သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေရး လူဦးေရအမ်ားဆံုးျပည္နယ္မွာ စတင္စမ္းသပ္ေနၿပီ


(Zawgyi/Unicode)

အိႏၵိယနိုင္ငံရဲ့ လူဦးေရ အမ်ားဆုံးျပည္နယ္ျဖစ္တဲ့ Uttar Pradesh ျပည္နယ္မွာ မေန႔တုန္းက ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထိုးႏွံ ေရးအစမ္းေလ့က်င့္ခဲ့ပါတယ္။ နိုင္ငံတဝွမ္း ကာကြယ္ေဆးထိုးႏွံေပးမယ့္ အစီအစဥ္ စတင္ဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ အခုလိုခန္႔မွန္း ေၿခ လူသန္း ၂၀၀ ေလာက္ရွိတဲ့ ျပည္နယ္တြင္းက ခရိုင္ ၇၅ ခုမွာ ႀကိဳတင္ အစမ္းေလ့က်င့္ခဲ့တာပါ။

ေရွ႕သီတင္းပတ္မွာ စတင္မယ့္ ကာကြယ္ေဆးေတြထိုးႏွံေပးမယ့္ အစီအစဥ္အတြက္ က်န္းမာေရးဆိုင္ရာ အာဏာပိုင္ေတြဘက္က အဆင္သင့္ျဖစ္ေနၿပီလို႔ က်န္းမာေရး ဝန္ႀကီးဌာန အတြင္းဝန္ RAJESH BHUSHAN က အဂၤါေန႔ကေျပာပါတယ္။

ဇန္နဝါရီ ၂ ရက္ေန႔မွာ ကၽြမ္းက်င္ပညာရွင္မ်ား ေကာ္မတီအဖြဲ႕ SEC က ကာကြယ္ေဆး နဲ႔ပတ္သက္လို႔ ေထာက္ခံခ်က္ ေပးလိုက္ၿပီး ဇန္နဝါရီ ၃ ရက္ေန႔မွာ အိႏၵိယအေထြေထြ ေဆးဝါးထိန္းခ်ဳပ္ေရးဌာနကအေရးေပၚ အသုံးျပဳခြင့္ေပးလိုက္ၿပီးပါၿပီ။ ၁၀ ရက္ အတြင္း ထိုးေဆးေတြကို ျဖန္႔ျဖဴးေပးဖို႔ စီစဥ္ထားပါတယ္။ အၿပီးသတ္ ဆုံးျဖတ္ခ်က္ကိုေတာ့ အစိုးရက ခ်မွတ္ပါမယ္ လို႔ က်န္းမာေရး ဝန္ႀကီးဌာန အတြင္းဝန္ RAJESH BHUSHAN က ေျပာပါတယ္။

ဒါ့အျပင္၊ Bharat Biotech နဲ႔ အိႏၵိယ Serum Institute တို႔ရဲ့ ပူးတြဲေၾကညာခ်က္မွာ ကာကြယ္ေဆးေတြက ကမၻာတဝွမ္း အမ်ားျပည္သူ က်န္းမာေရးအတြက္ ျဖစ္တယ္လို႔ေဖာ္ျပထားေၾကာင္း၊ ေဆးေတြကို တကမၻာလုံးလက္လွမ္းမီေအာင္ထုတ္လုပ္ေပးသြားဖို႔ ကတိျပဳ ထားတာေၾကာင့္ ကာကြယ္ေဆး ျပည္ပတင္ပို႔မႈကို တားျမစ္ပိတ္ပင္တာ မရွိေၾကာင္းလည္း သူက ေျပာပါတယ္။

အိႏၵိယမွာAstraZeneca နဲ႔ Oxford တကၠသိုလ္က ထုတ္လုပ္တဲ့ COVID 19 ကာကြယ္ေဆးနဲ႔ ျပည္တြင္း Bharat Biotech ေဆးကုမၸဏီ ထုတ္လုပ္တဲ့ ကာကြယ္ေဆးေတြကို အေရးေပၚအသုံးျပဳခြင့္ေပးထားၿပီး Serum Institute of India က AstraZeneca ကုမၸဏီထုတ္COVID 19 ကာကြယ္ေဆးေတြ အေျမာက္အျမား ထုတ္လုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး လူဦးရေအများဆုံးပြည်နယ်မှာ စတင်စမ်းသပ်နေပြီ

(Unicode)

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ်ဖြစ်တဲ့ Uttar Pradesh ပြည်နယ်မှာ မနေ့တုန်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံ ရေးအစမ်းလေ့ကျင့်ခဲ့ပါတယ်။ နိုင်ငံတဝှမ်း ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ် စတင်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ အခုလိုခန့်မှန်း ခြေ လူသန်း ၂၀၀ လောက်ရှိတဲ့ ပြည်နယ်တွင်းက ခရိုင် ၇၅ ခုမှာ ကြိုတင် အစမ်းလေ့ကျင့်ခဲ့တာပါ။

ရှေ့သီတင်းပတ်မှာ စတင်မယ့် ကာကွယ်ဆေးတွေထိုးနှံပေးမယ့် အစီအစဉ်အတွက် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေဘက်က အဆင်သင့်ဖြစ်နေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က အင်္ဂါနေ့ကပြောပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့မှာ ကျွမ်းကျင်ပညာရှင်များ ကော်မတီအဖွဲ့ SEC က ကာကွယ်ဆေး နဲ့ပတ်သက်လို့ ထောက်ခံချက် ပေးလိုက်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ အိန္ဒိယအထွေထွေ ဆေးဝါးထိန်းချုပ်ရေးဌာနကအရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပြီးပါပြီ။ ၁၀ ရက် အတွင်း ထိုးဆေးတွေကို ဖြန့်ဖြူးပေးဖို့ စီစဉ်ထားပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အစိုးရက ချမှတ်ပါမယ် လို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က ပြောပါတယ်။

ဒါ့အပြင်၊ Bharat Biotech နဲ့ အိန္ဒိယ Serum Institute တို့ရဲ့ ပူးတွဲကြေညာချက်မှာ ကာကွယ်ဆေးတွေက ကမ္ဘာတဝှမ်း အများပြည်သူ ကျန်းမာရေးအတွက် ဖြစ်တယ်လို့ဖော်ပြထားကြောင်း၊ ဆေးတွေကို တကမ္ဘာလုံးလက်လှမ်းမီအောင်ထုတ်လုပ်ပေးသွားဖို့ ကတိပြု ထားတာကြောင့် ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်တာ မရှိကြောင်းလည်း သူက ပြောပါတယ်။

အိန္ဒိယမှာAstraZeneca နဲ့ Oxford တက္ကသိုလ်က ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးနဲ့ ပြည်တွင်း Bharat Biotech ဆေးကုမ္ပဏီ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုခွင့်ပေးထားပြီး Serum Institute of India က AstraZeneca ကုမ္ပဏီထုတ်COVID 19 ကာကွယ်ဆေးတွေ အမြောက်အမြား ထုတ်လုပ်နေပါတယ်။

XS
SM
MD
LG