သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး တင်ပို့မှု အိန္ဒိယ ဟန့်တားမည် မဟုတ်


(Zawgyi/Unicode)

COVID-19 ရောဂါအတွက် ကာကွယ်ဆေးတွေကို တင်ပို့ရောင်းချဖို့ တားမြစ်ထားခြင်းမရှိကြောင်း အိန္ဒိယ အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

" ဆိုလိုတာကပြည်ထောင်စုအစိုးရရော၊ ကာကွယ်ဆေးထုတ်လုပ်သူတွေဘက်ကရော ဘယ်သူမှ ကာကွယ်ဆေးတင်ပို့မှုကို တားမြစ်ထားတာမျိုး မရှိဘူးဆိုတာပါပဲ။”

ဒါပေမဲ့လည်း အငြင်းပွားဖွယ်ရာ တခုက ဖွံဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးတွေ အရင်ဆုံးပေးပို့ရောင်းချဖို့ ရှိနေတဲ့ အိန္ဒိယ ကုမ္ပဏီတခုကို အိန္ဒိယ အစိုးရက ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။

ဝင်ငွေနိမ့်ပြီး၊ အလယ်အလတ်တန်းစားနိုင်ငံတွေအနေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကာကွယ်ဆေးထိုးပေးဖို့ အစီအစဉ်အတွက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ မျှော်လင့်ခြင်း ခံထားရတာပါ။

ဒါပေမဲ့လည်း ဗြိတိန်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ AstraZeneca နဲ့ ပြည်တွင်း ဆေးကုမ္ပဏီတခုက ထုတ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရေးပေါ်အသုံးပြုခွင့် အိန္ဒိယမှာအတည်ပြုခဲ့ပြီးနောက် ကာကွယ်ဆေးတွေ တင်ပို့ရောင်းချဖို့ကို အစိုးရက လအတော်ကြာအောင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)






XS
SM
MD
LG