သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမႏုကၽြန္း Bhasan Char ကို ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ထပ္မံပို႔ေဆာင္ေရး ျပင္ဆင္


Bhasan Char ကၽြန္းသို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေျပာင္းေရႊ႕သည့္ ျမင္ကြင္း။ (ဒီဇင္ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာရွိတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကို ဒုတိယအသုတ္အျဖစ္ Bhasan Char ကၽြန္းကို ေျပာင္းေရႊ႕ေပးဖို႔ ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက တနဂၤေႏြေန႔က ေျပာပါတယ္။

ဒုကၡသည္ေတြကို ေဝးလံတဲ့ကၽြန္းကို ထပ္ၿပီး မေရႊ႕ေျပာင္းေပးဖို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြ ေတာင္းဆိုေနတဲ့ၾကားက ေနာက္ထပ္ လူ ၁,၀၀၀ ဝန္းက်င္ေလာက္ကို သိပ္မၾကာခင္ရက္ေတြမွာ ေျပာင္းေရႊ႕ေပးမွာ ျဖစ္ပါတယ္။ ဒီလအေစာပိုင္းကလည္း ဒုကၡသည္ ၁,၆၀၀ ေက်ာ္ကို ေရႊ႕ေျပာင္းေပးခဲ့ၿပီး ျဖစ္ပါတယ္။

သူတို႔ကို စစ္တေကာင္းကို အရင္ေရႊ႕ေျပာင္းေပးၿပီးမွ ဒီေရအတက္အက်ေပၚ မူတည္ၿပီး Bhasan Char ကၽြန္းကို ဆက္ၿပီး ေရႊ႕ေျပာင္းေပးမွာျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူတဦးကို ကိုးကားၿပီး ႐ုိက္တာသတင္းက ေျပာပါတယ္။

ဒုကၡသည္ေတြ သူတို႔ဆႏၵအေလ်ာက္ ေျပာင္းေရႊ႕တာလို႔လည္း ဒုကၡသည္အေရး ကိုင္တြယ္ေနသူ ဘဂၤလားေဒ့ရွ္အစိုးရ အရာရွိ Mohammed Shamsud Douza က ေျပာပါတယ္။

ကုလသမဂၢအဖြဲ႔ကေတာ့ အခုလို လူေတြ ကၽြန္းေပၚ ေနေရးထိုင္ေရး လုံၿခံဳစိတ္ခ်ရမႈနဲ႔ နည္းပညာဆိုင္ရာ အကဲျဖတ္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ခြင့္ျပဳခ်က္မရရွိဘူးလို႔ ေျပာသလို ေျပာင္းေရႊ႕မႈေတြမွာ ပါဝင္ပတ္သက္မႈ မရွိပါဘူး။

ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ ကၽြန္းေပၚကို လိုလိုလားလား ေျပာင္းေရႊ႕လိုတဲ့ ဒုကၡသည္ေတြကိုသာ ေရႊ႕ေျပာင္းေပးေနတာ ျဖစ္ေၾကာင္းနဲ႔ အခုလို ေရႊ႕ေျပာင္းတာေၾကာင့္ ဒုကၡသည္ တသန္းေက်ာ္ရွိတဲ့ လူျပည့္က်ပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္းက ဒုကၡသည္စခန္းေတြ သက္သာရာရေစမယ္လို႔ ေျပာပါတယ္။

႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ျမန္မာႏုိင္ငံကေန ထြက္ေျပးၿပီး ဘဂၤလားေဒ့ရွ္ဘက္ စခန္းေတြမွာ ေရာက္ရွိေနတဲ့ ဒုကၡသည္ေတြကို ျပန္လည္လက္ခံမယ္လို႔ ေျပာထားေပမယ့္ လက္ေတြ႔ အေကာင္အထည္ေဖာ္ႏုိင္ျခင္း မရွိေသးပါဘူး။

ျမန္မာႏုိင္ငံကိုျပန္ရင္ ေနာက္ထပ္ အၾကမ္းဖက္မႈေတြ ျဖစ္ပြားမွာကို ဒုကၡသည္ေတြကိုယ္တိုင္ စိုးရိမ္တာေၾကာင့္လည္း ေနရပ္ျပန္ပို႔ေရး ႀကိဳးပမ္းခ်က္ ေတာ္ေတာ္မ်ားမ်ား မေအာင္မျမင္ ျဖစ္ခဲ့ရတယ္လို႔ ႐ုိက္တာသတင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

မြေနုကျွန်း Bhasan Char ကို ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်မံပို့ဆောင်ရေး ပြင်ဆင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒုတိယအသုတ်အဖြစ် Bhasan Char ကျွန်းကို ပြောင်းရွှေ့ပေးဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။

ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းကို ထပ်ပြီး မရွှေ့ပြောင်းပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆိုနေတဲ့ကြားက နောက်ထပ် လူ ၁,၀၀၀ ဝန်းကျင်လောက်ကို သိပ်မကြာခင်ရက်တွေမှာ ပြောင်းရွှေ့ပေးမှာ ဖြစ်ပါတယ်။ ဒီလအစောပိုင်းကလည်း ဒုက္ခသည် ၁,၆၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ကို စစ်တကောင်းကို အရင်ရွှေ့ပြောင်းပေးပြီးမှ ဒီရေအတက်အကျပေါ် မူတည်ပြီး Bhasan Char ကျွန်းကို ဆက်ပြီး ရွှေ့ပြောင်းပေးမှာဖြစ်ကြောင်း အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းက ပြောပါတယ်။

ဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် ပြောင်းရွှေ့တာလို့လည်း ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိ Mohammed Shamsud Douza က ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ကတော့ အခုလို လူတွေ ကျွန်းပေါ် နေရေးထိုင်ရေး လုံခြုံစိတ်ချရမှုနဲ့ နည်းပညာဆိုင်ရာ အကဲဖြတ်မှုတွေ လုပ်ဆောင်ဖို့အတွက် ခွင့်ပြုချက်မရရှိဘူးလို့ ပြောသလို ပြောင်းရွှေ့မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ကျွန်းပေါ်ကို လိုလိုလားလား ပြောင်းရွှေ့လိုတဲ့ ဒုက္ခသည်တွေကိုသာ ရွှေ့ပြောင်းပေးနေတာ ဖြစ်ကြောင်းနဲ့ အခုလို ရွှေ့ပြောင်းတာကြောင့် ဒုက္ခသည် တသန်းကျော်ရှိတဲ့ လူပြည့်ကျပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေ သက်သာရာရစေမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်လို့ ပြောထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံကိုပြန်ရင် နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွားမှာကို ဒုက္ခသည်တွေကိုယ်တိုင် စိုးရိမ်တာကြောင့်လည်း နေရပ်ပြန်ပို့ရေး ကြိုးပမ်းချက် တော်တော်များများ မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG