သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ချမ်းသာဆင်းရဲ နိုင်ငံတွေ အညီအမျှ ရရှိအောင်လုပ်ဆောင်ဖို့ WHO တိုက်တွန်း


(Zawgyi/Unicode)

ထွက်လာတဲ့ COVID 19 ကာကွယ်ဆေးတွေကို ချမ်းသာတဲ့ နိုင်ငံတွေကနေ အများဆုံး ဝယ်ယူနေကြတာကြောင့် ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆေးမရပဲ ဖြစ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

WHO ဦးဆောင်တဲ့ နိုင်ငံတကာ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ COVAX အဖွဲ့ကနေ ကမ္ဘာတလွှားက ဝင်ငွေနည်းနဲ့အလယ်လတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေကို ဆေးရတာနဲ့ ဖြန့်ဖြူးပေး ဖို့အတွက် ကာကွယ်ဆေး အလုံးပေါင်း ၂ ဘီလီယံ ဝယ်ယူဖို့ စာချုပ် ချုပ်ထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

စာချုပ်အရ နောက်ထပ် ဘီလီယံနဲ့ ချီတဲ့ ဆေးတွေကို COVAX အဖွဲ့ကနေ ဝယ်ယူခွင့်ရှိပေမယ့် COVID 19 ကာကွယ်ဆေးအစီစဉ်တွေကို ချမ်းသာတဲ့ နိုင်ငံ ၃၆ နိုင်ငံနဲ့ အလယ်လတ်ဝင်ငွေရှိတဲ့ နိုင်ငံ ၆ နိုင်ငံပါဝင်တဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံက လုပ်ဆောင်နေတာကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် နောက်ထပ် ကာကွယ်ဆေး ရဖို့လမ်း မရှိပဲ ဖြစ်နေတယ် လို့လည်း Tedros ကပြောပါတယ်။

ဒါ့အပြင် ဒီချမ်းသာတဲ့ နိုင်ငံတွေက ဆေးရဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်နေပြီး ကိုယ့်နိုင်ငံအတွက်ပဲ ကိုယ်ကြည့်နေကြ တာကလည်း နောက် ပြဿနာ တခု ဖြစ်ကြောင်းနဲ့ ဒါဟာ တကမ္ဘာလုံးအတွက် ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ကာကွယ်ဆေးကို မ ျှဝေသုံးစွဲပြီး အသက်တွေကို ကယ်ဖို့နဲ့ ကျန်းမာရေးစနစ်တွေ တည်ငြိမ်အောင် လုပ်တာဟာ ကမ္ဘာ့စီးပွားရေး အမြန်ပြန်နလံထူမှုကို အထောက်အကူဖြစ်စေ ကြောင်းနဲ့ ကာကွယ်ဆေးတွေကို ကိုယ့်နိုင်ငံ အတွက် ကိုယ် စုဆောင်းကြမယ့် အစား COVAX အဖွဲ့ကို လှူကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် COVID 19 ကပ်ရောဂါ အဆုံးသတ်ရေးအတွက် လူသားတရပ်လုံးပါဝင် လုပ်ဆောင်ဖို့ လိုသလို ကိုယ်လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါဟာ ရှုံးရှုံး နိုင်နိုင် အားလုံးအတူရင်ဆိုင်ရမယ့် ပြဿနာတရပ် ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG