သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ ဒုတိယအသုတ္ Bhasan Char ကၽြန္းကိုေရာက္႐ွိ


ဒီဇင္ဘာလ ၂၉ ရက္ေန႔က Bhasan Char ကၽြန္းကိုေရာက္႐ွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား

(Zawgyi/Unicode)

ဘဂၤလား ပင္လယ္ေအာ္ အတြင္းက ေျမႏုကြ်န္း Bhasan Char ကြ်န္းကို ရိုဟင္ဂ်ာ ဒုကၡသည္ ၁၈၀၄ ဦး အဂၤါေန႔က ထပ္မံ ေရာက္ရွိသြားပါၿပီ။ ေကာဇ္႔ဘဇား ဒုကၡသည္ စခန္းေတြကေန ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို Bhasan Char ကြ်န္းကို ဒုတိယ အႀကိမ္ ပို႔ေဆာင္မႈလည္း ျဖစ္ပါတယ္။ ပထမဆံုး အႀကိမ္အျဖစ္နဲ႔ ဒီဇင္ဘာလ အေစာပိုင္းက ဒုကၡသည္ ၁၆၀၀ ေက်ာ္ ပို႔ေဆာင္ၿပီး ၂၄ ရက္ အၾကာမွာ အခု ဒုတိယ အႀကိမ္ ထပ္မံ ပို႔ေဆာင္တာ ျဖစ္ပါတယ္။ Bhasan Char ကို ေရႊ႕ေျပာင္းသူ ရိုဟင္ဂ်ာ ဒုကၡသည္ Shafi Alam ကေတာ့

“အရင္က ေနခဲ႔တဲ႔ စခန္းမွာက လူေတြ မ်ားလြန္းတာေၾကာင့္ ေနရ သြားရ ခက္ခဲလြန္းေၾကာင္း၊ ဘဂၤလားေဒရွ္႕ အာဏာပိုင္ေတြက ေရႊ႕ေျပာင္းဖို႔ ေနရာ စီစဥ္ေပးတာေၾကာင့္ဘဲ ေရႊ႕ေျပာင္းဖို႔ ဆံုးျဖတ္တာလို႔ ေျပာျပသြားတာပါ။”

ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အခြင့္အေရး အဖြဲ႔ေတြကေတာ့ ရိုဟင္ဂ်ာေတြကို Bhasan Char ကြ်န္းကို ပို႔ေဆာင္မႈ အေပၚ ရႈတ္ခ်ထားတာပါ။

ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းမွာ ေနေနတဲ႔ ဦးေက်ာ္ျမင့္က VOA ရဲ႕ Rohingya Lifeline အစီအစဥ္မွာ ေျပာဆိုတာမွာေတာ့ အခု ကြ်န္းကို ေရႊ႕ေျပာင္းတာမွာ တဦးတေယာက္ကိုမွ အတင္းအဓမၼ ေျပာင္းေရႊ႕ခိုင္းတာ မေတြ႔ရဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း Bhasan Char ကို ပို႔တာထက္ ေနရပ္ရင္းကို ျပန္ႏုိင္ေရး စီစဥ္တာက ပိုၿပီး ေကာင္းမယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

၂၀၁၇ ခုႏွစ္က ရခုိင္ ေျမာက္ပိုင္း အၾကမ္းဖက္မႈေတြကေန ထြက္ေျပးၾကတဲ႔ သိန္းခ်ီတဲ႔ ဒုကၡသည္ေတြကို ျပန္လက္ခံမယ္လို႔ ျမန္မာဘက္က ေျပာထားေပမယ့္ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကိုေတာ့ လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်းကိုရောက်ရှိ

(Unicode)

ဘင်္ဂလား ပင်လယ်အော် အတွင်းက မြေနုကျွန်း Bhasan Char ကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀၄ ဦး အင်္ဂါနေ့က ထပ်မံ ရောက်ရှိသွားပါပြီ။ ကောဇ့်ဘဇား ဒုက္ခသည် စခန်းတွေကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhasan Char ကျွန်းကို ဒုတိယ အကြိမ် ပို့ဆောင်မှုလည်း ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်အဖြစ်နဲ့ ဒီဇင်ဘာလ အစောပိုင်းက ဒုက္ခသည် ၁၆၀၀ ကျော် ပို့ဆောင်ပြီး ၂၄ ရက် အကြာမှာ အခု ဒုတိယ အကြိမ် ထပ်မံ ပို့ဆောင်တာ ဖြစ်ပါတယ်။ Bhasan Char ကို ရွှေ့ပြောင်းသူ ရိုဟင်ဂျာ ဒုက္ခသည် Shafi Alam ကတော့

“အရင်က နေခဲ့တဲ့ စခန်းမှာက လူတွေ များလွန်းတာကြောင့် နေရ သွားရ ခက်ခဲလွန်းကြောင်း၊ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ရွှေ့ပြောင်းဖို့ နေရာ စီစဉ်ပေးတာကြောင့်ဘဲ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်တာလို့ ပြောပြသွားတာပါ။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အခွင့်အရေး အဖွဲ့တွေကတော့ ရိုဟင်ဂျာတွေကို Bhasan Char ကျွန်းကို ပို့ဆောင်မှု အပေါ် ရှုတ်ချထားတာပါ။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ နေနေတဲ့ ဦးကျော်မြင့်က VOA ရဲ့ Rohingya Lifeline အစီအစဉ်မှာ ပြောဆိုတာမှာတော့ အခု ကျွန်းကို ရွှေ့ပြောင်းတာမှာ တဦးတယောက်ကိုမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း Bhasan Char ကို ပို့တာထက် နေရပ်ရင်းကို ပြန်နိုင်ရေး စီစဉ်တာက ပိုပြီး ကောင်းမယ်လို့ ယူဆကြောင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင် မြောက်ပိုင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ မြန်မာဘက်က ပြောထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG