သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhasan Char ကၽြန္းကိုပို႔ေဆာင္ရံုနဲ႔ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ျပႆနာေျပလည္ဖို႔မရွိ


ရိုဟင္ဂ်ာဒုကၡသည္ေတြကို Bhasan Char ကၽြန္းကိုပို႔ေဆာင္ေန

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ အစိုးရကေန ရိုဟင္ဂ်ာဒုကၡသည္ တသိန္းေက်ာ္ကို ဘဂၤလားပင္လယ္ေအာ္အတြင္းရွိ Bhasan Char ကၽြန္းကိုပို႔ေဆာင္တဲ့ အစီအစဥ္ဟာ တကယ့္ျပႆနာကို ေျဖရွင္းတာမဟုတ္ဘူးလို႔ ၿဗိတိန္အေျခစိုက္ လူ႔အခြင့္အေရး အဖဲြ႕တဖဲြ႕က ေ၀ဖန္ေျပာၾကားလုိက္ပါတယ္။ ရိုဟင္ဂ်ာအက်ပ္အတည္းကို ေျဖရွင္းေရးမွာ ရိုဟင္ဂ်ာေတြကိုယ္တိုင္ပါ၀င္ဖို႔ လိုအပ္ေနတယ္လို႔လည္းဆိုပါတယ္။

ဘဂၤလားေဒ့ရွ္၊ ျမန္မာ နဲ႔ ကုလသမဂၢေတြရဲ႕အခန္းက႑နဲ႔ ပတ္သက္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးကြန္ရက္ (BHN)ရဲ႕အမႈေဆာင္ ညြန္ၾကားေရးမွဴး ကိုေက်ာ္၀င္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုဒီ Bhasan Char ကၽြန္းကို ရိုဟင္ဂ်ာဒုကၡသည္ေတြေရႊ႕ေျပာင္းေပးေနတဲ့ ဘဂၤလားေဒ့ရွ္အစိုးရ အစီအစဥ္ နဲ႔ ပတ္သက္ၿပီးေတာ့ လူ႔အခြင့္အေရး အဖြဲ႔ေတြအေနနဲ႔ ဘယ္လိုျမင္ပါသလဲရွင့္။

ကိုေက်ာ္၀င္း။ ။ က်ေနာ္တို႔ ျမင္တာကေတာ့ ဒါက Solution မဟုတ္ဘူးေပါ့ေနာ္။ ဒီဟာက ေျဖရွင္းပံု ေျဖရွင္းနည္း တခုခု လြဲေနသလိုပဲ ဒီလူေတြ ၁ သန္းေက်ာ္ရွိတဲ့ ဒုကၡသည္ေတြဟာ တခ်ိန္ခ်ိန္မွာ သူတို႔ဟာ ျမန္မာျပည္ျပန္ရမယ့္လူေတြ ။ ျမန္မာျပည္ျပန္ဖို႔အတြက္ သူတို႔ကို ဦးစားေပးၿပီးေတာ့ ေဆာင္ရြက္သင့္တယ္ေပါ့ေနာ္ ဒီအခ်ိန္မွာ။ ျမန္မာျပည္ကိုလည္း ျပန္ၾကည့္မယ္ဆိုရင္ သူတို႔ေတြ ထားခဲ့တဲ့ လယ္ေျမေတြ ၊ ေနာက္ထပ္အေဆာက္အဦးေတြ သူတို႔ေတြတခ်ိန္ခ်ိန္မွာ ျပန္ေနရာခ်ထားေပးလို႔ရတဲ့ေနရာေတြလည္း ရွိေနၿပီ။ ဆိုေတာ့ လူ ၁ သိန္းေလာက္ကို Bhasan Char ကၽြန္းကို ပို႔လိုက္လို႔ ဒီျပႆနာ ေျပလည္သြားမွာမဟုတ္ဘူး။ ဒါက အဓိက သူ႔ Solution က လူေတြ ျမန္မာျပည္မွာ repatriation လုပ္ႏိုင္ဖို႔ အေရးႀကီးတယ္။ ဘဂၤလားေဒ့ရွ္အစိုးရက ဘာျဖစ္သြားသလဲဆိုေတာ့ ဒုကၡသည္ေတြ ဒုကၡသည္စခန္းမွာ ဒုကၡျဖစ္ေနတဲ့ ျပႆနာကို လိုက္ေျဖရွင္းတဲ့ ပံုစံမ်ိဳးလုပ္ေနတာက ဒါက လမ္းေၾကာင္းတခုလြဲေနတယ္။ ေနာက္တခုက လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြကို သြားၿပီးေတာ့ ေလ့လာခြင့္မျပဳထားဘူး။ အဲဒီမွာ UN တို႔ ဘာတို႔ကို assessment မလုပ္ခိုင္းဘူး လုပ္ခြင့္မေပးဘူးေပါ့ေနာ္။ ဒီကၽြန္းမွာ လူေနဖို႔ သင့္မသင့္ ၊ လံုၿခံဳမႈ ရွိမရွိ၊ သူတို႔အတြက္ သင့္ေတာ္မသင့္ေတာ္ ဒါေတြက ဒီအတိုင္း ေဆာက္ၿပီးရင္ ၿပီးေရာဆိုတဲ့ပံုစံမ်ိဳး လုပ္လို႔ မရဘူးေပါ့ေနာ္။ဆိုေတာ့ အဲဒါေတြအေပၚမွာ အေျခခံတဲ့ အခ်က္အလက္ေတြကို ၾကည့္ျခင္းအားျဖင့္ ဒီလိုေရႊ႕ေျပာင္းေနတယ္ဆိုတာက ေတာ္ေတာ္ေတာ့ စိုးရိမ္စရာပါ။

မအင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဒီလိုအေျခအေနမွာ အခု ကုလသမဂၢကေတာ့ ဒီလို ဘဂၤလားေဒ့ရွ္အစိုးရ ကေန ဒုကၡသည္ေတြရဲ႕ စိတ္ဆႏၵမပါပဲနဲ႔ ဒုကၡသည္ေတြကို အဲဒီ Bhasan Char ကၽြန္းကို ေျပာင္းေရႊ႕တဲ့အစီအစဥ္ ကိုကန္႔ကြက္ထားပါတယ္။ အဲဒီေတာ့ သူတို႔ ကုလသမဂၢ ဘက္ က ဘယ္လိုေဆာင္ရြက္ေပးသင့္တယ္လို႔ ျမင္သလဲရွင့္။

ကိုေက်ာ္၀င္း။ ။ အမွန္က ကုလသမဂၢ အေနနဲ႔ ဒီေနရာမွာ ျပတ္သားတဲ့ အသံ ထုတ္သင့္တယ္ေပါ့ေနာ္ ။ ဒီလူေတြကို ဒီလိုေခၚသြားျခင္းကို သင့္မသင့္ဆိုတာကို ျပတ္ျပတ္သားသားေျပာဖို႔ သူတို႔အေနနဲ႔ ေျပာဆိုသင့္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုလသမဂၢအေနနဲ႔လည္း အဲဒီမွာ သြားၿပီးေတာ့ စစ္ေဆး ခြင့္မရထားဘူး။ ေနာက္ၿပီးေတာ့ ဒီလူေတြ ဒီမွာ လက္ရွိဘယ္လိုအေနအထား ဘယ္လုိ ဒုကၡမ်ိဳးနဲ႔ ရင္ဆိုင္ၿပီးေနေနရသလဲဆိုတာက ကုလသမဂၢမွာရွိတဲ့ အဖြဲ႔အစည္းေတြက အသိဆံုးဒါကို။ ဆိုေတာ့ ဒီေနရာမွာ ျပတ္သားတဲ့ တံု႔ျပန္မႈေတြ ရွိသင့္တယ္လို႔ က်ေနာ္ျမင္တာေပါ့ေနာ္။

မအင္ၾကင္းႏိုင္။ ။ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံထားတဲ့ ျမန္မာအစိုးရအေနနဲ႔ေရာ အခုလိုေပါ့ေနာ္ ဘဂၤလားေဒ့ရွ္ ကေတာ့ သူ႔ႏိုင္ငံမွာ သူတို႔ လက္ခံထားတဲ့ သိန္းနဲ႔ခ်ီရွိတဲ့ ရိုဟင္ဂ်ာေတြကို ေျဖရွင္းတဲ့အေနနဲ႔ ဒီကၽြန္းကို ပို႔တယ္ေပါ့ေလ။ ဆိုေတာ့ ျမန္မာအစိုးရအေနနဲ႕ကေရာ သူ႔အခန္းက႑ကို ဘယ္လိုျမင္သလဲရွင့္။

ကိုေက်ာ္၀င္း။ ။ က်ေနာ္တို႔ ႏို၀င္ဘာလက ေရြးေကာက္ပြဲအႏိုင္ရ NLD အစိုးရကို အခ်က္ ၈ ခ်က္ ေတာင္းဆိုထားတာရွိတယ္။ အစိုးရသစ္အေနနဲ႔ အဓိက က်ေန္ာတို႔ ေတာင္းဆိုတာက ရိုဟင္ဂ်ာေတြ ျပန္လာေရးအတြက္ အဓိက ျမန္မာအစိုးရအေနနဲ႕ ျပည္တြင္းမွာရွိတဲ့ ရိုဟင္ဂ်ာေခါင္းေဆာင္ေတြနဲ႔ စကားေျပာဖို႔ လိုအပ္လာမယ္။ ျပည္တြင္းမွာရွိတဲ့ ရိုဟင္ဂ်ာတဦးတေယာက္ နဲ႔ မဟုတ္ပဲနဲ႔ ပါတီစံု ၊ အဖြဲ႔အစည္းစံုေပ့ါေနာ္ ရွိၾကပါတယ္ ျပည္တြင္းမွာ ဒီလူေတြနဲ႔ အဓိက စကားေျပာဖို႔ လိုတယ္။ ၿပီးေတာ့ သူတုိ႔ေတြဆီက အေျဖတခုရွာဖို႔ လိုအပ္တယ္။ အခုက ရိုဟင္ဂ်ာ ကိစၥက ရိုဟင္ဂ်ာေတြ ပါ၀င္ခြင့္မရပဲနဲ႔ တျခားအဖြဲ႔အစည္းေတြက လုပ္ေနတယ္ဆိုေတာ့ သူတို႔ ဒုကၡ၊ သူတို႔အခက္အခဲက သူတို႔ အသိဆံုးပါပဲ ။ ဆိုေတာ့ အဲဒီမွာ ျမန္မာအစိုးရအေနနဲ႔ နံပတ္ ၁ ရိုဟင္ဂ်ာ ႏိုင္ငံေရးပါတီေတြ ရိုဟင္ဂ်ာ ေခါင္းေဆာင္ပိုင္းေတြနဲ႔ ေဆြးေႏြးဖို႔လိုတယ္။ ေနာက္ အဓိက သူတို႔ ျပန္လည္ေနရာခ်ထားေရး အတြက္ NVC ဆိုတာလည္း မလိုအပ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာျပည္မွာ ၁၉၉၄ ကတည္းက စနစ္အရ အိမ္ေထာင္စု တစုခ်င္းစီရဲ႕ Record ေတြ သူတုိ႔မွာ ရွိထားၿပီးသား ။ ဆိုေတာ့ ျပန္လာတဲ့ မိသားစုက ျမန္မာျပည္က ဟုတ္လား မဟုတ္လား ဆိုတာ သံသယျဖစ္စရာအေၾကာင္းကို မရွိဘူး ။ ဒီဟာေတြအားလံုးအေထာက္အထားက ျမန္မာအစိုးရမွာ ၁၉၉၀ ေက်ာ္ကတည္းက ရွိထားၿပီးသား။ ဆိုေတာ့ NVC ဆိုတာက ရွင္းရွင္းေျပာရရင္ ရိုဟင္ဂ်ာေတြ ျပန္မလာႏိုင္ေအာင္ အတားအဆီးလုပ္ထားသလိုျဖစ္ေနတယ္။ ျမန္မာအစိုးရက တကယ္ေစတနာမွန္နဲ႔ တကယ္လာေစခ်င္တယ္ဆိုရင္ မွန္ကန္တဲ့ နည္းလမ္းေတြကို အဓိက လက္ကိုင္ထားဖို႔လိုအပ္တယ္။ လက္ေတြ႔က်မယ့္အရာေတြ အေျခခံသေဘာတရားေတြကုိ လက္ခံဖို႔လိုတာေပါ့ေနာ္။

တိုက္႐ိုက္ လင့္ခ္


.................

Bhasan Char ကျွန်းကိုပို့ဆောင်ရုံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာပြေလည်ဖို့မရှိ

(Unicode)

ဘင်္ဂလားဒေ့ရှ် အစိုးရကနေ ရိုဟင်ဂျာဒုက္ခသည် တသိန်းကျော်ကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ Bhasan Char ကျွန်းကိုပို့ဆောင်တဲ့ အစီအစဉ်ဟာ တကယ့်ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူးလို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ဝေဖန်ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေးမှာ ရိုဟင်ဂျာတွေကိုယ်တိုင်ပါဝင်ဖို့ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ ကုလသမဂ္ဂတွေရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHN)ရဲ့အမှုဆောင် ညွန်ကြားရေးမှူး ကိုကျော်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဒီ Bhasan Char ကျွန်းကို ရိုဟင်ဂျာဒုက္ခသည်တွေရွှေ့ပြောင်းပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစဉ် နဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ကိုကျော်ဝင်း။ ။ ကျနော်တို့ မြင်တာကတော့ ဒါက Solution မဟုတ်ဘူးပေါ့နော်။ ဒီဟာက ဖြေရှင်းပုံ ဖြေရှင်းနည်း တခုခု လွဲနေသလိုပဲ ဒီလူတွေ ၁ သန်းကျော်ရှိတဲ့ ဒုက္ခသည်တွေဟာ တချိန်ချိန်မှာ သူတို့ဟာ မြန်မာပြည်ပြန်ရမယ့်လူတွေ ။ မြန်မာပြည်ပြန်ဖို့အတွက် သူတို့ကို ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တယ်ပေါ့နော် ဒီအချိန်မှာ။ မြန်မာပြည်ကိုလည်း ပြန်ကြည့်မယ်ဆိုရင် သူတို့တွေ ထားခဲ့တဲ့ လယ်မြေတွေ ၊ နောက်ထပ်အဆောက်အဦးတွေ သူတို့တွေတချိန်ချိန်မှာ ပြန်နေရာချထားပေးလို့ရတဲ့နေရာတွေလည်း ရှိနေပြီ။ ဆိုတော့ လူ ၁ သိန်းလောက်ကို Bhasan Char ကျွန်းကို ပို့လိုက်လို့ ဒီပြဿနာ ပြေလည်သွားမှာမဟုတ်ဘူး။ ဒါက အဓိက သူ့ Solution က လူတွေ မြန်မာပြည်မှာ repatriation လုပ်နိုင်ဖို့ အရေးကြီးတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဖြစ်သွားသလဲဆိုတော့ ဒုက္ခသည်တွေ ဒုက္ခသည်စခန်းမှာ ဒုက္ခဖြစ်နေတဲ့ ပြဿနာကို လိုက်ဖြေရှင်းတဲ့ ပုံစံမျိုးလုပ်နေတာက ဒါက လမ်းကြောင်းတခုလွဲနေတယ်။ နောက်တခုက လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို သွားပြီးတော့ လေ့လာခွင့်မပြုထားဘူး။ အဲဒီမှာ UN တို့ ဘာတို့ကို assessment မလုပ်ခိုင်းဘူး လုပ်ခွင့်မပေးဘူးပေါ့နော်။ ဒီကျွန်းမှာ လူနေဖို့ သင့်မသင့် ၊ လုံခြုံမှု ရှိမရှိ၊ သူတို့အတွက် သင့်တော်မသင့်တော် ဒါတွေက ဒီအတိုင်း ဆောက်ပြီးရင် ပြီးရောဆိုတဲ့ပုံစံမျိုး လုပ်လို့ မရဘူးပေါ့နော်။ဆိုတော့ အဲဒါတွေအပေါ်မှာ အခြေခံတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီလိုရွှေ့ပြောင်းနေတယ်ဆိုတာက တော်တော်တော့ စိုးရိမ်စရာပါ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီလိုအခြေအနေမှာ အခု ကုလသမဂ္ဂကတော့ ဒီလို ဘင်္ဂလားဒေ့ရှ်အစိုးရ ကနေ ဒုက္ခသည်တွေရဲ့ စိတ်ဆန္ဒမပါပဲနဲ့ ဒုက္ခသည်တွေကို အဲဒီ Bhasan Char ကျွန်းကို ပြောင်းရွှေ့တဲ့အစီအစဉ် ကိုကန့်ကွက်ထားပါတယ်။ အဲဒီတော့ သူတို့ ကုလသမဂ္ဂ ဘက် က ဘယ်လိုဆောင်ရွက်ပေးသင့်တယ်လို့ မြင်သလဲရှင့်။

ကိုကျော်ဝင်း။ ။ အမှန်က ကုလသမဂ္ဂ အနေနဲ့ ဒီနေရာမှာ ပြတ်သားတဲ့ အသံ ထုတ်သင့်တယ်ပေါ့နော် ။ ဒီလူတွေကို ဒီလိုခေါ်သွားခြင်းကို သင့်မသင့်ဆိုတာကို ပြတ်ပြတ်သားသားပြောဖို့ သူတို့အနေနဲ့ ပြောဆိုသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂအနေနဲ့လည်း အဲဒီမှာ သွားပြီးတော့ စစ်ဆေး ခွင့်မရထားဘူး။ နောက်ပြီးတော့ ဒီလူတွေ ဒီမှာ လက်ရှိဘယ်လိုအနေအထား ဘယ်လို ဒုက္ခမျိုးနဲ့ ရင်ဆိုင်ပြီးနေနေရသလဲဆိုတာက ကုလသမဂ္ဂမှာရှိတဲ့ အဖွဲ့အစည်းတွေက အသိဆုံးဒါကို။ ဆိုတော့ ဒီနေရာမှာ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ရှိသင့်တယ်လို့ ကျနော်မြင်တာပေါ့နော်။

မအင်ကြင်းနိုင်။ ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားတဲ့ မြန်မာအစိုးရအနေနဲ့ရော အခုလိုပေါ့နော် ဘင်္ဂလားဒေ့ရှ် ကတော့ သူ့နိုင်ငံမှာ သူတို့ လက်ခံထားတဲ့ သိန်းနဲ့ချီရှိတဲ့ ရိုဟင်ဂျာတွေကို ဖြေရှင်းတဲ့အနေနဲ့ ဒီကျွန်းကို ပို့တယ်ပေါ့လေ။ ဆိုတော့ မြန်မာအစိုးရအနေနဲ့ကရော သူ့အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲရှင့်။

ကိုကျော်ဝင်း။ ။ ကျနော်တို့ နိုဝင်ဘာလက ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရကို အချက် ၈ ချက် တောင်းဆိုထားတာရှိတယ်။ အစိုးရသစ်အနေနဲ့ အဓိက ကျနေ်ာတို့ တောင်းဆိုတာက ရိုဟင်ဂျာတွေ ပြန်လာရေးအတွက် အဓိက မြန်မာအစိုးရအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ စကားပြောဖို့ လိုအပ်လာမယ်။ ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာတဦးတယောက် နဲ့ မဟုတ်ပဲနဲ့ ပါတီစုံ ၊ အဖွဲ့အစည်းစုံပေ့ါနော် ရှိကြပါတယ် ပြည်တွင်းမှာ ဒီလူတွေနဲ့ အဓိက စကားပြောဖို့ လိုတယ်။ ပြီးတော့ သူတို့တွေဆီက အဖြေတခုရှာဖို့ လိုအပ်တယ်။ အခုက ရိုဟင်ဂျာ ကိစ္စက ရိုဟင်ဂျာတွေ ပါဝင်ခွင့်မရပဲနဲ့ တခြားအဖွဲ့အစည်းတွေက လုပ်နေတယ်ဆိုတော့ သူတို့ ဒုက္ခ၊ သူတို့အခက်အခဲက သူတို့ အသိဆုံးပါပဲ ။ ဆိုတော့ အဲဒီမှာ မြန်မာအစိုးရအနေနဲ့ နံပတ် ၁ ရိုဟင်ဂျာ နိုင်ငံရေးပါတီတွေ ရိုဟင်ဂျာ ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေးဖို့လိုတယ်။ နောက် အဓိက သူတို့ ပြန်လည်နေရာချထားရေး အတွက် NVC ဆိုတာလည်း မလိုအပ်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ၁၉၉၄ ကတည်းက စနစ်အရ အိမ်ထောင်စု တစုချင်းစီရဲ့ Record တွေ သူတို့မှာ ရှိထားပြီးသား ။ ဆိုတော့ ပြန်လာတဲ့ မိသားစုက မြန်မာပြည်က ဟုတ်လား မဟုတ်လား ဆိုတာ သံသယဖြစ်စရာအကြောင်းကို မရှိဘူး ။ ဒီဟာတွေအားလုံးအထောက်အထားက မြန်မာအစိုးရမှာ ၁၉၉၀ ကျော်ကတည်းက ရှိထားပြီးသား။ ဆိုတော့ NVC ဆိုတာက ရှင်းရှင်းပြောရရင် ရိုဟင်ဂျာတွေ ပြန်မလာနိုင်အောင် အတားအဆီးလုပ်ထားသလိုဖြစ်နေတယ်။ မြန်မာအစိုးရက တကယ်စေတနာမှန်နဲ့ တကယ်လာစေချင်တယ်ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတွေကို အဓိက လက်ကိုင်ထားဖို့လိုအပ်တယ်။ လက်တွေ့ကျမယ့်အရာတွေ အခြေခံသဘောတရားတွေကို လက်ခံဖို့လိုတာပေါ့နော်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG