[Zawgyi/Unicode]
ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox's Bazar မွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ဘာဆန္ခ်ာကၽြန္းကို ပို႔တဲ့အေပၚ သီးျခားလြတ္လပ္တဲ့ ဆန္းစစ္မႈေတြလုပ္ၿပီး ဒီလူေတြအေနနဲ႔ သူတုိ႔ရဲ႕ ဆႏၵအေလ်ာက္သြားတယ္ဆုိတာကို အတည္ျပဳဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က တုိက္တြန္းလိုက္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြမွာ ရွိတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ ၁,၆၄၂ ေယာက္ကို ဘာဆန္ခ်ာကၽြန္းကို ဘဂၤလားေဒ့ရွ္အစိုးရက ေရႊ႕ေျပာင္းေပးခဲ့တာျဖစ္ပါတယ္။ ဒီလူေတြကို အဲဒီကၽြန္းမွာ ေဘးကင္းလုံၿခဳံစြာ ထားႏုိင္ဖို႔အတြက္ သင့္ေတာ္ရဲ႕လားဆုိုတာကို အတည္ျပဳဖို ကုလသမဂၢရဲ႕ သီးျခားလြတ္လပ္တဲ့ အကဲျဖတ္ခ်က္မပါဘဲ ေရႊ႕ေျပာင္းလိုက္တဲ့အေပၚမွာ စိုးရိမ္တယ္လို႔ Tom Andrews ကေျပာပါတယ္။
ဘာဆန္ခ်ာကၽြန္းနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအဆုိျပဳတဲ့ အကဲျဖတ္ခ်က္ရဲ႕ ရလဒ္အေပၚမွာအေျခခံၿပီး ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ကို လုပ္ေဆာင္ဖို႔နဲ႔ အဲဒီကၽြန္းကို ေရႊ႕ေျပာင္းသြားတဲ့သူေတြဟာ သူတုိ႔ရဲ႕ ဆႏၵအေလ်ာက္သြားတယ္ဆိုတာကို အတည္ျပဳဖို႔အတြက္ သီးျခားလြတ္လပ္တဲ့ ႏုိင္ငံတကာ စိစစ္အတည္ျပဳမႈေတြလုပ္ဖို႔ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Andrews က ဘဂၤလားေဒ့ရွ္အစိုးရကိုလည္း တုိက္တြန္းလိုက္ပါတယ္။ တခ်ိဳ႕ေရႊ႕ေျပာင္းေနရာခ်ထားမႈေတြဟာ သူတုိ႔ရဲ႕ ဆႏၵမပါဘဲ လုပ္ေဆာင္ခဲ့တယ္ဆိုတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူအေနနဲ႔စိုးရိမ္မိၿပီး ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔လည္း အဲဒီဒုကၡသည္ေတြအတြက္ တျခားေရြးခ်ယ္စရာနည္းလမ္းေတြကို လုပ္ေဆာင္ေပးသင့္တယ္လို႔ ေျပာပါတယ္။
႐ုိဟင္ဂ်ာဒုကၡသည္ျပႆနာဟာ ျမန္မာႏုိင္ငံကေန စတင္ေပၚထြက္လာတာျဖစ္ၿပီး ဒါကို ျမန္မာနုိင္ငံကပဲ ေျဖရွင္းရမွာျဖစ္ေၾကာင္း၊ ဒီဒုကၡသည္ျပႆနာကို အဆုံးသတ္ဖို႔အတြက္ ျမန္မာႏုိင္ငံမွာ က်င့္၀တ္ပိုင္းအရေရာ တရားဥပေဒပိုင္းအရပါ တာ၀န္ရွိတယ္လို႔ သူက ေျပာလိုက္ပါတယ္။ ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့အသုံးအႏႈန္းကို လက္မခံေပမယ့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ ၂ ႏုိင္ငံနားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထုိးၿပီး ဒုကၡသည္ေတြကို စိစစ္လက္ခံဖို႔ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက စတင္လုပ္ေဆာင္ခဲ့ပါတယ္။
[Unicode Version]
ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းတဲ့ကိစ္စ ဆန်းစစ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့တဲ့အပေါ် သီးခြားလွတ်လပ်တဲ့ ဆန်းစစ်မှုတွေလုပ်ပြီး ဒီလူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၆၄၂ ယောက်ကို ဘာဆန်ချာကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီလူတွေကို အဲဒီကျွန်းမှာ ဘေးကင်းလုံခြုံစွာ ထားနိုင်ဖို့အတွက် သင့်တော်ရဲ့လားဆိုတာကို အတည်ပြုဖို ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့အကဲဖြတ်ချက်မပါဘဲ ရွှေ့ပြောင်းလိုက်တဲ့အပေါ်မှာ စိုးရိမ်တယ်လို့ Tom Andrews ကပြောပါတယ်။
ဘာဆန်ချာကျွန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဆိုပြုတဲ့ အကဲဖြတ်ချက်ရဲ့ ရလဒ်အပေါ်မှာအခြေခံပြီး ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်ကို လုပ်ဆောင်ဖို့နဲ့ အဲဒီကျွန်းကို ရွှေ့ပြောင်းသွားတဲ့သူတွေဟာ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့အတွက် သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စိစစ်အတည်ပြုမှုတွေလုပ်ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Andrews က ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း တိုက်တွန်းလိုက်ပါတယ်။ တချို့ရွှေ့ပြောင်းနေရာချထားမှုတွေဟာ သူတို့ရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူအနေနဲ့စိုးရိမ်မိပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အဲဒီဒုက္ခသည်တွေအတွက် တခြားရွေးချယ်စရာနည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ မြန်မာနိုင်ငံကနေ စတင်ပေါ်ထွက်လာတာဖြစ်ပြီး ဒါကို မြန်မာနိုင်ငံကပဲ ဖြေရှင်းရမှာဖြစ်ကြောင်း၊ ဒီဒုက္ခသည်ပြဿနာကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံမှာ ကျင့်ဝတ်ပိုင်းအရရော တရားဥပဒေပိုင်းအရပါ တာဝန်ရှိတယ်လို့ သူက ပြောလိုက်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ၂ နိုင်ငံနားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။