(Zawgyi / Unicode)
ကမာၻ႔ကပ္ေရာဂါ COVID-19 ျပင္းျပင္းထန္ထန္ ကူးစက္ခံလိုက္ရတဲ့ ပင္လယ္စာလုပ္ငန္းခြင္က ပင္လယ္စာေရာင္းသူေတြကို ကူညီေသာအားျဖင့္ ျပည္သူေတြ ပင္လယ္စာစားဖို႔ အစိုးရက တိုက္တြန္းေနခ်ိန္မွာပဲ ထိုင္းဆႏၵျပသူေတြကလည္း ပင္လယ္စာလုပ္ငန္းေတြကို အစိုးရက အကူအညီပိုေပးဖို႔ တိုက္တြန္းေတာင္းဆိုပါတယ္။
ထိုင္းႏုိင္ငံတြင္း ၿပီးခဲ့တဲ့တပတ္က ကပ္ေရာဂါကူးစက္မႈသစ္ေတြ ျပန္ျဖစ္လာရာမွာ ငါးပုစြန္ ပင္လယ္စာေစ်းကြက္နဲ႔ ဆက္စပ္သူ လူ ၁,၅၀၀ ေက်ာ္မွာ ကိုဗစ္ဗိုင္းရပ္စ္ အတည္ျပဳ ေတြ႔ရွိခဲ့တာပါ။
ဒီ COVID-19 ကူးစက္မႈခံရတဲ့သူ အမ်ားစုကေတာ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမားအမ်ားစု ျဖစ္ပါတယ္။ နဂိုကမွ ထိုင္းႏုိင္ငံတြင္းမွာ ခရီးသြားလုပ္ငန္းေတြ ထိခုိက္ၿပီး ၿပိဳလဲေနတဲ့ၾကားကေန အခုဆိုရင္ ႏုိင္ငံရဲ႕စီးပြားေရး အေျခအေနက ပိုဆိုးဝါး က်ဆင္းလာတဲ့ အေျခကို ဆုိက္ေရာက္ေနၿပီလို႔ ပင္လယ္စာလုပ္ငန္းရွင္ေတြက ေျပာပါတယ္။
ေရာဂါကူးစက္မႈေတြ ခံေနရတဲ့ ပုစြန္ပင္လယ္စာလုပ္ငန္းေတြအေပၚ ခိုင္မာတဲ့ ယံုၾကည္မႈရေအာင္ အစိုးရအေနနဲ႔ ဖန္တီးေပးေစခ်င္ပါတယ္လို႔ အစိုးရအိမ္ေတာ္ေရွ႕ ဆႏၵျပေနတဲ့ ဆႏၵျပသူတဦးျဖစ္တဲ့ Piyarat Chongthep က တိုက္တြန္းပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ကို ရာထူးကေန ျဖဳတ္ခ်ေရး ဘုရင္စနစ္ကို ေျပာင္းလဲေပးဖို႔နဲ႔ ထိုင္းႏိုင္ငံတြင္း အေျခခံဥပေဒသစ္ ျပ႒ာန္းေရး လနဲ႔ခ်ီ ဆႏၵျပ ေတာင္းဆိုဆႏၵျပၾကသူေတြဟာ အခုေနာက္ဆံုးျဖစ္လာတဲ့ ပင္လယ္စာလုပ္ငန္းေတြနဲ႔ ပတ္သက္လို႔ ေတာင္းဆိုခ်က္ကိုပါ တင္လာတာပါ။
ပင္လယ္စာေတြ ပိုစားလာေစဖို႔ ေရာဂါကူးစက္မႈေတြ ျဖစ္ေနတဲ့ ခ႐ုိင္အနီးမွာ ပင္လယ္စာစားပြဲေတာ္ က်င္းပေပးေနပါတယ္လို႔လည္း အစိုးရအရာရွိေတြက ေျပာပါတယ္။
ကူးစက္မႈမခံရဘဲ ပင္လယ္စာစားလို႔ ရပါတယ္ဆိုတဲ့ ယံုၾကည္မႈရေအာင္ သူတို႔လုပ္ေဆာင္ေနပါတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္႐ုံးဝန္ႀကီး Anucha Nakasai က သတင္းေထာက္ေတြကို ေျပာပါတယ္။
ထုိင္းႏုိင္ငံတြင္း အဓိက ပုစြန္တင္ပို႔ကုန္တခုတည္းတင္နဲ႔ ၂၀၂၀ ခုႏွစ္ ပထမ ၁၀ လပတ္ထဲမွာတင္ အေမရိကန္ေဒၚလာ ၁.၂ ဘီလီယံတန္ဖိုးရွိတဲ့ ထိုင္းဘတ္ေငြ ၃၆ ဘီလီယံဖိုး တင္ပို႔ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုန္ထုတ္လုပ္မႈစာရင္းေတြမွာ ေဖာ္ျပပါတယ္။
အခုဆိုရင္ ဒီပုစြန္ေတြအတြက္ ေရာင္းခ်စရာ ေစ်းကြက္မရွိတဲ့ ျပႆနာ တက္ေနၿပီလို႔ အစိုးရအိမ္ေတာ္ေရွ႕က ဆႏၵျပပြဲမွာ ပုစြန္အေရာင္းသမားတဦးက ေျပာပါတယ္။
------------------------
(Unicode)
ပင်လယ်စာလုပ်ငန်းတွေကို ကူညီဖို့ ထိုင်းဆန္ဒပြသူတွေ တိုက်တွန်း
ကမ္ဘာ့ကပ်ရောဂါ COVID-19 ပြင်းပြင်းထန်ထန် ကူးစက်ခံလိုက်ရတဲ့ ပင်လယ်စာလုပ်ငန်းခွင်က ပင်လယ်စာရောင်းသူတွေကို ကူညီသောအားဖြင့် ပြည်သူတွေ ပင်လယ်စာစားဖို့ အစိုးရက တိုက်တွန်းနေချိန်မှာပဲ ထိုင်းဆန္ဒပြသူတွေကလည်း ပင်လယ်စာလုပ်ငန်းတွေကို အစိုးရက အကူအညီပိုပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ပြီးခဲ့တဲ့တပတ်က ကပ်ရောဂါကူးစက်မှုသစ်တွေ ပြန်ဖြစ်လာရာမှာ ငါးပုစွန် ပင်လယ်စာဈေးကွက်နဲ့ ဆက်စပ်သူ လူ ၁,၅၀၀ ကျော်မှာ ကိုဗစ်ဗိုင်းရပ်စ် အတည်ပြု တွေ့ရှိခဲ့တာပါ။
ဒီ COVID-19 ကူးစက်မှုခံရတဲ့သူ အများစုကတော့ အိမ်နီးချင်း မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစု ဖြစ်ပါတယ်။ နဂိုကမှ ထိုင်းနိုင်ငံတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ထိခိုက်ပြီး ပြိုလဲနေတဲ့ကြားကနေ အခုဆိုရင် နိုင်ငံရဲ့စီးပွားရေး အခြေအနေက ပိုဆိုးဝါး ကျဆင်းလာတဲ့ အခြေကို ဆိုက်ရောက်နေပြီလို့ ပင်လယ်စာလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရောဂါကူးစက်မှုတွေ ခံနေရတဲ့ ပုစွန်ပင်လယ်စာလုပ်ငန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်မှုရအောင် အစိုးရအနေနဲ့ ဖန်တီးပေးစေချင်ပါတယ်လို့ အစိုးရအိမ်တော်ရှေ့ ဆန္ဒပြနေတဲ့ ဆန္ဒပြသူတဦးဖြစ်တဲ့ Piyarat Chongthep က တိုက်တွန်းပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကို ရာထူးကနေ ဖြုတ်ချရေး ဘုရင်စနစ်ကို ပြောင်းလဲပေးဖို့နဲ့ ထိုင်းနိုင်ငံတွင်း အခြေခံဥပဒေသစ် ပြဋ္ဌာန်းရေး လနဲ့ချီ ဆန္ဒပြ တောင်းဆိုဆန္ဒပြကြသူတွေဟာ အခုနောက်ဆုံးဖြစ်လာတဲ့ ပင်လယ်စာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တောင်းဆိုချက်ကိုပါ တင်လာတာပါ။
ပင်လယ်စာတွေ ပိုစားလာစေဖို့ ရောဂါကူးစက်မှုတွေ ဖြစ်နေတဲ့ ခရိုင်အနီးမှာ ပင်လယ်စာစားပွဲတော် ကျင်းပပေးနေပါတယ်လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။
ကူးစက်မှုမခံရဘဲ ပင်လယ်စာစားလို့ ရပါတယ်ဆိုတဲ့ ယုံကြည်မှုရအောင် သူတို့လုပ်ဆောင်နေပါတယ်လို့လည်း ဝန်ကြီးချုပ်ရုံးဝန်ကြီး Anucha Nakasai က သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း အဓိက ပုစွန်တင်ပို့ကုန်တခုတည်းတင်နဲ့ ၂၀၂၀ ခုနှစ် ပထမ ၁၀ လပတ်ထဲမှာတင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိတဲ့ ထိုင်းဘတ်ငွေ ၃၆ ဘီလီယံဖိုး တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ကုန်ထုတ်လုပ်မှုစာရင်းတွေမှာ ဖော်ပြပါတယ်။
အခုဆိုရင် ဒီပုစွန်တွေအတွက် ရောင်းချစရာ ဈေးကွက်မရှိတဲ့ ပြဿနာ တက်နေပြီလို့ အစိုးရအိမ်တော်ရှေ့က ဆန္ဒပြပွဲမှာ ပုစွန်အရောင်းသမားတဦးက ပြောပါတယ်။