိက္ၿပီး သံဆူးႀကိဳး အတားအဆီးေတြနဲ႔ပါ ကာရံထားလုိက္တာပါ။ အနီးအနားက ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြ ေနထုိင္တဲ့ ပန္းေရာင္ကြန္ဒုိလုိ႔ ေခၚၾကတဲ့ အေဆာက္အဦးကုိလည္း ဒီလလယ္ေလာက္အထိ ကန္႔သတ္ပိတ္ပင္လုိက္ၿပီး ေရာဂါပုိး စစ္ေဆးမႈေတြနဲ႔ ထိန္းခ်ဳပ္မႈေတြ လုပ္ေနတယ္လုိ႔လည္း ထိုင္းႏုိင္ငံအေျခစုိက္ ပညာေရးနဲ႔ ဖြံျဖိဳးတုိးတက္ေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

"သူတို႔က ႏြန္ထဘူ၇ီ ဘန္ယိုင္ Moo 5 Moo 6 ဆိုတဲ့ေနရာမွာ သံဆူးႀကိဳးေတြ ခ်လိုက္ျပီး ပိတ္လိုက္တာ Pink condo လို ့လည္းေခၚတယ္။ လူက အေတာ္အမ်ားႀကီးရွိတယ္။ အဓိက ျမန္မာနဲ႔ လာအို၀္ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားႀကီးရွိတယ္။ ေနထုိင္ၾကတယ္။ စစ္တပ္နဲ႔ ၿမိဳ႕ေတာ္၀န္သက္ဆုိင္ရာအာဏာပုိင္ေတြ ပိတ္လိုက္တာ၊ အဲဒီ မွာေနထုိင္တဲ့သူေတြထဲမွာ ကိုဗစ္ကူးစက္ထားသူေတြ ရွိလုိ႔ ပိတ္လုိက္တာ ၁၂ ရက္ေန႔ထိေတာ့ ပိ္တ္မယ္ဆုိတာအၾကမ္းဖ်င္းေျပာထားတယ္။ ဇန္န၀ါရီလ ၁၂ ထိ ပိတ္ထားမယ္။"

ျမန္မာႏုိင္ငံသား အမ်ားစု အပါအ၀င္ ကြန္ဒိုတိုက္ခန္းမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူေတြ စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားၿပီး တာ၀န္ရွိသူေတြက အစားအေသာက္နဲ ့ ေရေတြကို ေပးပုိ႔ေနေၾကာင္းလည္း ေဒသခံသတင္းေတြက ေဖာ္ျပၾကပါတယ္။ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ ဘန္႔ယုိင္အရပ္က လူေနကြန္ဒုိတုိက္နဲ႔ အဓိကေစ်း ၂ ခုကို ပိတ္ထားလုိက္သလုိ၊ ႏြန္ထဘူရီၿမိဳ႕ အ၀င္အထြက္ေတြကုိလည္း တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးကေျပာပါတယ္။

"အဲဒီမွာ ဘန္႔ယိုင္ေစ်းႀကီး ၂ ေစ်းကိုလည္းပိတ္ထားတယ္။ ေစ်း ႏွစ္ေစ်းကေတာ့အဲဒီ ေစ်းေတြက စမြတ္ဆာခြန္းခရိုင္ကို သြားထားတဲ့ သူေတြရွိတယ္။ အဲဒီလူေတြကို ေစ်းကို ဇန္န၀ါ၇ီလ ၄ရက္ေန့ထိ ပိတ္မယ္ ဘန္ေကာက္တုိ႔ ဘာတို႔ သြားထားတဲ့သူေတြက ေဆးေတြဘာေတြ လာစစ္ခိုင္းတယ္။ ျမိဳ႕အ၀င္မွာ ဂိတ္ခ်ထားျပီး QR ဘားကုတ္ေတြနဲ႔ scan ဖတ္ျပီး ေမာ္နီတာလုပ္ဖို႔ (ေစာင့္ၾကည့္ဖို႔) အဲဒါေတြလုပ္ထားပါတယ္။"

ျမန္မာႏုိင္ငံသား အမ်ားစုအပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကုိဗစ္ေရာဂါ ကူးစက္ခံထားရေၾကာင္း မၾကာေသးခင္ကပဲ စစ္ေဆးေတြ႔ရွိခဲ့တဲ့ စမြတ္စခြန္းခ႐ုိင္မွာေတာ့ ၿမိဳ႕ေတာ္၀န္ကုိယ္တုိင္ ေရာဂါကူးစက္ခံထားရၿပီး ေဆး႐ုံတင္ကုသေပးေနရတယ္လုိ႔လည္း ေဒသခံ သတင္းေတြက ေဖာ္ျပပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ေသဆံုးသူ ၆၁ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၆,၇၀၀ ေလာက္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ကူးစက္မႈအသစ္ေတြ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစုပါ၀င္ေနတာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ေသဆံုးသူ ၂,၆၀၀ ေက်ာ္နဲ႔ ကူးစက္သူအတည္ျပဳလူနာ ၁၂၄,၀၀၀ ေလာက္ထိ ရွိေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းၾကပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူး ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့နေရာ ထိုင်းအာဏာပိုင်တွေ ပိတ်ပင်ကန့်သတ်

ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထဘူရီခရိုင်က မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်ရာအရပ်မှာ ကိုဗစ်ရောဂါကူးစက်သူ အများအပြား စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်တားမြစ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်မြို့နဲ့ ၁၂ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ နွန်ထဘူရီမြို့က ဘန့်ယိုင်ဈေးမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမြင့်ဆုံးအဆင့်အဖြစ် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်ပြီး သံဆူးကြိုး အတားအဆီးတွေနဲ့ပါ ကာရံထားလိုက်တာပါ။ အနီးအနားက မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ ပန်းရောင်ကွန်ဒိုလို့ ခေါ်ကြတဲ့ အဆောက်အဦးကိုလည်း ဒီလလယ်လောက်အထိ ကန့်သတ်ပိတ်ပင်လိုက်ပြီး ရောဂါပိုး စစ်ဆေးမှုတွေနဲ့ ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"သူတို့က နွန်ထဘူရီ ဘန်ယိုင် Moo 5 Moo 6 ဆိုတဲ့နေရာမှာ သံဆူးကြိုးတွေ ချလိုက်ပြီး ပိတ်လိုက်တာ Pink condo လို့လည်းခေါ်တယ်။ လူက အတော်အများကြီးရှိတယ်။ အဓိက မြန်မာနဲ့ လာအိုဝ်ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ နေထိုင်ကြတယ်။ စစ်တပ်နဲ့ မြို့တော်ဝန်သက်ဆိုင်ရာအာဏာပိုင်တွေ ပိတ်လိုက်တာ၊ အဲဒီ မှာနေထိုင်တဲ့သူတွေထဲမှာ ကိုဗစ်ကူးစက်ထားသူတွေ ရှိလို့ ပိတ်လိုက်တာ ၁၂ ရက်နေ့ထိတော့ ပိတ်မယ်ဆိုတာအကြမ်းဖျင်းပြောထားတယ်။ ဇန်နဝါရီလ ၁၂ ထိ ပိတ်ထားမယ်။"

မြန်မာနိုင်ငံသား အများစု အပါအဝင် ကွန်ဒိုတိုက်ခန်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး တာဝန်ရှိသူတွေက အစားအသောက်နဲ့ ရေတွေကို ပေးပို့နေကြောင်းလည်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘန့်ယိုင်အရပ်က လူနေကွန်ဒိုတိုက်နဲ့ အဓိကဈေး ၂ ခုကို ပိတ်ထားလိုက်သလို၊ နွန်ထဘူရီမြို့ အဝင်အထွက်တွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

"အဲဒီမှာ ဘန့်ယိုင်ဈေးကြီး ၂ ဈေးကိုလည်းပိတ်ထားတယ်။ ဈေး နှစ်ဈေးကတော့အဲဒီ ဈေးတွေက စမွတ်ဆာခွန်းခရိုင်ကို သွားထားတဲ့ သူတွေရှိတယ်။ အဲဒီလူတွေကို ဈေးကို ဇန်နဝါရီလ ၄ရက်နေ့ထိ ပိတ်မယ် ဘန်ကောက်တို့ ဘာတို့ သွားထားတဲ့သူတွေက ဆေးတွေဘာတွေ လာစစ်ခိုင်းတယ်။ မြို့အဝင်မှာ ဂိတ်ချထားပြီး QR ဘားကုတ်တွေနဲ့ scan ဖတ်ပြီး မော်နီတာလုပ်ဖို့ (စောင့်ကြည့်ဖို့) အဲဒါတွေလုပ်ထားပါတယ်။"

မြန်မာနိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကြား ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း မကြာသေးခင်ကပဲ စစ်ဆေးတွေ့ရှိခဲ့တဲ့ စမွတ်စခွန်းခရိုင်မှာတော့ မြို့တော်ဝန်ကိုယ်တိုင် ရောဂါကူးစက်ခံထားရပြီး ဆေးရုံတင်ကုသပေးနေရတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၁ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၆,၇၀၀ လောက်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၆၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၂၄,၀၀၀ လောက်ထိ ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG