သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhashan Char ကြ်န္းေရာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ တလျပည့္အေျခအေန


Bhashan Char ကြ်န္းေရာက္ ရိုဟင္ဂ်ာဒုကၡသည္မ်ား

(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ႏုိင္ငံမွာ ခုိလံႈေနၾကတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ တခ်ိဳ႕ Bhashan Char ကြ်န္းကို ဒီဇင္ဘာလ ၄ ရက္ ၂၀၂၀ ျပည့္ႏွစ္က စတင္ ေျပာင္းေရႊ႕တာေၾကာင့္ အခုဆိုရင္ တလတာ ရွိခဲ႔ၿပီ ျဖစ္ၿပီး အေျခက်ဖို႔ ႀကိဳးစားေနၾကပါတယ္။

စီးပြားေရး လုပ္ငန္းငယ္ေတြ စတင္ေနၿပီ ျဖစ္သလို လူႀကီးေတြ ဘုရား၀တ္ျပဳၿပီး ကေလးေတြလည္း ကစားေနၾကပါၿပီ။ တခုခု အဆင္မေျပတာ ရွိရင္လည္း ေရတပ္ တာ၀န္ရွိသူေတြနဲ႔ စခန္း အုပ္ခ်ဳပ္ေရးပိုင္းက ေျဖရွင္းေပးတယ္လို႔ အသက္ ၂၀ အရြယ္ ရိုဟင္ဂ်ာ Arman Hossain က ေျပာပါတယ္။

ဒါ႔အျပင္ ကုတုပေလာင္က ေဆြမ်ိဳးေတြနဲ႔လည္း အဆက္အသြယ္ မျပတ္ေၾကာင္း၊ Bhashan char ကို လာဖို႔ စိတ္၀င္စားသူေတြလည္း အမ်ားအျပား ရွိေၾကာင္း သူက ေျပာပါတယ္။ ကြ်န္းမွာ ေရာက္ေနသူေတြ ေပ်ာ္ရႊင္ေနတာကို ေတြ႔ရေၾကာင္း၊ အားလံုးကေတာ့ ကြ်န္းမွာ အၿမဲတမ္းေနဖို႔ မရည္ရြယ္ဘဲ ဌာေနျပန္ႏုိင္ေရးကို ရည္ရြယ္ေၾကာင္းလည္း ေျပာပါတယ္။

Bhashan char ကြ်န္းကို ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာ ရိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕ ထပ္ၿပီး ေရာက္ပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ကို အစားအေသာက္ေတြ ေပးေနပါတယ္။ အာဏာပိုင္ေတြက ခ်က္ျပဳတ္ စားေသာက္စရာ ပစၥည္းေတြ မေထာက္ပံ႔ခင္ အနည္းဆံုး ၃ ရက္ - ၄ ရက္ေလာက္ေတာ့ ခ်က္ျပဳတ္ၿပီးသား အစားအေသာက္ေတြ ပံ႔ပိုးေပးေနေၾကာင္း အကူအညီေပးေရး အဖြဲ႔ RPN ရဲ႕ အမႈေဆာင္ ညႊန္ၾကားေရးမွဴးက ေျပာပါတယ္။

Bhashan char စီမံကိန္းမွာ ေလာေလာဆယ္မွာေတာ့ ရိုဟင္ဂ်ာ ၁၀၀,၀၀၀ ထိလက္ခံႏုိင္တယ္လို႔လည္း စီမံကိန္း ညႊန္ၾကားေရးမွဴး ဗိုလ္မွဴးခ်ဳပ္ Abdullah al Mamun Chawdhury က ေျပာပါတယ္။ ဒါေပမယ့္လည္း ရိုဟင္ဂ်ာေတြ ေနရပ္ရင္း ျပန္ႏုိင္တဲ႔ အခ်ိန္ေရာက္ရင္ေတာ့ အာဏာပိုင္ေတြ ခြင့္ျပဳမယ္ဆိုရင္ အိုးအိမ္မဲ႔ေတြ အတြက္ အသံုးျပဳသြားမယ္လို႔လည္း သူက ေျပာပါတယ္။ ျမန္မာဘက္ကေတာ့ ဒုကၡသည္ေတြကို စိစစ္ လက္ခံမယ္ ေျပာထားေပမယ့္ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ တလပြည့်အခြေအနေ

(Unicode)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ Bhashan Char ကျွန်းကို ဒီဇင်ဘာလ ၄ ရက် ၂၀၂၀ ပြည့်နှစ်က စတင် ပြောင်းရွှေ့တာကြောင့် အခုဆိုရင် တလတာ ရှိခဲ့ပြီ ဖြစ်ပြီး အခြေကျဖို့ ကြိုးစားနေကြပါတယ်။

စီးပွားရေး လုပ်ငန်းငယ်တွေ စတင်နေပြီ ဖြစ်သလို လူကြီးတွေ ဘုရားဝတ်ပြုပြီး ကလေးတွေလည်း ကစားနေကြပါပြီ။ တခုခု အဆင်မပြေတာ ရှိရင်လည်း ရေတပ် တာဝန်ရှိသူတွေနဲ့ စခန်း အုပ်ချုပ်ရေးပိုင်းက ဖြေရှင်းပေးတယ်လို့ အသက် ၂၀ အရွယ် ရိုဟင်ဂျာ Arman Hossain က ပြောပါတယ်။

ဒါ့အပြင် ကုတုပလောင်က ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ် မပြတ်ကြောင်း၊ Bhashan char ကို လာဖို့ စိတ်ဝင်စားသူတွေလည်း အများအပြား ရှိကြောင်း သူက ပြောပါတယ်။ ကျွန်းမှာ ရောက်နေသူတွေ ပျော်ရွှင်နေတာကို တွေ့ရကြောင်း၊ အားလုံးကတော့ ကျွန်းမှာ အမြဲတမ်းနေဖို့ မရည်ရွယ်ဘဲ ဌာနေပြန်နိုင်ရေးကို ရည်ရွယ်ကြောင်းလည်း ပြောပါတယ်။

Bhashan char ကျွန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တချို့ ထပ်ပြီး ရောက်ပါတယ်။ လောလောဆယ်မှာတော့ သူတို့ကို အစားအသောက်တွေ ပေးနေပါတယ်။ အာဏာပိုင်တွေက ချက်ပြုတ် စားသောက်စရာ ပစ္စည်းတွေ မထောက်ပံ့ခင် အနည်းဆုံး ၃ ရက် - ၄ ရက်လောက်တော့ ချက်ပြုတ်ပြီးသား အစားအသောက်တွေ ပံ့ပိုးပေးနေကြောင်း အကူအညီပေးရေး အဖွဲ့ RPN ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောပါတယ်။

Bhashan char စီမံကိန်းမှာ လောလောဆယ်မှာတော့ ရိုဟင်ဂျာ ၁၀၀,၀၀၀ ထိလက်ခံနိုင်တယ်လို့လည်း စီမံကိန်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Abdullah al Mamun Chawdhury က ပြောပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်နိုင်တဲ့ အချိန်ရောက်ရင်တော့ အာဏာပိုင်တွေ ခွင့်ပြုမယ်ဆိုရင် အိုးအိမ်မဲ့တွေ အတွက် အသုံးပြုသွားမယ်လို့လည်း သူက ပြောပါတယ်။ မြန်မာဘက်ကတော့ ဒုက္ခသည်တွေကို စိစစ် လက်ခံမယ် ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG