သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhasan Char ကျွန်းမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ


Bhasan Char ကျွန်းပေါ် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ
Bhasan Char ကျွန်းပေါ် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

(Zawgyi/Unicode)

ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပါတယ်။ Cox’s Bazar မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပထမအသုတ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘင်္ဂလားပယ်လယ်အတွင်းမှာရှိတဲ့ အဲဒီ Bhasan Char ကျွန်းကို ပြောင်းရွှေ့ နေရာချထားခဲ့တာပါ။

လောလောဆယ်တော့ ဒုက္ခသည်တွေကို အသင့်ချက်ပြီးသား စားစရာတွေ ပေးနေပြီး မကြာခင်မှာ ချက်စရာ အိုးခွက်တွေ ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျွန်းပေါ်မှာ သူတို့တွေ အလုပ်လုပ်ခွင့်ရဖို့ အတွက်လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပထမအသုတ်အဖြစ် ပြောင်းရွှေ့လိုက်နိုင်တာကို အောင်မြင်မှုအဖြစ် ရှုမြင်ကြောင်း Bhasan Char စီမံကိန်းကို ကြီးကြပ် ကွပ်ကဲရသူ ဗိုလ်မှူးချုပ် Abdullah Al Mamun Chawdhury က ပြောပါတယ်။

တချိန်ထဲမှာဘဲ လက်ရှိ Bhasan Char ကျွန်းကို ရောက်နေကြတဲ့ ဒုက္ခသည်တွေရဲ့ သတင်းအချက်အလက်တွေကို Cox’s Bazar မှာ ကျန်ခဲ့ကြတဲ့ ဆွေမျိုးအသိုင်းဝိုင်းကို ပြန်ပြောပြနိုင်ခဲ့တာကြောင်း မပြောင်းရသေးတဲ့သူတွေလည်း Bhasna Cher ကျွန်းကို ပြောင်းချင်စိတ် ဝင်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်များ အကူအညီပေးရေးနဲ့ ပြန်လည်နေရာချထားရေးဌာန အကြီးအကဲ Mohammad Shamsuddoza ကလည်း ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ Bhasan Char ကျွန်းပေါ်အဓမ္မ ရွှေ့ပြောင်းနေတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရပ်ဆိုင်းဖို့နဲ့ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ပြန်လည် ဖွင့်ပေးဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာဘဲ တောင်းဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG