သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြ Bhasan Char ကၽြန္းပုိ႔တဲ့အေပၚ ျပည္ပေရာက္ ရုိဟင္ဂ်ာအေရးလႈပ္ရွားသူေတြရဲ႕ အျမင္သေဘာထားမ်ား


Bhasan Char ကၽြန္းသို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေျပာင္းေရႊ႕သည့္ ျမင္ကြင္း။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္နယ္စပ္ ဒုကၡသည္စခန္းထဲက ႐ုိဟင္ဂ်ာေတြကို ပင္လယ္ေကြ႔ထဲရွိတဲ့ ဘာဆန္ခ်ာကၽြန္းဆီ ပုိ႔ေနတဲ့ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ လုပ္ရပ္နဲ႔ပတ္သက္လုိ႔ ျပည္ပအေျခစိုက္ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြၾကား သေဘာထားအျမင္ အမ်ဳိးမ်ဳိး ကဲြျပားေနတဲ့ အေၾကာင္း VOA ဘဂၤလားေဒ့ရွ္ဌာနရဲ႕ ဆက္သြယ္ေမးျမန္းမႈကို ကုိးကားၿပီး ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

႐ုိဟင္ဂ်ာ (၁၆၀၀)ေက်ာ္ကို ဘဂၤလားနယ္စပ္ ေကာ့ဆက္ဘဇား ဒုကၡသည္စခန္းနဲ႔ ေဝးလံေခါင္သီတဲ့ ဘာဆန္ခ်ာကၽြန္းဆီ ဒီဇင္ဘာ (၄)ရက္ေန႔တုန္းက ပထမအသုတ္အျဖစ္ ပုိ႔လိုက္ၿပီးေနာက္ ၊ အဲဒီကၽြန္းမွာ ေနထိုင္ေရး အဆင္မေျပ ျဖစ္ရတယ္လို႔ ဒုကၡသည္ေတြက ေျပာဆိုထားပါတယ္။ ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ သူတို႔ စားေသာက္ ေနထိုင္ေရး အတြက္ေရာ အလုပ္အကိုင္အတြက္ပါ ဖန္တီးေပးသြားမယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ဒီလုပ္ရပ္နဲ႔ ပတ္သက္လို႔ VOA ဘဂၤလားေဒ့ရွ္ဌာန Rohingya Lifeline အစီအစဥ္ကေန ဆက္သြယ္ေမးျမန္းရာမွာ အေမရိကန္အေျခစိုက္ Arakan Rohingya Union (ARU) ႐ိုဟင္ဂ်ာသမဂၢရဲ႕ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ဝါကာအူဒင္က သူ႔သေဘာထားကို ေျပာပါတယ္။

“ ဒီလို ေျပာင္းေရႊ႕တဲ့ အဓိက အေၾကာင္းရင္းခံ ၂ ခ်က္ရွိမယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဟာ သူ႔ရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈ ၊ ကိုယ္ပုိင္ ဥပေဒေ ၊ အုပ္ခ်ဳပ္ေရးစနစ္နဲ႔ ျပည္တြင္းျပည္ပ မူဝါဒေတြ ရွိတာနဲ႔အညီ သူ႔တုိင္းျပည္ အက်ဳိးစီးပြားေပၚအေျခခံၿပီး ေဒသတြင္းမွာ မဟာဗ်ဴဟာက်တဲ့ မူဝါဒအေပၚ အေျခခံ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ျမင္ပါတယ္။ အခုလုပ္ရပ္မွာ ဘဂၤလားေဒ့ရွ္ဘက္က ေကာင္းမြန္တဲ့ အေၾကာင္းျပခ်က္ေတြ ရွိမယ္လို႔ က်ေနာ္တုိ႔ ယုံၾကည္ပါတယ္။ နယ္စပ္မွာ လူဦးေရ ထူထပ္ေနတာ၊ ေကာ့ဆက္ဘဇား ေဒသခံေတြနဲ႔ၾကားမွာ ပဋိပကၡေတြ ျဖစ္လာႏုိင္တာ၊ ဒုကၡသည္စခန္းထဲမွာလည္း အခ်င္းခ်င္းၾကား ခိုက္ရန္ျဖစ္တာ တုိက္ခိုက္မႈေတြ ရွိလာတာ စတဲ့ အေၾကာင္းရင္းေတြအေပၚ အေျခခံပါလိမ့္မယ္။ နယ္စပ္က ဒုကၡသည္ (၁.၂)သန္းကို ေထာက္ပံ့ကူညီေနတာကိုၾကည့္ရင္ ဘဂၤလားေဒ့ရွ္အစိုးရက ႐ုိဟင္ဂ်ာေတြအေပၚ ဂ႐ုဏာထားၿပီး သူတို႔ဒုကၡေတြကို စာနာမယ္လို႔ ယုံၾကည္ပါတယ္။”

ေနာက္ တခ်က္ကေတာ့ ဒီ ႐ိုဟင္ဂ်ာေတြရဲ႕ မူလ ေဒသဟာ ရခုိင္ျပည္နယ္ ျဖစ္တဲ့အတြက္ သူတုိ႔မူလ ေဒသနဲ႔ နီးတဲ့ ေနရာမ်ဳိးမွာပဲ ထားသင့္ပါတယ္။ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ မူရင္းေဒသ ရခိုင္ကို ျပန္ခ်င္ေနၾကတာပါ။ ဘဂၤလားေဒ့ရွ္အစိုးရ အခုလို ကၽြန္းတခုမွာ ေနရာခ်ေပးတယ္ ဆိုသည့္တုိင္ တေန႔မွာ ႐ိုဟင္ဂ်ာေတြကို ျဖစ္ႏိုင္သမွ် နည္းလမ္းေတြနဲ႔ သူတို႔ရဲ႕ဇာတိေျမ ရခိုင္ေဒသကို ျပန္ပို႔ေပးသင့္ပါတယ္။”

ဦးသိန္းစိန္ အစိုးရလက္ထက္ ဘူးသီးေတာင္မဲဆႏၵနယ္ေျမ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ျဖစ္တဲ့ လက္ရွိ အေမရိကန္ တကၠဆက္ျပည္နယ္မွာ ေနထုိင္တဲ့ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူ ဦးေရႊေမာင္ (ေခၚ) Abdu Razzak ကလည္း ဘာဆန္ခ်ာကၽြန္း ေရႊ႕ေျပာင္းေရး အစီစဥ္နဲ႔ ပတ္သက္လို႔ VOA ဘဂၤလားေဒ့ရွ္ဌာန Rohingya Lifeline အစီအစဥ္ကေုိ ခုလို ေျပာပါတယ္။

“ဘာဆန္ခ်ားကၽြန္းဟာ အသက္ရွင္ ေနထုိင္ဖို႔အတြက္ အလြန္ လုံၿခဳံစိတ္ခ်ရတယ္ဆိုတာ ဘဂၤလာေဒ့ရွ္အစိုးရက စစ္ေဆးထားၿပီးသားပါ ။ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္လည္း အေတာ္ ေကာင္းမြန္တဲ့ ေနရာျဖစ္ပါလိမ့္မယ္။ ကုလသမဂၢကေတာ့ အဲဒီကၽြန္းကို ဒီဒုကၡသည္ေတြ ေျပာင္းေရႊ႕မယ့္ကိစၥ ဘဂၤလားေဒ့ရွ္ဘက္က အသိမေပးခဲ့ဘူးလို႔ ဆိုပါတယ္။ အဲဒီကၽြန္း အေၾကာင္း က်ေနာ္တုိ႔ မသိသလို၊ ခုလို ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေျပာင္းေရႊ႕ခံရတဲ့ကိစၥမွာ က်ေနာ္တို႔ ပါဝင္ပတ္သက္ခဲ့ျခင္း မရွိပါဘူး။ အခုဆိုရင္ အဲဒီကၽြန္းဟာ အႏၱရာယ္ရွိလား ေျပာင္းသင့္လားဆိုတာ ႐ိုဟင္ဂ်ာေတြၾကား ဇေဝဇဝါ ျဖစ္ေနပါတယ္။ ခုခ်ိန္ထိ ႐ိုဟင္ဂ်ာေတြကို လက္ခံ ေစာင့္ေရွာက္ထားတဲ့ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ျပည္သူေတြကို ထပ္ေလာင္း ေက်းဇူးတင္မိပါတယ္။ ဒီေနရာမွာ ဘဂၤလားေဒ့ရွ္ အစိုးရကို တခု ေမတၱာရပ္ခံ ခ်င္တာက ဘာဆန္ခ်ားကၽြန္းမွာ စိတ္ခ်လုံၿခဳံစြာ ေနႏိုင္ဖို႔အတြက္ ေျပာင္းေရႊ႕ေရး လုပ္ငန္းစဥ္ကို ကုလသမဂၢ တာဝန္ရွိသူေတြနဲ႔ လက္တဲြ ေဆာင္ရြက္ ေစခ်င္ပါတယ္။ ဒါဆိုရင္ ႐ိုဟင္ဂ်ာေတြကုိယ္တိုင္ လိုလိုလားလား ေျပာင္းေရႊ႕ၾကမွာပါ။”

နယ္သာလန္ႏို္င္ငံမွာရွိတဲ့ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူ ျမန္မာမူဆလင္အစည္းအ႐ုံး (MMAN) ရဲ႕ အေထြေထြ အတြင္းေရးမႉး ဦး Mohamed Eleyas ကလည္း သူ႔သေဘာထားကို ေျပာတာက

“ဒီလို ႐ိုဟင္ဂ်ာေတြ ေျပာင္းေရႊ႕ခံရတဲ့ အစီအစဥ္ကို က်ေနာ္ သေဘာမတူႏိုင္တဲ့ အခ်က္ေတြရွိပါတယ္။ ဘာဆန္ခ်ား ကၽြန္းဟာ ေဝးလံၿပီး သြားေရးလာေရး ခက္ခဲတယ္၊ တခါးဖြင့္ထားေပးတဲ့ အက်ဥ္းေထာင္တခုလိုပါပဲ။ ရုိဟင္ဂ်ာဘက္က ၾကည့္မယ္ဆုိရင္ အဲဒီကၽြန္းမွာ သင့္တင့္ ေကာင္းမြန္တဲ့ ေနထိုင္စရာ ၊ လြတ္လပ္စြာ သြားလာခြင့္ ရွိမယ္ဆိုေပမယ့္ ေနာက္ထပ္ ဘာျဖစ္လာမယ္ဆိုတာ ဘာမွ မသိၾကပါဘူး။ ေကာ့ဆက္ဘဇားကေန ဒုကၡသည္ တသိန္းေလာက္ကို အဲဒီကၽြန္း ေျပာင္းေရႊ႕ထားႏိုင္ဖို႔ ေနစရာေတြ အျခားအေဆာက္အဦေတြ အတြက္ ဘဂၤလားေဒ့ရွ္က ေဒၚလာ သန္းေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံထားတာကို သေဘာေပါက္ပါတယ္။ ဒါေပမယ့္ ဒီကၽြန္းမွာ ေရရွည္ ေနလို႔ရရဲ႕လားဆိုတာကို သိပၸံပညာရွင္ေတြ အင္ဂ်င္နီယာေတြနဲ႔ ေသခ်ာ တိုင္ပင္ၿပီးမွာ လုပ္သင့္ပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ (၁.၂)သန္းထဲက တသိန္းေလာက္ အဲဒီကၽြန္းကို ေျပာင္းလိုက္ေတာ့ေကာ နယ္စပ္မွာ ျပသနာေတြက ေျပလည္သ ြားမယ္လို႔ က်ေနာ္မထင္ပါဘူး။ ဒါေၾကာင့္ ႐ိုဟင္ဂ်ာေတြ သူတုိ႔ မူလ ေနရပ္ ျမန္မာႏိုင္ငံကို ျပန္ႏိုင္ဖို႔အတြက္ ျပန္လည္လက္ခံေရး အစီအစဥ္ အျမန္ျပန္စႏိုင္ေအာင္ ျမန္မာအစိုးရကို ဖိအားေပးဖို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို က်ေနာ္ တိုက္တြန္းလိုပါတယ္။”

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာႏို္င္ေရးအတြက္ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သေဘာတူညီမႈ ရယူထားၿပီး ျပန္လည္လက္ခံေရးကုိ ေဆာင္ရြက္ခဲ့ေပမယ့္ ကိုဗစ္ကပ္ေရာဂါ က်ေရာက္ခဲ့ခ်ိန္ကစလို႔ အစီအစဥ္ေတြ ရပ္ဆိုင္းေနပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဘာဆန္ခ်ာကၽြန္းကို ေျပာင္းေရႊ႕ေနတဲ့ကိစၥ ရပ္တန္႔ေပးဖို႔ အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ေတြက ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ ဘဂၤလားေဒ့ရွ္အစိုးရကို ေတာင္းဆိုခဲ့ပါတယ္။ သီးျခားလြတ္လပ္တဲ့ အကဲျဖတ္ခ်က္ေတြ မပါပဲ ဒီလုိ ေရႊ႕ေျပာင္းတဲ့အေပၚ စိုးရိမ္မိေၾကာင္းနဲ႔ ဒီအစီအစဥ္ကို ျပန္လည္ဆန္းစစ္ဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း တိုက္တြန္း ထားပါ တယ္။

တိုက္႐ိုက္ လင့္ခ္



............

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပို့တဲ့အပေါ် ပြည်ပရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ အမြင်သဘောထားများ

(Unicode)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ပင်လယ်ကွေ့ထဲရှိတဲ့ ဘာဆန်ချာကျွန်းဆီ ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကြား သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေတဲ့ အကြောင်း VOA ဘင်္ဂလားဒေ့ရှ်ဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ကိုးကားပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရိုဟင်ဂျာ (၁၆၀၀)ကျော်ကို ဘင်္ဂလားနယ်စပ် ကော့ဆက်ဘဇား ဒုက္ခသည်စခန်းနဲ့ ဝေးလံခေါင်သီတဲ့ ဘာဆန်ချာကျွန်းဆီ ဒီဇင်ဘာ (၄)ရက်နေ့တုန်းက ပထမအသုတ်အဖြစ် ပို့လိုက်ပြီးနောက် ၊ အဲဒီကျွန်းမှာ နေထိုင်ရေး အဆင်မပြေ ဖြစ်ရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ သူတို့ စားသောက် နေထိုင်ရေး အတွက်ရော အလုပ်အကိုင်အတွက်ပါ ဖန်တီးပေးသွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ VOA ဘင်္ဂလားဒေ့ရှ်ဌာန Rohingya Lifeline အစီအစဉ်ကနေ ဆက်သွယ်မေးမြန်းရာမှာ အမေရိကန်အခြေစိုက် Arakan Rohingya Union (ARU) ရိုဟင်ဂျာသမဂ္ဂရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါကာအူဒင်က သူ့သဘောထားကို ပြောပါတယ်။

“ ဒီလို ပြောင်းရွှေ့တဲ့ အဓိက အကြောင်းရင်းခံ ၂ ချက်ရှိမယ်လို့ ကျနော်မြင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ၊ ကိုယ်ပိုင် ဥပဒေေ ၊ အုပ်ချုပ်ရေးစနစ်နဲ့ ပြည်တွင်းပြည်ပ မူဝါဒတွေ ရှိတာနဲ့အညီ သူ့တိုင်းပြည် အကျိုးစီးပွားပေါ်အခြေခံပြီး ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ မူဝါဒအပေါ် အခြေခံ လုပ်ဆောင်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အခုလုပ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နယ်စပ်မှာ လူဦးရေ ထူထပ်နေတာ၊ ကော့ဆက်ဘဇား ဒေသခံတွေနဲ့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တာ၊ ဒုက္ခသည်စခန်းထဲမှာလည်း အချင်းချင်းကြား ခိုက်ရန်ဖြစ်တာ တိုက်ခိုက်မှုတွေ ရှိလာတာ စတဲ့ အကြောင်းရင်းတွေအပေါ် အခြေခံပါလိမ့်မယ်။ နယ်စပ်က ဒုက္ခသည် (၁.၂)သန်းကို ထောက်ပံ့ကူညီနေတာကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေအပေါ် ဂရုဏာထားပြီး သူတို့ဒုက္ခတွေကို စာနာမယ်လို့ ယုံကြည်ပါတယ်။”

နောက် တချက်ကတော့ ဒီ ရိုဟင်ဂျာတွေရဲ့ မူလ ဒေသဟာ ရခိုင်ပြည်နယ် ဖြစ်တဲ့အတွက် သူတို့မူလ ဒေသနဲ့ နီးတဲ့ နေရာမျိုးမှာပဲ ထားသင့်ပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့ မူရင်းဒေသ ရခိုင်ကို ပြန်ချင်နေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရ အခုလို ကျွန်းတခုမှာ နေရာချပေးတယ် ဆိုသည့်တိုင် တနေ့မှာ ရိုဟင်ဂျာတွေကို ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ သူတို့ရဲ့ဇာတိမြေ ရခိုင်ဒေသကို ပြန်ပို့ပေးသင့်ပါတယ်။”

ဦးသိန်းစိန် အစိုးရလက်ထက် ဘူးသီးတောင်မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်တဲ့ လက်ရှိ အမေရိကန် တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးရွှေမောင် (ခေါ်) Abdu Razzak ကလည်း ဘာဆန်ချာကျွန်း ရွှေ့ပြောင်းရေး အစီစဉ်နဲ့ ပတ်သက်လို့ VOA ဘင်္ဂလားဒေ့ရှ်ဌာန Rohingya Lifeline အစီအစဉ်ကေို ခုလို ပြောပါတယ်။

“ဘာဆန်ချားကျွန်းဟာ အသက်ရှင် နေထိုင်ဖို့အတွက် အလွန် လုံခြုံစိတ်ချရတယ်ဆိုတာ ဘင်္ဂလာဒေ့ရှ်အစိုးရက စစ်ဆေးထားပြီးသားပါ ။ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်လည်း အတော် ကောင်းမွန်တဲ့ နေရာဖြစ်ပါလိမ့်မယ်။ ကုလသမဂ္ဂကတော့ အဲဒီကျွန်းကို ဒီဒုက္ခသည်တွေ ပြောင်းရွှေ့မယ့်ကိစ္စ ဘင်္ဂလားဒေ့ရှ်ဘက်က အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီကျွန်း အကြောင်း ကျနော်တို့ မသိသလို၊ ခုလို ရိုဟင်ဂျာဒုက္ခသည်တွေ ပြောင်းရွှေ့ခံရတဲ့ကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါဘူး။ အခုဆိုရင် အဲဒီကျွန်းဟာ အန္တရာယ်ရှိလား ပြောင်းသင့်လားဆိုတာ ရိုဟင်ဂျာတွေကြား ဇဝေဇဝါ ဖြစ်နေပါတယ်။ ခုချိန်ထိ ရိုဟင်ဂျာတွေကို လက်ခံ စောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေကို ထပ်လောင်း ကျေးဇူးတင်မိပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို တခု မေတ္တာရပ်ခံ ချင်တာက ဘာဆန်ချားကျွန်းမှာ စိတ်ချလုံခြုံစွာ နေနိုင်ဖို့အတွက် ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ လက်တွဲ ဆောင်ရွက် စေချင်ပါတယ်။ ဒါဆိုရင် ရိုဟင်ဂျာတွေကိုယ်တိုင် လိုလိုလားလား ပြောင်းရွှေ့ကြမှာပါ။”

နယ်သာလန်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ မြန်မာမူဆလင်အစည်းအရုံး (MMAN) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦး Mohamed Eleyas ကလည်း သူ့သဘောထားကို ပြောတာက

“ဒီလို ရိုဟင်ဂျာတွေ ပြောင်းရွှေ့ခံရတဲ့ အစီအစဉ်ကို ကျနော် သဘောမတူနိုင်တဲ့ အချက်တွေရှိပါတယ်။ ဘာဆန်ချား ကျွန်းဟာ ဝေးလံပြီး သွားရေးလာရေး ခက်ခဲတယ်၊ တခါးဖွင့်ထားပေးတဲ့ အကျဉ်းထောင်တခုလိုပါပဲ။ ရိုဟင်ဂျာဘက်က ကြည့်မယ်ဆိုရင် အဲဒီကျွန်းမှာ သင့်တင့် ကောင်းမွန်တဲ့ နေထိုင်စရာ ၊ လွတ်လပ်စွာ သွားလာခွင့် ရှိမယ်ဆိုပေမယ့် နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ ဘာမှ မသိကြပါဘူး။ ကော့ဆက်ဘဇားကနေ ဒုက္ခသည် တသိန်းလောက်ကို အဲဒီကျွန်း ပြောင်းရွှေ့ထားနိုင်ဖို့ နေစရာတွေ အခြားအဆောက်အဦတွေ အတွက် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီကျွန်းမှာ ရေရှည် နေလို့ရရဲ့လားဆိုတာကို သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့ သေချာ တိုင်ပင်ပြီးမှာ လုပ်သင့်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် (၁.၂)သန်းထဲက တသိန်းလောက် အဲဒီကျွန်းကို ပြောင်းလိုက်တော့ကော နယ်စပ်မှာ ပြသနာတွေက ပြေလည်သ ွားမယ်လို့ ကျနော်မထင်ပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေ သူတို့ မူလ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ပြန်လည်လက်ခံရေး အစီအစဉ် အမြန်ပြန်စနိုင်အောင် မြန်မာအစိုးရကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျနော် တိုက်တွန်းလိုပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ရော ကုလသမဂ္ဂနဲ့ပါ သဘောတူညီမှု ရယူထားပြီး ပြန်လည်လက်ခံရေးကို ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ကျရောက်ခဲ့ချိန်ကစလို့ အစီအစဉ်တွေ ရပ်ဆိုင်းနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့နေတဲ့ကိစ္စ ရပ်တန့်ပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းထဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ အကဲဖြတ်ချက်တွေ မပါပဲ ဒီလို ရွှေ့ပြောင်းတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ ဒီအစီအစဉ်ကို ပြန်လည်ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း တိုက်တွန်း ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG