သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္နဲ႔ လူကုန္ကူးမႈကြန္ယက္


ေလွတစင္းေပၚေတြ႔ရတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ စခန္းေတြက ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို မေလးရွားကို ပို႔ေဆာင္ေပးတဲ႔ လူကုန္ကူးမႈဟာ ဆန္းျပား ရႈပ္ေထြးၿပီး စခန္းတြင္းက လူေတြ အဓိက ပါ၀င္ပတ္သတ္ေနတဲ႔ ေဒၚလာ သန္းခ်ီတဲ့ လုပ္ငန္းျဖစ္တယ္ဆိုတာကို ဒီ လူကုန္ကူးမႈ ကြန္ရက္ထဲမွာ ပါတဲ႔ သူေတြနဲ႔ စံုစမ္း ေမးျမန္းမႈကေန ထြက္ေပၚလာပါတယ္။ လူ ၁,၀၀၀ ဆန္႔တဲ့ ထိုင္း မွတ္ပံုတင္ ငါးဖမ္း သေဘာၤေတြ၊ ၿဂိဳဟ္တုဖုန္းေတြ၊ ေထာက္ပံ႔ေရး ေရယာဥ္ငယ္၊ ဘဂၤလားေဒရွ္႕ စခန္းေတြနဲ႔ အေရွ႕ေတာင္ အာရွ တလႊားက လာဘ္စားတဲ႔ အာဏာပိုင္ေတြဟာ ဒီကြန္ယက္ႀကီးထဲမွာ ပါ၀င္ ပတ္သက္ေနတယ္လို႔ AFP ရဲ႕ စံုစမ္းေဖာ္ထုတ္ထားတဲ႔ ေဆာင္းပါးက ေဖာ္ျပပါတယ္။ မသိဂၤ ီထုိက္ တင္ျပေပးမွာပါ။

ဘဂၤလားေဒ့ရွ္က ဒုကၡသည္ စခန္းေတြရဲ႕ သံဆူးႀကိဳး ကာထားတဲ႔ အေစာင့္ဂိတ္ေတြကို အလြယ္ျဖတ္ႏုိင္တဲ႔ သံုးဘီးကားေလးေတြရဲ႕ ယာဥ္ေမာင္းေတြဟာဆိုရင္ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို လူကုန္ကူးတဲ႔ ရႈပ္ေထြးလွတဲ႔ ကြန္ရက္ႀကီးနဲ႔ ပတ္သက္ေနတာပါ။ ဒီႏွစ္ အေစာပိုင္းတုန္းက ဒီသံုးဘီးကားေလးနဲ႔ ဆိပ္ကမ္းကို သြား၊ အဲဒီကေန တဆင့္ ေလွငယ္ေလးကို စီးၿပီးေနာက္ ဘဂၤလား ပင္လယ္ေအာ္ အတြင္းက ငါးဖမ္း သေဘာၤႀကီးေပၚကို တက္ၿပီး မေလးရွားကို သြားၾကတာပါ။ ဒီထဲမွာ အသက္ ၁၉ ႏွစ္ အရြယ္ Enamul Hasan လည္း လိုက္သြားခဲ႔ပါတယ္။

"ႀကံဳခဲ႔ရတဲ႔ အျဖစ္ဆိုးႀကီးကို ဘယ္ေတာ့မွ မေမ႔ပါဘူး။ လူကုန္ကူးသူေတြ၊ သေဘာၤသားေတြ အားလံုးက က်ေနာ္တို႔ကို ဖိႏွိပ္ ႏွိပ္စက္ၾကပါတယ္။"

သူလုိက္သြားတဲ႔ သေဘာၤေပၚက ဗီြဒီယို ဆိုၿပီးလည္း Enamul Hasan က ျပပါတယ္။ မေလးရွားေရာက္ရင္ ပညာ ဆံုးခန္းတိုင္ သင္ၿပီး ၀င္ေငြလည္း ေကာင္းမယ္ အိမ္ကို ျပန္ေထာက္ပံ႔ႏုိင္မယ္လို႔ စခန္းတြင္းက လူပြဲစားေတြ ဆြယ္တာနဲ႔ သူ လုိက္သြားတာပါ။ ေနာက္ဆံုးေတာ့ သေဘာၤက ဘဂၤလားေဒရွ္႕ကို ျပန္ဆိုက္ခဲ႔ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို စိစစ္ လက္ခံမယ္လုိ႔ ျမန္မာဘက္က ေျပာထားေပမယ့္ အခုအခ်ိန္ထိ ဌာေနျပန္ေရး အေကာင္အထည္ မေပၚေသးပါဘူး။ စခန္းေတြတြင္းမွာလည္း ဒုကၡသည္ေတြ ျပည့္ၾကပ္္ေနပါတယ္။ ဘဂၤလားေဒ့ရွ္က ဒုကၡသည္မ်ားဆိုင္ရာ ဒုတိယ မဟာမင္းႀကီး Shamzoud Douza ကလည္း အခုလို ရွင္းျပပါတယ္။

"ရိုဟင္ဂ်ာ စခန္းေတြက လူေတြမ်ားလြန္းပါတယ္။ လူေမွာင္ခို သမားေတြလည္း ေန႔တိုင္းဘဲ လူရွာေနၾကပါတယ္။ စခန္းေတြ အတြင္း ကူးလူးသြားလာဖို႔ လမ္းေၾကာင္းမ်ိဳးစံု သံုးပါတယ္။"

လူေမွာင္ခိုကူးသူေတြဟာ လမ္းလည္း ကြ်မ္းတယ္လု႔ိ သူက ေျပာပါတယ္။ ဒါေပမယ္႔ စခန္းေတြမွာ သံဆူးႀကိဳးေတြကာ၊ စစ္ေဆးေရးဂိတ္ေတြ ခ်ၿပီး လူကုန္ကူးမယ့္သူေတြကို တားဆီႏုိင္ဖို႔ ေဆာင္ရြက္ေနပါတယ္။ ဒုကၡသည္ တဦး ျဖစ္တဲ႔ Mohammad Rashid ကေတာ့...

"သံုးဘီး ေမာင္းသမားက ပိုက္ဆံေပးလိုက္ရင္ အစစ္မခံရပါဘူး။ ဒီလိုနည္းနဲ႔ စစ္ေဆးေရးဂိတ္ေတြကို က်ေနာ္တို႔ ျဖတ္ပါတယ္။"

လူေမွာင္ခိုကူးသူေတြကို ဟန္႔တားႏုိင္ေရး ဘဂၤလားေဒရွ္႕ လံုၿခံဳေရး အဖြဲ႔ေတြ အေနနဲ႔လည္း အခက္အခဲ ရွိပါတယ္။ ဒုကၡသည္စခန္းတြင္းက ရဲတပ္ဖြဲ႔ရဲ႕ တပ္မွဴး Hemayetul Islam က ရွင္းျပပါတယ္။

"အခုဆိုရင္ ပင္လယ္ထဲက သေဘာၤေတြထံကို ငါးဖမ္းေလွေတြနဲ႔ လူေတြ လုိက္ပို႔ေနတာပါ။ ဒီေလွေတြကို သြားစစ္ရင္လည္း ငါးဖမ္းပိုက္ေတြ၊ ငါးဖမ္း ပစၥည္းေတြပဲ ေတြ႔ပါတယ္။ အမွန္အကန္ တံငါသည္နဲ႔ လူေမွာင္ခို ကူးသူေတြနဲ႔ ၾကားမွာ ခြဲျခားဖို႔ က်ေနာ္တို႔ အတြက္ သိပ္ ခက္ပါတယ္။"

ရိုဟင္ဂ်ာ ဒုစရိုက္ဂိုဏ္း ေခါင္းေဆာင္ အတြက္ အလုပ္လုပ္ေပးေနသူလို႔ ဆိုတဲ႔ အသက္ ၂၅ ႏွစ္ အရြယ္ မိုဟာမက္ကေတာ့ ၂ ႏွစ္ အတြင္း မေလးရွားသြားလိုသူ အနည္းဆံုး ၂၀၀ ေလာက္ စုေဆာင္းေပးခဲ႔ေၾကာင္း၊ လူရွာေပးတဲ႔ အတြက္ တလကို ေဒၚလာ ၅၅၀ ေလာက္ရေၾကာင္း AFP ကို ေျပာပါတယ္။ ဒါေပမဲ့လည္း လူကုန္ကူးမႈမွာ ပတ္သက္သူ တဦးျဖစ္တဲ႔ အသက္ ၃၄ ႏွစ္ အရြယ္ Mohammad Taher ကေတာ့ သံုးဘီးကားနဲ႔ လူေတြကို ေခၚ စစ္ေဆးေရးဂိတ္ေတြ ျဖတ္ၿပီး ေလွငယ္ေတြဆီ လိုက္ပို႔သူပါ။ ငရဲခန္းနဲ႔ တူတဲ႔ စခန္းကေန ထြက္ခ်င္သူေတြ အတြက္ အကိုတေယာက္ အေနနဲ႔ ထြက္ေပါက္ကို ျပဖို႔ တာ၀န္ရွိတယ္လို႔ ခံယူထားေၾကာင္း ေျပာပါတယ္။

လူေတြ ျပည့္ၾကပ္ေနတဲ႔ ငါးဖမ္းသေဘာၤနဲ႔ ပင္လယ္ျပင္ကို ျဖတ္ၿပီး မေလးရွားကို ေရာက္ဖို႔ ႀကိဳးစားၾကသူေတြထဲမွာ မိသားစုေတြ ျပန္လည္ ဆံုဆည္းဖို႔ ရည္ရြယ္သြားသူေတြ ပါသလို မေလးရွားမွာ အေျခက်ၿပီးသူေတြနဲ႔ လက္ထပ္ဖို႔ ရည္ရြယ္သြားေရာက္သူေတြလည္း ပါပါတယ္။ ဒုကၡသည္ တဦး ျဖစ္တဲ႔ Amerah ဟာ အင္ဒိုနီးရွားႏုိင္ငံ အာေခ်းမွာ ေသာင္တင္ေနသူပါ။

"မေလးရွားကို သြားရမယ္ဆိုတဲ႔ ကတိနဲ႔ ဒီခရီးစဥ္မွာ လိုက္ဖို႔ သူတို႔က ေခၚလာတာပါ။ သူတို႔ကသာ က်မကို မေလးရွား ေရာက္ေအာင္ ပို႔ေပးမယ္ဆိုရင္ က်မတို႔ လက္ထပ္ၾကရမွာပါ။ အခုေတာ့ ဒီမွာ ေသာင္တင္ေနပါတယ္။ ဘာဆက္လုပ္ရမလဲ စဥ္းစားေနရပါတယ္။"

ၿပီးခဲ႔တဲ႔ ဇြန္လတုန္းက အင္ဒိုနီးရွား ႏုိင္ငံ အာေခ်းမွာ ရိုဟင္ဂ်ာ ဒုကၡသည္ ၁၀၀ ေလာက္လိုက္ပါလာတဲ႔ ေလွကို အင္ဒိုနီးရွား ငါးဖမ္းသမားေတြက ကယ္တင္ခဲ႔တာလို႔ ကနဦး ေျပာဆိုခဲ႔ၾကေပမယ့္ အျဖစ္မွန္ကေတာ့ လူကုန္ကူး ကြန္ရက္နဲ႔ ေပါင္းၿပီး ႀကံခဲ႔တာ ျဖစ္တယ္လို႔ အာေခ်း ရဲဌာနရဲ႕ မႈခင္းဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Sony Sanjaya က ေျပာပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ ဆက္စပ္ၿပီး လူကုန္ကူးသူေတြ အျဖစ္ စြပ္စြဲ ဖမ္းဆီးခဲ႔သူ ၅ ဦးထဲမွာ ေဒသခံ ငါးဖမ္းသမား ၃ ဦးလည္း ပါ၀င္ပါတယ္။ အင္ဒိုနီးရွားမွာ ေနတဲ႔ ရိုဟင္ဂ်ာ အမ်ိဳးသား တဦးက သူတို႔ကို ငွားခဲ႔တာလို႔လည္း အာေခ်းမွာ ဖမ္းခံထားရသူက AFP ကို ေျပာပါတယ္။ ေလွတစင္းငွားၿပီး ေမာ္ေတာ္ဘုတ္ေပၚက ဒုကၡသည္ေတြကို သြားေခၚဖို႔ သူတို႔ကို ငွားခဲ႔တာမွာ သူကလည္း ေငြလိုေနတဲ႔ အတြက္ အလုပ္လက္ခံခဲ႔တာလို႔ ကေလး ၆ ေယာက္ ဖခင္ Faisal က ေျပာျပပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္နဲ႔ လူကုန္ကူးမႈကြန္ယက္
please wait

No media source currently available

0:00 0:04:34 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်နဲ့ လူကုန်ကူးမှုကွန်ယက်

ဘင်္ဂလားဒေ့ရှ် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားကို ပို့ဆောင်ပေးတဲ့ လူကုန်ကူးမှုဟာ ဆန်းပြား ရှုပ်ထွေးပြီး စခန်းတွင်းက လူတွေ အဓိက ပါဝင်ပတ်သတ်နေတဲ့ ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာကို ဒီ လူကုန်ကူးမှု ကွန်ရက်ထဲမှာ ပါတဲ့ သူတွေနဲ့ စုံစမ်း မေးမြန်းမှုကနေ ထွက်ပေါ်လာပါတယ်။ လူ ၁,၀၀၀ ဆန့်တဲ့ ထိုင်း မှတ်ပုံတင် ငါးဖမ်း သဘောၤတွေ၊ ဂြိုဟ်တုဖုန်းတွေ၊ ထောက်ပံ့ရေး ရေယာဉ်ငယ်၊ ဘင်္ဂလားဒေရှ့် စခန်းတွေနဲ့ အရှေ့တောင် အာရှ တလွှားက လာဘ်စားတဲ့ အာဏာပိုင်တွေဟာ ဒီကွန်ယက်ကြီးထဲမှာ ပါဝင် ပတ်သက်နေတယ်လို့ AFP ရဲ့ စုံစမ်းဖော်ထုတ်ထားတဲ့ ဆောင်းပါးက ဖော်ပြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေရဲ့ သံဆူးကြိုး ကာထားတဲ့ အစောင့်ဂိတ်တွေကို အလွယ်ဖြတ်နိုင်တဲ့ သုံးဘီးကားလေးတွေရဲ့ ယာဉ်မောင်းတွေဟာဆိုရင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူကုန်ကူးတဲ့ ရှုပ်ထွေးလှတဲ့ ကွန်ရက်ကြီးနဲ့ ပတ်သက်နေတာပါ။ ဒီနှစ် အစောပိုင်းတုန်းက ဒီသုံးဘီးကားလေးနဲ့ ဆိပ်ကမ်းကို သွား၊ အဲဒီကနေ တဆင့် လှေငယ်လေးကို စီးပြီးနောက် ဘင်္ဂလား ပင်လယ်အော် အတွင်းက ငါးဖမ်း သဘောၤကြီးပေါ်ကို တက်ပြီး မလေးရှားကို သွားကြတာပါ။ ဒီထဲမှာ အသက် ၁၉ နှစ် အရွယ် Enamul Hasan လည်း လိုက်သွားခဲ့ပါတယ်။

"ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို ဘယ်တော့မှ မမေ့ပါဘူး။ လူကုန်ကူးသူတွေ၊ သဘောၤသားတွေ အားလုံးက ကျနော်တို့ကို ဖိနှိပ် နှိပ်စက်ကြပါတယ်။"

သူလိုက်သွားတဲ့ သဘောၤပေါ်က ဗွီဒီယို ဆိုပြီးလည်း Enamul Hasan က ပြပါတယ်။ မလေးရှားရောက်ရင် ပညာ ဆုံးခန်းတိုင် သင်ပြီး ဝင်ငွေလည်း ကောင်းမယ် အိမ်ကို ပြန်ထောက်ပံ့နိုင်မယ်လို့ စခန်းတွင်းက လူပွဲစားတွေ ဆွယ်တာနဲ့ သူ လိုက်သွားတာပါ။ နောက်ဆုံးတော့ သဘောၤက ဘင်္ဂလားဒေရှ့်ကို ပြန်ဆိုက်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ် လက်ခံမယ်လို့ မြန်မာဘက်က ပြောထားပေမယ့် အခုအချိန်ထိ ဌာနေပြန်ရေး အကောင်အထည် မပေါ်သေးပါဘူး။ စခန်းတွေတွင်းမှာလည်း ဒုက္ခသည်တွေ ပြည့်ကြပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ဒုတိယ မဟာမင်းကြီး Shamzoud Douza ကလည်း အခုလို ရှင်းပြပါတယ်။

"ရိုဟင်ဂျာ စခန်းတွေက လူတွေများလွန်းပါတယ်။ လူမှောင်ခို သမားတွေလည်း နေ့တိုင်းဘဲ လူရှာနေကြပါတယ်။ စခန်းတွေ အတွင်း ကူးလူးသွားလာဖို့ လမ်းကြောင်းမျိုးစုံ သုံးပါတယ်။"

လူမှောင်ခိုကူးသူတွေဟာ လမ်းလည်း ကျွမ်းတယ်လု့ိ သူက ပြောပါတယ်။ ဒါပေမယ့် စခန်းတွေမှာ သံဆူးကြိုးတွေကာ၊ စစ်ဆေးရေးဂိတ်တွေ ချပြီး လူကုန်ကူးမယ့်သူတွေကို တားဆီနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒုက္ခသည် တဦး ဖြစ်တဲ့ Mohammad Rashid ကတော့

"သုံးဘီး မောင်းသမားက ပိုက်ဆံပေးလိုက်ရင် အစစ်မခံရပါဘူး။ ဒီလိုနည်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ကျနော်တို့ ဖြတ်ပါတယ်။"

လူမှောင်ခိုကူးသူတွေကို ဟန့်တားနိုင်ရေး ဘင်္ဂလားဒေရှ့် လုံခြုံရေး အဖွဲ့တွေ အနေနဲ့လည်း အခက်အခဲ ရှိပါတယ်။ ဒုက္ခသည်စခန်းတွင်းက ရဲတပ်ဖွဲ့ရဲ့ တပ်မှူး Hemayetul Islam က ရှင်းပြပါတယ်။

"အခုဆိုရင် ပင်လယ်ထဲက သဘောၤတွေထံကို ငါးဖမ်းလှေတွေနဲ့ လူတွေ လိုက်ပို့နေတာပါ။ ဒီလှေတွေကို သွားစစ်ရင်လည်း ငါးဖမ်းပိုက်တွေ၊ ငါးဖမ်း ပစ္စည်းတွေပဲ တွေ့ပါတယ်။ အမှန်အကန် တံငါသည်နဲ့ လူမှောင်ခို ကူးသူတွေနဲ့ ကြားမှာ ခွဲခြားဖို့ ကျနော်တို့ အတွက် သိပ် ခက်ပါတယ်။"

ရိုဟင်ဂျာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် အတွက် အလုပ်လုပ်ပေးနေသူလို့ ဆိုတဲ့ အသက် ၂၅ နှစ် အရွယ် မိုဟာမက်ကတော့ ၂ နှစ် အတွင်း မလေးရှားသွားလိုသူ အနည်းဆုံး ၂၀၀ လောက် စုဆောင်းပေးခဲ့ကြောင်း၊ လူရှာပေးတဲ့ အတွက် တလကို ဒေါ်လာ ၅၅၀ လောက်ရကြောင်း AFP ကို ပြောပါတယ်။ ဒါပေမဲ့လည်း လူကုန်ကူးမှုမှာ ပတ်သက်သူ တဦးဖြစ်တဲ့ အသက် ၃၄ နှစ် အရွယ် Mohammad Taher ကတော့ သုံးဘီးကားနဲ့ လူတွေကို ခေါ် စစ်ဆေးရေးဂိတ်တွေ ဖြတ်ပြီး လှေငယ်တွေဆီ လိုက်ပို့သူပါ။ ငရဲခန်းနဲ့ တူတဲ့ စခန်းကနေ ထွက်ချင်သူတွေ အတွက် အကိုတယောက် အနေနဲ့ ထွက်ပေါက်ကို ပြဖို့ တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ပြောပါတယ်။

လူတွေ ပြည့်ကြပ်နေတဲ့ ငါးဖမ်းသဘောၤနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားကို ရောက်ဖို့ ကြိုးစားကြသူတွေထဲမှာ မိသားစုတွေ ပြန်လည် ဆုံဆည်းဖို့ ရည်ရွယ်သွားသူတွေ ပါသလို မလေးရှားမှာ အခြေကျပြီးသူတွေနဲ့ လက်ထပ်ဖို့ ရည်ရွယ်သွားရောက်သူတွေလည်း ပါပါတယ်။ ဒုက္ခသည် တဦး ဖြစ်တဲ့ Amerah ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးမှာ သောင်တင်နေသူပါ။

"မလေးရှားကို သွားရမယ်ဆိုတဲ့ ကတိနဲ့ ဒီခရီးစဉ်မှာ လိုက်ဖို့ သူတို့က ခေါ်လာတာပါ။ သူတို့ကသာ ကျမကို မလေးရှား ရောက်အောင် ပို့ပေးမယ်ဆိုရင် ကျမတို့ လက်ထပ်ကြရမှာပါ။ အခုတော့ ဒီမှာ သောင်တင်နေပါတယ်။ ဘာဆက်လုပ်ရမလဲ စဉ်းစားနေရပါတယ်။"

ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်ဒိုနီးရှား နိုင်ငံ အာချေးမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ လောက်လိုက်ပါလာတဲ့ လှေကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တာလို့ ကနဦး ပြောဆိုခဲ့ကြပေမယ့် အဖြစ်မှန်ကတော့ လူကုန်ကူး ကွန်ရက်နဲ့ ပေါင်းပြီး ကြံခဲ့တာ ဖြစ်တယ်လို့ အာချေး ရဲဌာနရဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူးချုပ် Sony Sanjaya က ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး လူကုန်ကူးသူတွေ အဖြစ် စွပ်စွဲ ဖမ်းဆီးခဲ့သူ ၅ ဦးထဲမှာ ဒေသခံ ငါးဖမ်းသမား ၃ ဦးလည်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားမှာ နေတဲ့ ရိုဟင်ဂျာ အမျိုးသား တဦးက သူတို့ကို ငှားခဲ့တာလို့လည်း အာချေးမှာ ဖမ်းခံထားရသူက AFP ကို ပြောပါတယ်။ လှေတစင်းငှားပြီး မော်တော်ဘုတ်ပေါ်က ဒုက္ခသည်တွေကို သွားခေါ်ဖို့ သူတို့ကို ငှားခဲ့တာမှာ သူကလည်း ငွေလိုနေတဲ့ အတွက် အလုပ်လက်ခံခဲ့တာလို့ ကလေး ၆ ယောက် ဖခင် Faisal က ပြောပြပါတယ်။

XS
SM
MD
LG