သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြ Bhasan Char ကၽြန္းေျပာင္းတဲ့အေပၚ အေမရိကန္စိုးရိမ္


Bhasan Char ကၽြန္း ကို ေျပာင္းေရႊ႕ၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့႐ွ္ အစုိးရက ႐ိုဟင္ဂ်ာဒုကၡသည္ ၁,၆၄၂ ေယာက္ကို Bhasan Char ကၽြန္းပို႔တာနဲ႔ ေနာက္ထပ္ပို႔ဖုိ႔ စီစဥ္ေနတဲ့အေပၚ အေမရိကန္အစုိးရက စိုးရိမ္ေၾကာင္းေၾကညာခ်က္ထုတ္ျပန္ပါတယ္။ သူတုိ႔သေဘာ အျပည့္အဝနဲ႔ သြားလိုသူေတြကိုသာ ပို႔ေဆာင္ရမွာျဖစ္သလို သြားဖုိ႔ ဖိအားေပးတာ၊ အၾကပ္ကိုင္တာေတြ မလုပ္ရဘူးလို႔ ကုလသမဂၢက ေျပာထားတဲ့အတိုင္း အေမရိကန္ျပည္ေထာင္စုကလည္း ရပ္တည္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ Bhasan Char ကၽြန္းကို ပို႔ခံရတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြအေနနဲ႔ လြတ္လပ္စြာ လႈပ္႐ွားသြားလာခြင့္အပါအဝင္ သူတုိ႔ရဲ႕ လူ႔အခြင့္အေရးကို အျပည့္အဝ ေလးစားဖုိ႔လည္း အေမရိကန္က ဘဂၤလားေဒ့ရွ္ အစုိးရကို ေတာင္းဆိုပါတယ္။

ဒုကၡသည္ေတြအေနနဲ႔ Cox’s Bazar ကေန Bhasan Char ကၽြန္းကို အသြားအလာလုပ္ႏုိင္ခြင့္႐ွိရမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ကၽြန္းေပၚေရာက္ ဒုကၡသည္ေတြအေနနဲ႔ အသက္ေမြးဝမ္းေက်ာင္းႏိုင္ခြင့္႐ွိသင့္တဲ့အျပင္ ပညာေရး၊ က်န္းမာေရးစတဲ့ အေျခခံဝန္ေဆာင္မႈေတြကိုလည္း ရသင့္တယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူတဦးျဖစ္တဲ့ Cale Brown ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒုကၡသည္ေတြကို ေနရာေျပာင္းေ႐ႊ႕တာနဲ႔ ပတ္သက္လို႔ ကုလသမဂၢက အေသးစိတ္ ေလ့လာသံုးသပ္ခြင့္ျပဳဖုိ႔လည္း အေမရိကန္က ဘဂၤလားေဒ့ရွ္ အစိုးရကို ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔လည္း ဒုကၡသည္ေတြ သူတို႔သေဘာနဲ႔သူ လံုၿခံဳ သိကၡာ႐ွိစြာ ျပန္လာႏိုင္ေရးအတြက္ အေျခအေနေတြ ဖန္တီးေပးပါလို႔ အေမရိကန္က ထပ္မံေျပာၾကားပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ျပည္တြင္းဒုကၡသည္ေတြအတြက္ ျပည့္စံုတဲ့ အေျဖ႐ွာႏုိင္ေရးေဆာင္႐ြက္ေနမႈကိုလည္း အေမရိကန္ျပည္ေထာင္စုက ပံ့ပိုးေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတ့ဲ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြ ျပန္လာႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားထားပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနသလို ရခိုင္အေရးကိစၥေျဖ႐ွင္းႏိုင္ေရး ၂၀၁၇ ခုႏွစ္ ၾသဂုတ္လထဲကစလို႔ အေမရိကန္ ေဒၚလာ ၁.၂ ဘီလီယံနီးပါး ပံ့ပိုးခဲ့ေၾကာင္း အဲဒီထဲမွာ ေဒၚလာ ၉၆၂ သန္းနီးပါးကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံထဲက အစီအစဥ္ေတြအတြက္ ေပးခဲ့ေၾကာင္းလည္း အေမရိကန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့႐ွ္အစိုးရအေနနဲ႔ ဒုကၡသည္အေရးေျဖ႐ွင္းေရးမွာ ေငြေၾကးပံ့ပိုးမႈေတြ ရ႐ွိဖုိ႔ အေမရိကန္အျပင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ဖုိ႔၊ ႏိုင္ငံတကာက လက္ခံႏုိင္တဲ့အေျခအေနေတြနဲ႔ ေရ႐ွည္ခံအေျဖ႐ွာဖို႔နဲ႔ ဒုကၡသည္ တဦးခ်င္းစီရဲ႕ အခြင့္အေရးေတြကို ေလးစားဖုိ႔ အေမရိကန္က တိုက္တြန္းထားပါတယ္။

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းပြောင်းတဲ့အပေါ် အမေရိကန်စိုးရိမ်

ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာဒုက္ခသည် ၁,၆၄၂ ယောက်ကို Bhasan Char ကျွန်းပို့တာနဲ့ နောက်ထပ်ပို့ဖို့ စီစဉ်နေတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ သူတို့သဘော အပြည့်အဝနဲ့ သွားလိုသူတွေကိုသာ ပို့ဆောင်ရမှာဖြစ်သလို သွားဖို့ ဖိအားပေးတာ၊ အကြပ်ကိုင်တာတွေ မလုပ်ရဘူးလို့ ကုလသမဂ္ဂက ပြောထားတဲ့အတိုင်း အမေရိကန်ပြည်ထောင်စုကလည်း ရပ်တည်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Bhasan Char ကျွန်းကို ပို့ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပါအဝင် သူတို့ရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားဖို့လည်း အမေရိကန်က ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုပါတယ်။

ဒုက္ခသည်တွေအနေနဲ့ Cox’s Bazar ကနေ Bhasan Char ကျွန်းကို အသွားအလာလုပ်နိုင်ခွင့်ရှိရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျွန်းပေါ်ရောက် ဒုက္ခသည်တွေအနေနဲ့ အသက်မွေးဝမ်းကျောင်းနိုင်ခွင့်ရှိသင့်တဲ့အပြင် ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံဝန်ဆောင်မှုတွေကိုလည်း ရသင့်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတဦးဖြစ်တဲ့ Cale Brown ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေကို နေရာပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက အသေးစိတ် လေ့လာသုံးသပ်ခွင့်ပြုဖို့လည်း အမေရိကန်က ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ဒုက္ခသည်တွေ သူတို့သဘောနဲ့သူ လုံခြုံ သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေတွေ ဖန်တီးပေးပါလို့ အမေရိကန်က ထပ်မံပြောကြားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပြည်တွင်းဒုက္ခသည်တွေအတွက် ပြည့်စုံတဲ့ အဖြေရှာနိုင်ရေးဆောင်ရွက်နေမှုကိုလည်း အမေရိကန်ပြည်ထောင်စုက ပံ့ပိုးဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးဆောင်ရွက်နေကြောင်း ပြောကြားထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေသလို ရခိုင်အရေးကိစ္စဖြေရှင်းနိုင်ရေး ၂၀၁၇ ခုနှစ် သြဂုတ်လထဲကစလို့ အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံနီးပါး ပံ့ပိုးခဲ့ကြောင်း အဲဒီထဲမှာ ဒေါ်လာ ၉၆၂ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အစီအစဉ်တွေအတွက် ပေးခဲ့ကြောင်းလည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်အရေးဖြေရှင်းရေးမှာ ငွေကြေးပံ့ပိုးမှုတွေ ရရှိဖို့ အမေရိကန်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတကာက လက်ခံနိုင်တဲ့အခြေအနေတွေနဲ့ ရေရှည်ခံအဖြေရှာဖို့နဲ့ ဒုက္ခသည် တဦးချင်းစီရဲ့ အခွင့်အရေးတွေကို လေးစားဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG