သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္စာ ေရာင္းခ်တဲ့ေစ်းအတြင္း ကိုဗစ္-၁၉ ကူးစက္ပ်ံပြားမႈ ေရႊ႕ေျပာင္း အလုပ္သမား ေတြေၾကာင့္ျဖစ္ (ထိုင္းဝန္ႀကီးခ်ဳပ္)


ထိုင္းႏိုင္ငံတြင္းအလုပ္လုပ္ေနၾကသည့္ ျမန္မာေရြ႕ေျပာင္းအလုပ္သမားမ်ား (AFP)

{{Zawgyi/Unicode}}

ထိုင္းႏုိင္ငံတြင္း COVID 19 ကူးစက္မႈ တိုးလာတာဟာ တရားမ၀င္ ေရႊ႕ေျပာင္းလုပ္သားေတြေၾကာင့္လို႔ ထိုင္း၀န္ႀကီးခ်ဳပ္က တနလာၤေန႔မွာ အျပစ္တင္လိုက္ၿပီး လက္ရွိ အခ်ိန္ထိ အသြားအလာ ကန္႔သတ္ပိတ္ပင္မႈကို က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ဖို႔ မရွိေသးေၾကာင္းနဲ႔ ျပည္သူေတြ စိတ္ေအးေအးထားၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ မ်ားလာတဲ႔ Samut Sakhon ေဒသမွာေတာ့ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားေတြ အေပၚ အျမင္မၾကည္ ျဖစ္ေနၾကတာပါ။ ဒီအေၾကာင္း မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ထိုင္းႏုိင္ငံ Smut Sakhon ခရိုင္တြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ တနလာၤေန႔ အထိ ၈၀၀ ေက်ာ္ ေတြ႔ရွိထားၿပီး အမ်ားစုက ျမန္မာ ေရႊ႕ေျပာင္း လုပ္သားေတြ ျဖစ္ပါတယ္။ အမ်ားစုက ေရာဂါ လကၡဏာ မျပဘဲ ကူးစက္ခံထားရတာ ျဖစ္တယ္လို႔လည္း အာဏာပိုင္တို႔ ေျပာပါတယ္။ သီးျခားခြဲထားတဲ႔ ေရႊ႕ေျပာင္း လုပ္သားေတြ အတြက္ အစားအေသာက္ ပို႔ေပးေနတဲ႔ အသက္ ၄၃ ႏွစ္ အရြယ္ Maneerat Jekpan ကေတာ့ ျမန္မာျပည္က လာသူေတြကို ေရွာင္တယ္လို႔ ေျပာပါတယ္။

”က်မကေတာ့ ျမန္မာျပည္က လူေတြကို ေရွာင္ပါတယ္။ ဘယ္လိုဘဲ ျဖစ္ျဖစ္ သူတို႔နားကို မကပ္ပါဘူး။ လူတုိင္းလိုဘဲ က်မလည္း သူတို႔ကို ေရွာင္ပါတယ္။ သူတို႔ အေပၚမွာ မူတည္တာဘဲေလ။ သူတို႔ အေနနဲ႔ က်မတို႔ ထိုင္းေတြလို စည္းကမ္းလိုက္နာၿပီး ႏွာေခါင္းစည္း ၀တ္မလား။ ျမန္မာျပည္က လာသူေတြ အေနနဲ႔ သူတို႔ ဘယ္လို စဥ္းစား ျပဳမူလဲ ဆိုတဲ႔ အေပၚမွာ မူတည္ပါတယ္။”

ဗိုင္းရပ္စ္ ကူးစက္မႈ အခ်က္အခ်ာ ျဖစ္တဲ႔ မဟာခ်ိဳင္က ပုစြန္ေစ်းကို တနဂၤေႏြေန႔ကစလို႔ သံစူးႀကိဳးေတြနဲ႔ ကာရံ ပိတ္ပင္ထားပါတယ္။ စမုတ္စခြန္နဲ႔ အနီးအနား ေဒသတြင္းက လူေပါင္း ၄ ေသာင္းေက်ာ္ေလာက္ကို ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေပးႏုိင္ဖို႔ အာဏာပိုင္တို႔ ရည္ရြယ္ ေဆာင္ရြက္ေနပါတယ္။ ျမန္မာ ေရႊ႕ေျပာင္း ဦးႏုိင္းႏုိင္းကလည္း-

”ထိုင္းေတြက ႏွာေခါင္းစည္း ၀တ္ရတာ စိတ္အေႏွာင့္အယွက္ ျဖစ္လို႔ မ၀တ္ခဲ႔ၾကပါဘူး။ အခုေတာ့ ကူးစက္ ပ်ံ႔ႏွံ႔မႈ ျဖစ္ေတာ့ အခ်ိန္ျပည့္ ၀တ္ေနၾကပါၿပီ။”

Samut Sakhon ခရိုင္တြင္းက ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔က ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံ လူနာသစ္ မေတြ႔ခင္ အထိ ထိုင္းႏုိင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၆၀ သာ ရွိခဲ႔ရာက အခုမွာေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅,၀၀၀ ေက်ာ္ ေရာက္ရွိသြားပါတယ္။ ထိုင္းႏုိင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ေရႊ႕ေျပာင္းလုပ္သားေတြကို ထိုင္း၀န္ႀကီးခ်ဳပ္က တနလာၤေန႔မွာ အျပစ္တင္ပါတယ္။ မဟာခ်ိဳင္ ပုစြန္ေစ်းနားက ေက်ာင္းက ဆရာမ Supaporn Peamnongnuch ကလည္း ေရႊ႕ေျပာင္းလုပ္သားေတြကို အေရးယူေစခ်င္ေနပါတယ္။

”ျမန္မာျပည္က လူေတြ အမ်ားအျပား ထိုင္းဘက္ကို ခိုး၀င္ေနၾကၿပီး ေဆးစစ္မွာကိုလည္း ေရွာင္ေနၾကတယ္လို႔ က်မက ထင္ပါတယ္။ သူတို႔ေၾကာင့္ ထိုင္းေတြပါ ကူးစက္ကုန္တာ သိေတာ့ တခ်ိဳ႕ကလည္း တရားမ၀င္ ေနေနၾကေတာ့ ထြက္ေျပးဖို႔ လုပ္ၾကပါတယ္။ သူတို႔ကို တရားမ၀င္ ၀င္ေရာက္မႈနဲ႔ တရားစြဲသင့္ပါတယ္။ ဒီမွာ အမ်ားႀကီး ရွိေနဦးမယ္လို႔ ထင္ပါတယ္။”

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈ အေရးေၾကာင့္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားေတြ အေပၚ အျမင္ မၾကည္ ျဖစ္ေနၾကတဲ႔ အေပၚမွာ စိတ္မရွိပါဘူးလို႔ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ဦးပန္းေအာင္က ေျပာပါတယ္။

”က်ေနာ္ကေတာ႔ စိတ္မဆိုးပါဘူး။ က်ေနာ္တို႔ထဲမွာ တေယာက္ေယာက္ ကူးစက္ အႏၱရာယ္ ရွိေနရင္လည္း ဗိုင္းရပ္စ္ ရွိမရွိ သိရေအာင္ က်ေနာ္တို႔ ေဆးစစ္ၾကဖို႔ အခြင့္အလမ္းေကာင္း ရတာပါဘဲ။”

ေလာေလာဆယ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ ေရႊ႕ေျပာင္း လုပ္သားေတြကို ကုသေပးႏုိင္ဖို႔၊ ေနာက္ ေဆးစစ္ေပးႏုိင္ဖို႔ ယာယီ ေဆးရံု တခု ေဆာက္မယ္လို႔ က်န္းမာေရး ၀န္ႀကီး Anutin Charnvirakul က ေျပာဆိုထားပါတယ္။ ထိုင္း၀န္ႀကီးခ်ဳပ္ ကေတာ့ တျခားႏုိင္ငံေတြကို ႏုိင္ငံတြင္း အသြားအလာ ကန္႔သတ္ ပိတ္ပင္မႈေတြ လုပ္ဖို႔ မရွိေသးေၾကာင္း၊ စမုတ္စခြန္ ခရိုင္တြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို သီတင္းတပတ္ ေစာင့္ၾကည့္သြားမွာ ျဖစ္ၿပီး ျပည္သူေတြ အေနနဲ႔ စိတ္ေအးေအး ထားၾကဖို႔ တိုက္တြန္းထားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အသစ္ေတြ ေတြ႔ေနရတာနဲ႔ အတူဘဲ တနလာၤေန႔က ထိုင္းရဲ႕ အဓိက အစုရွယ္ယာ အညြန္းကိန္းမွာ ၃ ဒသမ ၇ ရာခိုင္ႏႈန္းေလာက္ က်သြားၿပီး မနက္ခင္းပိုင္း အေရာင္းအ၀ယ္မွာလည္း ထိုင္း ဘတ္ေငြ ေစ်းႏႈန္းက သုည ဒသမ ၉ ရာခိုင္ႏႈန္းေလာက္ က်သြားပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံတွင်း COVID 19 ကူးစက်မှု တိုးလာတာဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ်က တနလာၤနေ့မှာ အပြစ်တင်လိုက်ပြီး လက်ရှိ အချိန်ထိ အသွားအလာ ကန့်သတ်ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ မရှိသေးကြောင်းနဲ့ ပြည်သူတွေ စိတ်အေးအေးထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတဲ့ Samut Sakhon ဒေသမှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အပေါ် အမြင်မကြည် ဖြစ်နေကြတာပါ။ ဒီအကြောင်း မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံ Smut Sakhon ခရိုင်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တနလာၤနေ့ အထိ ၈၀၀ ကျော် တွေ့ရှိထားပြီး အများစုက မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်ပါတယ်။ အများစုက ရောဂါ လက္ခဏာ မပြဘဲ ကူးစက်ခံထားရတာ ဖြစ်တယ်လို့လည်း အာဏာပိုင်တို့ ပြောပါတယ်။ သီးခြားခွဲထားတဲ့ ရွှေ့ပြောင်း လုပ်သားတွေ အတွက် အစားအသောက် ပို့ပေးနေတဲ့ အသက် ၄၃ နှစ် အရွယ် Maneerat Jekpan ကတော့ မြန်မာပြည်က လာသူတွေကို ရှောင်တယ်လို့ ပြောပါတယ်။

”ကျမကတော့ မြန်မာပြည်က လူတွေကို ရှောင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူတို့နားကို မကပ်ပါဘူး။ လူတိုင်းလိုဘဲ ကျမလည်း သူတို့ကို ရှောင်ပါတယ်။ သူတို့ အပေါ်မှာ မူတည်တာဘဲလေ။ သူတို့ အနေနဲ့ ကျမတို့ ထိုင်းတွေလို စည်းကမ်းလိုက်နာပြီး နှာခေါင်းစည်း ဝတ်မလား။ မြန်မာပြည်က လာသူတွေ အနေနဲ့ သူတို့ ဘယ်လို စဉ်းစား ပြုမူလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။”

ဗိုင်းရပ်စ် ကူးစက်မှု အချက်အချာ ဖြစ်တဲ့ မဟာချိုင်က ပုစွန်ဈေးကို တနင်္ဂနွေနေ့ကစလို့ သံစူးကြိုးတွေနဲ့ ကာရံ ပိတ်ပင်ထားပါတယ်။ စမုတ်စခွန်နဲ့ အနီးအနား ဒေသတွင်းက လူပေါင်း ၄ သောင်းကျော်လောက်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးနိုင်ဖို့ အာဏာပိုင်တို့ ရည်ရွယ် ဆောင်ရွက်နေပါတယ်။ မြန်မာ ရွှေ့ပြောင်း ဦးနိုင်းနိုင်းကလည်း-

”ထိုင်းတွေက နှာခေါင်းစည်း ဝတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်လို့ မဝတ်ခဲ့ကြပါဘူး။ အခုတော့ ကူးစက် ပျံ့နှံ့မှု ဖြစ်တော့ အချိန်ပြည့် ဝတ်နေကြပါပြီ။”

Samut Sakhon ခရိုင်တွင်းက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံ လူနာသစ် မတွေ့ခင် အထိ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ သာ ရှိခဲ့ရာက အခုမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅,၀၀၀ ကျော် ရောက်ရှိသွားပါတယ်။ ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းဝန်ကြီးချုပ်က တနလာၤနေ့မှာ အပြစ်တင်ပါတယ်။ မဟာချိုင် ပုစွန်ဈေးနားက ကျောင်းက ဆရာမ Supaporn Peamnongnuch ကလည်း ရွှေ့ပြောင်းလုပ်သားတွေကို အရေးယူစေချင်နေပါတယ်။

”မြန်မာပြည်က လူတွေ အများအပြား ထိုင်းဘက်ကို ခိုးဝင်နေကြပြီး ဆေးစစ်မှာကိုလည်း ရှောင်နေကြတယ်လို့ ကျမက ထင်ပါတယ်။ သူတို့ကြောင့် ထိုင်းတွေပါ ကူးစက်ကုန်တာ သိတော့ တချို့ကလည်း တရားမဝင် နေနေကြတော့ ထွက်ပြေးဖို့ လုပ်ကြပါတယ်။ သူတို့ကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲသင့်ပါတယ်။ ဒီမှာ အများကြီး ရှိနေဦးမယ်လို့ ထင်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အရေးကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အပေါ် အမြင် မကြည် ဖြစ်နေကြတဲ့ အပေါ်မှာ စိတ်မရှိပါဘူးလို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ဦးပန်းအောင်က ပြောပါတယ်။

”ကျနော်ကတော့ စိတ်မဆိုးပါဘူး။ ကျနော်တို့ထဲမှာ တယောက်ယောက် ကူးစက် အန္တရာယ် ရှိနေရင်လည်း ဗိုင်းရပ်စ် ရှိမရှိ သိရအောင် ကျနော်တို့ ဆေးစစ်ကြဖို့ အခွင့်အလမ်းကောင်း ရတာပါဘဲ။”

လောလောဆယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရွှေ့ပြောင်း လုပ်သားတွေကို ကုသပေးနိုင်ဖို့၊ နောက် ဆေးစစ်ပေးနိုင်ဖို့ ယာယီ ဆေးရုံ တခု ဆောက်မယ်လို့ ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul က ပြောဆိုထားပါတယ်။ ထိုင်းဝန်ကြီးချုပ် ကတော့ တခြားနိုင်ငံတွေကို နိုင်ငံတွင်း အသွားအလာ ကန့်သတ် ပိတ်ပင်မှုတွေ လုပ်ဖို့ မရှိသေးကြောင်း၊ စမုတ်စခွန် ခရိုင်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို သီတင်းတပတ် စောင့်ကြည့်သွားမှာ ဖြစ်ပြီး ပြည်သူတွေ အနေနဲ့ စိတ်အေးအေး ထားကြဖို့ တိုက်တွန်းထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ တွေ့နေရတာနဲ့ အတူဘဲ တနလာၤနေ့က ထိုင်းရဲ့ အဓိက အစုရှယ်ယာ အညွန်းကိန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းလောက် ကျသွားပြီး မနက်ခင်းပိုင်း အရောင်းအဝယ်မှာလည်း ထိုင်း ဘတ်ငွေ ဈေးနှုန်းက သုည ဒသမ ၉ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG