သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဒီမိုကေရစီလႈပ္ရွားသူ ၅၀ ထက္မနည္း ဖမ္းဆီးခံရ


ေဟာင္ေကာင္ ဒီမုိကေရစီေရး တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

ေဟာင္ေကာင္မွာ ဒီမုိကေရစီေရး တက္ႂကြလႈပ္ရွားသူ ၅၀ ထက္မနည္း ဒီကေန႔ အဖမ္းခံရပါတယ္။ ဒါဟာျဖင့္ အသစ္ျပဌာန္းထားတဲ့ ေဟာင္ေကာင္ လံုျခံဳေရးဆိုင္ရာဥပေဒအရ အတိုက္အခံေတြအေပၚ ႏွိမ္နင္းတာမွာ အႀကီးမားဆံုး ဖမ္းဆီးမႈပါ။

ဒီကေန႔ မနက္အေစာပိုင္းမွာ အဖမ္းခံရသူ အမ်ားအျပားဟာ ေဟာင္ေကာင္ ဒီမိုကရက္တစ္ပါတီဝင္ေတြျဖစ္တယ္လို႔ ေဟာင္ေကာင္ အေျခစိုက္ သတင္းဌာနေတြကေျပာၾကပါတယ္။ အဲဒီလူေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက က်င္းပခဲ့တဲ့ ပါတီတြင္း တရားဝင္ သတ္မွတ္ထားတာမဟုတ္တဲ့ အႀကိဳေရြးေကာက္ပြဲေတြမွာ ဝင္ၿပိဳင္ခဲ့ၾကသူေတြျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ က်င္းပဖို႔စီစဥ္ခဲ့တဲ့ ေရြးေကာက္ပြဲေတြမွာ ဝင္ၿပိဳင္မယ့္သူေတြျဖစ္ပါတယ္။ စက္တင္ဘာေရြးေကာက္ပြဲကေတာ့ COVID-19 ကပ္ေရာဂါေၾကာင့္ ေရႊ႕ဆိုင္းထားရတာပါ။

ဒီဖမ္းဆီးမႈအေပၚ အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden က ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ဖို႔ အမည္တင္သြင္းထားတဲ့ Antony Blinken က ေဝဖန္ပါတယ္။ "လူတိုင္းခံစားခြင့္ရွိတဲ့ အခြင့္အေရးအတြက္ ရဲဝံ့စြာ စည္း႐ံုးလုပ္ေဆာင္ေနသူေတြကို တိုက္ခုိက္မႈတခုျဖစ္တယ္။" လို႔ မစၥတာ Blinken က Twitter မွာ ေရးခဲ့သလို ေနာက္တက္မယ့္ အေမရိကန္အစိုးရအေနနဲ႔ "ေဟာင္ေကာင္လူထုနဲ႔အတူ ရပ္တည္သြားမွာျဖစ္ၿပီး ဒီမုိကေရစီအေပၚ တ႐ုတ္အစိုးရရဲ႕ႏွိမ္နင္းမႈကို ဆန္႔က်င္သြားမယ္။" လို႔လည္း ေရးပါတယ္။

အေမရိကန္အထက္လႊတ္ေတာ္၊ ေထာက္လွမ္းေရးဆိုင္ရာေကာ္မတီ အဖြဲ႔ဝင္တဦးျဖစ္သူ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ Ben Sasse ကလည္း ဒီဖမ္းဆီးမႈဟာ အေမရိကန္မွာ အကြဲကြဲအျပားျပားနဲ႔ ေဝဝါး႐ႈပ္ေထြးေနတဲ့အေပၚ အခြင့္ေကာင္းယူၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ၾကံစည္လုပ္ေဆာင္တာျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူ ၅၀ ထက်မနည်း ဖမ်းဆီးခံရ

ဟောင်ကောင်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၅၀ ထက်မနည်း ဒီကနေ့ အဖမ်းခံရပါတယ်။ ဒါဟာဖြင့် အသစ်ပြဌာန်းထားတဲ့ ဟောင်ကောင် လုံခြုံရေးဆိုင်ရာဥပဒေအရ အတိုက်အခံတွေအပေါ် နှိမ်နင်းတာမှာ အကြီးမားဆုံး ဖမ်းဆီးမှုပါ။

ဒီကနေ့ မနက်အစောပိုင်းမှာ အဖမ်းခံရသူ အများအပြားဟာ ဟောင်ကောင် ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်တယ်လို့ ဟောင်ကောင် အခြေစိုက် သတင်းဌာနတွေကပြောကြပါတယ်။ အဲဒီလူတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ကျင်းပခဲ့တဲ့ ပါတီတွင်း တရားဝင် သတ်မှတ်ထားတာမဟုတ်တဲ့ အကြိုရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကျင်းပဖို့စီစဉ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်မယ့်သူတွေဖြစ်ပါတယ်။ စက်တင်ဘာရွေးကောက်ပွဲကတော့ COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရတာပါ။

ဒီဖမ်းဆီးမှုအပေါ် အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အမည်တင်သွင်းထားတဲ့ Antony Blinken က ဝေဖန်ပါတယ်။ "လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေးအတွက် ရဲဝံ့စွာ စည်းရုံးလုပ်ဆောင်နေသူတွေကို တိုက်ခိုက်မှုတခုဖြစ်တယ်။" လို့ မစ္စတာ Blinken က Twitter မှာ ရေးခဲ့သလို နောက်တက်မယ့် အမေရိကန်အစိုးရအနေနဲ့ "ဟောင်ကောင်လူထုနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး ဒီမိုကရေစီအပေါ် တရုတ်အစိုးရရဲ့နှိမ်နင်းမှုကို ဆန့်ကျင်သွားမယ်။" လို့လည်း ရေးပါတယ်။

အမေရိကန်အထက်လွှတ်တော်၊ ထောက်လှမ်းရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Ben Sasse ကလည်း ဒီဖမ်းဆီးမှုဟာ အမေရိကန်မှာ အကွဲကွဲအပြားပြားနဲ့ ဝေဝါးရှုပ်ထွေးနေတဲ့အပေါ် အခွင့်ကောင်းယူပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြံစည်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG