သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြ Bhasan Char ကၽြန္းပုိ႔မႈ ရပ္တန္႔ေပးဖုိ႔ ဘဂၤလားေဒ့ရွ္ကုိ ကန္ အထက္လႊတ္ေတာ္အမတ္ေတြ ေတာင္းဆုိ


Bhasan Char ကၽြန္းကုိ ေျပာင္းေရႊ႕တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ေဝးလံတဲ့ Bhasan Char ကၽြန္းေပၚအဓမၼ ေရႊ႕ေျပာင္းေနတာကို ဘဂၤလားေဒ့ရွ္နိုင္ငံ အေနနဲ႔ ရပ္ဆိုင္းဖို႔နဲ႔ တယ္လီဖုန္းနဲ႔ အင္တာနက္ဆက္သြယ္မႈေတြကို ျပန္လည္ ဖြင့္ေပးဖို႔ အေမရိကန္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ အမတ္ေတြက ေတာင္းဆိုလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရးဝန္ႀကီး Abdul Momen ဆီကို အေမရိကန္ ေအာက္လႊတ္ေတာ္ နိုင္ငံျခားေရးရာ ေကာ္မတီ ဥကၠဌ ေအာက္လႊတ္ေတာ္အမတ္ Eliot Engel နဲ႔ အထက္ လႊတ္ေတာ္ အမတ္ Edward Markey တို႔က ဒီဇင္ဘာလ ၇ ရက္ေန႔ ရက္စြဲနဲ႔ စာေပးပို႔ၿပီး အခုလို ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

အခုလို ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ အခ်ိန္မွာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးဖို႔နဲ႔ က်န္းမာေရးဝန္ ေဆာင္မႈေပးဖို႔ ဆက္သြယ္ေရးလုပ္ငန္းေတြကို အသုံးျပဳနိုင္ဖို႔က အေရးႀကီးေၾကာင္း၊ ဒါေၾကာင့္ ဆက္သြယ္ေရးေတြ ျပန္လည္ ဖြင့္ေပးဖို႔ တိုက္တြန္းေၾကာင္း အေမရိကန္ အမတ္ေတြရဲ့ ေပးစာမွာ ပါရွိပါတယ္။

ဒါ့အျပင္၊ Bhasan Char ကၽြန္းက လူေနထိုင္ဖို႔ စိတ္ခ် လုံျခဳံေၾကာင္း ကုလသမဂၢ အဖြဲ႕ေတြက အဆုံးအျဖတ္ ေပးတဲ့အထိ ဒုကၡသည္ ေတြကို အဲဒီ ကၽြန္းကို အဓမၼ ေရႊ႕ေျပာင္းေနတာေတြကို ရပ္ဆိုင္းထားဖို႔ကိုလည္း အေမရိကန္ အမတ္ေတြက ေတာင္းဆိုထားပါတယ္။

အဲဒီစာမွာ Eliot Engel နဲ႔ Edward Markey တို႔အျပင္ တျခား ဒီမိုကရက္ အမတ္ ၂ ဦး ျဖစ္တဲ့ Ami Bera နဲ႔ Andy Levin တို႔ကလည္း ပါဝင္ လက္မွတ္ေရးထိုး ထားပါတယ္။

၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္က ရိုဟင္ဂ်ာ ARSA လက္နက္ကိုင္တပ္ေတြကို တုန္႔ျပန္ရာက နယ္ေျမရွင္းလင္းေရး စီမံခ်က္ေတြ လုပ္ေဆာင္ေနခ်ိန္မွာ ရိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကရတာပါ။ ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာ အစိုးရက ဒုကၡသည္ေတြကို ျပန္လည္ လက္ခံမယ္လို႔ ေျပာထားေပမဲ့လည္း အခုအခ်ိန္အထိ အေကာင္အထည္ ေဖာ္နိုင္ျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


................

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပို့မှု ရပ်တန့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် အထက်လွှတ်တော်အမတ်တွေ တောင်းဆို

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ Bhasan Char ကျွန်းပေါ်အဓမ္မ ရွှေ့ပြောင်းနေတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရပ်ဆိုင်းဖို့နဲ့ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ပြန်လည် ဖွင့်ပေးဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen ဆီကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် Eliot Engel နဲ့ အထက် လွှတ်တော် အမတ် Edward Markey တို့က ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့နဲ့ ကျန်းမာရေးဝန် ဆောင်မှုပေးဖို့ ဆက်သွယ်ရေးလုပ်ငန်းတွေကို အသုံးပြုနိုင်ဖို့က အရေးကြီးကြောင်း၊ ဒါကြောင့် ဆက်သွယ်ရေးတွေ ပြန်လည် ဖွင့်ပေးဖို့ တိုက်တွန်းကြောင်း အမေရိကန် အမတ်တွေရဲ့ ပေးစာမှာ ပါရှိပါတယ်။

ဒါ့အပြင်၊ Bhasan Char ကျွန်းက လူနေထိုင်ဖို့ စိတ်ချ လုံခြုံကြောင်း ကုလသမဂ္ဂ အဖွဲ့တွေက အဆုံးအဖြတ် ပေးတဲ့အထိ ဒုက္ခသည် တွေကို အဲဒီ ကျွန်းကို အဓမ္မ ရွှေ့ပြောင်းနေတာတွေကို ရပ်ဆိုင်းထားဖို့ကိုလည်း အမေရိကန် အမတ်တွေက တောင်းဆိုထားပါတယ်။

အဲဒီစာမှာ Eliot Engel နဲ့ Edward Markey တို့အပြင် တခြား ဒီမိုကရက် အမတ် ၂ ဦး ဖြစ်တဲ့ Ami Bera နဲ့ Andy Levin တို့ကလည်း ပါဝင် လက်မှတ်ရေးထိုး ထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာ ARSA လက်နက်ကိုင်တပ်တွေကို တုန့်ပြန်ရာက နယ်မြေရှင်းလင်းရေး စီမံချက်တွေ လုပ်ဆောင်နေချိန်မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရက ဒုက္ခသည်တွေကို ပြန်လည် လက်ခံမယ်လို့ ပြောထားပေမဲ့လည်း အခုအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG