သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အထူးေကာ္မီတီ ဖဲြ႕စည္းေစာင္႔ၾကည္႔မႈ ျမန္မာအေလးထားဖို႔ သံုးသပ္သူတခ်ိဳ႕တိုက္တြန္း


ICJ တရားရုံးတြင္ ဂန္ဘီယာတရားေရးဝန္ႀကီးAbubacarr Tambadou ေျပာၾကားေနစဥ္ ေဒၚေအာင္ဆန္းစုၾကည္ နားေထာင္ေနသည့္ျမင္ကြင္း (ဒီဇင္ဘာလ၊ ၁ဝ၊ ၂ဝ၁၉ )

{{Zawgyi/Unicode}}

အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကၾကားျဖတ္အေရးေပၚ စီမံေဆာင္႐ြက္ဖို႔ ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အကဲျဖတ္ေစာင့္ၾကည့္ဖို႔ သီးျခား အထူးေကာ္မတီတရပ္ကို ထူေထာင္လိုက္တာနဲ႔ပတ္သတ္လို႔ ျပည္တြင္း လူ႔အခြင့္အေရးလႈပ္ရွားသူေတြရဲ႕ အျမင္ေတြကို ဗြီအိုေအ သတင္းေထာက္ မေမခ ကစုစည္းတင္ျပထားပါတယ္။

သီးျခား အထူးေကာ္မတီတရပ္ကို ထူေထာင္ေပးလိုက္ေၾကာင္း ICJ တရား႐ုံးကၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၂၁) ရက္ေန႔ ရက္က ေၾကညာခ်က္ထုတ္ျပန္လိုက္တာပါ။

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးလႈပ္ရွားတဲ့ အဖြဲ႕အစည္းတခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာ ဦးေဆာင္တည္ေထာင္သူျဖစ္တဲ့ ဦးေအာင္မ်ိဳးမင္းကေတာ့ ဒီလိုဖြဲ႕စည္းလိုက္တာက ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာဖိအားတခု ထပ္တိုးလာတယ္လို႔ သုံးသပ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္တားဆီးေရး ဂမ္ဘီယာ ႏိုင္ငံဘက္က ေလွ်ာက္ထားခ်က္နဲ႔ ပတ္သတ္လို႔ ျမန္မာဘက္က ျပန္လည္ခုခံေခ်ပခ်က္ကို ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္မွာ ICJ ကိုတင္သြင္းရေတာ့မယ့္ အခ်ိန္နဲ႔ မေရွးမေႏွာင္းအခုလို အထူးေကာ္မတီတရပ္ဖြဲ႕စည္းၿပီး ေလ့လာေစာင့္ၾကည့္မယ့္အေပၚစိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

အစိုးရအေနနဲ႔ လက္ရွိ ေဆာင္႐ြက္ခ်က္ေတြကို ျပန္လည္သုံးသပ္ကာလမ္းမွန္ေလွ်ာက္ဖို႔ ခုလိုတိုက္တြန္းလိုက္ပါတယ္။


" ဒီလိုထပ္ဖြဲ႕တာက ျမန္မာအစိုးရအတြက္ပိုအက်ပ္႐ိုက္ေစတယ္လို႔ျမင္တယ္။ လာမယ့္ ခုခံေခ်ပမႈအတြက္ သက္ေရာက္မႈျဖစ္လာႏိုင္တယ္ လို႔သုံးသပ္ လို႔ရတယ္။ ျမန္မာကိုခ်မွတ္ထားတဲ့ အခ်က္ေလးခ်က္ကို လိုက္နာမႈ အားနည္းတယ္ဆိုၿပီး ေထာက္ျပတာေတြရွိတယ္။ ဒီဟာေတြေၾကာင့္ ေပၚလာတယ္လို႔ ေယ်ဘူယ်သတ္မွတ္တယ္။ သူတို႔ဘက္က လိုက္နာရမယ့္ အခ်က္၄ခ်က္ကိုဘယ္ေလာက္လိုက္နာလဲ ေမာ္နီတာလုပ္လိမ့္မယ္။ ျမန္မာအစိုးရအေနနဲ႔ ျဖစ္ခဲ့တာေတြကို ဝန္ခံဖို႔လိုတယ္။ က်ဴးလြန္သူေတြနဲ႔ပတ္သတ္လို႔ အစိုးရဘက္က အလိုတူအလိုပါ ဖုံးဖိတာမ်ိဳးမလုပ္သင့္ဘူး။ အေရးယူခံသင့္တဲ့လူ ေတြနဲ႔ပတ္သတ္လို႔ လုပ္သင့္လုပ္ထိုက္တာေတြရွိသလို က်ဴးလြန္ခံရသူေတြအတြက္ ျပန္လည္ကုစားမႈေတြ၊ ကာကြယ္ေပးမႈေတြကို ဒီထပ္ပိုလုပ္ျပသင့္တယ္။ ဒါမွႏိုင္ငံတကာဖိအားက်ႏိုင္မယ္။ ဒါမွ အဆင္ေျပမယ္" ။

ဒီေကာ္မတီအေနနဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းက တင္သြင္းတဲ့ အခ်က္အလက္ေတြကို စစ္ေဆးၿပီး ႐ုံးေတာ္ကို ပုံမွန္တင္ျပရမွာ ျဖစ္သလို ျဖစ္ႏိုင္ေျခရွိတဲ့ ေ႐ြးခ်ယ္ခြင့္ေတြကိုလည္း အႀကံေပးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေကာ္မတီရဲ႕ ဆုံးျဖတ္မႈကို ႐ုံးေတာ္က လိုအပ္ရင္ လက္ခံဖို႔ ရွိေၾကာင္းလည္း ICJ ေၾကျငာခ်က္မွာ ေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ဂမ္ဘီယာ ႏိုင္ငံက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္မွာတုန္းက လုံၿခဳံေရးကင္းစခန္းေတြကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္အုပ္စုကို လိုက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ေတြရဲ႕ စစ္ဆင္ေရးေတြအတြင္း ႐ိုဟင္ဂ်ာ အမ်ိဳးသမီးေတြအေပၚ အဓမၼျပဳက်င့္မႈေတြ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ က်ဳးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔လည္း ICJ ႏိုင္ငံတကာ တရား႐ုံးမွာ တရားလိုလုပ္ တိုင္ၾကားထားခဲ့တာပါ.။ ဒါနဲ႔ပတ္သတ္လို႔ ျမန္မာဘက္က ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ICJ က ျမန္မာအေပၚခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးေပၚစီမံေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက လိုက္နာအေကာင္ အထည္ေဖၚျခင္းမရွိဘူးလို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က စြပ္စြဲေျပာဆိုထားတာေတြရွိေနပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရားဝင္ လက္ခံမထားတဲ့ ျမန္မာအစိုးရနဲ႔ စစ္တပ္ကေတာ့ ႏိုင္ငံတကာက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာမရွိေၾကာင္းနဲ႔ က်ဳးလြန္သူေတြကိုလည္း စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြရွိေၾကာင္း အစဥ္တစိုက္ ေျပာဆိုထားသလို ၿပီးခဲ့တဲ့ရက္ပိုင္းကစစ္ဆင္ေရးအတြင္းပါဝင္ခဲ့သူေတြကို ဖမ္းဆီးအေရးယူစစ္ ေဆးတာေတြခ်ျပတာေၾကာင့္ တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္က အားရစရာမရွိေသးေပမယ့္ ခုခံေခ်ပဖို႔ အတြက္ အခ်က္တခုျဖစ္ေစတယ္လို႔ ယူဆေနတာေတြ လည္းရွိပါတယ္။

ႏိုင္ငံတကာအေရးနဲ႔ လူ႔အခြင့္အေရးေလ့လာသုံးသပ္သူေဒါက္တာခင္ေဇာ္ဝင္းကေတာ့ ဒီအဖြဲ႕ေပၚေပါက္လာတဲ့ အတြက္စိုးရိမ္စရာမရွိေပမယ့္ ျမန္မာအစိုးရ အေနနဲ႔ ႏိုင္ငံတကာကလက္ခံလာေအာင္ ခ်မွတ္ထားတဲ့ ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္အေပၚ ဘယ္လိုေျဖရွင္းေဆာင္႐ြက္ဖို႔လုပ္ေဆာင္ ေနလဲဆိုတာကို ပြင့္လင္းျမင္သာစြာခ်ျပဖို႔ လိုအပ္ေနတယ္လို႔ ေထာက္ျပပါတယ္။

"အရမ္းစိုးရိမ္စရာမရွိပါ။ လုပ္ငန္းေတြ ျမန္ဆန္ထိေရာက္ဖို႔ ဖြဲ႕တဲ့သေဘာပါဘဲ။ ႐ုရွားဘက္က အင္တာဗ်ဴးတခုမွာ ကာခ်ဳပ္ဘက္ကေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္တာေျပာတာေတြ၊ ေအေအနဲ႔ ေတြ႕ဆုံတာေတြနဲ႔ ႐ိုဟင္ဂ်ာလို႔ သုံးႏႈံန္းခဲ့တာမ်ိဳးေတြ ရွိလာတယ္ တပ္မေတာ္ဘက္က ျပဳျပင္ေျပာင္းလဲမႈ လုပ္လာတာေတြက လာမယ့္ ဇန္နဝါရီ ၂၅မွာ တင္ရမယ့္ ခုခံခ်က္အေပၚမွာအေကာင္းဘက္အလားအလာ ေမွ်ာ္မွန္းလို႔ရႏိုင္တယ္။ အေရွ႕မွာတင္ထားတဲ့ ၂ႀကိမ္မွာ ဘယ္လိုခုခံေခ်ပခဲ့သလဲမသိေတာ့အတိအက်ေျပာဖို႔ခက္တယ္။ ျမန္မာဘက္က ပြင့္လင္းျမင္သာေအာင္ခ်ျပဖို႔လိုတယ္"

အခုလို ICJ ဘက္က ေကာ္မတီတခု ဖြဲ႕လိုက္တာနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရဘက္က ေလာေလာဆယ္ တရားဝင္ တုံ႔ျပန္ခ်က္တစုံတရာ ခ်က္ျခင္းထြက္မလာေသးသလို၊ ဆက္သြယ္ေမးျမန္းရာမွာလည္း တာဝန္ခံေျဖဆိုမယ့္သူမရွိပါဘူး။

...................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်လိုက်တာနဲ့ပတ်သတ်လို့ ပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင်တွေကို ဗွီအိုအေ သတင်းထောက် မမေခ ကစုစည်းတင်ပြထားပါတယ်။

သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ပေးလိုက်ကြောင်း ICJ တရားရုံးကပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ ရက်က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ ဦးဆောင်တည်ထောင်သူဖြစ်တဲ့ ဦးအောင်မျိုးမင်းကတော့ ဒီလိုဖွဲ့စည်းလိုက်တာက မြန်မာနိုင်ငံအတွက် နိုင်ငံတကာဖိအားတခု ထပ်တိုးလာတယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာ နိုင်ငံဘက်က လျှောက်ထားချက်နဲ့ ပတ်သတ်လို့ မြန်မာဘက်က ပြန်လည်ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရတော့မယ့် အချိန်နဲ့ မရှေးမနှောင်းအခုလို အထူးကော်မတီတရပ်ဖွဲ့စည်းပြီး လေ့လာစောင့်ကြည့်မယ့်အပေါ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကာလမ်းမှန်လျှောက်ဖို့ ခုလိုတိုက်တွန်းလိုက်ပါတယ်။


" ဒီလိုထပ်ဖွဲ့တာက မြန်မာအစိုးရအတွက်ပိုအကျပ်ရိုက်စေတယ်လို့မြင်တယ်။ လာမယ့် ခုခံချေပမှုအတွက် သက်ရောက်မှုဖြစ်လာနိုင်တယ် လို့သုံးသပ် လို့ရတယ်။ မြန်မာကိုချမှတ်ထားတဲ့ အချက်လေးချက်ကို လိုက်နာမှု အားနည်းတယ်ဆိုပြီး ထောက်ပြတာတွေရှိတယ်။ ဒီဟာတွေကြောင့် ပေါ်လာတယ်လို့ ယျေဘူယျသတ်မှတ်တယ်။ သူတို့ဘက်က လိုက်နာရမယ့် အချက်၄ချက်ကိုဘယ်လောက်လိုက်နာလဲ မော်နီတာလုပ်လိမ့်မယ်။ မြန်မာအစိုးရအနေနဲ့ ဖြစ်ခဲ့တာတွေကို ဝန်ခံဖို့လိုတယ်။ ကျူးလွန်သူတွေနဲ့ပတ်သတ်လို့ အစိုးရဘက်က အလိုတူအလိုပါ ဖုံးဖိတာမျိုးမလုပ်သင့်ဘူး။ အရေးယူခံသင့်တဲ့လူ တွေနဲ့ပတ်သတ်လို့ လုပ်သင့်လုပ်ထိုက်တာတွေရှိသလို ကျူးလွန်ခံရသူတွေအတွက် ပြန်လည်ကုစားမှုတွေ၊ ကာကွယ်ပေးမှုတွေကို ဒီထပ်ပိုလုပ်ပြသင့်တယ်။ ဒါမှနိုင်ငံတကာဖိအားကျနိုင်မယ်။ ဒါမှ အဆင်ပြေမယ်" ။

ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက တင်သွင်းတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး ရုံးတော်ကို ပုံမှန်တင်ပြရမှာ ဖြစ်သလို ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်ခွင့်တွေကိုလည်း အကြံပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကော်မတီရဲ့ ဆုံးဖြတ်မှုကို ရုံးတော်က လိုအပ်ရင် လက်ခံဖို့ ရှိကြောင်းလည်း ICJ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာ နိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်မှာတုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ICJ နိုင်ငံတကာ တရားရုံးမှာ တရားလိုလုပ် တိုင်ကြားထားခဲ့တာပါ.။ ဒါနဲ့ပတ်သတ်လို့ မြန်မာဘက်က ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လိုက်နာအကောင် အထည်ဖေါ်ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စွပ်စွဲပြောဆိုထားတာတွေရှိနေပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း စုံစမ်းဖော်ထုတ် အရေးယူတာတွေရှိကြောင်း အစဉ်တစိုက် ပြောဆိုထားသလို ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ဆင်ရေးအတွင်းပါဝင်ခဲ့သူတွေကို ဖမ်းဆီးအရေးယူစစ် ဆေးတာတွေချပြတာကြောင့် တပ်မတော်ရဲ့ လုပ်ဆောင်ချက်က အားရစရာမရှိသေးပေမယ့် ခုခံချေပဖို့ အတွက် အချက်တခုဖြစ်စေတယ်လို့ ယူဆနေတာတွေ လည်းရှိပါတယ်။

နိုင်ငံတကာအရေးနဲ့ လူ့အခွင့်အရေးလေ့လာသုံးသပ်သူဒေါက်တာခင်ဇော်ဝင်းကတော့ ဒီအဖွဲ့ပေါ်ပေါက်လာတဲ့ အတွက်စိုးရိမ်စရာမရှိပေမယ့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာကလက်ခံလာအောင် ချမှတ်ထားတဲ့ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက်အပေါ် ဘယ်လိုဖြေရှင်းဆောင်ရွက်ဖို့လုပ်ဆောင် နေလဲဆိုတာကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။

"အရမ်းစိုးရိမ်စရာမရှိပါ။ လုပ်ငန်းတွေ မြန်ဆန်ထိရောက်ဖို့ ဖွဲ့တဲ့သဘောပါဘဲ။ ရုရှားဘက်က အင်တာဗျူးတခုမှာ ကာချုပ်ဘက်ကရွေးကောက်ပွဲနဲ့ပတ်သတ်တာပြောတာတွေ၊ အေအေနဲ့ တွေ့ဆုံတာတွေနဲ့ ရိုဟင်ဂျာလို့ သုံးနှုံန်းခဲ့တာမျိုးတွေ ရှိလာတယ် တပ်မတော်ဘက်က ပြုပြင်ပြောင်းလဲမှု လုပ်လာတာတွေက လာမယ့် ဇန်နဝါရီ ၂၅မှာ တင်ရမယ့် ခုခံချက်အပေါ်မှာအကောင်းဘက်အလားအလာ မျှော်မှန်းလို့ရနိုင်တယ်။ အရှေ့မှာတင်ထားတဲ့ ၂ကြိမ်မှာ ဘယ်လိုခုခံချေပခဲ့သလဲမသိတော့အတိအကျပြောဖို့ခက်တယ်။ မြန်မာဘက်က ပွင့်လင်းမြင်သာအောင်ချပြဖို့လိုတယ်"

အခုလို ICJ ဘက်က ကော်မတီတခု ဖွဲ့လိုက်တာနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က လောလောဆယ် တရားဝင် တုံ့ပြန်ချက်တစုံတရာ ချက်ခြင်းထွက်မလာသေးသလို၊ ဆက်သွယ်မေးမြန်းရာမှာလည်း တာဝန်ခံဖြေဆိုမယ့်သူမရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG