(Zawgyi/Unicode)
ျမန္မာ ရိုဟင္ဂ်ာ ဒုကၡသည္ ဓါတ္ပုံ သတင္းေထာက္ တစ္ေယာက္ကို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေထာင္ကေန အာမခံနဲ႔ လႊတ္ ေပးလိုက္ခဲ့ေပမယ့္ တရား စြဲဆိုထားဆဲ ျဖစ္ပါတယ္။
ကုတုပေလာင္ ဒုကၡသည္ စခန္းက ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို Bhasan Char ကၽြန္းက စခန္းသစ္ကို ေရႊ႕ေျပာင္း ပို႔ေဆာင္ေပးေနတဲ့ ဘတ္စ္ကားေတြကိုဓါတ္ပုံရိုက္တာေၾကာင့္ Abdul Kalam ကို ဒီဇင္ဘာလ ၂၈ ရက္ေန႔က ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကိုဖမ္းဆီး ထိန္းသိမ္းခဲ့တာပါ။
ဒီဇင္ဘာလ ၃၁ ရက္ေန႔က တရား႐ုံးမွာ ၾကားနာ စစ္ေဆးမႈမွာေတာ့ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ရိုဟင္ဂ်ာ ဒုကၡသည္ Kalam ကို တာဝန္ ဝတၱရား ေႏွာက္ယွက္မႈနဲ႔ တရားစြဲဆိုလိုက္ပါတယ္။ သူ႔မွာ အျပစ္ရွိရင္ ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရနိုင္တယ္လို႔ နယ္စည္း မျခား သတင္းေထာက္မ်ား အဖြဲ႕ RSF က ေျပာပါတယ္။
သူ႔ကို ဖမ္းရတဲ့ တကယ့္အေၾကာင္းရင္းကေတာ့ ဒုကၡသည္ေတြကို Bhasan Char ကၽြန္းကို အတင္း ေျပာင္းေရႊ႕ေပးေနမႈမွာ အာဏာ ပိုင္ေတြရဲ႕ ကိုင္တြယ္ ေဆာင္ရြက္ပုံေတြကို သတင္း ဓါတ္ပုံ ရယူေနတာေၾကာင့္ ျဖစ္တယ္လို႔လည္း RSF က ေျပာပါတယ္။
သူ႔ကို စြဲခ်က္တင္ထားတာေတြ အားလုံးကို ႐ုပ္သိမ္းေပးဖို႔ကိုလည္း RSF အဖြဲ႕က ေတာင္းဆိုထားတာပါ။
လူ႔အခြင့္အေရး အဖြဲ႕ေတြ ကန္႔ကြက္ေနတဲ့ၾကားက ဒီဇင္ဘာလ အေစာပိုင္းက စၿပီး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို Bhasan Char ကၽြန္းကို စတင္ ေျပာင္းေရႊ႕ေပးတာ ျဖစ္ပါတယ္။ Bhasan Char ကၽြန္းကို ေျပာင္းေရႊ႕ေပးတာက ၂၀၁၇ ခုႏွစ္က ျမန္မာနိုင္ငံဘက္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေနထိုင္ရာ စခန္းေတြမွာ လူေတြ မတန္တဆျပည့္က်ပ္ေနတာကို ေလၽွာ့ခ် ေပးနိုင္လိမ့္ မယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေျပာပါတယ္။
၂၀၁၇ ခုႏွစ္၊ ဩဂုတ္လက ျမန္မာ လုံျခဳံေရး တပ္ဖြဲ႕ေတြက ရိုဟင္ဂ်ာ လက္နက္ကိုင္တပ္ေတြကို နယ္ေၿမ ရွင္းလင္းေရး စစ္ဆင္ေရး ေတြ လုပ္ခ်ိန္မွာ ရိုဟင္ဂ်ာ ၇၃၀, ၀၀၀ ေက်ာ္က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကေန ဘဂၤလားေဒ့ရွ္နယ္စပ္ကို ထြက္ေျပးခဲ့ရတာပါ။ ကုလသမဂၢက အဲဒီ စစ္ဆင္ေရးကို လူမ်ိဳးစုလိုက္ ရွင္းလင္းဖယ္ရွားမႈ ကိုဦးတည္သြားေစခဲ့တယ္လို႔ ေျပာပါတယ္။
ျမန္မာနိုင္ငံကေတာ့ ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံသလို အဲဒီ စြပ္စြဲခ်က္ကိုလည္း ထပ္တလဲလဲ ျငင္းဆိုထားပါတယ္။
.............
တရားစွဲခံနေရတဲ့ ရိုဟင်ဂျာဓာတ်ပုံသတင်းထောက်ကို ဘင်္ဂလားဒေ့ရှ် အာမခံနဲ့ လွှတ်
(Unicode)
မြန်မာ ရိုဟင်ဂျာ ဒုက္ခသည် ဓါတ်ပုံ သတင်းထောက် တစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထောင်ကနေ အာမခံနဲ့ လွှတ် ပေးလိုက်ခဲ့ပေမယ့် တရား စွဲဆိုထားဆဲ ဖြစ်ပါတယ်။
ကုတုပလောင် ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhasan Char ကျွန်းက စခန်းသစ်ကို ရွှေ့ပြောင်း ပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကားတွေကိုဓါတ်ပုံရိုက်တာကြောင့် Abdul Kalam ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။
ဒီဇင်ဘာလ ၃၁ ရက်နေ့က တရားရုံးမှာ ကြားနာ စစ်ဆေးမှုမှာတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် Kalam ကို တာဝန် ဝတ္တရား နှောက်ယှက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ သူ့မှာ အပြစ်ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တယ်လို့ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့ RSF က ပြောပါတယ်။
သူ့ကို ဖမ်းရတဲ့ တကယ့်အကြောင်းရင်းကတော့ ဒုက္ခသည်တွေကို Bhasan Char ကျွန်းကို အတင်း ပြောင်းရွှေ့ပေးနေမှုမှာ အာဏာ ပိုင်တွေရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကို သတင်း ဓါတ်ပုံ ရယူနေတာကြောင့် ဖြစ်တယ်လို့လည်း RSF က ပြောပါတယ်။
သူ့ကို စွဲချက်တင်ထားတာတွေ အားလုံးကို ရုပ်သိမ်းပေးဖို့ကိုလည်း RSF အဖွဲ့က တောင်းဆိုထားတာပါ။
လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်နေတဲ့ကြားက ဒီဇင်ဘာလ အစောပိုင်းက စပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhasan Char ကျွန်းကို စတင် ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်။ Bhasan Char ကျွန်းကို ပြောင်းရွှေ့ပေးတာက ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေထိုင်ရာ စခန်းတွေမှာ လူတွေ မတန်တဆပြည့်ကျပ်နေတာကို လျှော့ချ ပေးနိုင်လိမ့် မယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လက မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေကို နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေး တွေ လုပ်ချိန်မှာ ရိုဟင်ဂျာ ၇၃၀, ၀၀၀ ကျော်က ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးခဲ့ရတာပါ။ ကုလသမဂ္ဂက အဲဒီ စစ်ဆင်ရေးကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှု ကိုဦးတည်သွားစေခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံသလို အဲဒီ စွပ်စွဲချက်ကိုလည်း ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။