သုံးရလွယ်ကူစေသည့် Link များ

Bhasan Char ကျွန်းမှာ ဒုက္ခသည်တွေနေဖို့ အန္တရာယ်ကင်း မကင်း စစ်ဆေးခွင့်ပြုသင့် (ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်)


(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားတဲ့ကျွန်းကိုပို့နေရာမှာ၊ အန္တရာယ်ကင်းမကင်း လေ့လာဆန်းစစ်မူတွေလုပ်ဖို့ ခွင့်ပြုပေး သင့်တယ်လို့ ကုလသမဂ္ဂလူအခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့အပတ်ကပဲ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကို Bhasan Char ကျွန်းကို ပို့ဆောင်ခဲ့ရာမှာ၊ နည်းပညာပိုင်းဆိုင်ရာ အန္တရာယ်ရှိမူကို ကြိုမဆန်းစစ်ခဲ့ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူအခွင့်အရေးစုံစမ်းရေးကိုယ်စားလှယ် Thomas Andrews က ဆိုပါတယ်။

ကုလအထူးစုံစမ်းရေးအရာရှိ Andrew က ပဲ ဒီ အန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်မူအပြင်၊ ဒုက္ခသည်တွေအနေနဲ့ အတင်းအကြပ်ဖိအားပေးသွားခံရတာ မဟုတ်ကြောင်း အာမခံတဲ့လုပ်ငန်းစဉ်ပါ လိုတယ်၊ ဒါကအားလုံး အစိုးရိမ်ဆုံးဖြစ်နေတာပါလို့ ဆက်ပြောခဲ့ပါတယ်။

Andrews က ဆက်ပြီး ဒီလိုလုပ်ငန်းစဉ်တွေရှိထားမှသာ ဒီ Bhasan Char စခန်းဟာ ဒုက္ခသည်တွေကိုလက်ခံဖို့ သင့်တော်မူရှိမရှိ (ဒါမှမဟုတ်) ဘာတွေအေပြောင်းအလဲ လုပ်ပေးသင့်တာတွေကို တွေ့ရှိနိုင်မှာပါလို့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ခုလိုလုပ်နိုင်လျှင်၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း ရှိထားတဲ့ ကိုယ့်သဘောနဲ့ကိုယ်ပြောင်းရွှေ့ရေးမူဝါဒကို သစ္စာရှိရှိ လက်တွေ့လုပ်ပြတယ်လို့ သေချာသွားမှာဖြစ်တယ်လို့ Andrews က ဆိုပါတယ်။

အလားတူ အမေရိကန်နိုင်ငံအနေနဲ့လည်း၊ အခုဒုက္ခသည်ရွှေ.ပြောင်းမူဟာ လိုအပ်တဲ့သတင်းတွေကြိုရထားပြီး ကိုယ့်ဆန္ဒနဲ့ကိုယ်ဆုံးဖြတ်တာလုံးဝဖြစ်ဖို့နဲ့၊ အတင်းဖိအားပေးခိုင်းတာမျိုးမဖြစ်ဖို့၊ နိုင်ငံခြားရေးပြောခွင့်ရ Cale Brown က ပြောခဲ့ပါသေးတယ်။

မြန်မာအစိုးရဖက်ကတော့ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူူး ။


...................


(Unicode)








XS
SM
MD
LG