သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြကို ဒီႏွစ္အေစာပိုင္း ျမန္မာျပန္လည္လက္ခံဖို႔ ဘဂၤလားေဒ့႐ွ္ လိုလား 


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္နိုင္ငံ ေရာက္ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္နိုင္ေရး ၂၀၂၁ ခုႏွစ္မွာ စတင္ဖို႔ ေမၽွာ္လင့္ေၾကာင္း ျမန္မာ နိုင္ငံျခားေရး ဝန္ႀကီးဆီကို ေပးပို႔တဲ့ ႏွစ္သစ္ကူး သဝဏ္လႊာမွာ ေရးသားထားတယ္လို႔ ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရး ဝန္ႀကီး AK Abdul Momen က ေျပာပါတယ္။

ကုလသမဂၢမွာ ရိုဟင္ဂ်ာ ဒုကၡသည္ဆိုင္ရာ ဆုံးျဖတ္ခ်က္တစ္ခုကို အတည္ျပဳ ခ်မွတ္ၿပီး ရက္ပိုင္းအတြင္းမွာ ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရး ဝန္ႀကီးက တနဂၤေႏြေန႔ သတင္းစာ ရွင္းလင္းပြဲတစ္ခုမွာ အခုလို ေျပာၾကားလိုက္တာပါ။

အဲဒီ ႏွစ္သစ္ကူး သဝဏ္လႊာကို နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးကို ေပးပို႔ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္၊ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္နိုင္ေရးအတြက္ ဂ်ပန္နိုင္ငံကလည္း ပူးေပါင္းေဆာင္ရြက္မွာျဖစ္ေၾကာင္း၊ ဂ်ပန္နိုင္ငံက ျမန္မာနိုင္ငံ မွာရင္းႏွီးျမႇုပ္ႏွံမႈေတြအႀကီးအက်ယ္ျပဳလုပ္ေနေၾကာင္း၊ အိႏၵိယနဲ႔ တ႐ုတ္နိုင္ငံတို႔ကလည္း ဒုကၡသည္ေတြေနရပ္ျပန္ေရး ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း၊ အားလုံးက ဒီ အက်ပ္အတည္းကို ၿပီးဆုံးေစခ်င္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္နိုင္ငံ အေနနဲ႔ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ကိုဒီႏွစ္ထဲ စခ်င္ေၾကာင္းဘဂၤလား ေဒ့ရွ္ နိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာ အစိုးရအေနနဲ႔ ဒုကၡသည္ေတြေနရပ္ျပန္နိုင္ေရးအတြက္ဘဂၤလားေဒ့ရွ္နဲ႔ႏွစ္နိုင္ငံသေဘာ တူ စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့ေပမယ့္ အခုအခ်ိန္အထိ ေနရပ္ျပန္ေရး အစီအစဥ္ စတင္နိုင္ျခင္း မရွိေသးပါဘူး။

ေနရပ္ျပန္ရမွာကို ဒုကၡသည္ေတြ စိုးရိမ္ ေၾကာက္လန္႔ေနတဲ့အေပၚ ေမးျမန္းခ်က္ကိုေတာ့ ဒုကၡသည္ေတြအၾကား မၿငိမ္မသက္ ျဖစ္နိုင္ေခ်ရွိ ေနေၾကာင္း၊ အဲဒီလို ျဖစ္လာရင္ အားလုံးအတြက္ အဆင္ေျပမွာ မဟုတ္ေၾကာင္းလည္းဘဂၤလားေဒ့ရွ္နိုင္ငံျခားေရး ဝန္ႀကီးMomenက ေျပာပါတယ္။

၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ျမန္မာနိုင္ငံနဲ႔ပတ္သက္ၿပီး အတည္ျပဳခဲ့တဲ့ ရိုဟင္ဂ်ာနဲ႔ တျခား လူနည္းစုေတြရဲ့ အခြင့္အေရးဆိုင္ရာ ဆုံးျဖတ္ခ်က္က ကမၻာ့စင္ျမင့္မွာ ခိုင္မာတဲ့ အခြင့္အာဏာအသစ္တစ္ခုကို အပ္ႏွင္းလိုက္တာ ျဖစ္တယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီး Momen ကို ကိုးကားၿပီး India Today သတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီ ဆုံးျဖတ္ခ်က္ကို နိုင္ငံေပါင္း ၁၃၀ ေက်ာ္က ေထာက္ခံခဲ့ၿပီး ႐ု႐ုား၊ တ႐ုတ္နဲ႔ ျမန္မာ အပါအဝင္ နိုင္ငံေပါင္း ၉ နိုင္ငံက ကန္႔ကြက္ ခဲ့ၾကသလို ဂ်ပန္နဲ႔ အိႏၵိယ အပါအဝင္ နိုင္ငံေပါင္း ၂၆ နိုင္ငံက ၾကားေနခဲ့ၾကပါတယ္။

ဆုံးျဖတ္ခ်က္ကို မဲေပးတဲ့နိုင္ငံအားလုံးကိုဘဂၤလားေဒ့ရွ္နိုင္ငံျခားေရးဝန္ႀကီးဌာနကရိုဟင္ဂ်ာဒုကၡသည္ေတြရဲ့အေျခအေနကိုရွင္းလင္း တဲ့ သံတမန္ေရး စာေတြ ေပးပို႔ခဲ့တယ္လို႔လည္း ဘဂၤလားေဒ့ရွ္နိုင္ငံျခားေရး ဝန္ႀကီးMomenက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရိုဟင်ဂျာတွေကို ဒီနှစ်အစောပိုင်း မြန်မာပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် လိုလား

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ မျှော်လင့်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ပြောပါတယ်။

ကုလသမဂ္ဂမှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြု ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အခုလို ပြောကြားလိုက်တာပါ။

အဲဒီ နှစ်သစ်ကူး သဝဏ်လွှာကို နိုင်ငံတော် အတိုင်ပင်ခံရုံးကို ပေးပို့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင်၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂျပန်နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ မှာရင်းနှီးမြှုပ်နှံမှုတွေအကြီးအကျယ်ပြုလုပ်နေကြောင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေး ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အားလုံးက ဒီ အကျပ်အတည်းကို ပြီးဆုံးစေချင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်ကိုဒီနှစ်ထဲ စချင်ကြောင်းဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရအနေနဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအတွက်ဘင်္ဂလားဒေ့ရှ်နဲ့နှစ်နိုင်ငံသဘော တူ စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် အခုအချိန်အထိ နေရပ်ပြန်ရေး အစီအစဉ် စတင်နိုင်ခြင်း မရှိသေးပါဘူး။

နေရပ်ပြန်ရမှာကို ဒုက္ခသည်တွေ စိုးရိမ် ကြောက်လန့်နေတဲ့အပေါ် မေးမြန်းချက်ကိုတော့ ဒုက္ခသည်တွေအကြား မငြိမ်မသက် ဖြစ်နိုင်ချေရှိ နေကြောင်း၊ အဲဒီလို ဖြစ်လာရင် အားလုံးအတွက် အဆင်ပြေမှာ မဟုတ်ကြောင်းလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးMomenက ပြောပါတယ်။

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတည်ပြုခဲ့တဲ့ ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေရဲ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်က ကမ္ဘာ့စင်မြင့်မှာ ခိုင်မာတဲ့ အခွင့်အာဏာအသစ်တစ်ခုကို အပ်နှင်းလိုက်တာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီး Momen ကို ကိုးကားပြီး India Today သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၃၀ ကျော်က ထောက်ခံခဲ့ပြီး ရုရုား၊ တရုတ်နဲ့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက ကန့်ကွက် ခဲ့ကြသလို ဂျပန်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက ကြားနေခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်ကို မဲပေးတဲ့နိုင်ငံအားလုံးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေကိုရှင်းလင်း တဲ့ သံတမန်ရေး စာတွေ ပေးပို့ခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးMomenက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG