သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Bhasan Char ကၽြန္းကို ႐ုိဟင္ဂ်ာေတြ ေရႊ႕ေျပာင္းမႈ ကုလသမဂၢ စိုးရိမ္


Bhasan Char ကၽြန္းကုိ ေျပာင္းေရႊ႕တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒရွ္႕ႏုိင္ငံ Cox’s Bazar က ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကို ဘဂၤလားပင္လယ္ေအာ္က ေဝးလံေခါင္သီတဲ့ ကၽြန္းကို ေရႊ႕ေျပာင္းမႈဟာ ဆႏၵအေလ်ာက္ ျဖစ္ေစဖို႔ လိုအပ္ေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔က ေျပာပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာကေန Lisa Schlein သတင္းေပးပို႔ထားတာကုိ မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္အတြင္းက ဆိုင္ကလုန္းမုန္တိုင္းေတြနဲ႔ ေရႀကီးမယ့္ အႏၱရာယ္ေတြ ႀကံဳရႏုိင္ေျခမ်ားတဲ့ လူမေနတဲ့ Bhasan Char ကၽြန္းကို ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာပဲ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ႐ုိဟင္ဂ်ာ ၁,၅၀၀ ေက်ာ္ကို ပို႔ေဆာင္လုိက္တာပါ။ ဒီေရႊ႕ေျပာင္းမႈအတြက္ ျပင္ဆင္မႈမွာ ကုလသမဂၢ ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးရဲ႕ ေျပာခြင့္ရ Babar Baloch က ေျပာပါတယ္။ ေရႊ႕ေျပာင္းမႈလုပ္ငန္းစဥ္ တခုလံုးနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ အျပည့္အဝ မရသလို ဒုကၡသည္ေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြလည္း မသိေၾကာင္း သူကေျပာပါတယ္။

Bhasan Char ကၽြန္းကို ေရႊ႕ေျပာင္းေရး ဆံုးျဖတ္ခ်က္ခ်တဲ့ ေနရာမွာ ဒုကၡသည္ေတြ အေၾကာင္းအရာ အစံုအလင္ သိခြင့္ရခဲ႔ရဲ႕လား ဆိုတဲ့အေပၚမွာ UNHCR အေနနဲ႔ စိုးရိမ္ေၾကာင္း ေျပာခြင့္ရ Baloch က ေျပာပါတယ္။

“စခန္းတြင္းကေန က်ေနာ္တို႔ ျပန္ၾကားရတာေတြ ရွိပါတယ္။ တခ်ိဳ႕လည္း Bhasan Char ကို ေရႊ႕ဖို႔ ဖိအားေပးခံေနရသလို ျဖစ္ေနတယ္၊ တခ်ိဳ႕လည္း အရင္က ေရႊ႕ေျပာင္းေရးနဲ႔ ပတ္သက္ၿပီး အျမင္ေျပာင္းသြားၿပီး မေျပာင္းခ်င္ေတာ့တာမ်ိဳးလည္း ရွိႏုိင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ ဒီလူေတြကို စခန္းမွာ ဆက္ၿပီး ေနခြင့္ေပးသင့္ပါတယ္။”

၂၀၁၇ ခုႏွစ္အတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ျမန္မာႏုိင္ငံတြင္းကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox’s Bazar ကို ဒုကၡသည္ ၇ သိန္းေက်ာ္ ထြက္ေျပးလာခဲ့ၿပီးေနာက္ လူေတြျပည့္သိပ္ေနတဲ့ စခန္းေတြမွာ ျဖစ္သလို ေနထိုင္ေနၾကရတာပါ။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာဘက္က လက္သင့္မခံသလို ဒုကၡသည္ေတြကို စိစစ္လက္ခံမယ္ ဆုိထားေပမယ့္လည္း ဌာေနျပန္ေရးက အေကာင္အထည္ မေပၚေသးပါဘူး။ စခန္းေတြမွာ လူထူထပ္ေနတာကို ေလွ်ာ့လိုေၾကာင္း၊ လက္ရွိ ႐ုိဟင္ဂ်ာေတြ ေရႊ႕ေျပာင္းမႈကို Bhasan Char ကၽြန္းကို လူ ၁ သိန္းေရႊ႕ဖို႔ အစီအစဥ္ရဲ႕ ပထမအဆင့္အျဖစ္ ႐ႈျမင္ေၾကာင္း ဘဂၤလားေဒ့ရွ္ဘက္က ေျပာဆိုထားပါတယ္။

ကၽြန္းေပၚကို ေရႊ႕ေျပာင္းမႈဟာ ဆႏၵအေလ်ာက္ ျဖစ္ေစရမယ္ဆိုတဲ့ ကတိကဝတ္ကို ဘဂၤလားေဒ့ရွ္ အစိုးရဘက္က ေလးစားလိုက္နာဖို႔ ကုလသမဂၢက ေတာင္းဆိုထားပါတယ္။ ေနရာေရႊ႕ေျပာင္းမႈအတြင္းမွာ ဒုကၡသည္ေတြရဲ႕ အခက္အခဲေတြကို ျမင္ေတြ႔ရတဲ့အေပၚ UNHCR အေနနဲ႔ စိတ္မသက္မသာ ျဖစ္ရေၾကာင္းနဲ႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကိုလည္း စိုးရိမ္ခ်က္ေတြကို အသိေပးထားၿပီးျဖစ္ေၾကာင္း ေျပာခြင့္ရ Baloch က ေျပာပါတယ္။

“Bhasan Char ကၽြန္းကို ေရႊ႕ေျပာင္းမႈအားလံုးက အေစာပိုင္းက ေျပာခဲ့သလိုပဲ ဒုကၡသည္ေတြရမယ့္ ဝန္ေဆာင္မႈ အခြင့္အေရး၊ ေနာက္ ကၽြန္းေပၚမွာ ေနထိုင္ရမယ့္ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ အျပည့္အစံုနဲ႔ အသိေပးထားၿပီးေနာက္ သူတို႔ဆႏၵအေလ်ာက္ပဲ ျဖစ္ေစရပါမယ္။”

ကၽြန္းေပၚက အေျခအေနနဲ႔ ပတ္သက္လို႔ ကုလသမဂၢအေနနဲ႔ သတင္းအခ်က္အလက္ အျပည့္အစံု မသိရေၾကာင္းလည္း Baloch က ေျပာပါတယ္။ ကၽြန္းေပၚမွာ လူေနဖို႔အတြက္ ေဘးကင္းလံုၿခံဳၿပီး သင့္ေတာ္ရဲ႕လား ဆုိတာကို အတည္ျပဳႏုိင္ေရးအတြက္ ကၽြန္းေပၚကို သြားေရာက္ခြင့္ ဘဂၤလားေဒ့ရွ္ အစိုးရဘက္က ေပးဖို႔ လိုလားေၾကာင္းလည္း ေျပာပါတယ္။ ဒုကၡသည္ေတြအေနနဲ႔ က်န္းမာေရး၊ အသက္ေမြးဝမ္းေက်ာင္း အလုပ္နဲ႔ ပညာသင္ၾကားခြင့္ေတြ ရရွိေစရမွာျဖစ္သလို သဘာဝေဘးအႏၱရာယ္ေတြနဲ႔ တျခား ေဘးအႏၱရာယ္ေတြကေနလည္း ကာကြယ္ေပးရမယ္လို႔ UNHCR ေျပာခြင့္ရက ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

Bhasan Char ကျွန်းကို ရိုဟင်ဂျာတွေ ရွှေ့ပြောင်းမှု ကုလသမဂ္ဂ စိုးရိမ်

ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်က ဝေးလံခေါင်သီတဲ့ ကျွန်းကို ရွှေ့ပြောင်းမှုဟာ ဆန္ဒအလျောက် ဖြစ်စေဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့က ပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းက ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ ရေကြီးမယ့် အန္တရာယ်တွေ ကြုံရနိုင်ခြေများတဲ့ လူမနေတဲ့ Bhasan Char ကျွန်းကို ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ၁,၅၀၀ ကျော်ကို ပို့ဆောင်လိုက်တာပါ။ ဒီရွှေ့ပြောင်းမှုအတွက် ပြင်ဆင်မှုမှာ ကုလသမဂ္ဂ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ပြောခွင့်ရ Babar Baloch က ပြောပါတယ်။ ရွှေ့ပြောင်းမှုလုပ်ငန်းစဉ် တခုလုံးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အပြည့်အဝ မရသလို ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း မသိကြောင်း သူကပြောပါတယ်။

Bhasan Char ကျွန်းကို ရွှေ့ပြောင်းရေး ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ဒုက္ခသည်တွေ အကြောင်းအရာ အစုံအလင် သိခွင့်ရခဲ့ရဲ့လား ဆိုတဲ့အပေါ်မှာ UNHCR အနေနဲ့ စိုးရိမ်ကြောင်း ပြောခွင့်ရ Baloch က ပြောပါတယ်။

“စခန်းတွင်းကနေ ကျနော်တို့ ပြန်ကြားရတာတွေ ရှိပါတယ်။ တချို့လည်း Bhasan Char ကို ရွှေ့ဖို့ ဖိအားပေးခံနေရသလို ဖြစ်နေတယ်၊ တချို့လည်း အရင်က ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး အမြင်ပြောင်းသွားပြီး မပြောင်းချင်တော့တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီလူတွေကို စခန်းမှာ ဆက်ပြီး နေခွင့်ပေးသင့်ပါတယ်။”

၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကို ဒုက္ခသည် ၇ သိန်းကျော် ထွက်ပြေးလာခဲ့ပြီးနောက် လူတွေပြည့်သိပ်နေတဲ့ စခန်းတွေမှာ ဖြစ်သလို နေထိုင်နေကြရတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်သင့်မခံသလို ဒုက္ခသည်တွေကို စိစစ်လက်ခံမယ် ဆိုထားပေမယ့်လည်း ဌာနေပြန်ရေးက အကောင်အထည် မပေါ်သေးပါဘူး။ စခန်းတွေမှာ လူထူထပ်နေတာကို လျှော့လိုကြောင်း၊ လက်ရှိ ရိုဟင်ဂျာတွေ ရွှေ့ပြောင်းမှုကို Bhasan Char ကျွန်းကို လူ ၁ သိန်းရွှေ့ဖို့ အစီအစဉ်ရဲ့ ပထမအဆင့်အဖြစ် ရှုမြင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုထားပါတယ်။

ကျွန်းပေါ်ကို ရွှေ့ပြောင်းမှုဟာ ဆန္ဒအလျောက် ဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က လေးစားလိုက်နာဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ နေရာရွှေ့ပြောင်းမှုအတွင်းမှာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရတဲ့အပေါ် UNHCR အနေနဲ့ စိတ်မသက်မသာ ဖြစ်ရကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကိုလည်း စိုးရိမ်ချက်တွေကို အသိပေးထားပြီးဖြစ်ကြောင်း ပြောခွင့်ရ Baloch က ပြောပါတယ်။

“Bhasan Char ကျွန်းကို ရွှေ့ပြောင်းမှုအားလုံးက အစောပိုင်းက ပြောခဲ့သလိုပဲ ဒုက္ခသည်တွေရမယ့် ဝန်ဆောင်မှု အခွင့်အရေး၊ နောက် ကျွန်းပေါ်မှာ နေထိုင်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အပြည့်အစုံနဲ့ အသိပေးထားပြီးနောက် သူတို့ဆန္ဒအလျောက်ပဲ ဖြစ်စေရပါမယ်။”

ကျွန်းပေါ်က အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ သတင်းအချက်အလက် အပြည့်အစုံ မသိရကြောင်းလည်း Baloch က ပြောပါတယ်။ ကျွန်းပေါ်မှာ လူနေဖို့အတွက် ဘေးကင်းလုံခြုံပြီး သင့်တော်ရဲ့လား ဆိုတာကို အတည်ပြုနိုင်ရေးအတွက် ကျွန်းပေါ်ကို သွားရောက်ခွင့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပေးဖို့ လိုလားကြောင်းလည်း ပြောပါတယ်။ ဒုက္ခသည်တွေအနေနဲ့ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ပညာသင်ကြားခွင့်တွေ ရရှိစေရမှာဖြစ်သလို သဘာဝဘေးအန္တရာယ်တွေနဲ့ တခြား ဘေးအန္တရာယ်တွေကနေလည်း ကာကွယ်ပေးရမယ်လို့ UNHCR ပြောခွင့်ရက ပြောဆိုသွားပါတယ်။

XS
SM
MD
LG