သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြေပၚ အသြားအလာကန္႔သတ္


စမြတ္ပရာကမ္ခရိုင္က လာတဲ့ ျမန္မာႏိုင္ငံသားေရလုပ္သားေတြကို ရွာေဖြျပီး Rayong ခရိုင္ဆိပ္ကမ္းမွာ ကုိဗစ္စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဆိပ္ကမ္းအာဏာပိုင္ - ဒီဇင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြၾကား ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ေတြ႔ရွိခဲ့ၿပီးေနာက္ အလုပ္သမားေတြ သြားလာလႈပ္ရွားမႈေတြကုိ ထုိင္းအာဏာပုိင္ေတြ တုိးျမွင့္ ကန္႔သတ္လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထုိင္းႏို္င္ငံအလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္၊ မဟာခ်ိဳင္ျမိဳ႕နယ္နဲ႔ ေတာင္ပုိင္းေဒသတခ်ဳိ႕က ျမန္မာအလုပ္သမားေတြၾကား ကုိဗစ္ေရာဂါ ကူးစက္မႈေတြ ေတြ႔ရွိခဲ့ရာက ေနေျမေက်ာ္ သြားလာခြင့္ေတြကုိပါ ကန္႔သတ္လုိက္သလုိ၊ စာသင္ေက်ာင္း တခ်ဳိ႕ကုိပါ ပိတ္ထားပါတယ္။ သြားလာလႈပ္ရွားမႈေတြနဲ႔ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ စာသင္ေက်ာင္းေတြကိုပါ ပိတ္လုိက္ရတဲ့ ထုိင္းႏုိင္ငံ ေတာင္ပုိင္းက အေျခအေနကုိေတာ့ ထုိင္းႏုိင္ငံအေျခစုိက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတုိးတက္ေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက အခုလို ေျပာျပပါတယ္။

"မေန႔ကဆိုရင္ ထုိင္းေတာင္ပုိင္းမွာ ၄ ေယာက္ထပ္ေတြ ့တယ္။ ျမန္မာအလုပ္သမားေတြမွာ ေတြ ့တာေလ အခုက သြားလာတာေတြကုိ ကန္႔သတ္ကုန္ျပီ။ က်ေနာ္တုိ႔ဆီမွာလည္းတရား၀င္စာထုတ္ထားတယ္။ အလုပ္သမားေတြ ခရိုင္ျခားကုိ၊ ခရီးသြားတာကို ေပးမသြားေတာ့ဘူး။ ဧည့္သည္လာရင္အေၾကာင္းၾကားရမယ္။ လူစိမ္းရပ္ကြက္ထဲကို ၀င္ရင္အေၾကာင္းၾကားရမယ္ အထူးသျဖင့္ ကိုဗစ္ျဖစ္တဲ့ ၅ ခရုိင္က လူေတြလာရင္ လက္မခံရဘူးေပါ့။ ေရႊ႕ေျပာင္းအလုပ္သမားအားလံုးကို လုပ္တာ၊ ခြ်န္ဘူရီ၊ ရာတ္ခ်္ဘူရီ လုပ္တယ္။ ကပီစူရတ္ဌာနီဆိုရင္ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ ေပးမသြားေတာ့ဘူး။ ေရႊ႕ေျပာင္းအလုပ္သမားေတြကိုပဲ လုပ္တာ။ က်ေနာ္တုိ႔ စာသင္ေက်ာင္းေတြလည္း ၁၈ ရက္ေန႔ကတည္းက ပိတ္ထားရတယ္။"

ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား အလုပ္လုပ္ကိုင္ေနၾကတဲ့ ပင္လယ္စာလုပ္ငန္းေတြရွိရာ စမြတ္ဆာခြန္းခရိုင္၊ မဟာခ်ိဳင္မွာေတာ့ ကပ္ေရာဂါကူးစက္မႈေၾကာင့္ ကန္႔သတ္မႈေတြ တုိးျမွင့္ထားၿပီး ျမန္မာအပါအ၀င္ ႏိုင္ငံျခားသား အလုပ္သမားေတြအတြက္ အေရးေပၚ လူနာေဆာင္ေတြပါ ျပင္ဆင္ထားေၾကာင္းလည္း ထုိင္းႏုိင္ငံျပည္သူ႔က်န္းမာေရးဌာန အျမဲတမ္း အတြင္း၀န္ Dr. Somchai Chakraphan က မဟာခ်ိဳင္ျမိဳ႕ ပုဇြန္ေစ်းကို ဒီကေန႔ လာေရာက္စစ္ေဆးစဥ္မွာ ေျပာဆုိသြားပါတယ္။

မၾကာေသးခင္ရက္ေတြမွာ ေရာဂါကူးစက္မႈေတြ ေတြ႔ခဲ့ရတဲ့ မဟာခ်ိဳင္အျပင္၊ ပင္လယ္စာတင္ပုိ႔တဲ့ လုပ္ငန္းေတြေၾကာင့္ ဆက္စပ္ေနတဲ့ ထုိင္းေတာင္ပုိင္းခ႐ုိင္ေတြမွာပါ ေရာဂါကူးစက္မႈ ရွိမရွိ က်န္းမာေရး တာ၀န္ရွိသူေတြ တုိးျမွင့္စစ္ေဆးေနတယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

"မဟာခ်ိဳင္မွာ ပတ္စ္ပုိ႔ လုပ္တဲ့သူေတြ စီအုိင္ကေန ပတ္စ္ပို႔ ေလွ်ာက္တဲ့သူေတြအကုန္ ဒုကၡေရာက္တာေပါ့။ သြားတဲ့သူေတြေဆးရံုေဆးခန္းမွာ သြားစစ္ေဆးရမယ္။ ဖန္ငက သြားစစ္တဲ့သူေတြက ထိုင္းေရာ၊ ျမန္မာေရာ ၁၄၆ ေယာက္ရွိတယ္။ ေတာင္ပုိင္းခရိုင္ ေရလုပ္ငန္းထြက္တဲ့ေနရာေတြနဲ႔ မဟာခ်ိဳင္က လူေတြက ဆက္စပ္ေနတာ။ ကားေတြက အျမဲတမ္း ပင္လယ္စာေတြ တင္ပုိ႔ေနတာကိုး။"

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ အတည္ျပဳလူနာ ၅,၇၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြလည္း ပါ၀င္လာခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၂,၅၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၁၉,၀၀၀ ေက်ာ္ရွိေနတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသမွာ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ် အသွားအလာကန့်သတ်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် အလုပ်သမားတွေ သွားလာလှုပ်ရှားမှုတွေကို ထိုင်းအာဏာပိုင်တွေ တိုးမြှင့် ကန့်သတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့နယ်နဲ့ တောင်ပိုင်းဒေသတချို့က မြန်မာအလုပ်သမားတွေကြား ကိုဗစ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့ရာက နေမြေကျော် သွားလာခွင့်တွေကိုပါ ကန့်သတ်လိုက်သလို၊ စာသင်ကျောင်း တချို့ကိုပါ ပိတ်ထားပါတယ်။ သွားလာလှုပ်ရှားမှုတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စာသင်ကျောင်းတွေကိုပါ ပိတ်လိုက်ရတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းက အခြေအနေကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလို ပြောပြပါတယ်။

"မနေ့ကဆိုရင် ထိုင်းတောင်ပိုင်းမှာ ၄ ယောက်ထပ်တွေ့တယ်။ မြန်မာအလုပ်သမားတွေမှာ တွေ့တာလေ အခုက သွားလာတာတွေကို ကန့်သတ်ကုန်ပြီ။ ကျနော်တို့ဆီမှာလည်းတရားဝင်စာထုတ်ထားတယ်။ အလုပ်သမားတွေ ခရိုင်ခြားကို၊ ခရီးသွားတာကို ပေးမသွားတော့ဘူး။ ဧည့်သည်လာရင်အကြောင်းကြားရမယ်။ လူစိမ်းရပ်ကွက်ထဲကို ဝင်ရင်အကြောင်းကြားရမယ် အထူးသဖြင့် ကိုဗစ်ဖြစ်တဲ့ ၅ ခရိုင်က လူတွေလာရင် လက်မခံရဘူးပေါ့။ ရွှေ့ပြောင်းအလုပ်သမားအားလုံးကို လုပ်တာ၊ ချွန်ဘူရီ၊ ရာတ်ချ်ဘူရီ လုပ်တယ်။ ကပီစူရတ်ဌာနီဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးမသွားတော့ဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ လုပ်တာ။ ကျနော်တို့ စာသင်ကျောင်းတွေလည်း ၁၈ ရက်နေ့ကတည်းက ပိတ်ထားရတယ်။"

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေကြတဲ့ ပင်လယ်စာလုပ်ငန်းတွေရှိရာ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မှာတော့ ကပ်ရောဂါကူးစက်မှုကြောင့် ကန့်သတ်မှုတွေ တိုးမြှင့်ထားပြီး မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် အရေးပေါ် လူနာဆောင်တွေပါ ပြင်ဆင်ထားကြောင်းလည်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်း အတွင်းဝန် Dr. Somchai Chakraphan က မဟာချိုင်မြို့ ပုဇွန်ဈေးကို ဒီကနေ့ လာရောက်စစ်ဆေးစဉ်မှာ ပြောဆိုသွားပါတယ်။

မကြာသေးခင်ရက်တွေမှာ ရောဂါကူးစက်မှုတွေ တွေ့ခဲ့ရတဲ့ မဟာချိုင်အပြင်၊ ပင်လယ်စာတင်ပို့တဲ့ လုပ်ငန်းတွေကြောင့် ဆက်စပ်နေတဲ့ ထိုင်းတောင်ပိုင်းခရိုင်တွေမှာပါ ရောဂါကူးစက်မှု ရှိမရှိ ကျန်းမာရေး တာဝန်ရှိသူတွေ တိုးမြှင့်စစ်ဆေးနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"မဟာချိုင်မှာ ပတ်စ်ပို့ လုပ်တဲ့သူတွေ စီအိုင်ကနေ ပတ်စ်ပို့ လျှောက်တဲ့သူတွေအကုန် ဒုက္ခရောက်တာပေါ့။ သွားတဲ့သူတွေဆေးရုံဆေးခန်းမှာ သွားစစ်ဆေးရမယ်။ ဖန်ငက သွားစစ်တဲ့သူတွေက ထိုင်းရော၊ မြန်မာရော ၁၄၆ ယောက်ရှိတယ်။ တောင်ပိုင်းခရိုင် ရေလုပ်ငန်းထွက်တဲ့နေရာတွေနဲ့ မဟာချိုင်က လူတွေက ဆက်စပ်နေတာ။ ကားတွေက အမြဲတမ်း ပင်လယ်စာတွေ တင်ပို့နေတာကိုး။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၅,၇၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်နဲ့ ကူးစက်သူ ၁၁၉,၀၀၀ ကျော်ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG