သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြ Bhasan Char ကၽြန္းမွာ ေနရာခ်ထားမႈအေပၚ ေဝဖန္မႈ ဘဂၤလားေဒ့ရွ္ တုံ႔ျပန္ 


Bhasan Char ကၽြန္းသို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေျပာင္းေရႊ႕သည့္ ျမင္ကြင္း။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

ရာနဲ႔ခ်ီတဲ့ ရုိဟင္ဂ်ာေတြကုိ ေ၀းလံတဲ့ Bhasan Char ကၽြန္းကုိပုိ႔တဲ့ကိစၥနဲ႔ပတ္သက္လုိ႔ ေ၀ဖန္မႈေတြ ေပၚထြက္လာၿပီးတဲ့ေနာက္ ကုလသမဂၢ၊ လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔ တျခား ႏုိင္ငံအသုိင္း၀ုိင္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ စစ္မွန္တဲ့ ႀကိဳးပမ္းမႈေတြကုိ ဖ်က္လုိဖ်က္ဆီးမလုပ္ဖုိ႔၊ ဒါမွမဟုတ္ လြဲမွားစြာ အဓိပၸါယ္ မေကာက္ယူၾကဖုိ႔ ဘဂၤလားေဒ့ရွ္အစုိးရက ျပင္းထန္စြာ သတိေပးခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာအစုိးရ အေနနဲ႔ ဒုကၡသည္ေတြ ျပန္လည္ လက္ခံေရးအတြက္ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာအသုိင္း၀ုိင္း ၀ုိင္း၀န္း တုိက္တြန္းေပးျခင္းသည္သာလွ်င္ လက္ေတြ႔က်တဲ့ လုပ္ရပ္ျဖစ္တယ္၊ ျပႆနာကုိ ေရရွည္ေျဖရွင္းႏုိင္မယ့္ တခုတည္းေသာ နည္းလမ္းလည္း ျဖစ္တယ္လုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေသာၾကာေန႔ညေနပုိင္း ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာဘဲ ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ မွန္ကန္တဲ့ ႀကိဳးပမ္းမႈေတြကုိ လြဲမွားစြာ အဓိပၸါမဖြင့္ဆုိမိေအာင္ အထူးသတိထားၾကဖုိ႔ကုိလည္း တုိက္တြန္းထားပါတယ္။ ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရးကုိ ေ၀ဖန္ေနမယ့္အစား လူ႔အခြင့္အေရး အဖြဲ႔ေတြအေနနဲ႔ ဒုကၡသည္ေတြ ျမန္မာႏုိင္ငံကုိ ေဘးကင္းလုံၿခံဳစြာ ျပန္သြားႏုိင္ေရးအတြက္ တုိးျမင့္ အားထုတ္ၾကဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။

Cox’s Bazar မွာရွိတဲ့ ရုိဟင္ဂ်ာဒုကၡသည္ ၁,၆၀၀ ေက်ာ္ကုိ Bhasan Char ကၽြန္းကုိ ပထမအသုတ္အေနနဲ႔ ေျပာင္းေရြ႕ ေနရာခ်ထားလုိက္တာဟာ သူတုိ႔ရဲ႕ သေဘာဆႏၵ အေလ်ာက္ျဖစ္တယ္လုိ႔လည္း ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလုိ ေျပာင္းေရႊ႕မႈနဲ႔ပတ္သက္လုိ႔ ဒါဟာ ဒုကၡသည္ေတြရဲ႕ ကုိယ္တုိင္ လြတ္လပ္စြာ ဆုံးျဖတ္ခြင့္ရွိရမယ္လုိ႔ ကုလသမဂၢ ဒုကၡသည္ ေအဂ်င္စီက အခုိင္အမာ ေျပာဆုိခဲ့ၿပီးတဲ့ေနာက္ အခုလုိ ဘဂၤလားေဒ့ရွ္အစုိးရဘက္က ေၾကညာခ်က္ ထုတ္ျပန္လုိက္တာပါ။

Bhasan Char ကၽြန္းကုိ အခုလုိ ေျပာင္းေရြ႕မႈနဲ႔ပတ္သက္လို႔ တခ်ဳိ႕ဒုကၡသည္ေတြဟာ ဖိအားေပးခံခဲ့ရတယ္၊ တခ်ဳိ႕ေတြက ေျပာင္းဖုိ႔ဆုံးျဖတ္ခ်က္ကုိ ျပန္ျပင္လုိၾကတယ္လုိ႔ ကုလသမဂၢအေနနဲ႔ ၾကားသိရေၾကာင္း နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဌာနခ်ဳပ္မွာ ေသာၾကာေန႔ကက်င္းပတဲ့ ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ သူကဆက္ၿပီး -

“မေန႔က ေရြ႕ေျပာင္းမႈေတြ လုပ္ေဆာင္ေနတဲ့ကာလအတြင္း ဒုကၡသည္ေတြရဲ႕ ေသာကေ၀ေနတဲ့ စိတ္မခ်မ္းေျမ့ဘြယ္ရာ မ်က္ႏွာေတြကုိလည္း က်ေနာ္တုိ႔ ျမင္ေတြ႔ၾကရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လုိ႔ စုိးရိမ္ပူပန္ေၾကာင္း က်ေနာ္တုိ႔ဘက္က ဘဂၤဘားေဒ့ရွ္အာဏာပုိင္ေတြကုိ အေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္” - လုိ႔ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Staphane Dujarric က ေျပာသြားတာပါ။

ကုလသမဂၢရဲ႕ ရပ္တည္ခ်က္ဟာ ဒုကၡသည္ေတြကုိ ကၽြန္းေပၚကုိ မေျပာင္းေရြ႕ခင္ သူတုိ႔အေနနဲ႔ အဲဒီမွာ ေဘးကင္းလုံၿခံဳစြာ ေနထုိင္လုိ႔ ရႏုိင္မလားဆုိတာကုိ အရင္ ခ်င့္ခ်ိန္ ဆုံးျဖတ္ၿပီးမွ ပုိ႔သင့္တယ္ဆုိတဲ့အခ်က္ကုိလည္း Staphane Dujarric က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းမှာနေရာချထားမှုအပေါ် ဝေဖန်မှု ဘင်္ဂလားဒေ့ရှ် တုံ့ပြန်

(Unicode)

ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဝေးလံတဲ့ Bhasan Char ကျွန်းကိုပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တခြား နိုင်ငံအသိုင်းဝိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီးမလုပ်ဖို့၊ ဒါမှမဟုတ် လွဲမှားစွာ အဓိပ္ပါယ် မကောက်ယူကြဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းထန်စွာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်း ဝိုင်းဝန်း တိုက်တွန်းပေးခြင်းသည်သာလျှင် လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်တယ်၊ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ညနေပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေကို လွဲမှားစွာ အဓိပ္ပါမဖွင့်ဆိုမိအောင် အထူးသတိထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို ဝေဖန်နေမယ့်အစား လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ရေးအတွက် တိုးမြင့် အားထုတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော်ကို Bhasan Char ကျွန်းကို ပထမအသုတ်အနေနဲ့ ပြောင်းရွေ့ နေရာချထားလိုက်တာဟာ သူတို့ရဲ့ သဘောဆန္ဒ အလျောက်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပြောင်းရွှေ့မှုနဲ့ပတ်သက်လို့ ဒါဟာ ဒုက္ခသည်တွေရဲ့ ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိရမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက အခိုင်အမာ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

Bhasan Char ကျွန်းကို အခုလို ပြောင်းရွေ့မှုနဲ့ပတ်သက်လို့ တချို့ဒုက္ခသည်တွေဟာ ဖိအားပေးခံခဲ့ရတယ်၊ တချို့တွေက ပြောင်းဖို့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုကြတယ်လို့ ကုလသမဂ္ဂအနေနဲ့ ကြားသိရကြောင်း နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့ကကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူကဆက်ပြီး -

“မနေ့က ရွေ့ပြောင်းမှုတွေ လုပ်ဆောင်နေတဲ့ကာလအတွင်း ဒုက္ခသည်တွေရဲ့ သောကဝေနေတဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ မျက်နှာတွေကိုလည်း ကျနော်တို့ မြင်တွေ့ကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကျနော်တို့ဘက်က ဘင်္ဂဘားဒေ့ရှ်အာဏာပိုင်တွေကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” - လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Staphane Dujarric က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ ဒုက္ခသည်တွေကို ကျွန်းပေါ်ကို မပြောင်းရွေ့ခင် သူတို့အနေနဲ့ အဲဒီမှာ ဘေးကင်းလုံခြုံစွာ နေထိုင်လို့ ရနိုင်မလားဆိုတာကို အရင် ချင့်ချိန် ဆုံးဖြတ်ပြီးမှ ပို့သင့်တယ်ဆိုတဲ့အချက်ကိုလည်း Staphane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG