သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာမှာ ဖမ်းထားသူတွေ နေရပ်ပြန်ပို့ဖို့ စီစဉ်နေ


ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။
ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။

[Zawgyi/Unicode]

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင် ၁၀၀ နီးပါးကို နေရပ်ရခိုင်ပြည်နယ်ကို အာဏာပိုင်တွေ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မမေခက သတင်းပေးပို့ထားပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (ဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှုကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)
ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (ဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှုကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)

ရွှေပြည်သာမြို့နယ်မှာ မသင်္ကာသူတဦးကို တွေ့ရှိပြီးစစ်ဆေးရာက နောက်ဆက်တွဲအဖြစ် တရားမဝင် ရောက်ရှိနေသူ ရိုဟင်ဂျာ ၉၉ ယောက်ကို အာဏာပိုင်တွေ မနေ့တုန်းကပဲ ထိန်းသိမ်းလိုက်တာပါ။ ထိန်းသိမ်းခံရသူတွေကိုတော့ လတ်တလော ကွန်ပြူတာ တက္ကသိုလ်မှာ ထိန်းသိမ်းထားပြီး ကိုဗစ်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ အချက်အလက်တွေ သိရှိနိုင်အောင် စစ်ဆေးနေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြန်ကြားရေးတာဝန်ခံ ရဲမှူးကြီးဇော်မင်းဦးကပြောပါတယ်။ ကနဦးစစ်ဆေးချက်အရ မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ထွက်လာကြသူတွေ ဖြစ်ကြောင်း သိရှိခဲ့ရသလို၊ တရားဝင် ခရီးသွားလာခွင့် အထောက်အထား မရှိသူတွေကို လက်ခံအကူအညီ ပေးထားသူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

"တရားမဝင် ဒီကိုရောက်ရှိနေတဲ့အတွက် သူတို့ဟာ လာရာလမ်းကြောင်းအတိုင်း လဝကကနေပြန်ပို့ရမှာပေါ့နော်။ သူတို့ကို အရေးမယူဘူးလေ... တရားမဝင်ရောက်လာလို့ မူဝါဒအရ နေရပ်ကိုပြန်ပို့ပေးမယ် သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့။ သူတို့ကိုခေါ်တဲ့လူတွေ၊ ပွဲစားတွေ၊ လက်ခံထားသူတွေ ဒါတွေကတော့ ဥပဒေနဲ့ မညီညွှတ်တဲ့အတွက် အဲဒီဟာတွေကိုတော့အရေးယူမှာပေါ့။ ကျနော်တို့ကရွှေပြည်သာကွန်ပျူတာတက္ကသိုလ်မှာ သီးခြားဖြစ်အောင်လုံခြုံရေးနဲ့ ထားပေးပါတယ်။ လိုအပ်တာ ကူညီပေးတယ်။ ကျန်းမာရေးဌာနဘက်က ဆေးစစ်တာတွေလုပ်ပေးမယ်။ လက်ခံထားသူ၊ ဒါတွေကတော့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးကို အရေးယူထားတယ်။ ဆက်စပ်တွေ၊ တိမ်းရှောင်နေတာရှိတယ်။ ဒါတွေကိုဥပဒေကြောင်းအရ လုပ်မယ်။ သူတို့က မလေးရှားနိုင်ငံဘက်ကို သွားဖို့လာတာပေါ့။ဒီနေရာက ကြားခံဖြစ်နေတယ်။"

လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့အပါအဝင် အာဏာပိုင်တွေရဲ့ စစ်ဆေးချက်တွေအရ ထိန်းသိမ်းခံထားရသူ အများစုဟာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောစတဲ့ နေရာတွေက လာရောက်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မောင်တောဒေသခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေ အသေးစိတ်မပြောနိုင်သေးကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

"မောင်တောအနေနဲ့ ပြန်အပ်တာဆို တအားကြာလှပြီ။ ဒုတိယ ကိုဗစ်ဖြစ်ကတည်းက အဲနောက်ပိုင်းထဲက ဒီတပတ်အထိကို တိုင်းနဲ့ပြည်နယ်ကနေ ပြန်ပို့တာလည်း မရှိဘူး။ ကျနော်တို့ လက်ခံတာလည်း မရှိဘူး။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ တရားဝင် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နဲ့ မွန်ပြည်နယ် ပေါင်မြို့တို့တွေမှာ တရားမဝင် ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိခဲ့ပြီး နေရပ်ပြန်ပို့ခဲ့ရကြောင်းလည်း ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (ဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှုကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)
ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (ဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှုကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)





XS
SM
MD
LG