သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္ျမန္မာလုပ္သားတခ်ိဳ႕ ထိုင္းအလုပ္ရွင္ေတြရဲ႕ စြန္႔ပစ္ခံရ


ဒီဇင္ဘာလ၂၉ ရက္ေန႔ မနက္က ခ်ြန္ဘူရီခရိုင္မွာ အလုပ္ရွင္ရဲ႕ စြန္႔ပစ္ခံခဲ့ရတဲ့ ျမန္မာအလုပ္သမား ၇ ဦးကို ရဲတပ္ဖဲြ႔က ေခၚေဆာင္သြားတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Thai police - ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈသစ္ေတြ ေတြ႔ရွိေနတဲ့ ထုိင္းႏုိင္ငံမွာ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားတခ်ဳိ႕ စြန္႔ပစ္ခံရတဲ့အျဖစ္နဲ႔ ႀကံဳေနရတဲ့အေၾကာင္း တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာ နယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းနိုင္ငံ အလယ္ပုိင္း စမြတ္စခြန္းခ႐ုိင္၊ မဟာခ်ိဳင္ၿမိဳ႕က ပုဇြန္ေစ်းမွာ အလုပ္လုပ္ကုိင္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြၾကားမွာ ကိုဗစ္ေရာဂါပိုးသစ္ ကူးစက္ေနတာ ေတြ႔ရွိခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ၿပီး ရက္ပုိင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံသား ၇ ဦး စြန္႔ပစ္ခံခဲ့ရတာပါ။ ခၽြန္ဘူရီခ႐ုိင္မွာ ဒီေန႔အေစာပုိင္းက ျမန္မာႏုိင္ငံသား ၇ ေယာက္ စြန္႔ပစ္ခံခဲ့ရတဲ့ အေၾကာင္းကုိေတာ့ ထုိင္းႏုိင္ငံအေျခစုိက္ AAC အလုပ္သမားကူညီေရးအဖဲြ႔ ေျပာခြင့္ရ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“၂၈ ရက္ည တနာရီ၊ ၂၉ မနက္ဘက္ေတာ့ ေရာက္ျပီ။ ျမန္မာႏိုင္ငံသား၊ ျမန္မာအလုပ္သမားအေထာက္အထားမဲ့ေတြကို ဗင္ကားတစီးနဲ႔ ေခၚလာတယ္။ ေခၚလာၿပီးေတာ့ ထိုင္းႏိုင္ငံ ခြ်န္ဘူရီခရိုင္မွာ စြန္႔ပစ္ခံရတယ္။ ဒါ ဒုတိယအၾကိမ္ေပါ့ေနာ္။ ဒုတိယအၾကိမ္ သတင္းတက္လာၿပီ။ ျမန္မာႏိုင္ငံသားအလုပ္သမား ၇ ဦးပါ။”

စြန္႔ပစ္ခံခဲ့ရတဲ့ ျမန္မာအလုပ္သမားေတြကုိေတာ့ အခုအခါ ထိန္းသိမ္းထားၿပီး က်န္းမာေရးစစ္ေဆးထားေၾကာင္းလည္း ေဒသခံရဲတပ္ဖဲြ႔ အႀကီးအကဲက ေျပာဆုိခဲ့ပါတယ္။ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႀကံဳေနရခ်ိန္မွာ ႏိုင္ငံျခားသား အလုပ္သမားေတြကုိ လုိက္လံရွာေဖြ ဖမ္းဆီးမွာ မဟုတ္ေၾကာင္း ထုိင္းရဲတပ္ဖဲြ႔ အႀကီးအကဲက ကတိျပဳေျပာဆုိလုိက္ၿပီး ေနာက္မွာပဲ ေနာက္ထပ္ျမန္မာႏုိင္ငံသားတခ်ဳိ႕ လမ္းေဘးမွာ စြန္႔ပစ္ခံခဲ့ရတာပါ။ ႏုိင္ငံျခားသား အလုပ္သမားေတြကုိ လုိက္လံရွာေဖြဖမ္းဆီးမွာ မဟုတ္တာေၾကာင့္ စုိးရိမ္ေၾကာက္လန္႔ၿပီး တိမ္းေရွာင္တာေတြ မလုပ္ဖုိ႔နဲ႔ သက္ဆုိင္ရာ နယ္ေျမမွာ က်န္းမာေရးလမ္းညႊန္ခ်က္နဲ႔အညီ ေနထုိင္ၾကဖုိ႔လည္း ရဲခ်ဳပ္ Suwat Jangyodsuk က တုိက္တြန္းထားပါတယ္။

“ထုိင္းအစုိးရအေနနဲ႔ အခုကာလမွာ တရား၀င္ေရာ၊ တရားမ၀င္ေရာ ရွိေနတဲ့ႏိုင္ငံျခားသားအလုပ္သမားေတြကို လံုျခံဳမႈရိွေအာင္ ေစာင့္ေရွာက္သြားမယ္ အလုပ္သမားေတြအေနနဲ႔ ထြက္ေျပးတိမ္းေရွာင္တာေတြ မလုပ္ဘဲ ေရာက္တဲ့ေနရာမွာပဲ ေနျမဲတုိင္းေနၾကပါ။” ဆုိၿပီး ထိုင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

အလုပ္သမားေရး လႈပ္ရွားသူ ကုိရဲမင္းကလည္း ကပ္ေရာဂါကာလမွာ ျမန္မာအလုပ္သမားေတြ စုိးရိမ္တႀကီးနဲ႔ တိမ္းေရွာင္တာေတြ မလုပ္ဖုိ႔နဲ႔ အလုပ္ရွင္ေတြက စြန္႔ပစ္တာခံရရင္လည္း သက္ဆုိင္ရာကုိ အေၾကာင္းၾကားဖုိ႔ တုိက္တြန္းပါတယ္။

“တကယ္လို႔ ကုိယ့္ကို စြန္႔ပစ္တယ္ဆိုရင္ အလုပ္ရွင္ကုိ တုိင္ပါ။ အလုပ္သမားေတြကို စြန္႔ပစ္တာေတြ လုပ္ရင္အလုပ္ရွင္ေတြကို အေရးယူမယ္လို႔ ထုိင္းအာဏာပုိင္ေတြကေျပာျပီးသား။ အလုပ္သမားေတြအေနနဲ႔ ေၾကာက္လန္႔တာမ်ိဳးမျဖစ္နဲ႔။ ကုိဗစ္ကာလမွာ တရားမ၀င္အလုပ္သမာေတြကို ဖမ္းလို႔ မရဘူး။ ေၾကာက္အားလန္႔အား ထြက္ေျပးေနတာမ်ိဳးေတြ လုပ္ရင္ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ပိုျဖစ္လာမွာစိုးလို႔ပါ။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ အတည္ျပဳလူနာ ၆,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြလည္း ပါ၀င္လာခဲ့တာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ကုိဗစ္ကပ္ေရာဂါပုိးေတြရွိသူ ၁၂၀,၀၀၀ ေက်ာ္ရွိျပီး ေသဆံုးသူက ၂,၆၀၀ ေက်ာ္ရွိေနတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသေတြမွာ အ၀င္အထြက္ေတြကုိ တင္းၾကပ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအလုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရ

မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါ ကူးစက်မှုသစ်တွေ တွေ့ရှိနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ စွန့်ပစ်ခံရတဲ့အဖြစ်နဲ့ ကြုံနေရတဲ့အကြောင်း တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့က ပုဇွန်ဈေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကြားမှာ ကိုဗစ်ရောဂါပိုးသစ် ကူးစက်နေတာ တွေ့ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံသား ၇ ဦး စွန့်ပစ်ခံခဲ့ရတာပါ။ ချွန်ဘူရီခရိုင်မှာ ဒီနေ့အစောပိုင်းက မြန်မာနိုင်ငံသား ၇ ယောက် စွန့်ပစ်ခံခဲ့ရတဲ့ အကြောင်းကိုတော့ ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောခွင့်ရ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“၂၈ ရက်ည တနာရီ၊ ၂၉ မနက်ဘက်တော့ ရောက်ပြီ။ မြန်မာနိုင်ငံသား၊ မြန်မာအလုပ်သမားအထောက်အထားမဲ့တွေကို ဗင်ကားတစီးနဲ့ ခေါ်လာတယ်။ ခေါ်လာပြီးတော့ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ စွန့်ပစ်ခံရတယ်။ ဒါ ဒုတိယအကြိမ်ပေါ့နော်။ ဒုတိယအကြိမ် သတင်းတက်လာပြီ။ မြန်မာနိုင်ငံသားအလုပ်သမား ၇ ဦးပါ။”

စွန့်ပစ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေကိုတော့ အခုအခါ ထိန်းသိမ်းထားပြီး ကျန်းမာရေးစစ်ဆေးထားကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရချိန်မှာ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်လံရှာဖွေ ဖမ်းဆီးမှာ မဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ကတိပြုပြောဆိုလိုက်ပြီး နောက်မှာပဲ နောက်ထပ်မြန်မာနိုင်ငံသားတချို့ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတာပါ။ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်လံရှာဖွေဖမ်းဆီးမှာ မဟုတ်တာကြောင့် စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင်တာတွေ မလုပ်ဖို့နဲ့ သက်ဆိုင်ရာ နယ်မြေမှာ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ နေထိုင်ကြဖို့လည်း ရဲချုပ် Suwat Jangyodsuk က တိုက်တွန်းထားပါတယ်။

“ထိုင်းအစိုးရအနေနဲ့ အခုကာလမှာ တရားဝင်ရော၊ တရားမဝင်ရော ရှိနေတဲ့နိုင်ငံခြားသားအလုပ်သမားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက်သွားမယ် အလုပ်သမားတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်ဘဲ ရောက်တဲ့နေရာမှာပဲ နေမြဲတိုင်းနေကြပါ။” ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

အလုပ်သမားရေး လှုပ်ရှားသူ ကိုရဲမင်းကလည်း ကပ်ရောဂါကာလမှာ မြန်မာအလုပ်သမားတွေ စိုးရိမ်တကြီးနဲ့ တိမ်းရှောင်တာတွေ မလုပ်ဖို့နဲ့ အလုပ်ရှင်တွေက စွန့်ပစ်တာခံရရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားဖို့ တိုက်တွန်းပါတယ်။

“တကယ်လို့ ကိုယ့်ကို စွန့်ပစ်တယ်ဆိုရင် အလုပ်ရှင်ကို တိုင်ပါ။ အလုပ်သမားတွေကို စွန့်ပစ်တာတွေ လုပ်ရင်အလုပ်ရှင်တွေကို အရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပြီးသား။ အလုပ်သမားတွေအနေနဲ့ ကြောက်လန့်တာမျိုးမဖြစ်နဲ့။ ကိုဗစ်ကာလမှာ တရားမဝင်အလုပ်သမာတွေကို ဖမ်းလို့ မရဘူး။ ကြောက်အားလန့်အား ထွက်ပြေးနေတာမျိုးတွေ လုပ်ရင် ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပိုဖြစ်လာမှာစိုးလို့ပါ။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၆,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါပိုးတွေရှိသူ ၁၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူက ၂,၆၀၀ ကျော်ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေကို တင်းကြပ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG