သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-မေလးနယ္စပ္ တရားမဝင္ ဝင္ေရာက္သူ ျမန္မာႏုိင္ငံသားေတြ ဖမ္းခံရ


ထိုင္း-မေလးနယ္စပ္မွာ အဖမ္းခံရတဲ့ ျမန္မာေလွလုပ္သား ၁၁ ဦး။

(Zawgyi / Unicode)

မေလးရွားႏုိင္ငံကေန ထိုင္းႏုိင္ငံဘက္ ခုိးဝင္လာတဲ့ ျမန္မာငါးဖမ္းေလွလုပ္သား ၁၁ ေယာက္ကုိ ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစိုက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံကေန ဆန္ဂုိင္းကိုေလာ့ျမစ္ကို ျဖတ္ၿပီး ထိုင္းႏုိင္ငံထဲ ခိုးဝင္လာတဲ့ ျမန္မာႏိုင္ငံသား ၁၁ ေယာက္ကို ဒီရက္ပိုင္းမွာပဲ ထိုင္းဘက္မွာ ဖမ္းဆီးရမိခဲ့တာပါ။ ခိုးဝင္လာသူ အားလုံးကေတာ့ ခရီးသြားေထာက္ခံခ်က္ မပါရွိၾကသလို ဖ်ားနာတာေတာ့ မေတြ႔ရေပမယ့္ ကိုဗစ္စင္တာကိုပို႔ၿပီး အရင္ဆုံး ေဆးစစ္မယ္လို႔ ထိုင္းအာဏာပုိင္ေတြက ဆိုပါတယ္။

ထုိင္းေတာင္ပုိင္းအေျခစုိက္ ပညာေရးနဲ႔ ဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးကေတာ့ အခုလိုေျပာျပပါတယ္။

“ထိုင္း-မေလးနယ္စပ္ကေန ထုိင္းဘက္ထဲကို ခိုးဝင္လာတာေပါ့။ ထုိင္းဘက္ထဲ ခိုးဝင္လာတဲ့ ျမန္မာႏို္င္ငံသား ေယာက္်ားေလး ၁၁ ေယာက္ေပါ့။ သူတုိ႔ဟာ မေလးရွား ငါးဖမ္းေလွေတြမွာ လုပ္တယ္ေျပာတယ္။ အခုက ကုိဗစ္ေရာဂါေတြ ျဖစ္ေနေတာ့ ျမန္မာျပည္ထဲ ျပန္ဖို႔အတြက္ ခုိးဝင္ၾကတယ္။ ပဲြစားနဲ႔ ခိုးဝင္တယ္ထင္တယ္။ တေနရာမွာ ေစာင့္ေနတုန္း နာရာသီဝခ႐ုိင္ထဲမွာပဲ ရြာသားေတြကေတြ႔ေတာ့ အာဏာပုိင္ေတြကုိ အေၾကာင္းၾကားေတာ့ စစ္ေဆးၿပီး အဖမ္းခံရတာေပါ့။ သူတုိ႔ ကိုဗစ္ရိွမရွိ စစ္ေဆးေပးမယ္၊ မရွိဘူးဆိုရင္ေတာ့ ခိုးဝင္တာဆိုေတာ့ သူတုိ႔ကုိ လဝကဥပေဒအတုိင္း အေရးယူမယ့္သေဘာ ရွိပါတယ္။ ေရာဂါအေျဖကေတာ့ ရိွတယ္ မရွိဘူးေတာ့ မသိေသးဘူး။ ေစာင့္ၾကည့္ေရးစင္တာမွာလည္း ထားခ်င္ထားဦးမွာေပါ့။”

ဖမ္းဆီးထိန္းသိမ္းခံ ျမန္မာေတြဟာ မေလးရွားႏုိင္ငံမွာ ငါးဖမ္းေလွလုပ္သားေတြအျဖစ္ အလုပ္လုပ္ခဲ့ၾကရသူေတြလို႔ ဆန္ဂုိင္းကိုေလာ့ၿမိဳ႕နယ္မွဴး ရန္ဂေရာင္းသီမာဘတ္က ဆိုပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ပ်ံ႕ႏွံ႔မႈေတြ မ်ားေနတာေၾကာင့္ အလုပ္သမားပြဲစားေတြဟာ ေရႊ႕ေျပာင္းလုပ္သားေတြကို ထိုင္းႏိုင္ငံဘက္ကို ေမွာင္ခိုသြင္းတာျဖစ္မယ္လို႔ ရန္ဂေရာင္းသီမာဘတ္က သုံးသပ္ေျပာဆိုခဲ့ေၾကာင္း ေဒသခံသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ အတည္ျပဳလူနာ ၆,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြလည္း ပါဝင္လာခဲ့တာပါ။

ထိုင္းႏုိင္ငံဟာ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြၾကား ကိုဗစ္ပိုးေတြ႔ရွိမႈ မ်ားျပားၿပီး ႏိုင္ငံအႏွံ႔ ပ်ံ႕ႏွံ႔မွာကို စိုးရိမ္ရတဲ့အတြက္ နယ္စပ္လုံၿခံဳေရးေတြကို တင္းတင္းက်ပ္က်ပ္ ခ်ထားခ်ိန္မွာပဲ မေလးရွားနဲ႔ ျမန္မာက ခိုးဝင္ေနတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြကို ဖမ္းဆီးမႈေတြက ဆက္တိုက္ဆိုသလို ရွိေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ထိုင်း-မလေးနယ်စပ် တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသားတွေ ဖမ်းခံရ

မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံဘက် ခိုးဝင်လာတဲ့ မြန်မာငါးဖမ်းလှေလုပ်သား ၁၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံကနေ ဆန်ဂိုင်းကိုလော့မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို ဒီရက်ပိုင်းမှာပဲ ထိုင်းဘက်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ခိုးဝင်လာသူ အားလုံးကတော့ ခရီးသွားထောက်ခံချက် မပါရှိကြသလို ဖျားနာတာတော့ မတွေ့ရပေမယ့် ကိုဗစ်စင်တာကိုပို့ပြီး အရင်ဆုံး ဆေးစစ်မယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကတော့ အခုလိုပြောပြပါတယ်။

“ထိုင်း-မလေးနယ်စပ်ကနေ ထိုင်းဘက်ထဲကို ခိုးဝင်လာတာပေါ့။ ထိုင်းဘက်ထဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ယောက်ျားလေး ၁၁ ယောက်ပေါ့။ သူတို့ဟာ မလေးရှား ငါးဖမ်းလှေတွေမှာ လုပ်တယ်ပြောတယ်။ အခုက ကိုဗစ်ရောဂါတွေ ဖြစ်နေတော့ မြန်မာပြည်ထဲ ပြန်ဖို့အတွက် ခိုးဝင်ကြတယ်။ ပွဲစားနဲ့ ခိုးဝင်တယ်ထင်တယ်။ တနေရာမှာ စောင့်နေတုန်း နာရာသီဝခရိုင်ထဲမှာပဲ ရွာသားတွေကတွေ့တော့ အာဏာပိုင်တွေကို အကြောင်းကြားတော့ စစ်ဆေးပြီး အဖမ်းခံရတာပေါ့။ သူတို့ ကိုဗစ်ရှိမရှိ စစ်ဆေးပေးမယ်၊ မရှိဘူးဆိုရင်တော့ ခိုးဝင်တာဆိုတော့ သူတို့ကို လဝကဥပဒေအတိုင်း အရေးယူမယ့်သဘော ရှိပါတယ်။ ရောဂါအဖြေကတော့ ရှိတယ် မရှိဘူးတော့ မသိသေးဘူး။ စောင့်ကြည့်ရေးစင်တာမှာလည်း ထားချင်ထားဦးမှာပေါ့။”

ဖမ်းဆီးထိန်းသိမ်းခံ မြန်မာတွေဟာ မလေးရှားနိုင်ငံမှာ ငါးဖမ်းလှေလုပ်သားတွေအဖြစ် အလုပ်လုပ်ခဲ့ကြရသူတွေလို့ ဆန်ဂိုင်းကိုလော့မြို့နယ်မှူး ရန်ဂရောင်းသီမာဘတ်က ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ပျံ့နှံ့မှုတွေ များနေတာကြောင့် အလုပ်သမားပွဲစားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံဘက်ကို မှောင်ခိုသွင်းတာဖြစ်မယ်လို့ ရန်ဂရောင်းသီမာဘတ်က သုံးသပ်ပြောဆိုခဲ့ကြောင်း ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၆,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။

ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား ကိုဗစ်ပိုးတွေ့ရှိမှု များပြားပြီး နိုင်ငံအနှံ့ ပျံ့နှံ့မှာကို စိုးရိမ်ရတဲ့အတွက် နယ်စပ်လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားချိန်မှာပဲ မလေးရှားနဲ့ မြန်မာက ခိုးဝင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုတွေက ဆက်တိုက်ဆိုသလို ရှိနေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG