(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ COVID-19 ကူးစက္ျဖစ္ပြားမႈ ၁,၅၀၀ ေက်ာ္ရွိတဲ့ Samut Sakhon ခ႐ုိင္တြင္းက ပုစြန္ေစ်းမွာ ကုတင္ ၃၀ ဆန႔္ ယာယီေဆး႐ုံတခုကို ဒီဇင္ဘာလ ၂၅ ရက္ေန႔က တည္ေဆာက္လုိက္ပါတယ္။
ျမန္မာလုပ္သားေတြမ်ားတဲ့ မဟာခ်ိဳင္က ပုစြန္ေစ်းနဲ႔ ဆက္စပ္တဲ့ COVID-19 ကူးစက္ျဖစ္ပြားသူေတြထဲမွာ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ အမ်ားစု ပါဝင္ပါတယ္။
စေနေန႔က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ ၁၁၀ ထပ္ၿပီးေတြ႔တာမွာ ၉၀ ေက်ာ္က ပုစြန္ေစ်းနဲ႔ ဆက္စပ္ေနသူေတြ ျဖစ္တယ္လို႔လည္း COVID-19 အေရး တုံ႔ျပန္ကိုင္တြယ္ေရးအဖြဲ႔ ေျပာခြင့္ရက ေျပာဆိုထားပါတယ္။
“အစိုးရအေနနဲ႔ အေကာင္းဆံုး ေဆာင္ရြက္သြားမယ့္အေၾကာင္း၊ အားလံုးက ပူးေပါင္းပါဝင္မယ္ဆုိရင္ အေျခအေနကို ထိန္းခ်ဳပ္ႏုိင္မယ္လို႔ က်န္းမာေရးဝန္ႀကီးကလည္း ေျပာဆိုထားပါေၾကာင္း” ဝန္ႀကီးခ်ဳပ္ Prayut Chan O-char က ၾကာသပေတးေန႔မွာ ေျပာဆိုခဲ့တာပါ။
မဟာခ်ိဳင္ ပုစြန္ေစ်းက ယာယီေဆး႐ုံက ကုတင္ ၃၀ ဆန္႔ၿပီး ေစ်းတဝုိက္က သီးျခားခြဲထားတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြကို က်န္းမာေရးဝန္ထမ္းေတြ အခ်ိန္ျပည့္ ေစာင့္ၾကည့္ေပးေနပါတယ္။
လူဦးေရ သန္း ၇၀ ရွိတဲ့ ထိုင္းႏုိင္ငံမွာ COVID-19 ျဖစ္ပြားသူ စုစုေပါင္း ၆,၀၂၀ ရွိၿပီး ေသဆံုးသူ ၆၀ ရွိပါတယ္။
---------------------------
(Unicode)
ကိုဗစ်ကူးစက်မှုများနေတဲ့ ထိုင်းမဟာချိုင် ပုစွန်ဈေးမှာ ကူးစက်ရောဂါကု ယာယီဆေးရုံသစ် ဖွင့်လှစ်
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ၁,၅၀၀ ကျော်ရှိတဲ့ Samut Sakhon ခရိုင်တွင်းက ပုစွန်ဈေးမှာ ကုတင် ၃၀ ဆန့် ယာယီဆေးရုံတခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တည်ဆောက်လိုက်ပါတယ်။
မြန်မာလုပ်သားတွေများတဲ့ မဟာချိုင်က ပုစွန်ဈေးနဲ့ ဆက်စပ်တဲ့ COVID-19 ကူးစက်ဖြစ်ပွားသူတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု ပါဝင်ပါတယ်။
စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၁၀ ထပ်ပြီးတွေ့တာမှာ ၉၀ ကျော်က ပုစွန်ဈေးနဲ့ ဆက်စပ်နေသူတွေ ဖြစ်တယ်လို့လည်း COVID-19 အရေး တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောဆိုထားပါတယ်။
“အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်သွားမယ့်အကြောင်း၊ အားလုံးက ပူးပေါင်းပါဝင်မယ်ဆိုရင် အခြေအနေကို ထိန်းချုပ်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးကလည်း ပြောဆိုထားပါကြောင်း” ဝန်ကြီးချုပ် Prayut Chan O-char က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။
မဟာချိုင် ပုစွန်ဈေးက ယာယီဆေးရုံက ကုတင် ၃၀ ဆန့်ပြီး ဈေးတဝိုက်က သီးခြားခွဲထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့် စောင့်ကြည့်ပေးနေပါတယ်။
လူဦးရေ သန်း ၇၀ ရှိတဲ့ ထိုင်းနိုင်ငံမှာ COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၆,၀၂၀ ရှိပြီး သေဆုံးသူ ၆၀ ရှိပါတယ်။