သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုတိယအသုတ္ Bhasan Char ကြ်န္းေရႊ႕ေျပာင္း


Rohingya ဒုကၡသည္မ်ားကို Bhasan Char ကြ်န္းသို႔ ကားမ်ားနဲ႔ ေရႊ႕ေျပာင္းေပးတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ Bhasan Cher ကၽြန္းဆီကို ဒုတိယအသုတ္ပို႔ေဆာင္ႏိုင္ဖို႔ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြက ဒုကၡသည္ ၁,၀၀၀ နီးပါး စစ္တေကာင္းၿမိဳ႕ဆီ စတင္ေျပာင္းေရႊ႕ေနၾကၿပီျဖစ္ပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

Bhashan Char ကၽြန္း ဆိုတာကေတာ့ ျမန္မာႏုိင္ငံက တိမ္းေရွာင္ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းနဲ႔ခ်ီ ခိုလံႈေနထိုင္တဲ့ လူဦးေရ ထူထပ္မ်ားျပားလြန္းလွတဲ့ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္တခ်ိဳ႕ကို ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက စီစဥ္ထားတဲ့ ပင္လယ္ထဲက ေျမႏုကၽြန္း တကၽြန္းျဖစ္ပါတယ္။ အဲ့ဒီကၽြန္းဆီကို ေျပာင္းေရႊ႕ေပးဖို႔ မေန႔ တနဂၤေႏြေန႔ကစၿပီး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ စခန္းတာဝန္ခံေတြက ေကာ့ဇ္ဘဇားခရိုင္ထဲက ဒုကၡသည္စခန္းအသီးသီးကေန ဒုကၡသည္ ၁,၀၀၀ နီးပါးကို ဒုတိယအသုတ္အျဖစ္စတင္ေခၚေဆာင္သြားတာပါ။ျပီးခဲ့တဲ့ ဒီဇင္ဘာလ ၄ ရက္ေန႔ကလည္းပထမဆံုးအသုတ္အျဖစ္နဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေပါင္း ၁,၆၄၂ ဦးကို Bhasan Char ကၽြန္းမွာ ေျပာင္းေရႊ႕ေနရာခ်ထားေပးၿပီးျဖစ္ပါတယ္။

မေန႔ တနဂၤေႏြေန႔ကစလို႔ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းအသီးသီးက မိသားစုေတြ- ဘာဆန္ခ်ာကၽြန္းခရီးစဥ္ စတင္ဖို႔ ဒုကၡသည္စခန္းေတြထဲက ထြက္ခြာသြားၾကတဲ့အေၾကာင္း ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၉ မွာေနတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ေခၚ ဦးအီစလံက သူေနာက္ဆံုးသိသမွ် ေျပာျပပါတယ္။

"Bhashan Char ကၽြန္း ကို ဒီဇင္ဘာလ ၂၇ ရက္ေန႔ ညေနပိုင္းကစၿပီးေတာ့ လူဦးေရ တစ္ေထာင္နီးပါးကို စတင္ေရႊ႕ေျပာင္းေနတာကို ေတြ႔ျမင္ရပါတယ္ခင္ဗ်။ က်ေနာ္တို႔ ဘာခုလီဒုကၡသည္စခန္း ၉ ကေန မိသားစု ၅၅ စု ပါဝင္ပါတယ္။ တျခားဒုကၡသည္စခန္းအသီးသီးကလည္း အမ်ားၾကီးပါဝင္တာကိုေတြ႔ရပါတယ္။ စုစုေပါင္း ၁,၀၀၀ နီးပါးနဲ႔ မိသားစုက ၂၀၀ နီးပါးေလာက္ရွိႏိုင္ပါတယ္ခင္ဗ်။ မေန႔ကညက သူတို႔ Ukhia ၿမိဳ႕မွာ ညအိပ္တယ္လို႔ေျပာတယ္ အဲ့ဒီ့မွာ သူတို႔ကအစားအေသာက္ေတြ စီစဥ္ေပးထားတယ္ ေဆာင္းတြင္းဆိုေတာ့ ေစာင္ေတြဘာေတြ အကုန္စီစဥ္ေပးတယ္လို႔ ဒုကၡသည္တေယာက္က ဖုန္းနဲ႔အဆက္အသြယ္လုပ္တာကေန သိရပါတယ္ခင္ဗ်။ ဒီကေန႔မနက္ပိုင္းမွာ သူတို႔ စစ္တေကာင္းၿမိဳ႕ကို ကားေတြနဲ႔ ထြက္ခြာေနၾကတယ္လို႔ သတင္းရပါတယ္ခင္ဗ်။ အခုသြားၾကတဲ့သူေတြက မိမိဆႏၵအေလ်ာက္သြားၾကတာ ဘဂၤလားေဒ့ရွ္အစိုးရက By Force လုပ္တာေတာ့ မေတြ႔ရပါဘူး။"

သူတို႔ကို စစ္တေကာင္းကို အရင္ေရႊ႕ေျပာင္းေပးၿပီးမွ ဒီေရအတက္အက်ေပၚ မူတည္ၿပီး Bhasan Char ကၽြန္းကို ဆက္ၿပီး ေရႊ႕ေျပာင္းေပးမယ္လိုလည္း႔ အမည္မေဖာ္လိုတဲ့ ဘဂၤလားေဒ့ရွ္ အရာရွိတဦးက ရိုက္တာကို ေျပာဆိုထားပါတယ္။ ဒီဒုကၡသည္ေတြ သူတို႔ဆႏၵအေလ်ာက္ ေျပာင္းေရႊ႕တာလို႔လည္း ဒုကၡသည္အေရး ကိုင္တြယ္ေနသူ ဘဂၤလားေဒ့ရွ္အစိုးရ အရာရွိ Mohammed Shamsud Douza က ေျပာဆိုထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox's Bazar မွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ဒီဘာဆန္ခ်ာကၽြန္းဆီကို ပို႔တဲ့အေပၚ သီးျခားလြတ္လပ္တဲ့ ဆန္းစစ္မႈေတြ လုပ္ၿပီး သူတုိ႔အေနနဲ႔ ဆႏၵအေလ်ာက္သြားတယ္ဆုိတာကို အတည္ျပဳဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က တုိက္တြန္းထားပါတယ္။

စခန္းထဲက ဒုကၡသည္တခ်ိဳ႕ မိမိသေဘာဆႏၵအေလ်ာက္ေရာ၊ စခန္းတြင္းေနထိုင္ရတဲ့ခက္ခဲတဲ့ အေျခအေန အေနအထားေတြေၾကာင့္ပါ ကၽြန္းဆီကို အေျခခ်ဖို႔ေျပာင္းေရႊ႕သြားၾကေပမဲ့ ရိုဟင္ဂ်ာဒုကၡသည္ အမ်ားစုကေတာ့ မိမိတို႔ ေနရပ္ရင္းကို ေဘးကင္းလံုျခံဳစြာနဲ႔ ျပန္လိုၾကတာပါ။

"က်ေနာ္တို႔ ရိုဟင္ဂ်ာဒုကၡသည္အကုန္လံုးဘက္ကေတာ့ ဒီစခန္းေတြထဲ မေနခ်င္ဘူး။ က်ေနာ္တို႔ကိုယ့္ေနရပ္ကိုပဲ ကိုယ္ျပန္ခ်င္ၾကတယ္။ ဒါတခုကိုပဲ လိုလုိလားလားေတာင္းဆိုေနၾကတာ။ က်ေနာ္တို႔လူေတြအားလံုးက ဒီလိုပဲစိတ္ရွိၾကတယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ ေအးခ်မ္းၿပီဆိုရင္ ကိုယ့္ေနရပ္ကိုပဲ သြားခ်င္တာေပါ့။ တရားမွ်တမႈရဖို႔ေစာင့္ေနတယ္။ ေဘးကင္းလံုျခံဳမႈကိုလည္း လိုခ်င္တယ္ က်ေနာ္တို႔လူေတြက။ ေနာက္ က်ေနာ္တို႔ဆံုးရံႈးနစ္နာခဲ့ရတဲ့ လူ႔အခြင့္အေရးဟူသမွ်ကိုလည္း ရၿပီးမွ ျပန္ခ်င္တာေပါ့ က်ေနာ္တို႔က ဒီမွာမေနခ်င္ဘူး။ ဒီဒုကၡသည္စခန္းမွာလည္း မေနခ်င္ဘူး။ တျခားေနရာကိုလည္း ေျပာင္းၿပီးမွ မေနခ်င္ဘူး။ ဒါကိုပဲ က်ေနာ္တို႔ေျပာခ်င္တာေပါ့။"

ဒါကေတာ့ ရိုဟင္ဂ်ာဒုကၡသည္တဦးက ဗီြအိုေအကိုေျပာျပခဲ့တာပါ။ ႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ကုလသမဂၢ ဘဂၤလားေဒ့ရွ္-ျမန္မာႏွစ္ႏုိင္ငံၾကား သေဘာတူညီခ်က္အတုိင္း ဒုကၡသည္ေတြျပန္လည္လက္ခံေရး စီစဥ္ေဆာင္ရြက္မယ္လို႔ေျပာဆိုထားေပမဲ့ ကိုဗစ္ကာလတြင္း ျပန္လည္လက္ခံေရးအစီအစဥ္ေတြက ေနွာင့္ေႏွးၾကန္႔ၾကာေနဆဲျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဒုတိယအသုတ္ Bhasan Char ကြ်န္းေရႊ႕ေျပာင္း
please wait

No media source currently available

0:00 0:03:32 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုတိယအသုတ် Bhasan Char ကျွန်းရွှေ့ပြောင်း

ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ဒုတိယအသုတ်ပို့ဆောင်နိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁,၀၀၀ နီးပါး စစ်တကောင်းမြို့ဆီ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် စုစည်းတင်ပြထားပါတယ်။

Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက မြေနုကျွန်း တကျွန်းဖြစ်ပါတယ်။ အဲ့ဒီကျွန်းဆီကို ပြောင်းရွှေ့ပေးဖို့ မနေ့ တနင်္ဂနွေနေ့ကစပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ စခန်းတာဝန်ခံတွေက ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအသီးသီးကနေ ဒုက္ခသည် ၁,၀၀၀ နီးပါးကို ဒုတိယအသုတ်အဖြစ်စတင်ခေါ်ဆောင်သွားတာပါ။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်နေ့ကလည်းပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁,၆၄၂ ဦးကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်ပါတယ်။

မနေ့ တနင်္ဂနွေနေ့ကစလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအသီးသီးက မိသားစုတွေ- ဘာဆန်ချာကျွန်းခရီးစဉ် စတင်ဖို့ ဒုက္ခသည်စခန်းတွေထဲက ထွက်ခွာသွားကြတဲ့အကြောင်း ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ခေါ် ဦးအီစလံက သူနောက်ဆုံးသိသမျှ ပြောပြပါတယ်။

"Bhashan Char ကျွန်း ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းကစပြီးတော့ လူဦးရေ တစ်ထောင်နီးပါးကို စတင်ရွှေ့ပြောင်းနေတာကို တွေ့မြင်ရပါတယ်ခင်ဗျ။ ကျနော်တို့ ဘာခုလီဒုက္ခသည်စခန်း ၉ ကနေ မိသားစု ၅၅ စု ပါဝင်ပါတယ်။ တခြားဒုက္ခသည်စခန်းအသီးသီးကလည်း အများကြီးပါဝင်တာကိုတွေ့ရပါတယ်။ စုစုပေါင်း ၁,၀၀၀ နီးပါးနဲ့ မိသားစုက ၂၀၀ နီးပါးလောက်ရှိနိုင်ပါတယ်ခင်ဗျ။ မနေ့ကညက သူတို့ Ukhia မြို့မှာ ညအိပ်တယ်လို့ပြောတယ် အဲ့ဒီ့မှာ သူတို့ကအစားအသောက်တွေ စီစဉ်ပေးထားတယ် ဆောင်းတွင်းဆိုတော့ စောင်တွေဘာတွေ အကုန်စီစဉ်ပေးတယ်လို့ ဒုက္ခသည်တယောက်က ဖုန်းနဲ့အဆက်အသွယ်လုပ်တာကနေ သိရပါတယ်ခင်ဗျ။ ဒီကနေ့မနက်ပိုင်းမှာ သူတို့ စစ်တကောင်းမြို့ကို ကားတွေနဲ့ ထွက်ခွာနေကြတယ်လို့ သတင်းရပါတယ်ခင်ဗျ။ အခုသွားကြတဲ့သူတွေက မိမိဆန္ဒအလျောက်သွားကြတာ ဘင်္ဂလားဒေ့ရှ်အစိုးရက By Force လုပ်တာတော့ မတွေ့ရပါဘူး။"

သူတို့ကို စစ်တကောင်းကို အရင်ရွှေ့ပြောင်းပေးပြီးမှ ဒီရေအတက်အကျပေါ် မူတည်ပြီး Bhasan Char ကျွန်းကို ဆက်ပြီး ရွှေ့ပြောင်းပေးမယ်လိုလည်း့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ရိုက်တာကို ပြောဆိုထားပါတယ်။ ဒီဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် ပြောင်းရွှေ့တာလို့လည်း ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိ Mohammed Shamsud Douza က ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီဘာဆန်ချာကျွန်းဆီကို ပို့တဲ့အပေါ် သီးခြားလွတ်လပ်တဲ့ ဆန်းစစ်မှုတွေ လုပ်ပြီး သူတို့အနေနဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းထားပါတယ်။

စခန်းထဲက ဒုက္ခသည်တချို့ မိမိသဘောဆန္ဒအလျောက်ရော၊ စခန်းတွင်းနေထိုင်ရတဲ့ခက်ခဲတဲ့ အခြေအနေ အနေအထားတွေကြောင့်ပါ ကျွန်းဆီကို အခြေချဖို့ပြောင်းရွှေ့သွားကြပေမဲ့ ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ မိမိတို့ နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လိုကြတာပါ။

"ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်အကုန်လုံးဘက်ကတော့ ဒီစခန်းတွေထဲ မနေချင်ဘူး။ ကျနော်တို့ကိုယ့်နေရပ်ကိုပဲ ကိုယ်ပြန်ချင်ကြတယ်။ ဒါတခုကိုပဲ လိုလိုလားလားတောင်းဆိုနေကြတာ။ ကျနော်တို့လူတွေအားလုံးက ဒီလိုပဲစိတ်ရှိကြတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ အေးချမ်းပြီဆိုရင် ကိုယ့်နေရပ်ကိုပဲ သွားချင်တာပေါ့။ တရားမျှတမှုရဖို့စောင့်နေတယ်။ ဘေးကင်းလုံခြုံမှုကိုလည်း လိုချင်တယ် ကျနော်တို့လူတွေက။ နောက် ကျနော်တို့ဆုံးရှုံးနစ်နာခဲ့ရတဲ့ လူ့အခွင့်အရေးဟူသမျှကိုလည်း ရပြီးမှ ပြန်ချင်တာပေါ့ ကျနော်တို့က ဒီမှာမနေချင်ဘူး။ ဒီဒုက္ခသည်စခန်းမှာလည်း မနေချင်ဘူး။ တခြားနေရာကိုလည်း ပြောင်းပြီးမှ မနေချင်ဘူး။ ဒါကိုပဲ ကျနော်တို့ပြောချင်တာပေါ့။"

ဒါကတော့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပြခဲ့တာပါ။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံကြား သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်မယ်လို့ပြောဆိုထားပေမဲ့ ကိုဗစ်ကာလတွင်း ပြန်လည်လက်ခံရေးအစီအစဉ်တွေက နှောင့်နှေးကြန့်ကြာနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG