သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾကားျဖတ္အေရးေပၚ စီမံေဆာင္ရြက္ဖို႔ တရားရံုးအမိန္႔ဆိုင္ရာ အထူးေစာင့္ၾကည့္ေရးေကာ္မတီ ICJ ဖဲြ႕စည္း 


ၾကားျဖတ္အေရးေပၚ စီမံေဆာင္ရြက္ဖို႔ တရားရံုးအမိန္႔ဆိုင္ရာ အထူးေစာင့္ၾကည့္ေရးေကာ္မတီ ICJ ဖဲြ႕စည္း ( REUTERS)

{{Zawgyi/Unicode}}

အျပည္ျပည္ဆိုင္ရာတရားရံုး ICJ ကၾကားျဖတ္အေရးေပၚ စီမံေဆာင္ရြက္ဖို႔ ခ်မွတ္ထားတဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အကဲျဖတ္ေစာင့္ၾကည့္ဖို႔ သီးျခား အထူးေကာ္မတီတရပ္ကို ထူေထာင္ခြင့္ ေပးလိုက္ေၾကာင္း ဒီဇင္ဘာလ (၂၁) ရက္ေန႔ ရက္စဲြနဲ႔ ICJ တရားရံုးက ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

အဲဒီေၾကညာခ်က္အရ ရံုးတြင္းတရားေရးေဆာင္ရြက္မႈဆိုင္ရာ ဆံုးျဖတ္ခ်က္္ အခန္း ၁၁ ကို အသစ္ထည့္သြင္း ျပဌာန္းလိုက္တာျဖစ္ပါတယ္။ အခန္း ၁၁ အရ တရားရံုးက ၾကားျဖတ္အေရးေပၚ စီမံေဆာင္ရြက္ဖို႔ ခ်မွတ္ထားတဲ့ ကိစၥရပ္တခုအတြက္ အဖြဲ႔ဝင္ ၃ ဦးပါတဲ့ သီးျခား အထူးကိစၥရပ္ေဆာင္ရြက္ေရးေကာ္မတီတရပ္ကို ထူေထာင္ခြင့္ ေပးလိုက္တာျဖစ္ၿပီး ဒီခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးေပၚ စီမံ ေဆာင္ရြက္ခ်က္အတြက္ အေကာင္ထည္ေဖၚေရးကို ေစာင့္ၾကည့္ရာမွာ ဒီေကာ္မတီက ရံုးေတာ္ကို အကူအညီေပးရမွာပါ။

ဒီေကာ္မတီအေနနဲ႔ သက္ဆိုင္ရာအဖြဲ႔အစည္းက တင္သြင္းတဲ့ အခ်က္အလက္ေတြကို စစ္ေဆးၿပီး ရံုးေတာ္ကို ပံုမွန္တင္ျပရမွာ ျဖစ္သလို ျဖစ္ႏိုင္ေျခရွိတဲ့ ေရြးခ်ယ္ခြင့္ေတြကိုလည္း အႀကံေပးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေကာ္မတီရဲ့ ဆံုးျဖတ္မႈကို ရံုးေတာ္က လိုအပ္ရင္ လက္ခံဖို႔ ရွိေၾကာင္းလည္း ေဖၚျပထားပါတယ္။

၁၉၄၅ ခုႏွစ္က ကုလသမဂၢပဋိဥာဥ္စာတမ္းအရ ထူေထာင္ခဲ့တဲ့ အျပည္ျပည္ဆိုင္ရာတရားရံုးဟာ ၁၉၄၆ ဧၿပီလမွာ စတင္အသက္ဝင္ခဲ့တာပါ။ Netherlands ႏိုင္ငံ The Hague က ၿငိမ္းခ်မ္းေရးနန္းေတာ္မွာရွိတဲ့ ဒီတရားရံုးကို အဖြဲ႔ဝင္ ၁၅ ဦးနဲ႔ ဖြဲ႔စည္းထားပါတယ္။ ၉ ႏွစ္သက္တမ္း တာဝန္ထမ္းေဆာင္ရမယ့္ တရားသူႀကီး ၁၅ ဦးကို ကုလသမဂၢလံုၿခံဳေရးေကာင္စီနဲ႔ အေထြေထြညီလာခံကေနေရြးခ်ယ္ေပးရပါတယ္။

ICJ ႏိုင္ငံတကာ တရား႐ုံးက ဒီႏွစ္ ဇန္နဝါရီလ ၂၃ ရက္ေန႔က ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္တားဆီးေရး ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္ထားခ်က္အရ ျမန္မာဘက္က ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္ ခ်မွတ္ခဲ့တာပါ။

ျမန္မာနဲ႔ ဂမ္ဘီယာ အေပၚ ခ်မွတ္ခဲ့တဲ့ အမိန႔္စီရင္ခ်က္ေတြအရ ဂမ္ဘီယာဘက္က ေလွ်ာက္လဲခ်က္ကို ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ ဂမ္ဘီယာက တင္သြင္းခဲ့ၿပီး ျမန္မာဘက္ကလည္း ဂ်ီႏိုဆိုက္မက်ဴးလြန္ပါဘူးဆိုတဲ့ ျပန္လည္ခုခံေခ်ပခ်က္ကို ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္မွာ ICJ ကိုတင္သြင္းရမွာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ICJ က ျမန္မာအေပၚခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးေပၚစီမံေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက လိုက္နာအေကာင္အထည္ေဖၚျခင္းမရွိဘူးလို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က စြပ္စြဲေျပာဆိုထားပါတယ္။

...........................................

{{Unicode}}

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ဒီဇင်ဘာလ (၂၁) ရက်နေ့ ရက်စွဲနဲ့ ICJ တရားရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်အရ ရုံးတွင်းတရားရေးဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ်ချက် အခန်း ၁၁ ကို အသစ်ထည့်သွင်း ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အခန်း ၁၁ အရ တရားရုံးက ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ကိစ္စရပ်တခုအတွက် အဖွဲ့ဝင် ၃ ဦးပါတဲ့ သီးခြား အထူးကိစ္စရပ်ဆောင်ရွက်ရေးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်တာဖြစ်ပြီး ဒီချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ် စီမံ ဆောင်ရွက်ချက်အတွက် အကောင်ထည်ဖေါ်ရေးကို စောင့်ကြည့်ရာမှာ ဒီကော်မတီက ရုံးတော်ကို အကူအညီပေးရမှာပါ။

ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက တင်သွင်းတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး ရုံးတော်ကို ပုံမှန်တင်ပြရမှာ ဖြစ်သလို ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်ခွင့်တွေကိုလည်း အကြံပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကော်မတီရဲ့ ဆုံးဖြတ်မှုကို ရုံးတော်က လိုအပ်ရင် လက်ခံဖို့ ရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။

၁၉၄၅ ခုနှစ်က ကုလသမဂ္ဂပဋိဉာဉ်စာတမ်းအရ ထူထောင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ ၁၉၄၆ ဧပြီလမှာ စတင်အသက်ဝင်ခဲ့တာပါ။ Netherlands နိုင်ငံ The Hague က ငြိမ်းချမ်းရေးနန်းတော်မှာရှိတဲ့ ဒီတရားရုံးကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ၉ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမယ့် တရားသူကြီး ၁၅ ဦးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံကနေရွေးချယ်ပေးရပါတယ်။

ICJ နိုင်ငံတကာ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ မြန်မာဘက်က ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ချမှတ်ခဲ့တာပါ။

မြန်မာနဲ့ ဂမ်ဘီယာ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်စီရင်ချက်တွေအရ ဂမ်ဘီယာဘက်က လျှောက်လဲချက်ကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဂမ်ဘီယာက တင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ဂျီနိုဆိုက်မကျူးလွန်ပါဘူးဆိုတဲ့ ပြန်လည်ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက လိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စွပ်စွဲပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG