သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း ကိုဗစ္ကူးစက္ခံရမႈ ျမန္မာႏိုင္ငံသားအမ်ားအျပား ပါဝင္


မဟာခ်ိဳင္ေဒသက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဇန္နဝါရီ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႀကံဳေနရတဲ့ ထိုင္းႏိုင္ငံမွာ ႏုိင္ငံျခားသား အလုပ္သမား အမ်ားစု အပါအ၀င္ ေနာက္ထပ္ ကူးစက္သူ အတည္ျပဳလူနာ ၇၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း ဒီကေန႔ပဲ သတင္းထုတ္ျပန္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာရာမွာ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြမွာ ကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိေနတာပါ။ ကူးစက္မႈေတြ အမ်ားစုဟာလည္း ျမန္မာႏုိင္ငံသားေတြ အမ်ားအျပား အလုပ္လုပ္ကုိင္ေနၿပီး တေက်ာ့ျပန္ ကူးစက္မႈေတြ စတင္ခဲ့တဲ့ ထုိင္းႏုိင္ငံ အလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္မွာ ေတြ႔ရွိရေၾကာင္း ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာထ၀ီဆင္က ေျပာပါတယ္။

"ကပ္ေရာဂါပိုး ကူးစက္သူလူနာသစ္ ၇၄၅ ေယာက္ကုိ ဒီကေန႔ အတည္ျပဳစစ္ေဆးေတြ႔ရွိခဲ့ရာမွာ ႏုိင္ငံျခားသားအလုပ္သမား ၅၇၀ ပါ၀င္ေၾကာင္း" ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ရဲ ့ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာထ၀ီဆင္က ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။

အခုဆိုရင္ျပီးခဲ့တဲ့ ဒီဇင္ဘာလ လလယ္က စတင္ျပီး ကုိဗစ္ကပ္ေရာဂါပုိး အမ်ားစုေတြခဲ့တဲ့ စမြတ္စခြန္းခ႐ုိင္၊ မဟာခ်ိဳင္ေဒသမွာ ေရာဂါကူးစက္ခံရသူ ျမန္မာႏုိင္ငံသား ၂,၀၀၀ ေက်ာ္ေလာက္ ရွိေနျပီလို႔လည္း မဟာခ်ိဳင္အေျခစိုက္ ေရႊ ႔ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ယက္ရဲ ့ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

"က်ေနာ္တို႔က ၅၀၀ ေက်ာ္ပါေနတယ္။ မေန႔ကထုတ္ျပန္တဲ့အထဲ ၅၄၁ ေယာက္ထဲမွာလည္း ျမန္မာလူမ်ိဳးက ၄၀၀ ေက်ာ္ေလာက္ပါေနတယ္။ က်ေနာ္တို႔ စမြတ္ဆာခြန္းခရိုင္ကအမ်ားဆံုးျဖစ္ေနတယ္။ စမြတ္ဆာခြန္းမွာဆိုရင္ မေန႔ကထိ ၁,၈၀၀ ေက်ာ္ပါတယ္ ဒီေန႔ဆိုရင္ေတာ့က်ေနာ္တို႔ ေရႊ႕ေျပာင္းလုပ္သားက ၂,၀၀၀ ေက်ာ္သြားျပီ။"

လူနာတခ်ဳိ႕ကုိေတာ့ ေလာေလာဆယ္ ယာယီေဆးရံု ၂ ခုမွာ ေရႊ႕ေျပာင္းထားေၾကာင္းလည္း ဦးေအာင္ေက်ာ္က ေျပာျပပါတယ္။

"က်ေနာ္တို႔ဆီမွာ ယာယီေဆးရံု ၂ ခု တည္ေဆာက္ထားတယ္။ ကိုးကပ္ဆုိတဲ့ ထုိင္းဘုန္းေတာ္ႀကီးေက်ာင္းမွာ ေဆာက္ထားတယ္။ အဲဒီမွာ ယာယီအေဆာက္အဦးေတြ ေဆာက္ထားတယ္။ က်ားဆုိရင္ေတာ့ ေဟာခန္းထဲမွာ ထားတယ္။ မိန္းကေလးေတြဆိုရင္ေတာ့ အခန့္ေလးေတြ ေဆာက္ေပးထားတယ္။ အားလံုးကုိေတာ့ ေခၚမသြားေသးဘူး။ အဲဒီက ေရာဂါလကၡဏာျပလာတဲ့သူမ်ိဳးေတြ သံသယျဖစ္တဲ့သူမ်ိဳးေတြကို ထားထားပါတယ္။"

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၆၅ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၈,၄၀၀ ေက်ာ္ ရွိလာတဲ့ ထုိင္းႏုိင္ငံမွာ ျပီးခဲတ့ဲ လက စလို႔ ကူးစက္မႈအသစ္ေတြ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစုပါ၀င္ေနတာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ေသဆံုးသူ ၂,၇၀၀ ေက်ာ္နဲ့ ကူးစက္သူအတည္ျပဳလူနာ ၁၂၆,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းၾကပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်းကိုဗစ်ကူးစက်ခံရမှု မြန်မာနိုင်ငံသားအများအပြားပါဝင်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား အများစု အပါအဝင် နောက်ထပ် ကူးစက်သူ အတည်ပြုလူနာ ၇၀၀ ကျော် ရှိခဲ့ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာရာမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေမှာ ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိနေတာပါ။ ကူးစက်မှုတွေ အများစုဟာလည်း မြန်မာနိုင်ငံသားတွေ အများအပြား အလုပ်လုပ်ကိုင်နေပြီး တကျော့ပြန် ကူးစက်မှုတွေ စတင်ခဲ့တဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မှာ တွေ့ရှိရကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီဆင်က ပြောပါတယ်။

"ကပ်ရောဂါပိုး ကူးစက်သူလူနာသစ် ၇၄၅ ယောက်ကို ဒီကနေ့ အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ရာမှာ နိုင်ငံခြားသားအလုပ်သမား ၅၇၀ ပါဝင်ကြောင်း" ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီဆင်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

အခုဆိုရင်ပြီးခဲ့တဲ့ ဒီဇင်ဘာလ လလယ်က စတင်ပြီး ကိုဗစ်ကပ်ရောဂါပိုး အများစုတွေခဲ့တဲ့ စမွတ်စခွန်းခရိုင်၊ မဟာချိုင်ဒေသမှာ ရောဂါကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်လောက် ရှိနေပြီလို့လည်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့က ၅၀၀ ကျော်ပါနေတယ်။ မနေ့ကထုတ်ပြန်တဲ့အထဲ ၅၄၁ ယောက်ထဲမှာလည်း မြန်မာလူမျိုးက ၄၀၀ ကျော်လောက်ပါနေတယ်။ ကျနော်တို့ စမွတ်ဆာခွန်းခရိုင်ကအများဆုံးဖြစ်နေတယ်။ စမွတ်ဆာခွန်းမှာဆိုရင် မနေ့ကထိ ၁,၈၀၀ ကျော်ပါတယ် ဒီနေ့ဆိုရင်တော့ကျနော်တို့ ရွှေ့ပြောင်းလုပ်သားက ၂,၀၀၀ ကျော်သွားပြီ။"

လူနာတချို့ကိုတော့ လောလောဆယ် ယာယီဆေးရုံ ၂ ခုမှာ ရွှေ့ပြောင်းထားကြောင်းလည်း ဦးအောင်ကျော်က ပြောပြပါတယ်။

"ကျနော်တို့ဆီမှာ ယာယီဆေးရုံ ၂ ခု တည်ဆောက်ထားတယ်။ ကိုးကပ်ဆိုတဲ့ ထိုင်းဘုန်းတော်ကြီးကျောင်းမှာ ဆောက်ထားတယ်။ အဲဒီမှာ ယာယီအဆောက်အဦးတွေ ဆောက်ထားတယ်။ ကျားဆိုရင်တော့ ဟောခန်းထဲမှာ ထားတယ်။ မိန်းကလေးတွေဆိုရင်တော့ အခန့်လေးတွေ ဆောက်ပေးထားတယ်။ အားလုံးကိုတော့ ခေါ်မသွားသေးဘူး။ အဲဒီက ရောဂါလက္ခဏာပြလာတဲ့သူမျိုးတွေ သံသယဖြစ်တဲ့သူမျိုးတွေကို ထားထားပါတယ်။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၅ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၈,၄၀၀ ကျော် ရှိလာတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲတဲ့ လက စလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၂၆,၀၀၀ ကျော် ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG